News @ M-Media
Author: M-Media
  • ၂၀၁၂ နေ မုန်တိုင်း တိုက်ခတ်စဉ်က ကမ္ဘာသီသီလေးလွတ်ခဲ့
    ဇူလိုင် ၃၀ ၊ ၂၀၁၄
    M-Media
    စုစည်းတင်ဆက်သူ- daythanix 
    solar
     ကမ္ဘာကြီးဟာ ၂၀၁၂ခုနှစ် ဇူလိုင်လ ၂၃ ရက်က ဖြစ်ပေါ်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ အတွင်း အပြင်းထန်ဆုံး နေမုန်တိုင်းကနေသီသီလေးလွတ်ခဲ့တယ်လို့ NASA ကထုတ်ပြန်လိုက်ပါတယ်
    တကယ်လို့များ ကမ္ဘာကို ထိခဲ့မယ်ဆိုရင် X-rays ရောင်ခြည်သင့်ခြင်း၊ ရုပ်တရက် လျှပ်စစ်သံလိုက်လှိုင်း တွန်းအားကြောင့် ရေဒီယိုစနစ်များ ပျက်စီးခြင်း၊ ဆက်သွယ်ရေး ဂြိုဟ်တုများ ပျက်စီးခြင်း၊ GPSစနစ်များ ပျက်စီးခြင်း၊ လျှပ်စစ် ဓါတ်အားပေးစနစ်တွေ ပျက်စီးခြင်းတို့ ဖြစ်နိုင်ပါတယ်။
    နေမုန်တိုင်းကို တော့ အမြင်အားဖြင့် ကြည့်မယ်ဆိုရင် ဧရာမ မီးတောက်ကြီး နေကနေ ဖြာထွက်လာတဲ့ ပုံမျိုး မြင်ရနိုင်ပါတယ်။ ဒီအချက်အလက်တွေကို STEREO-A ဂြိုဟ်တုက တိုင်းထွာပေးတဲ့ အချက်အလက်တွေ ကနေ သုံးသပ်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။
    ဒီလို ပြင်းထန်တဲ့ နေမုန်တိုင်မျိုးကို ၁၈၅၉ စက်တင်ဘာလက ကြုံတွေ့ခဲ့ရပြီး ကြေးနန်းသတင်းပို့ စနစ်တွေပျက်စီးခဲ့ရပါတယ်။ ဒီတစ်ကြိမ်မှာတော့ တစ်ပတ်လောက်စောပြီး နေမုန်တိုင်း ဖြစ်ပေါ်ခဲ့မယ် ဆိုရင် ဒေါ်လာ ၂ထရီလီယံလောက် ပျက်စီးဆုံးရှုံးရနိုင်ချေ ရှိပါတယ်။
  • သမ္မတအိုဘားမား ပြည့်ဝင်ခွင်အား ချေချင်းညာ ပိတ်ပင်
    ဇူလိုင် ၂၉ ၊ ၂၀၁၄
    M-Media
    US-SCHOOL-SHOOTING-MEMORIAL
    – အမေရိကန်သမ္မတ ဘာရက်အိုဘားမား ဒေသအတွင်းသို့ ၀င်ရောက်ခွင့်ကို ချေချင်းညာ သမ္မတ ကာဒီရော့ဗ်က စနေနေ့တွင် ပိတ်ပင်လိုက်သည်ဟု သိရသည်။
    အမေရိကန်နှင့် ဥရောပမှ ချမှတ်ခဲ့သည့် ပိတ်ဆို့မှုများအတွက် ရုရှားက မည်သည့်တုံ့ပြန်မှုမှ မပြုလုပ်သေးသော်လည်း ချေချင်းညာက ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး ပိတ်ပင်ခံရသူများစာရင်းတွင် အိုဘားမားနှင့်အတူ ဥရောပသမဂ္ဂကိုယ်စားလှယ်များဖြစ်ကြသည့် ဂျိုဆေး မန်နျူယဲလ် ဘာရိုဆို၊ ဟာဘာ့တ် ဗန် ရွမ်ပူနှင့် ကက်သရင်း အရှ်တန်တို့ ပါဝင်သည်။
    ထိုကဲ့သို့ ပိတ်ပင်ရခြင်း၏ အကြောင်းအရင်းမှာ ယူကရိန်း၊ လစ်ဗျား၊ ဆီးရီးယား၊ အီရတ်နှင့် အာဖဂန်နစ္စတန်နိုင်ငံများအပေါ် ထားရှိသည့် အမေရိကန်နှင့် ဥရောပသမဂ္ဂ၏ ပေါ်လစီကြောင့်ဖြစ်သည်ဟု ကာဒီရော့ဗ်က ၎င်း၏ Instagram စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ကာ ထိုပေါ်လစီအား “နိုင်ငံတော် အကြမ်းဖက်ဝါဒ” ဟု ကင်ပွန်းတပ်ခဲ့သည်။
    ယူကရိန်းအရေးအတွက် အမေရိကန်ကိုအပြစ်တင်ထားသည့် ကြေညာချက်တစ်စောင်ကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ယမန်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ယူကရိန်းပဋိပက္ခနှင့် ဆိုးရွားသော နောက်ဆက်တွဲ ပြဿနာများအတွက် အမေရိကန်တွင် တာဝန်ရှိသည်ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ခရိုင်းမီးယားအား ရုရှားမှ သိမ်းပိုက်မှုနှင့် ယူကရိန်းနိုင်ငံ အရှေ့ပိုင်း မတည်ငြိမ်မှုများက ရုရှားနှင့် အနောက်နိုင်ငံများ၏ ဆက်ဆံရေးကို ထိခိုက်စေခဲ့သည်။
    Al Arabiya News
  • ဒေါ့မွန်အသင်းအား ဆဲရေးခဲ့သည့် အတွက် ရှဝိုင်းစတိုင်ဂါ ပြန်လည်တောင်းပန်
    ဒေါ့မွန်အသင်းအား ဆဲရေးခဲ့သည့် အတွက် ရှဝိုင်းစတိုင်ဂါ ပြန်လည်တောင်းပန်
    ဇူလိုင် ၂၉၊ ၂၀၁၄
    M-Media
    Schweinsteiger
    – ကမ္ဘာ့ဖလားအတွက် အောင်ပွဲခံရာတွင် ဒေါ့မွန်အသင်းအား ဆဲရေးခဲ့သည့်အတွက် ဂျာမန်ကွင်းလယ်လူ ရှဝိုင်းစတိုင်ဂါက ပြန်လည်တောင်းပန်လိုက်သည်ဟု သိရသည်။
    အာဂျင်တီးနားအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိကာ ကမ္ဘာ့ဖလားအား ကိုင်မြှောက်နိုင်ခဲ့ပြီး ၂ ရက်အကြာ မြူးနစ်မြို့ရှိ ဘားတစ်ခုတွင် ပြုလုပ်ခဲ့သော အောင်ပွဲခံအခမ်းအနားတွင် ရှဝိုင်းစတိုင်ဂါမှာ “BVB(ဒေါ့မွန်အသင်းအတိုကောက်နာအမည်)..ေ-ွးမသားများ” ဟု ဆဲရေးခဲ့သည်။ ထိုဆဲရေးမှုကို မှတ်တမ်းတင်ထားသည့် ဗီဒီယိုမှာ ပြီးခဲ့သည့် အင်္ဂါနေ့က အင်တာနက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့ပြီးနောက် ရှဝိုင်းစတိုင်ဂါက ယခုကဲ့သို့ တောင်းပန်လိုက်ခြင်းဖြစ်သည်။
    “ဒေါ့မွန် ပရိတ်သတ်၊ နည်းပြတွေနဲ့ ကစားသမားတွေအားလုံးကို ကျွန်တော် တောင်းပန်ချင်ပါတယ်။ ဒီစကားဟာ ဆဲရေးတိုင်းထွာတဲ့သဘောပါတဲ့ လူတွေသုံးကြတဲ့ ဟာသစကားလုံးတစ်ခုပါ။ ဘယ်သူ့ကိုမှ စိတ်မထိခိုက်စေချင်ပါဘူး။ ဒေါ့မွန်ကစားသမားအားလုံးနဲ့ ကျွန်တော် ကောင်းကောင်းရင်းနှီးပါတယ်” ဟု ရှဝိုင်းစတိုင်ဂါက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားကာ တောင်းပန်ခဲ့သည်။
    ဂျာမနီအသင်းအတွင်း ရှဝိုင်းစတိုင်ဂါအပါအ၀င် ဘိုင်ယန်မြူးနစ်ကစားသမား အများအပြားပါဝင်ပြီး ဒေါ့မွန်မှ ကစာသမား ၄ ဦးပါဝင်သည်။
  • အစ္စလာမ် ဘာသာဝင်တွေရဲ့ အီးဒ်နေ့မှာ Skynet မှ လွှင်ပေးခဲ့တဲ့ အစ္စလာမ့်တရားဒေသနာ
    ဇူလိုင် ၂၉ ၊ ၂၀၁၄
    M-Media
    U Ohme Tong
    ၂၉-၇-၂၀၁၄ ရက်နေ့၊ အီးဒုလ်ဖိသိရ် ပွဲတော်နေ့ Skynet Up to Date Channel မှ အစ္စလာမ်ကောင်စီဌာနချုပ် ဒု- ဥက္ကဋ္ဌ အလ်ဟာဂ်ျ မောင်လာနာ ဦးအုန်းသောင် ဟောကြားသော အစ္စလာမ့်တရားဒေသနာ ကို ထုတ်လွှင့်ခဲ့ပါသည်။
    via Islamic Religious Affairs Council Myanmar
  • ဝါးခယ်မမြို့နေ ပြည်သူများ သောက်ရေ/ သုံးရေ အခက်အခဲ ဖြစ်နေ
    ဝါးခယ်မမြို့နေ ပြည်သူများ သောက်ရေ/ သုံးရေ အခက်အခဲ ဖြစ်နေ
    ဇူလိုင် ၂၉ ၊ ၂၀၁၄
    M-Media
    နေမင်း
    ဧရာဝတီတိုင်း ဒေသကြီး၊ ၀ါးခယ်မမြို့နယ်တွင် သောက်ရေ/သုံးရေအတွက် အခက်အခဲ ရှိနေကြောင်း ၀ါးခယ်မမြို့ခံလူများမှ ပြောပါတယ်။
    ယခုအခါတွင် ရေကို ကျိုချက်၍ သောက်သုံးဖို့ပင် မလွယ်ကူတော့သည့် အခြေအနေသို့ ဆိုက်ရောက်နေကြောင်း  ယခုရက်ပိုင်းအတွင်း သည်းထန်စွာ ရွာသွန်းခဲ့သည့် မိုးများကြောင့် မြစ်ရေမှာ ဆိုးရွားစွာ နောက်ကျိလာပြီး ရေသန့်ဆေးများ၊ ကျောက်ချဉ် ခတ်သောက်ခြင်းများအတွက်ပင် အဆင်မပြေနိုင်လောက်အောင်ပင် ဖြစ်လာကြောင်းသိရပါတယ်။
    မြို့နယ်အတွင်း ထုတ်လုပ်သော ရေသန့်များမှာလည်း မြစ်ရေကိုပင် သန့်စင်အောင်လုပ်၍ ရေသန့်ဗူးကြီးလျှင် ငါးရာကျပ်နှုန်းဖြင့် ရောင်းချနေသော်လည်း ရေများမှာ PH7 အဆင့်မီအောင် ထုတ်လုပ်နိုင်ခြင်းမရှိကြောင်း ယခုရက်ပိုင်းအတွင်း မိသားစုကျန်းမာရေး အတွက် ရေသန့်စက်တပ်ဆင်ခဲ့သူ မြို့ခံတစ်ဦးမှ ပြောကြားခဲ့ပါတယ်။
    မြို့နယ်ကျန်းမာရေးဌာနနှင့် အုပ်ချုပ်ရေး မြို့နယ်ကျန်းမာရေးဌာနနှင့် အုပ်ချုပ်ရေးအပိုင်းမှလည်း ယခုကိစ္စအား လစ်လျူရှုထားကြောင်း အဆိုပါ မြို့ခံမှ ပြောပါတယ်။