News @ M-Media

Author: M-Media

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    ဇွန်လ ၁၈  ၊ ၂၀၁၄
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    သက်ရှိဆဲလ်တွေရဲ့ ရှင်သန်မှုကို ခေတ္တ ရပ်တန့်နိုင်မည်လား

    အမေရိကန်နိုင်ငံ Pittsburgh မြို့ရှိ UPMC Presbyterian ဆေးရုံမှ ခွဲစိတ်ဆရာဝန် Dr. Sam Tisherman ဦးဆောင်တဲ့ အဖွဲ့ဟာ အမေရိကန်စစ်တပ် အတွက် သုတေသန တစ်ရပ်ကို ပြုလုပ်လျှက် ရှိပါတယ်။ ပြင်းထန်တဲ့ ဒါဏ်ရာကြောင့် သွေးဆုံးရှုံးမှု များတဲ့အခါ ခွဲစိတ်တဲ့ အချိန်ကို မမှီနိုင်ခဲ့ရင် ရှင်သန်မှုကို နာရီ အနည်းငယ် ရပ်တန့်ပြီး ခွဲစိတ်နိုင်အောင် ဖြစ်ပါတယ်။

    ပထမဆုံး သွေးကြောမကြီးက တဆင့် ခန္ဓာကိုယ်ထဲက သွေးတွေကို 10°C လောက်အေးတဲ့ ဓါတ်ဆားရည် နဲ့လဲထည့်ပေး မှာဖြစ်ပါတယ်။ သွေးမရှိရင် ဆဲလ်တွေသေသွားနိုင်ပေမယ့် အဲ့သလောက် အေးသွားတဲ့အခါမှာ ဆဲလ်တွေရဲ့ ဇီဝရုပ် ဖြစ်ပျက်မှု ရပ်တန့်သွား တဲ့အတွက် ဦးနှောက် အပါအဝင် ဆဲလ်တွေ မပျက်စီး ပဲ နာရီအနည်းငယ် ထားနိုင်မှာ ဖြစ်ပါတယ်။

    ခွဲစိတ်မှုပြီးတဲ့အခါ သွေးပြန်သွင်းပေးပြီး နှလုံးနှိုးစက် အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒီHypothermia လို့ခေါ်တဲ့နည်းကို လူသားတွေမှာ စမ်းသပ်နိုင်ဖို့ကတော့ သုတေသန ပြုဆဲဖြစ်ပါတယ်။

    photo.php

    _________________________________

    နာဆာရဲ့ အနာဂါတ် အာကာသယာဉ်

    NASA ရဲ့ ရူပဗေဒပညာရှင် အင်ဂျင်နီယာ ဖြစ်သူ Harold White က နာဆာမှာ နှစ် အနည်းငယ်ကြာ သုတေသနပြုခဲ့တဲ့ အာကာသယာဉ် ဒီဇိုင်းကို ထုတ်ဖေါ်ပြသ လိုက်ပါတယ်။

    အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီ အရ ဖြစ်နိုင်ခြေရှိတဲ့ loophole သဘောတရားကို အခြေခံပြီး အာကာသ−အချိန်ကို ချုံ့ယူ−ဆန့်ထုတ်နိုင်မယ့် ကွင်းပုံစံ အာကာသယာဉ်ဟာ ရာစုနှစ်နဲ့ချီပြီး သွားရမယ့်ခရီးကို တစ်ပတ်လောက် အတွင်း ရောက်နိုင်မှာ ဖြစ်ပါတယ်။

    ဒါဟာ အလင်းထက် အဆ များစွာ မြန်တယ်လို့ ထင်ရပေမယ့် တကယ်ကတော့ အာကာသယာဉ်က အမြန်ပျံသန်းတာ မဟုတ်ဘဲ အာကာသ−အချိန်ကို ချုံ့ယူ−ဆန့်ထုတ်တဲ့နည်းနဲ့ ကျော်ဖြတ်တာ ဖြစ်ပါတယ်။

    NASA
    _________________________________

    လျှပ်စစ်ကားနည်းပညာသစ်

    ဘက်ထရီ တစ်ကြိမ် အားဖြည့်ထားတာနဲ့ ၉၉၄ မိုင် မောင်းနိုင်မယ့် နည်းပညာသစ်ကို Phinergy နဲ့ Alcoa ကုမ္ပဏီ နှစ်ခုက ပူးပေါင်းတီထွင်လိုက်ပါတယ်။

    သူတို့ ထုတ်ဖေါ်ပြသလိုက်တဲ့ လျှပ်စစ်သားမှာ သုံးနေကျ ဖြစ်တဲ့ lithium-ion ဘက်ထရီအပြင် aluminum-air (ဒန်သထ္ထု နှင့် လေ)ဘက်ထရီ ကိုပါ တပ်ဆင် ထားပါတယ်။

    အားကုန်သွားတဲ့အခါမှာလည်း သာမန်ရေဖြည့်ပေးရုံပဲ ဖြစ်တဲ့ အတွက် လေထု ညစ်ညမ်းမှု လုံးဝ မဖြစ်စေတဲ့ နည်းပညာဖြစ်ပါတယ်။

    aluminum-air

    _________________________________

    မြေပြင်နဲ့မထိပဲ သွားမည့်ကား

    တိုယိုတာ ကားကုမ္ပဏီ ရဲ့ နည်းပညာ managing officer ဖြစ်သူ Hiroyoshi Yoshiki က တိုယိုတာဟာ မြေပြင်နဲ့ မထိပဲ ရှပ်ပြေးသွားနိုင်မယ့် ကားနည်းပညာအသစ်ကို သုတေသနပြုနေတယ်လို့ ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

    ‘ဒီနည်းပညာရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ပြောဆိုခြင်းမရှိပါဘူး။

    hover cars

  • ဂျာမနီဂိုးပြတ်ခဲ့ပြီး အမေရိကန်တို့ အနိုင်ရခဲ့သည့် ဇွန် ၁၆၊ ၁၇ ကမ္ဘာ့ဖလား ပွဲစဉ်များ

    ဇွန် ၁၇ ၊ ၂၀၁၄
    M-Media
    10369107_900417159974132_8945924688525755048_n
    – ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ဆက်လက်ကစားနေပြီး မနေ့ညနဲ့ ဒီနေ့ မနက်မှာ ကစားခဲ့တဲ့ ၃ ပွဲမှာတော့ ဂျာမနီ၊ အမေရိကန်တို့အနိုင်ရခဲ့ပြီး အီရန်နဲ့ နိုက်ဂျီးရီးယားတို့ကတော့ ဂိုးမရှိသရေကျခဲ့ပါတယ်။

    အုပ်စု G က ဂျာမနီနဲပေါ်တူဂီတို့ပွဲမှာတော့ မထင်မှတ်တဲ့ရလဒ်ပေါ်ထွက်ခဲ့ပြီး မူလာရဲ့ ဟက်ထရစ်နဲ့အတူ ဂျာမနီက ၄ ဂိုးပြတ်ခဲ့ပါတယ်။ ရော်နယ်ဒိုကို အားပြုကစားတဲ့ ပေါ်တူဂီတို့အတွက် ပထမပိုင်းမှာ ပီပီအထုတ်ခံရတာက ပြောစရာဖြစ်ခဲ့ပေမယ့် သူအထုတ်မခံရခင်ကတည်းက မူလာနဲ့ ဟမ်မဲလ်တို့ရဲ့ ဂိုးနဲ့ ဂျာမနီက ဦးဆောင်နေခဲ့တာပါ။ နောက်ပိုင်းမှာတော့ ဂျာမနီက အသာစီရခဲ့ပြီး ပွဲကိုစိတ်ကြိုက်ကစားသွားခဲ့ပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလားမှာ ရွှေဖိနပ်ဆုရခဲ့တဲ့မူလာဟာ နောက်ဆုံး ၇ ပွဲမှာ ၈ ဂိုး သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

    ကလင်းစမန်းရဲ့ အမေရိကန်ကတော့ ပြီးခဲ့တဲ့နှစ်က ကွာတားဖိုင်နယ်ရောက် ဂါနာကို နောက်ကျ ဂိုးနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ ပွဲအစ ၂၉ စက္ကန့်မှာပဲ အမေရိကန်တို့အဖွင့်ဂိုးရခဲ့ပြီး ဒမ့်ဆီကသွင်းယူပေးခဲ့တာပါ။ နောက်ပိုင်းမှာ ဂါနာတို့ အနည်းငယ်အသာရခဲ့ပြီး ဂိုးသွင်းခွင့်အချို့ရခဲ့ပေမယ့် ချေပဂိုးကိုတော့ ၈၂ မိနစ်မှ အယူက သွင်းပေးခဲ့တာပါ။ ဒါပေမယ့် ၄ မိနစ်အကြာမှာတော့ နောက်ခံလူ ဘရုက်က ထောင့်ကန်ဘောကနေတစ်ဆင့် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် အမေရိကန်တို့ အနိုင် ၃ မှတ်ရခဲ့ပါတယ်။

    အုပ်စု F က အီရန်နဲ့ နိုက်ဂျီးရီးယားတို့ရဲ့ပွဲမှာတော့ နိုက်ဂျီးရီးယားအသင်းက ပွဲကို အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး အီရန်ကလည်း အကောင်းဆုံးအခွင့်အရေးတစ်ချို့ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပါတယ်။

    ဇွန် ၁၆၊ ၁၇ မှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    အုပ်စု F

    အီရန် ၀-၀ နိုက်ဂျီးရီးယား

    အုပ်စု G

    ဂျာမနီ ၄-၀ ပေါ်တူဂီ
    ဂါနာ ၁-၂ အမေရိကန်

  • BBC : သီရိလင်္ကာတွင် မွတ်စလင်များကို ပစ်မှတ်ထား အကြမ်းဖက်မှု တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွား

    ဇွန်လ ၁၇ ၊ ၂၀၁၄
    BBC မြန်မာပိုင်း
    _75582626_75582622
    သီရိလင်္ကာနိုင်ငံ တောင်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက် ဖြစ်ရပ်တွေအတွင်း မွတ်ဆလင်တွေ အများစု ပိုင်ဆိုင်တဲ့ အိမ်တွေ စီးပွားရေး လုပ်ငန်းတွေ အတော်များများ မီးတင်ရှို့ခံခဲ့ရတာဟာ သဘောထား တင်းမာတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေရဲ့ လက်ချက်ဆိုပြီး အပြစ်တင်မှုတွေ ထွက်ပေါ်နေပါတယ်။

    Aluthgama မြို့အနီးမှာ မွတ်ဆလင်ပိုင် လုပ်ငန်းရဲ့ အစောင့် ၁ ဦး အသတ်ခံခဲ့ရပြီး အခုဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေအတွင်း သေဆုံးသူ ဦးရေ စုစုပေါင်း ၄ ဦးထိ ရှိသွားပြီ ဖြစ်ပါတယ်။



    အဲဒီ ဒေသမှာ အာဏာပိုင်တွေက လုံးဝ အပြင်မထွက်ရ ကာဖျူးအမိန့် ထုတ်ထားတဲ့ ကြားထဲက အခုလို တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

    ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က BBS လို့ခေါ်တဲ့ အစွန်းရောက် ဗုဒ္ဓဘာသာ အဖွဲ့ Bodu Bala Sena ရဲ့ မွတ်ဆလင် ဆန့်ကျင်ရေး ချီတက် လှည့်လည်မှုတွေ ပြုလုပ်ခဲ့ကြပြီး နောက်ပိုင်း ဒီလို အကြမ်းဖက် ဖြစ်ရပ်တွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

  • ဓာတ်ငွေ့ဖိုး အကြွေးမပေးနိုင်၍ ယူကရိန်းသို့ ဓာတ်ငွေ့ပို့လွှတ်မှုကို ရုရှား ရပ်ဆိုင်း

    ဇွန်လ ၁၇ ၊ ၂၀၁၄
    M-Media
    Russia cuts gas supplies to Ukraine
    – ယူကရိန်းသို့ ပေးပို့နေသော ဓာတ်ငွေ့ပိုက်လိုင်းများအားလုံးကို ရုရှားက ဖြတ်တောက်ပစ်လိုက်ပြီဟု ယူကရိန်း စွမ်းအင်ဝန်ကြီး ယူရီပရိုဒန်က ယနေ့တွင် ပြောကြားလိုက်သည်။

    ဓာတ်ငွေ့ဈေးနှုန်းနှင့် ပတ်သက်၍ ရုရှားဂက်ဇ်ကုမ္ပဏီ Gazprom နှင့် ယူကရိန်းတို့၏ အငြင်းပွားမှု ကြာနေပြီဖြစ်ပြီး တနင်္လာနေ့ ယူကရိန်း စံတော်ချိန် နံနက် ၁၀ နာရီတွင် ဓာတ်ငွေ့ဖို့ အကြွေး ပေးချေနိုင်ခြင်းမရှိပါက ဓာတ်ငွေ့ပို့လွှတ်မှု ဖျက်တောက်မည်ဟု Gazprom မှ စောစောပိုင်းက ခြိမ်းခြောက်ထားသည်။

    သို့သော်လည်း ယနေ့နံနက်အစောပိုင်း ဆွေးနွေးမှုမှာ မအောင်မမြင်ဖြစ်ခဲ့ရပြီးနောက် မိမိတို့အနေဖြင့် နောက်ဆုံးရက်ကို ထပ်မံတိုးပေးတော့မည်မဟုတ်ဟု Gazprom က ကြေညာခဲ့ပြီး ဓာတ်ငွေ့ပို့လွှတ်မှုကို ဖျက်တောက်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ယူကရိန်းမှ တစ်ဆင့် ဥရောပနိုင်ငံများသို့ ပို့လွှတ်နေသော ဓာတ်ငွေ့ပိုက်လိုင်းများကို ဖြတ်တောက်ခြင်းမရှိပေး

    နိုင်ငံအရှေ့ပိုင်း ခွဲထွက်ရေးသမားများကို ယူကရိန်းအစိုးရသစ်က အင်အားသုံးကာ ပြင်းပြင်းထန်ထန် နှိမ်နင်းနေသောကြောင့် ရုရှားနှင့် ယူကရိန်းအကြား နိုင်ငံရေးအရ တင်းမာမှုများကို ယခုရလဒ်က ပိုမိုမြင့်တက်စေဖွယ်ရှိနေသည်။ ယူကရိန်းအနေဖြင့် ရုရှားသို့ ဓာတ်ငွေ့ဖိုးအကြွေး ကန်ဒေါ်လာ ၄ ဘီလီယံ ပေးချေရျမည်ဟု ရုရှားက ပြောကြားထားသည်။

    Ref: Al Jazeera And Reuters

  • ပျောက်ဆုံးနေသည့် လူငယ်သုံးဦးအား ရှာဖွေရာတွင် ပါလက်စတိုင်းတစ်ဦးကို အစ္စရေး စစ်တပ် ပစ်သတ်

    ဇွန်လ ၁၇ ၊ ၂၀၁၄
    M-Media
    20146168615925371_20
    – ပျောက်ဆုံးနေသည့် လူငယ် သုံးဦးအား ရှာဖွေရန်အတွက်ဟုဆိုကာ ပါလက်စတိုင်းများကို အစ္စရေးက ဆက်လက် ဖမ်းဆီးနေပြီး ပါလက်စတိုင်း လူငယ်တစ်ဦးကိုလည်း အစ္စရေးစစ်တပ်က ယနေ့တွင် ပစ်သတ်ခဲ့သည်ဟု သိရသည်။

    သေဆုံးသွားသူမှာ အသက် ၂၁ နှစ် အရွယ် အဟ်မဒ် ဆာဘာရီယံဆိုသူဖြစ်ပြီး ရာမာလာမြို့စွန်ရှိ အလ်-ဂျာလာဇန် ဒုက္ခသည်စခန်းတွင် အစ္စရေးစစ်တပ်က တစ်အိမ်တက်ဆင်း မွှေနှောက် ရှာဖွေရာမှ ရင်ဘတ်သို့ အပစ်ခံရကာ သေဆုံး ခဲ့ခြင်းဖြစ်သည်ဟု ပါလက်စတိုင်းဆေးဘက်ဆိုင်ရာ စင်တာမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    အခြားတစ်ဦးမှာလည်း ဒဏ်ရာရခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ထားရကာ ပါလက်စတိုင်း ပါလီမန်တာဝန်ရှိသူများ အပါအ၀င် လူငါးဦးကို အစ္စရေးစစ်တပ်က ဖမ်းဆီးခဲ့သည်။ ကြာသာပတေးနေ့ညက အစ္စရေးက ထိန်းချုပ်ထားသော အနောက်ဘက် ကမ်းခြေတွင် ပျောက်ဆုံးသွားသည့် ထိုလူငယ်သုံးဦးအား ဟားမက်စ်အဖွဲ့မှ ပြန်ပေး ဆွဲထားသည်ဟု အစ္စရေးက စွပ်စွဲထားပြီး ရှာဖွေမှုများကို ဆက်တိုက်ပြုလုပ်နေကာ ပါလီမန်ဥက္ကဌအပါအ၀င် ယခုအချိန်အထိ ပါလက်စတိုင်း ၁၈၀ ကျော်ကို ဖမ်းဆီးထားသည်။

    အစ္စရေး၏ စွပ်စွဲချက်ကို ဟားမက်စ်အဖွဲ့က ငြင်းဆိုထားပြီး ရူးနှမ်းသော ပြောဆိုမှုဟု တုံ့ပြန်ခဲ့သည်။ ပါလက်စတိုင်း သမ္မတ မဟ်မူဒ်အဘတ်စ်ကမူ ထိုပျောက်ဆုံး လူငယ်များအား ရှာဖွေရန် ပါလက်စတိုင်း လုံခြုံရေးတပ်ဖွဲ့များကို အမိန့်ပေးထားပြီး၊ အစ္စရေး၏ အကြမ်းဖက် ဖမ်းဆီးမှုများကို ရှုတ်ချခဲ့သည်။

    အစ္စရေးမှာ ဟားမက်စ်နှင့် ဖာတာအဖွဲ့ပူးပေါင်းကာ ညီညွတ်သော ပါလက်စတိုင်း အစိုးရအဖွဲ့ကို လက်မခံဘဲ၊ အမေရိကန်နှင့် ကုလအပါအ၀င် နိုင်ငံတကာမှ ကန့်ကွက်နေသော်လည်း ပါလက်စတိုင်းပိုင်နက်အတွင်း ဂျူးအခြေချအိမ်ရာများကို ဆက်လက်ဆောက် လုပ်နေသည်။

    Ref:Al Jazeera