News @ M-Media
Author: M-Media
  • အွန်တာရီယို (Ontario) ရှိ အခြေအနေမဲ့များကို မွတ်စ်လင်မ်များမှ ကူညီ
    အွန်တာရီယို (Ontario) ရှိ အခြေအနေမဲ့များကို မွတ်စ်လင်မ်များမှ ကူညီ
    အောက်တိုဘာ- ၃၁ ၂၀၁၃
    M-Media
    Muslims-feed-needy-in-Canadas-First-Nation
    ကီနိုရာ (Kenora)။              ။ အရေးပေါ်အခြေအနေ ထုတ်ပြန်ပြီးနောက် လူအများစွန့်ခွာသွားသော အွန်တာရီယိုမြောက်ပိုင်း ကီနိုရာပြည်နယ်ရှိ မြို့ငယ်တစ်ခုထံ  ကနေဒါ(Canada) တစ်ဝှန်း လူမှုကူညီရေး လုပ်ငန်းများကို ဖြန့်ကျက် လုပ်ဆောင်နေသော မွတ်စ်လင်လူ့အဖွဲ့အစည်းမှ အစားအသောက်များ သွားရောက်လှူဒါန်းခဲ့သည်။
    “ မွတ်စ်လင်မ်တစ်ဦးရဲ့တာဝန်အရ ငွေကြေးနဲ့ပစ္စည်းတွေ၊ နှစ်စဉ်ပြုလုပ်နေကျ စွန့်လှူ အသားတွေကြောင့် ကျွန်တော်တို့က အခုလို လှူဒါန်းနိုင်တာပဲ ” ဟု ဇူဘိုင်ဒဟ် သွာလဗ် ဖောင်ဒေးရှင်း (ZubaidahTallab Foundation) မှ ပြောရေးဆိုခွင့်ရှိသူ ဟူစိန်ဂူစ်တီ (HussainGuisti) က Winnipeg Free Press သို့ ပြောကြားခဲ့သည်။
    အတ်တာဝါပီစ်ကဒ်တွင်ဖြစ်ပေါ်နေသော စီးပွားရေး ပျက်ကပ်ကြီးကို မြင်တွေ့ရသဖြင့် မွတ်စ်လင်မ် အသိုင်းအ၀ိုင်းများသည် ယခုကဲ့သို့ ကူညီရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ဖောင်ဒေးရှင်းမှ ယခုကဲ့သို့ ကနေဒါရှိဒေသခံ အသိုင်းအ၀ိုင်းတို့ထံ စားသောက်ကုန် လှူဒါန်းခဲ့သည်မှာ ယခုဆိုလျှင် ၅ နှစ် ၅ ကြိမ်တိုင်ခဲ့ပြီဖြစ်သည်။
    သို့သော် အွန်တာရီယိုမြောက်ပိုင်း အစွန်အဖျားနယ်အထိ သွားရောက်လှူဒါန်းခြင်းမှာ ယခုတစ်ကြိမ်သည် ပထမဆုံးဖြစ်၏။
    “ အတ်တာဝါပီစ်ကဒ်ဟာ အရေးပေါ်အခြေအနေရောက်နေပါတယ် ” ဟု အတ်တာဝါပီစ်ကဒ်၏ အကြီးအကဲဖြစ်သော ထရီစာစပန့်စ် (Theresa Spence) ၏ ပြောကြားချက်ကိုကောက်နှုတ်ကာ ဂူစ်တီက ပြန်လည်ပြောကြားခဲ့သည် ဟု Winnipeg Free Press မှ တင်ပြခဲ့သည်။
    “ ကျွန်မတို့ဆီမှာ လူအယောက် ၁၀၀ အိမ်ခြေမဲ့နေကြတယ်။ မိသားစု ၄၀၀ က လူမှုဖူလုံရေးထောက်ပံ့မှုများအပေါ် မှီခိုနေရတယ်။ သူတို့တွေဟာ လွန်ခဲ့တဲ့လကုန်အထိ ပေါင်မုန့်ကိုသာ စားသောက်နေထိုင်ခဲ့ရတယ်။ ဒါဟာ တတိယနိုင်ငံရဲ့ ဆင်းရဲနွမ်းပါမှုပါဘဲ  ” ဟု သူမကပြောကြားကြောင်း  ဂူစ်တီက ဆိုသည်။ ယခုလကုန်သည် အထိ ၄င်းချိုတဲ့ မိသားစုတို့၏ လိုအပ်ချက်များကို လုံလောက်အောင် အလှူငွေများက မဖြည့်ဆည်းနိုင်ကြောင်း ဂူစ်တီက ထည့်သွင်းပြောကြားခဲ့သည်။
    လှူဒါန်းပစ္စည်းများတွင် အသားအစိမ်းများ၊ ကြက်သား၊ မုန်လာဥ၊ နို့၊ ကြက်ဥ၊ ဆန် နှင့် အာလူးများ သာမကရေရှည်ခံ အစားအစာများ၊ အသားဘူးများ နှင့် တစ်ခါသုံး ကလေးအနှီး diapers များလည်းပါဝင်သည်။
    လူဦးရေ ၁၈၀၀ ရှိ ကနေဒါ၏မူလဒေသခံ တိုင်းရင်းသားလူ့ အဖွဲ့အစည်းအတွက် ထပ်မံ အထောက်အကူဖြစ်စေရန် အစားအသောက် သိုလှောင်ရုံတစ်ခု တည်ဆောက်ဖို့လည်း ပြောဆိုဆွေးနွေးနေကြသည်ဟု ဂူစ်တီက ဆိုသည်။ ၄င်းသိုလှောင်ရုံအား မာနီတိုဘာ(Manitoba) အလှူရှင်များမှ မတည်ဆောင်ရွက်မည်ဖြစ်သည်။ “ ဒါဟာ ထိရောက်တဲ့အကူအညီ ဖြစ်စေမယ် ” ဟု သူက ထည့်သွင်းပြောကြားခဲ့သည်။
    မာနီတိုဘာတွင် မွတ်စ်လင်မ်ဦးရေ ၁၂,၀၀၀ နီးပါးရှိပြီး၊ လွန်ခဲ့သော ၁၀ နှစ်ကထက် ပမာဏနှစ်ဆတိုးပွားလာခဲ့ခြင်းဖြစ်သည်။
    ကနေဒါနိုင်ငံ၏ ၃၂.၈ သန်းရှိ လူဦးရေတွင် မွတ်စ်လင်များသည် ၁.၉ ရာခိုင်နှုန်းပါဝင်၍ ကနေဒါနိုင်ငံအတွင်း၌ ခရစ်ယာန်ဘာသာပြီးလျှင် အစ္စလာမ် သာသနာသည် နံပါတ်တစ်နေရာ၌ ရှိနေသည်။
    လေ့လာမှုတစ်ခုအရ မွတ်စ်လင်မ် အမြောက်အများသည် ကနေဒါလူမျိုး/နိုင်ငံသားဖြစ်ရသည်ကို ဂုဏ်ယူကြကြောင်း သိရသည်။ ဘာသာတရားချင်း အပြန်အလှန်ဆွေးနွေးမှုများသည် မွတ်စ်လင်မ်တို့ အပေါ် အမြင်စောင်းမှုများကို ပြန်လည် တည့်မတ်ကာ ကနေဒါ လူမျိုးတို့အကြားရှိ မွတ်စ်လင်မ် ဆန့်ကျင်ရေး အမြင်များအား ပြောင်းလဲပစ်နိုင်ခဲ့သည်။
    ကနေဒါ လေ့လာရေးအသင်းအဖွဲ့(Association for Canadian Studies) နှင့် ကနေဒါ လူမျိုးစုဆက်ဆံရေးဖောင်ဒေးရှင်း(Canadian Race Relations Foundation) တို့မှ မတ်လ ၂၀၁၂ ခုနှစ်တွင် ပြုလုပ်ခဲ့သော ကွင်းဆင်းလေ့လာချက်အရ ကနေဒါလူမျိုးတစ်ဝက်ကျော်သည် မွတ်စ်လင်မ်များအပေါ် ယုံကြည်မှုမရှိခဲ့ကြပေ။ ၄င်းအပြင် အစ္စလာမ်သည် နိုင်ငံအတွင်း၌ ယုံကြည်လက်ခံမှုအနည်းဆုံး ဘာသာတရားဖြစ်ခဲ့သည်။
    ကနေဒါ လေ့လာရေးအသင်းအဖွဲ့(Association for Canadian Studies) ၏ မကြာသေးမီက ပြုလုပ်ခဲ့သည့် နောက်ထပ်လေ့လာချက် တစ်ခုတွင် ကနေဒါနိုင်ငံရှိ မွတ်စ်လင်မ် လူနည်းစုသည် ၉/၁၁ အရေးအခင်း၏နောက် ၁၀ စုနှစ်တစ်ခုကြာအထိ လူအများ၏ မကောင်းမြင်ခြင်းများကို ဆက်လက် ကြုံတွေ့နေရဆဲဖြစ်သည်ဟု ဖော်ပြထားသည်။
    Ref: OnIslam
    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]
  • မြန်မာနိုင်ငံရှိ အကြမ်းဖက်ခံဒေသများသို့ နိုဝင်ဘာလတွင် OIC အတွင်းရေးမှူးချုပ် နှင့် အဖွဲ့ လာရောက်ရန်ရှိ
    အောက်တိုဘာ- ၃၀ ၊ ၂၀၁၃
    M-Media
    ekmeleddin-ihsanoglu
    နိုင်ငံခြားရေးဝန်ကြီးခြောက်ဦးပါ အဖွဲ့နှင့်အတူ OIC အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu သည် မြန်မာနိုင်ငံရှိ အကြမ်းဖက်ခံ မွတ်စ်လင်မ်များရှိရာ ဒေသသို့ လာရောက်လေ့လာမည်ဖြစ်သည်။
    ရိုဟင်ဂျာမွတ်စ်လင်မ်တို့၏ နိုင်ငံသားအခွင့်အရေးအပေါ် အထူးပြုလေ့လာရန် မြန်မာနိုင်ငံသို့ သွားရောက်မည်ဟု Ihsanoglu က ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ အထူးဆွေးနွေးပွဲ တစ်ခုအပြီးတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။
    ရိုဟင်ဂျာမွတ်စ်လင်မ်တို့မှာ ၁၉၈၂ တွင်ပြဌာန်းသည့် နိုင်ငံသား ဥပဒေသစ်ကြောင့်  မြန်မာနိုင်ငံသားများအဖြစ် အသိအမှတ်ပြုခြင်း မခံရကြောင်း၊ ၄င်းတို့၏ ရပ်တည် ရှင်သန်ခွင့်မှာလည်း ဒုတိယ အခြေခံ ပြဿနာဖြစ်နေကြောင်း ၊မြန်မာပြည် ပြဿနာများနှင့် ပတ်သက်၍ မိမိအနေဖြင့် OIC အထွေထွေအတွင်းရေးမှု တာဝန် စယူသည့် အချိန်မှစ၍ အမေရိကန်သမ္မတ ဘားရက် အိုဘားမား၊ ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒ အထူးကိုယ်စားလှယ် ကက်သရင်း အက်ရှ်တန်တို့နှင့် ဆက်သွယ် ဆောက်ရွက်လျက် ရှိကြောင်း၊ မြန်မာပြည်မှ အစွန်းရောက် ဗုဒ္ဓဘာသာဝင် သံဃာများ၏ ကြီးမားသော ဖိအားများကြားမှ လူသားချင်းစာနာထောက်ထားမှု ထောက်ပံ့ရေးရုံး တစ်ခု ဖွင့်လှစ်နိုင်ရန် မြန်မာအစိုးရနှင့် သဘောတူညီမှု ရရှိခဲ့ကြောင်း Ihsanoglu က ဆိုသည်။
    တစ်ချိန်တည်းမှာပင် EU တင်သွင်းသည့်မူကြမ်းအပြင် OIC ၏ မြန်မာနိုင်ငံ၌ အကြမ်းဖက်မှု အဆုံးသတ်ရေး မူကြမ်းကို ကုလလုံခြုံရေးကောင်စီထံ နိုဝင်ဘာ ၁ ရက်တွင် တင်သွင်းသွားမည်ဟု ကုလသမဂ္ဂဆိုင်ရာ စောင့်ကြည့်လေ့လာရေး OIC အမြဲတန်း အတွင်းဝန် Ufuk Gokcen က AA သတင်းဌာနသို့ ပြောကြားသည်။
    UNSC ၏ အလှည့်ကျ ဥက္ကဌဖြစ်သည့် အဇာဘိုင်ဂျန်၏  ကမကထပြုသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ UNSC  နှင့် OIC အကြား ကျင်းပသော အစည်းအဝေးအပြီး မြန်မာပြည်ခရီးအကြောင်းကြေညာခြင်းဖြစ်သည်။
    ၂၀၁၃ ခုနှစ်အတွင်း အစွန်းရောက်ဗုဒ္ဓဘာသာဝင်တို့မှ ရိုဟင်ဂျာ မွတ်စ်လင်မ်တို့၏အိုးအိမ်၊ လုပ်ငန်းခွင်များကို မီးရှို့ဖျက်ဆီးကာ စုပြုံသတ်ဖြတ်မှုဖြစ်ပွားပြီးနောက် ရိုဟင်ဂျာပေါင်း တစ်သိန်းလေးသောင်းကျော် အိုးမဲ့အိမ်မဲ့ ဌာနီမဲ့ ဖြစ်ခဲ့ရသည်။ ၁၉၆၂ မှ ၂၀၁၁ ခုနှစ်အထိ စစ်အစိုးရမှ တင်းကြပ်စွာ အုပ်ချုပ်ခဲ့သည့် မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်စ်လင်မ်တို့အပေါ် အဓိကအားဖြင့် အကြမ်းဖက်ခဲ့ခြင်းဖြစ်သည်။
    Ref:worldbulletin
    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]
  • ဆီးရီးယားစစ်ပွဲမှာ ဂျီဟတ် စစ်ပွဲမဟုတ်၊ ဂိုဏ်းဂဏ ရန်ငြှိုးသာဖြစ်ဟု ဆော်ဒီ မွဖ်သီချူပ် ပြောကြား
    အောက်တိုဘာ- ၃၀ ၂၀၁၃
    M-Media
    Sheikh Abdul Aziz Al-Asheikh
    ဆီးရီးယားအာဏာရှင် ဘာရှာအလ်အာဆတ် အစိုးရအား ဖြုတ်ချရန်အတွက် အတိုက်အခံများအား ကူညီရန် ကမ္ဘာ့တစ်ဝှမ်းရှိ မွတ်စလင်လူငယ်များ ဆီးရီးယားသို့သွားရောက်ကာ အတိုက်အခံများဘက်မှ ကူညီတိုက်ခိုက်ပေးနေသော်လည်း ဆော်ဒီ လူငယ်များအနေဖြင့် ဆီးရီးယားသို့ မသွားရန် ဆော်ဒီအာရေဗျ ဘုရင့်နိုင်ငံ၏ အစ္စလာမ့်ဓမ္မသတ်မှူးချုပ် ရှိုင်းခ် အဗ်ဒုလ် အဇီးဇ် အလ် အရှ်ရှိုင်းခ် က တိုက်တွန်းပြောကြားခဲ့သည်။
    “ဒါ (ဆီးရီးယားသို့ သွားရောက်ပူးပေါင်းမှု) ဟာ လုံးဝကို မှားယွင်းပါတယ်။ မလုပ်မနေရ ၀တ္တရားမဟုတ်ပါဘူး။ ဒီစစ်ပွဲဟာ ဂိုဏ်းဂဏ ရန်ငြှိုးတွေကြောင့်သာဖြစ်ပြီး၊ မွတ်စလင် လူငယ်တွေ မသွားသင့်ပါဘူး။ အဲဒီကိုသွားဖို့ ကျွန်တော် အကြံ မပြုလိုပါဘူး” ဟု ဆော်ဒီ လူငယ်များ ဆီးရီးယားသို့ သွားရောက် တိုက်ခိုက်ခြင်းနှင့် ပတ်သက်ပြီး ဆော်ဒီမွဖ်သီချုပ် ရှိုင်းခ် အဗ်ဒုလ် အဇီးဇ် အလ် အရှ်ရှိုင်းခ်  က ပြောကြားခဲ့သည်ဟု al-Hayat နေ့စဉ် သတင်းစာတွင် ဖော်ပြခဲ့သည်။
    ထို့ပြင် မိမိမကျွမ်းကျင်သည့်၊ အတွေ့အကြုံမရှိသည့် ဒေသတစ်ခုသို့ သွားရောက်ခြင်းမှာ ထိုဒေသတွင် ရှိနေသူများအား ၀န်ထုပ်ဝန်ပိုးဖြစ်စေကြောင်း၊ ထိုဒေသရှိ လူများလိုချင်သည့်အရာမှာ ဒိုအာ တောင်းဆုသာဖြစ်ကြောင်း မွဖ်သီချုပ်က ထည့်သွင်းပြောကြားခဲ့သည်။
    အာဆတ်ဦးဆောင်သည့် အစိုးရတပ်များနှင့် အတိုက်အခံများအကြား ဖြစ်ပွား နေသည့် အဆိုပါစစ်ပွဲမှာ ၂ နှစ်နီးပါး ကြာမြင့်နေပြီဖြစ်ပြီး ထိုစစ်ပွဲကြောင့် လူပေါင်း တစ်သိန်းနီးပါး သေဆုံးခဲ့ပြီဖြစ်သည်။ ထို့ပြင် စစ်ပွဲကြောင့် ဆီးရီးယားနိုင်ငံသား ၁ သန်းကျော် ထွက်ပြေးခဲ့ရပြီး အိမ်နီးချင်းနိုင်ငံများ၌ ခိုလှုံနေရကာ၊ နောက်ထပ် ၂ သန်းကျော်မှာလည်း ဆီးရီးယားနိုင်ငံ အတွင်းတွင် အိုးအိမ်များကို စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင် နေရသည်။
    ပြီးခဲ့သည့် ဇွန်လက အာရပ်ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်ပညာရှင်များက အလ်အာဆတ်ပေါ် ဂျီဟတ်စစ်ပွဲစစ်ပွဲရန် တိုက်တွန်းခဲ့ကြပြီး၊ အာဏာရှင် ဆန့်ကျင်ရေး စစ်ပွဲမှာ အစ္စလာမ့်စစ်ပွဲအဖြစ် ကြေညာခဲ့သည်။ ထိုကြေညာချက်အပြီးတွင် မွတ်စလင်နိုင်ငံများမှ လူငယ်များမှာ အာဆတ်၏ အစိုးရတပ်များအား တိုက်ခိုက်ရန်အတွက် ဆီးရီးယားသို့ သွားရောက်ခဲ့ကြသည်။
    သို့သော်လည်း ဆော်ဒီမွဖ်သီချုပ်က လူငယ်များအား ဆီးရီးယားတွင်း သွားရောက် တိုက်ခိုက်ရန် တိုက်တွန်းဟောကြားနေသည့် မွတ်စလင် တရားဟောဆရာများအား သတိပေးပြောဆိုခဲ့သည်။
    “မွတ်စ်လင်တွေဟာ အလ္လာဟ်အရှင်မြတ်ကို အကြောက်တရားထားရှိရပါမယ်။ ပြီးတော့ မွတ်စ်လင်မ်လူငယ်တွေရဲ့ အသိအမြင်နည်းမှုနဲ့အားနည်းချက်တွေအပေါ် လှည့်ဖြားအမြတ်ထုတ်ပြီး ချောက်ထဲတွန်းချတာမျိုး မလုပ်အပ်ပါဘူး။ တရားဟောပြောသူတွေက လူငယ်တွေကို မိမိတို့ရဲ့ရင်သွေးငယ်တွေလိုသဘောထားပြီး လမ်းညွှန်ပေးကြဖို့ ကျွန်တော် အကြံပြုလိုပါတယ်” ဟု ဆော်ဒီမုဖ်သီချုပ်၏မိန့်ကြားချက်ကို တနင်္လာနေ့သတင်းစာတွင် ဖော်ပြခဲ့သည်
    Ref: OnIslam
    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]
  • ဗြိတိန်မှ ဗလီများကိုဗုံးခွဲရန် ကြံစည်ခဲ့ပြိး မွတ်စ်လင်မ်အဘိုးအို တစ်ဦးကို သတ်ဖြတ်ခဲ့သည့် ယူကရိန်းသား ထောင်တစ်သက်တစ်ကျွန်းကျ
    အောက်တိုဘာ- ၂၉ ၂၀၁၃
    M-Media
    Ukrainian
    စက်ရုံတစ်ခု၏တစ်နှစ်အလုပ်ဗီဇာဖြင့် ဗြိတိန်သို့ရောက်ရှိလာပြီးနောက် ငါးရက်အကြာတွင် မွတ်စ်လင်မ်သက်ကြီးရွယ်အိုတစ်ဦးအားသတ်ဖြတ်၍ ဗလီဝတ်ကျောင်းများပြင်ပ၌ ဗုံးဖောက်ခွဲရန်ကြံစည်ခဲ့သူ ယူကရိန်းသား Pavlo Lapshyn (၂၅ နှစ်) ကို  ပြီးခဲ့သော သောကြာနေ့က ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်လိုက်သည်။
    တရားသူကြီး Nigel Sweeney  သည် စီရင်ချက်ချမှတ်စဉ် “ လူမျိုးကြီးဝါဒအခြေခံအမုန်းတရားတွေ၊ လှုပ်ရှားချက်တွေဟာ မှန်ကန်တဲ့အတွေးအခေါ်ရှိသူများအဖို့ လက်ခံနိုင်စရာ မရှိပါဘူး။ ကျွန်တော်တို့ရဲ့ လူမျိုးဘာသာယဉ်ကျေးမှုစုံလူ့ဘောင်အသိုင်းအ၀ိုင်းမှာ ဒီလိုအမြင်မျိုးအတွက် နေရာမပေးနိုင်ပါဘူး ” ဟု ပြောကြားခဲ့၏။
    Source : Worldbulletin.net
    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]
  • အီတလီတွင် ဗလီဝတ်ကျောင်းသစ်ဖွင့်လှစ်
    အောက်တိုဘာ- ၂၉ ၂၀၁၃
    M-Media
    Italy
    ပြီးခဲ့သည့်သောကြာနေ့ Siena ခရိုင်ရှိ Colle Val d’Elsa တွင် ဗလီဝတ်ကျောင်းသစ်ဖွင့်ပွဲတစ်ခုကို ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့သည်။ ၀တ်ကျောင်းတော်အတွင်း မွတ်စ်လင်မ်တို့၏ ဘာသာရေးနှင့်ယဉ်ကျေးမှုစင်တာကိုလည်း ထားရှိမည်ဖြစ်ကြောင်း သိရသည်။
    “ ဒီနေရာဟာ ငြိမ်းချမ်းရေးရဲ့သင်္ကေတတစ်ရပ်ဖြစ်ပါတယ် ” ဟု မြို့ခံမွတ်စ်လင်မ်ခေါင်းဆောင် Feras Jabarin မှ ပြောကြားသည်။
    ဗလီ၏မြေနေရာကို ဒေသခံမွတ်စ်လင်မ်တို့မှ ၉၉ နှစ်စာချုပ်ဖြင့် ငှားရမ်းထားသည်။ ဘာသာမရွေး Siena ဒေသခံများကို အခမ်းအနား၌ပါဝင်ရန် မွတ်စ်လင်မ်အသိုင်းအ၀ိုင်းမှ ဖိတ်ခေါ်ခဲ့ကြသည်။
    အီတလီနိုင်ငံတွင် ဝီကီရဲ့ စာရင်းများအရ လူဦးရေ(၆၀.၉) သန်းခန့် ရှိမည့်ပြီး မွတ်စလင်မ် ၁.၅ သန်း ရှိပြီးမည်ဟု ခန့်မှန်းထားပြီး နိုင်ငံအဝှမ်း ဗလီဝတ်ကျောင်းတော် (၅၀၀) ခန့်ရှိသည်ဟု သိရသည်။
    Source : islam.ru