News @ M-Media

Author: M-Media

  • သြဂုတ်လ- ၂၆ ရက် အားကစားသတင်းများ

    သြဂုတ်လ- ၂၆ ရက်၊ ၂၀၁၃
    M-Media
    စုစည်းတင်ဆက်သူ- ကိုလေး

    Cardiff defeatPhoto-Goal.com

    မန်စီးတီးရှုံးနိမ့်ပြီး တော့တင်ဟမ် အနိုင်ရခဲ့သည့် ပရီးမီယားလိဂ်ပွဲစဉ် ၂ oတနင်္ဂနွေ ပွဲစဉ်များ

    ပရီးမီးယားလိဂ်ပွဲစဉ် ၂ အဖြစ် ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့ရာ မန်စီးတီးအသင်းမှာ ရှုံးနိမ့်ခဲ့ပြီး တော့တင်ဟမ်အသင်းမှာ အနိုင်ရရှိခဲ့သည်ဟု သိရသည်။

    ကာဒစ်ဖ်အသင်း၏ အိမ်ကွင်းတွင်ကစားခဲ့သည့် ကာဒစ်ဖ်နှင့် မန်ချက်စတာစီးတီးတို့၏ပွဲစဉ်တွင် ကာဒစ်ဖ်အသင်းက ၃ ဂိုး ၂ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်ဟုသိရသည်။ ပွဲချိန် ၅၂ မိနစ်တွင် အေဒင် ဇစ်ကိုက မန်စီးတီးအသင်းအတွက်အဖွင့်ဂိုးသွင်းယူပေးခဲ့သော်လည်း မိနစ် ၆၀ တွင် ဂန်နာဆန်၊ ၇၉ မိနစ်နှင့် ၈၇ မိနစ်တို့တွင် ဖရေဇာကမ်းဘဲလ်တို့က ကာဒစ်ဖ်စီးတီးအသင်းအတွက် ချေပဂိုးနှင့်အနိုင်ဂိုးများကို သွင်းယူပေးခဲ့သည်။ နာကျင်အချိန်ပိုတွင် နီဂရီဒိုက  မန်ချက်စတာစီးတီး အတွက် ချေပဂိုးတစ်ဂိုး သွင်းယူပေးခဲ့သော်လည်း ပွဲအပြီးတွင်
    မန်စီတီးအသင်းက ရှုံးနိမ့်ခဲ့သည်။ မန်စီးတီးအသင်း၏ နည်းပြ ပယ်လီဂရီနီက အသင်း၏နောက်တန်းအားနည်မှုကြောင့် ယခုကဲ့သို့ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်ဟု ညည်းညူပြောဆိုခဲ့သည်။

    အခြားပွဲစဉ်တစ်ခုဖြစ်သည့် တော့တင်ဟမ်နှင့် ဆွမ်ဆီးအသင်းတို့ပွဲစဉ်တွင် တော့တင်ဟမ်အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ တော့တင်ဟမ်အသင်းအတွက် အနိုင်ဂိုးကို ၅၈ မိနစ်တွင် ရောဘတ်တိုဆိုလ်ဒါတိုက ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ယခုနှစ်မှပြောင်းရွှေ့လာခဲ့သည့် ဆိုလ်ဒါဒိုမှာ ပြီးခဲ့သည့် သီတင်းပတ်က Dinamo Tbilisi အသင်းနှင့်ကစားသည့် ယူရိုပါလိဂ်ပြိုင်ပွဲတွင်လည်း တော့တင်ဟမ်အသင်းအတွက် ၂ ဂိုး သွင်းယူပေးခဲ့သူဖြစ်သည်။
    _______________________________
    ဘာကာအသင်းမှာ မက်ဆီနှင့်နေးမာအား အလွန်အကျွံမှီခိုမှုမရှိဟု ဖာဘရီဂတ်စ်ဆို

    ဘာစီလိုနာအသင်း၏ ကွယ်းလယ်လူ ဖာဘရီဂတ်စ်က ဘာစီလိုနာအသင်းမှာ မက်ဆီနှင့် နေးမာတို့အား အလွန်အမင်းမှီခိုအားထားမှုမရှိဟု ယုံကြည်ကြောင်းပြောဆိုလိုက်သည်။ ဖာဘရီဂတ်စ်က မာလာဂါအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သောပွဲကို ရည်ညွှန်းပြောဆိုလိုက်ခြင်းဖြစ်သည်။ ထိုပွဲတွင် မက်ဆီမှာ ပေါင်ဒဏ်ရာကြောင့်ပါဝင်နိုင်ခြင်းမရှိဘဲ၊ နေးမာမှာလည်း ဒုတိယပိုင်းရောက်မှသာ လူစားဝင်ကစားခဲ့သည်။
    _______________________________
    ဂွာဒီယိုလာလက်အောက်တွင် ပြောင်းလဲလာပြီဟု ဖိလစ်လမ်းဆို

    ဘိုင်ယန်မြူးနစ်အသင်း၏ ဘယ်နောက်ခံလူ ဖိလစ်လမ်းက နည်းပြသစ်ပက်ပ်ဂွာဒီယိုလာ၏လက်အောက်တွင် ၎င်းမှာ ပြောင်းလဲလာသည်ဟု ပြောဆိုလိုက်သည်။ ဘိုင်ယန်မြူးနစ်အသင်း၏ ရာသီအစရလဒ်များအား ကျေနပ်မိကြောင်း၊ တိုက်စစ်ကိုအလွန်အကျွံလိုက်ပါတတ်သည့်
    ၎င်း၏ကစားပုံမှာလည်း ပြောင်းလဲလာကြောင်း ဖိလစ်လမ်းက ပြောဆိုခဲ့သည်။
    _______________________________
    မာတာအား အငှားဖြင့်ခေါ်ယူရန် အက်သလက်တီကို စိတ်ဝင်စားနေ

    လာလီဂါကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းသည် ချယ်ဆီးအသင်း၏ တိုက်စစ်မှူးဖြစ်သူ ဂျူအန်မာတာအား ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟုသိရသည်။ အက်သလက်တီကိုအသင်းသည် အသင်းမှထွက်ခွာဖွယ်ရှိနေသည့် အေဒရီယန်၏ နေရာအား အစားထိုးရန် ခေါ်ယူလိုနေခြင်းဖြစ်သည်။ လီဗာပူးလ်အသင်းကလည်း ချယ်ဆီးအသင်း၏ တောင်ပံကစားသမား ဗစ်တာ မိုးဆက်အားအငှားဖြင့်ခေါ်ယူရန် စောင့်ကြည်လျက်ရှိနေသည်။
    _______________________________
    ၀ီလီယံ ချယ်ဆီးအသင်းနှင့်ဆေးစစ်မှုပြုလုပ်ခဲ့

    ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်းသည် ရုရှားကလပ် Anzhi Makhachkala အသင်းမှ အလယ်တန်းလူ ၀ီလီယံအား ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့သည်ဟု ပြောဆိုလိုက်သည်။ ယမန်နေ့က ချယ်ဆီးအသင်းနှင့် ဆေးစစ်ဆေးမှုပြုလုပ်ခဲ့သည့် ၀ီလီယံမှာ တော့တင်ဟမ်အသင်းသို့ပြောင်းရွှေ့ရန်နီးစပ်ခဲ့သော်လည်း ချယ်ဆီးအသင်းက ပြောင်းရွှေ့ကြေးပိုပေးကာ ကြားဖြတ်ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ချယ်ဆီးအသင်း၏နည်းပြဖြစ်သူ ဟိုဆေးမော်ရင်ဟိုက Anzhi Makhachkala အသင်း၏တိုက်စစ်မှူး ဆင်မြူယဲလ်
    အီးတိုးအားခေါ်ယူရန်ဆွေးနွေးနေသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။
    _______________________________
    တော့တင်ဟမ်တိုက်စစ်မှူးဘေးလ် ရီးယဲလ်သို့ ပြောင်းရွှေ့တော့မည်

    တော့တင်ဟမ်အသင်း၏တိုက်စစ်မှူးဖြစ်သူ ဂါရက်ဘေးလ်းမှာ ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့တော့မည်ဟု သိရသည်။ တော့တင်ဟမ်အသင်းကလည်း ဘေးလ်အားပြောင်းရွှေ့ရန်ခွင်ပြုလိုက်ပြီး ပြောင်းရွှေ့ကြေးမှာ ပေါင် ၈၆ သန်းရှိမည်ဖြစ်သည်။ တော့တင်ဟမ်အသင်းသည် အပြောင်းအရွှေ့ရာသီအစကတည်းက ရီးယဲလ်မဒရစ်အသင်း၏ ကမ်းလှမ်းမှုကို အကြိမ်ကြိမ်ပယ်ချခဲ့ပြီး ယခုမှ သဘောတူခဲ့ခြင်းဖြစ်သည်။ အသင်းမှထွက်ခွာချင်သည်ဟု ဖွင့်ဟထားသည့်ဘေးလ်မှာ လွန်ခဲ့သည့်ခြောက်နှစ်ခန့်က ဆောက်သက်တမ်အသင်းမှ တော့တင်ဟမ်သို့ ပေါင်
    ၇ သန်းဖြင့်ရောက်ရှိလာခဲ့သူဖြစ်သည်။
    _______________________________
    မီဒီယာများက အသင်းပရိတ်သတ်များအား ဦးနှောက်ကျင်းပေးလိုက်သည်ဟု ၀င်းဂါးဆို

    အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ အာဆင်ဝင်းဂါးက အင်္ဂလိပ်မီဒီယာများမှာ အာဆင်နယ်အသင်း၏ ပရိတ်သတ်များအား ဦးနှောက်ကျင်းလိုက်သည်ဟု စွပ်စွဲပြောဆိုလိုက်သည်။ အပြောင်းအရွှေ့ဈေးကွက်အတွင်း ငွေးကြေးသုံးစွဲမှုအားနည်းခြင်းအား အသင်းပရိတ်သတ်များကထောက်ပြပြောဆိုသည်ကို ရည်ရွယ်၍ပြောဆိုလိုက်ခြင်းဖြစ်သည်။ အာဆင်နယ်အသင်းမှာ ယခုအချိန်အထိ လူငယ်ကစားသမားတစ်ဦးသာ ၀ယ်ယူထားသေးသည်။
    _______________________________
    ကွန်ဒေါ့ဂ်ဘီယာအားခေါ်ယူရန် မိုနာကို စီစဉ်

    ပြင်သစ်လိဂ်ဝမ်းကလပ်အသင်းဖြစ်သည့် မိုနာကိုအသင်းမှာ ဆီးဗီးလားအသင်း၏ အလယ်တန်းလူ ဂျီအောဖ့်ဖရေး ကွန်ဒေါ့ဂ်ဘီယာအား ယူရိုသန်း ၂၀ ဖြင့်ခေါ်ယူရန် စီစဉ်နေသည်ဟုသိရသည်။ မိုနာကိုအသင်းမှာ ယခုနှစ်တွင်မှ ပြင်သစ်လိဂ်ဝမ်းသို့ တန်းတက်လာသည့်အသင်းဖြစ်ပြီး အသင်းတောင့်တင်းရန်အတွက် ငွေကြေးအမြောက်အများကို သုံးစွဲထားသည့်အသင်းလည်းဖြစ်သည်။
    ……………………………………………………………
    ဘယ်လ်ဂျီယံ ဂရင်းပရီကားမောင်းပြိုင်ပွဲတွင် ဗက်တဲလ်ဗိုလ်စွဲ

    ဘယ်လ်ဂျီယံနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ဘယ်လ်ဂျီယံဂရင်းပရီကားမောင်းပြိုင်ပွဲတွင် ရက်ဘူးလ်အသင်း၏ ကားမောင်းသမား ဂျာမန်နိုင်ငံသား စဘက်စတီယန် ဗက်တယ်လ်က အနိုင်ရဗိုလ်စွဲသွားသည်ဟုသိရသည်။ ဒုတိယနေရာမှ ဖာရာရီကားမောင်းသမား ဖာနန်ဒိုအလွန်ဆိုထက် ၁၆.၈၆၉ စက္ကန့်အသာဖြင့် ပန်းဝင်ခဲ့ခြင်းဖြစ်ပြီး မာစီးဒီး ကားမောင်သမား လူးဝစ်ဟာမီလ်တန်မှာ တတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။

  • သတ္တုကို လက်နဲ့အရည်ဖျော်မယ်

    သြဂုတ် ၂၆၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်

    mental
    သတ္တုကို လက်နဲ့အရည်ဖျော်နိုင်တယ်ဆို ယုံပါ့မလား။ သတ္တုအားလုံးကို မရပေမယ့် Gallium လို့ခေါ်တဲ့ သတ္တုကိုတော့ သင့်လက်နဲ့ အရည်ပျော်အောင် လုပ်နိုင်ပါတယ်။

    ပုံမှာမြင်ရတဲ့အတိုင်း Gallium ဟာ ၃၀ ဒီဂရီစင်တီဂရိတ် (၈၅ ဒီဂရီဖာရင်ဟိုက်) မှာ အရည်ပျော်ပါတယ်။ သဘာဝအတိုင်း မတွေ့ရတတ်တဲ့ Gallium ဟာ အပူချိန်နည်းတဲ့ နေရာတွေမှာ ကြွတ်ဆတ်တဲ့ အစိုင်အခဲဖြစ်နေပါတယ်။ ၁၈၇၅ မှာ စတင်တွေ့ရှိခဲ့ပြီး အပူချိန်မြင့်သာမိုမီတာနဲ့ သတ္တုစပ်တွေပြုလုပ်တဲ့ နေရာမှာ အရင်ဆုံးအသုံးပြုခဲ့ကြပါတယ်။ မိုက်ခရိုဝေ့ဖ်ဆားကစ်နဲ့ အနီအောက်ရောင်ချည်သုံး ပစ္စည်းတွေမှာလည်း အသုံးပြုကြပါတယ်။

    Gallium ကိုတွေ့အောင်ရှာ လက်ပေါ်တင်ပြီး သူငယ်ချင်းတွေကို အံ့အားသင့်အောင် လုပ်ပြနိုင်ပြီပေါ့။

    ကိုးကား – General Knowledge

  • ကန့်ဘလူမြို့ ထန်းကုန်းရွာ မွတ်စလင်မ်အိုးအိမ်များအား မီးရှို့အကြမ်းဖက်ခံရမှု ရုပ်သံသတင်း

    သြဂုတ်လ- ၂၆ ရက်၊ ၂၀၁၃
    ရုပ်သံ မူရင်း- BBC မြန်မာပိုင်း

    Gov
    ကန့်ဘလူမြို့က အကြမ်းဖက်ဖြစ်ရပ်ပုံရိပ်တချို့။ (ဓာတ်ပုံ – ပြန်ကြားရေးဝန်ကြီးဌာန) သြဂုတ်လ ၂၅ ရက်၊ ၂၀၁၃။

    ဘီဘီစီ မြန်မာပိုင်းမှ ထုတ်လွှင်ပြသခဲ့သော ကန့်ဘလူမြို့ ထန်းကုန်းရွာ မွတ်စလင်မ်အိုးအိမ်များအား မီးရှို့အကြမ်းဖက်မှု ရုပ်သံသတင်းဖြစ်ပါသည်။
    ယခင်က မတူညီတဲ့ဘာသာကြီး ၂ ခုမှ ပြည်သူများ ချစ်ချစ်ခင်ခင်နေထိုင်လာခဲ့ကြပေမယ့် လွန်ခဲ့သည့် ၃ လ ခန့်မှ သွေးကွဲလာကြကြောင်း။ တယောက်နှင့် တယောက်မကြည်မလင်တွေ ဖြစ်လာကြကြောင်း ၊အကြောင်းအရင်းမှာ ၉၆၉ အဖွဲ့ရဲ့ လမ်းစဉ်ပေါ်လစီတွေကြောင့်ဖြစ်ကြောင်းကို အဆိုပါရုပ်သံ သတင်းမှာ မီးရှို့ဖျက်ဆီးမှုခံခဲ့ရသော ဒေသခံ မွတ်စလင်မ် တဦးမှ ပြောကြားခဲ့ပါသည်။

    လိုင်းမကောင်းသော M-Media ပရိတ်သတ်များ Download ယူပြီးကြည့်ရန်လင့်ခ်
    File Size= 5.8 MB
    Google Dive >>http://goo.gl/ahspbo

  • ပန်းတနော်တွင် မွတ်စလင်မ် အိမ်တစ်လုံး ဖျက်ဆီးခံရ၊ အကြမ်းဖက်မှု ဖြစ်ပေါ်မည့် အခြေအနေကြောင့် ထိန်းသိမ်းနေရ

    သြဂုတ် ၂၆၊ ၂၀၁၃
    M-Media
    ထွန်းတောက်

    Pantanaw, Irrawaddy

    သံတွဲ ။ ။ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့တွင် ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သော အချင်းများမှုနဲ့ပတ်သက်ပြီး အိမ်တလုံး အဖျက်ခံရပြီး အကြမ်းဖက်မှု ဖြစ်ပေါ်မည့် အခြေအနေဖြစ်ပေါ်မှုကြောင့် ၀ိုင်းဝန်း ထိန်းသိမ်းနေရသည်ဟု သတင်းရရှိသည်။

    အဆိုပါ သတင်းကြောင့် ပန်းတနော်မြို့သို့ ဆက်သွယ်စုံစမ်းရာ –

    “ဟုတ်ကဲ့၊ ပြဿနာဖြစ်မယ့်ပုံစံ နည်းနည်းဖြစ်သွားတယ်။ အခုထိလည်း အေးအေးဆေးဆေးတော့မဖြစ်သေးဘူး။ ၀ိုင်းပြီး ထိန်းသိမ်းနေကြပါတယ်။

    ဖြစ်ပုံက ဒီလိုဗျ။ မွတ်စ်လင်မ်မိသားစုတစ်ခု အဝေးကနေ ပြောင်းလာပြီး နေကြတာ။ ပန်းတနော်ဒေသကတော့ မဟုတ်ဘူးဗျ။ သူနေတဲ့ ၀န်းကျင်က ဘာသာခြားတွေပဲရှိတယ်။ အဲ့မှာ အိမ်ဝယ်ပြီးနေတယ်။ အဲလို သူ့ဘေးဝန်းကျင်က ၉၆၉ တရားနာနေကြတဲ့အချိန် သူက ဒီဘက်ကနေ သီချင်းဖွင့်တဲ့အချိန် အဲဒီကနေ အခြေခံပြီး နည်းနည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ အဲလို ဖြစ်တဲ့အချိန်ပဲ အာဏာပိုင်တွေရော၊ ဘာသာရေးဂေါပကအဖွဲ့တွေရော ရောက်သွားပြီး သွားထိန်းကြတယ်။ အခုအချိန်ထိတော့ ဂေါပကအဖွဲ့တွေ အစည်းအဝေးသွားတာ ပြန်မရောက်ကြသေးဘူး။

    အဲဒီ မွတ်စလင်မ်မိသားစုကိုတော့ ချက်ချင်းပဲ ရန်ကုန်ကားပေါ် ပြန်တင်ပေးလိုက်တယ်။ တဘက်ကတော့ ဒီအိမ်ကို မီးရှို့ရမှ ကျေနပ်မယ်၊ ဖျက်ဆီးရမယ် ကျေနပ်မယ်လို့ ပြောနေကြတော့ ဖြစ်ချင်တဲ့ပုံစံ ဖြစ်အောင် လုပ်ပေးမယ်ဆိုပြီး အာဏာပိုင်တွေကတော့ ထိန်းထားတယ်။

    ဒါပေမယ့် အခု အဲ့ဒီနားမှာ သံဃာတချို့လည်းရှိတယ်၊ တချို့ကလည်း ဖျက်ရမှ ကျေနပ်မယ်လို့ပြောတယ်။ ခယက လည်း ရောက်နေတယ်။ အခုတော့အစည်းအဝေးလုပ်နေကြတယ်။

    ၄း၁၅ နာရီမှာ နောက်ဆုံးထပ်ရတဲ့ သတင်းအရ အာဏာပိုင်များနဲ့ ဂေါပကများ ညှိနှိုင်းပြီးနောက်တွင် မွတ်စလင်မ်ပိုင်အိမ်ကို ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်းသိရသည်။ အိမ်ရှိ ပစ္စည်းများအား ထော်လာဂျီနှင့် တင်ဆောင်၍ ဗလီအတွင်းသို့ ပို့ဆောင်နေကြောင်းလည်း သိရသည်။

    အဆိုပါအိမ်မှာ ၁၅-ပေ x ပေ-၃၀ ပတ်လည် သွပ်မိုးထရံကာ မြေစိုက်အိမ်တစ်လုံးဖြစ်သည်။ ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစာများမှလည်း အဆိုပါ အိမ်အား မဖျက်ဆီးရပါက မကျေနပ်နိုင်ကြောင်း ဖြစ်ပေါ်လာသဖြင့် ဖျက်ဆီးခွင့်ပြုလိုက်သည်ကို သိရခြင်းဖြင့် တရားဥပဒေစိုးမိုးရေး အရေးတကြီး လွန်စွာလိုအပ်နေကြောင်း သိရှိရသည်။

    ဖြစ်တာက ၉-ရပ်ကွက် ရေလှည်းလမ်းမှာပါ။ ပန်းတနော်မှာ မွတ်စလင်အိမ်ခြေက (၃၆၀)လောက် ရှိပါတယ်။ အိမ်ထောင်စုက (၅၀၀)လောက်ရှိပါတယ်။ ဗလီက မြို့ပေါ်မှာ ၁-လုံးတည်းရှိပါတယ်။ အာရဗီစာသင်ကျောင်းက ဗလီနဲ့တွဲလျက်ပဲ အခြေခံဘာသာရေး စာသင်ကျောင်းပဲရှိပါတယ်။ အတန်းကျောင်းအနေနဲ့ မရှိပါဘူး။ ကျောင်းတောင် ပြန်ဖွင့်တာ ရက်ပိုင်းပဲ ရှိသေးတယ်။ ဟိုးတလောက နိုင်ငံအနှံ့အခြေအနေတွေကြောင့် ကျောင်းပိတ်ထားရာကနေ အခုရက်ပိုင်းလေးကမှ ပြန်ဖွင့်လိုက်တာပါ။

    ပန်းတနော်မှာရှိတဲ့ မွတ်စလင်မ်အများစုက လယ်သမားနဲ့ အရောင်းအ၀ယ်သမားများတယ်။ ဈေးရောင်းတာလည်းရှိတယ်။ အများစုက လက်လုပ်လက်စားများပါတယ်။”လို့ ပန်းတနော်မြို့ခံများမှ M-Media ကို ပြောပြခဲ့ပါတယ်။

    ပန်းတနော်မြို့သည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၏ မွေးရာဇာတိ မြို့လည်းဖြစ်ပြီး ယခင်ကတည်းက ဘာသာလူမျိုးပေါင်းစုံ အေးချမ်းသာယာစွာနေထိုင်လျက်ရှိသော ဧရာဝတီတိုင်းအတွင်းရှိ မြို့တစ်ခုဖြစ်သည်။

  • သံတွဲမြို့တွင် အကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်မှုများ ပြုလုပ်နေ

    သြဂုတ် ၂၆၊ ၂၀၁၃
    M-Media
    ဇာဏီ

    Thandwel 2

    သံတွဲ ။              ။            သံတွဲမြို့တွင် ယနေ့ပြုလုပ်နေသော နိုင်ငံတော်ဘာသာနေ့ ဆွမ်းလောင်းလှူပြီးအပြီး ညနေပိုင်းတွင် အကြမ်းဖက်မှုများ စတင်လုပ်ဆောင်မည်ဟု သတင်းများ ထွက်ပေါ်နေပြီး သံတွဲမြို့ပေါ်တွင်လည်း လူများ အုပ်စုဖွဲ့ကာ အဆမတန် များပြားနေပြီး အကြမ်းဖက်ရန် အလားအလာများ ရှိနေကြောင်း သတင်းရရှိသည်။

    သံတွဲမြို့တွင် ယနေ့ပြုလုပ်နေသော နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ် အစီအစဉ်ပြီးပါက သံတွဲမြို့တွင် အကြမ်းဖက်လုပ်ငန်းများ ဖြစ်ပေါ်လာစေရန် လှုံ့ဆော်နေသော အဖွဲ့များရှိနေသည်ဟု သိရသည်။

    ရွှေကျောင်းပြင်ရွာရှိ ကိုတင့်လွင်ဆိုသူ၏အိမ်၌ ယမန်နေ့က အစည်းအဝေးပြုလုပ်ခဲ့ကြပြီး ယနေ့ ၂၆-ရက်နေ့ ညနေ ၅-နာရီမှစတင်ကာ သံတွဲမြို့ အမှတ်(၁)ရပ်ကွက်၊ နံတော်တောင်ရပ်ကွက်ရှိ နံတော်တောင် ခြေရင်းကို ၀င်ပြီး အကြမ်းဖက်မှုများ ပြုလုပ်မည်ဟု တိုင်ပင်ခဲ့သည်။

    ယင်း အစည်းအဝေးတွင် ပါဝင်သူများမှာ ကုဋေစိုး(ဆင်ဂေါင်း)၊ ငမိုက်(မာဃလမ်း ဆိုင်ကယ်ပြင်ဆိုင်)၊ ၀င်းနိုင်(ဗောဓိကုန်း)၊ အရှည်ကြီး(ဆိုင်ကယ်ပြင်ဆိုင်)၊ သာလေး(ဆေးဆိုင်)၊ မောင်လေးငယ်(နံတော်တောင်ဘုရားလမ်း)၊ ကျော်ကြီး(အမှတ် ၁-ရပ်ကွက်)၊ နိုင်ဦးလေး(နံတော်တောင်ခြေရင်း)၊ ကျော်မင်း(ပသီတောင်ခြေရင်း)၊ ခွေးဂျပု(ရွှေကျောင်းပြင်ရွာ)၊ ဂွတို(ရွှေကျောင်းပြင်ရွာ)၊ တင့်လွင်(ရွှေကျောင်းပြင်ရွာ)၊ ဦးထွန်းရွှေ(ဥက္ကဋ္ဌ၊ အမှတ် ၁-ရပ်ကွက်)၊ ကျော်ကျော် (GTI ကျောင်းရှေ့) တို့ဖြစ်ပြီး ယနေ့ညနေ ၅-နာရီတွင် နံတော်တောင်ခြေရင်းကို ၀င်စီးပြီး ဖျက်ဆီးမည်ဟု တာဝန်ခွဲဝေယူလိုက်ကြကြောင်း ယင်းအစည်းအဝေးတွင် ပါဝင်ခဲ့သူတစ်ဦးမှတဆင့်သိရသည်။

    သံတွဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းများကို ဦးဆောင်ပြုလုပ်နေသည့် ကိုရဲမောင် အားလည်း သံတွဲမြို့ကို ဖျက်ဆီးရန် ပြုလုပ်မှုများ ရှိနေသဖြင့် သတိထားပြီး နေကြပါရန် ဓါးသွေးကျောက်ရွာမှနေ၍ သတိပေးစကား ပြောကြားလာကြောင်းသိရသည်။

    သံတွဲမြို့တွင် ယနေ့နေ့လည် ၁-နာရီမှ ၃-နာရီအထိ ဆွမ်းဆန်စိမ်း လောင်းလှူကြမည်ဖြစ်ပြီး မနက်ပိုင်းမှစတင်ကာ ၉၆၉ သီချင်းများ၊ လူမျိုးရေး လှုံ့ဆော်မှု သီချင်းများကို ကားများပေါ်တွင် အသံချဲ့စက်များဖြင့် ဖွင့်ကာ တစ်မြို့လုံး လှည့်လည်နေပြီး ပုလဲကျောင်း ပြည်ကျော်ဆရာတော်မှလည်း ယခုသည် ဘာသာရေးပွဲဖြစ်သည့်အတွက် မည်သူမှ မကြောက်ကြပဲ ရဲရဲဝံ့ဝံ့လာကြရန် အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်နေကြာင်းလည်း သိရသည်။

    ဓါတ်ပုံအညွန်း- သံတွဲမြို့တွင် နိုင်ငံတော်ဘာသာနေ့ ကျင်းပရန် ၉၆၉ အဖွဲ့မှာ သံတွဲမြို့အတွင်း လှုံ့ဆော်  ဖြန့်ဝေခဲ့သည့် စာရွက်များ