News @ M-Media

Author: M-Media

  • မွတ်စလင်မ် ၃၅ နိုင်ငံမှ သံအမတ်ကြီးများကို ရမဿွန် ဥပုသ်လ ဂုဏ်ပြုညစာစားပွဲ ဂျပန်ဝန်ကြီးချုပ် ကျင်းပ

    သြဂုတ်-၁၊ ၂၀၁၃
    M-Media

    Japan PM hosts Ramadan dinner for Muslim nations

    ဂျပန်နိုင်ငံ၏ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးသည် မွတ်စလင်နိုင်ငံ ၃၅ နိုင်ငံမှ ကိုယ်စားလှယ်တော်များနှင့် သံအမတ်များအား ဖိတ်ကြားကာ ရမဿွန် ဥပုသ်လ ဂုဏ်ပြုညစာစားပွဲတစ်ခုကို ဗုဒ္ဓဟူးနေ့က ကျင်းပပြုလုပ်ခဲ့သည်။

    အစ္စလာမ်သာသာဝင်များ ဥပုသ်ထွက်ချိန်၌ ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ ညစာစားပွဲမှာ ဂျပန်နိုင်ငံနှင့် အစ္စလာမ်ကမ္ဘာတို့ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုကိုတိုးပွားစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

    ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးမှာ ဆော်ဒီအာရေဗျ၊ ယူအေအီးနှင့် တူရကီနိုင်ငံများသို့ ဧပြီလနှောင်းပိုင်းနှင့် မေလဆန်းပိုင်းက သွားရောက်လည်ပတ်ခဲ့ပြီး အနာဂတ်တွင် အခြားမွတ်စလင်နိုင်ငံများသို့ သွားရောက် လည်ပတ်ချင်သည်ဟု ပြောကြားခဲ့သည်။

    “ကျနော်လည်ပတ်ခဲ့တဲ့ခရီးစဉ်တစ်လျှောက်မှာ ဂျပန်နိုင်ငံနဲ့ အစ္စလာမ်ကမ္ဘာရဲ့ဆက်ဆံမှုကို ပိုမိုခိုင်မြဲစေခဲ့ပါတယ်။ များမကြာမီမှာလည်း အခြား မွတ်စလင်နိုင်ငံများကို သွားရောက် လည်ပတ်ချင်ပါတယ်။ ပြီးတော့ ကျနော်တို့ရဲ့ရင်းနှီးမှုကို ပိုမိုခိုင်မြဲချင်ပါတယ်။” ဟု သူ၏ခရီးစဉ်အပြီးတွင် အာဘေးက ပြောကြားခဲ့သည်။

    အလ်ဂျီးရီးယားသံအမတ်ဖြစ်သူ အလီကူထရန်ဂျီက အပြန်အလှန်နွေးထွေးသောဆက်ဆံရေးအား ကြိုဆိုခဲ့ပြီး “ဒီည ညစာစားပွဲဟာ အချင်းချင်း ရင်းနှီးမှုကိုတိုးပွားစေပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ပူးပေါင်း ဆောင်ရွက်မှုတွေကိုမြှင့်တင်ဖို့ ဘုံ သဘောထားတစ်ခုကို အတည်ဖြစ်စေတဲ့ အခမ်းအနား တစ်ခုအဖြစ် ကျနော်တို့ရှုမြင်ပါတယ်။” ဟု ပြောဆိုခဲ့သည်။

    အဆိုပါညစာစားပွဲတက်ရောက်သူများတွင် ဆီးရီးယားနိုင်ငံမပါဝင်ဟုသိရသည်။ ဆီးရီးယားနိုင်ငံ၌ ဖြစ်ပွားနေသော ပဋိပက္ခများ အတွင်း အာဏာရှင် ဘရှာရ် အလ် အာဆဒ်၏ လက်မခံနိုင်ဖွယ် လုပ်ရပ်များကြောင့် ဂျပန်အစိုးရသည် ၂၀၁၂ခုနှစ်ကတည်းက ဆီးရီးယားသံအမတ်ကြီးအား ဖိတ်ကြားခြင်း မပြုခဲ့ပေ။ ၂၀၀၅ခုနှစ်ကတည်းက ဂျပန်ဝန်ကြီးချုပ် ဂျူနီချီရို ကိုအိဇုမိက စတင် ကျင်းပလာခဲ့သည့် ရမဿွန် ဂုဏ်ပြု ညစာစားပွဲမှာ ယခုအကြိမ်နှင့်ပါဆိုလျှင် ၉ ကြိမ်မြောက် ရှိပြီဖြစ်သည်။

  • သစ်လွင်တို့၏ ရင်ဖွင့်နန်း (M-Media စာအုပ်အညွှန်း ကဏ္ဍ)

    သြဂုတ်-၁၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    following faith

    သစ်လွင်တို့၏ ရင်ဖွင့်နန်းစာအုပ်သည် သြရသရေချမ်း မှ ဘာသာပြန်ဆိုထားသော စာအုပ်ဖြစ်သည်။ ဤစာအုပ်သည် Muslim Coverts’ Association of Singapore -Darul Arqam မှ ၂၀၁၀-၂၀၁၁ ခုနှစ်တွင်ထုတ်ဝေခဲ့သော Following Faith အား(အမှာစာနှင့် အယ်ဒီတာ မှတ်စုမှအပ) မြန်မာနိုင်ငံ ဘာသာသို့ ပြန်ဆိုထားခြင်းဖြစ်သည်။

    ထိုစာအုပ်၌ အပတ်စဉ်/လစဉ်ထုတ် The Muslim Reader စာစောင်များ အစ္စလာမ် သာသနာသို့  သက်ဝင်လာသော မွတ်စလင်မ် သစ်လွင်တို့၏ ရင်ဖွင့်ခံစားချက်နှင့် အတွေ့အကြုံဆိုင်ရာ လက်ရွေးစင် ဆောင်းပါး(အတို/အရှည်)များ အနက် ၂၆-ပုဒ်ကိုတင်ပြထားသည်။ ၎င်းတို့မှာ Stories ခေါ်ဇာတ်လမ်း သက်သက် မဟုတ်သဖြင့် ဘာသာပြန် ကျင့်ဝတ်နှင့်အညီ မူရင်းအကြောင်း အရာအတိုင်း မခြွင်းမချန် ဆီလျော်အောင်ပြန်ဆို ရေးသားထားသည်။

    မွတ်စလင်မ်သစ်လွင်တို့၏ အစ္စလာမ် သာသနာသို့  ကူးပြောင်း သက်ဝင်ရသည့် အကြောင်းခံတရားများ၊ ၎င်းတို့၏ လောကဓံများ၊ စိတ်နေစိတ်ထား၊ အတွေးအမြင်၊ အားထုတ်မှု စသည်ဖြင့် ရသစုံ ခြုံငုံပါဝင်နေသည်။ သစ်လွင်မွတ်စ်လင်မ်များနှင့် မိရိုးဖလာ မွတ်စလင်မ်များ အကြားရှိ ကွက်လပ်များ၊ သက်ဆိုင်ရာ အားသာချက်များကို ပြက်ပြက်ထင်ထင် မြင်နိုင်ကောင်းမည်၊ ကိုယ်စီကိုင ပြုပြင်နားလည် စာနာမှုတို့ဖြင့် လက်တွဲမြင့်တင် မွမ်းမံနိုင်ကောင်းမည်ဟု အရိုးခံ ယူဆချက်ကြောင့် လည်းကောင်း၊” ဒုက္ခ ပင်လယ်ထဲမှ သုခ စမ်းရေများ” အား စာရှုသူတို့ထံတွင် ဝေငှပေးလိုသောကြောင့် ကြိုးစား တင်ဆက်ထားခြင်းဖြစ်ပါသည်။ အစ္စလာမ် အတွင်းစည်းမှဖြစ်စေ၊ ပြင်ပမှဖြစ်စေ သစ္စာတရားကို မျက်မှောက်ပြုလိုသူ အားလုံးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်မျှ အထောက်အကူဖြစ်သွားလျှင်ပင် ကျွှန်ုပ်တို့အားလုံး အဖို့ ကြိုးစားရ ကျိုးနပ်ပါပြီဖြစ်ပါကြောင်း ကို စာရေးသူမှ ပြောပြထားပါသည်။

  • မြန်မာ ငါးဖမ်းသမားများ သေဆုံးမှုကြောင့် သံသယတရားခံ ရိုဟင်ဂျာများကို အင်ဒိုတွင် စတင် ရုံးထုတ်စစ်ဆေး

    ဇူလိုင်-၃၁၊၂၀၁၃
    M-Media

    8730444

    ခိုလှုံခွင့်ဖြင့်နေထိုင်နေသူ မြန်မာပြည်မှ ရိုဟင်ဂျာ ၁၄ ဦးအား အင်ဒိုနီးရှားနိုင်ငံရှိ ၄င်းတို့အားထိန်းသိမ်းထားသော စခန်းတွင်း ဖြစ်ပွားခဲ့သည့် အမှုကြောင့် ဗုဒ္ဓဟူးနေ့က အင်ဒိုနီးရှားတွင် ရုံးတင် စစ်ဆေးခဲ့ကြောင်း အေပီသတင်း တစ်ရပ်က ဖော်ပြသည်။ ထိုအမှုအခင်းကြောင့် မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင် ငါးဖမ်းလုပ်သား ၈ ဦး သေဆုံးခဲ့ရသည်။

    အမှုအခင်းမှာ ဆူမားတြားကျွန်းမြောက်ဘက်ရှိ ရိုဟင်ဂျာ ၁၀၀ ထက်မနည်း စုစည်းထိန်းသိမ်းထားရာ စခန်းတွင် ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုရိုဟင်ဂျာအများစုမှာ မြန်မာပြည်မှ ထွက်ခွာလာပြီး အင်ဒိုနီးရှားကမ်းခြေသို့ တရားမ၀င် ၀င်ရောက်ရန်ကြိုးပမ်းမှုကြောင့် အထိန်းသိမ်းခံထားရခြင်းဖြစ်သည်။ သို့သော် ဗုဒ္ဓဘာသာ ငါးဖမ်းသမား ၁၁ ဦးမှာမူ အင်ဒိုရေပိုင်နက်တွင် ငါးခိုးဖမ်းခြင်းကြောင့် ရိုဟင်ဂျာများနှင့် အတူတကွ အထိန်းသိမ်း ခံထားရခြင်း ဖြစ်ကြောင်း ဆိုသည်။

ုထိန်းသိမ်းရေးစခန်းအတွင်း ဖြစ်ပွားခဲ့သည့်အမှုကြောင့် ဗုဒ္ဓဘာသာ ငါးဖမ်းသမား ၈ ဦးသေဆုံးခဲ့ပြီး ရိုဟင်ဂျာ ၁၅ ဦးဒဏ်ရာ ရရှိကာ ဗုဒ္ဓဘာသာ ၃ ဦးမှာမူ တစုံတရာ ထိခိုက်ခြင်း မရှိဘဲ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

    လူသေဆုံးမှုဖြစ်စဉ်ကြောင့် ဆူမားတြားမြောက်ပိုင်း မီဒန်ခရိုင် တရားရုံးတွင် သံသယတရားခံ ရိုဟင်ဂျာများအား ရုံးတင်စစ်ဆေးခဲ့ကြောင်း၊ အပြစ်ရှိပါက ဥပဒေအရ ထောင်ဒဏ် ၁၂ နှစ်အထိ ပြစ်ဒဏ်ပေးနိုင်ကြောင်း အင်ဒိုရဲများက ဆိုသည်။

    ထိုသို့ဖြစ်ပွားခဲ့ရခြင်းမှာ ရိုဟင်ဂျာတစ်ဦးနှင့် ငါးဖမ်းသမားတစ်ဦးတို့ မြန်မာပြည်တွင်းဖြစ်ပျက်နေသည့် ဘာသာရေးအခြေခံ အကြမ်းဖက်မှုများအပေါ် အပြန်အလှန်ငြင်းခုံရာမှာ အစပြုခဲ့ကြောင်း၊ ဗုဒ္ဓဘာသာ ငါးဖမ်းသမားများက ခိုလှုံခွင့်ရရှိရန် စောင့်ဆိုင်းနေသည့် ရိုဟင်ဂျာ အမျိုးသမီးတစ်ဦးကို ကာမစော်ကားမှုပြုလုပ်ခဲ့သဖြင့် စခန်းမှ ရိုဟင်ဂျာအမျိုးသားများက ဒေါသထွက်နေခဲ့သည့် အကြောင်းခံကလည်း ရှိနေကြောင်း အင်ဒိုရဲများက ဆိုသည်။

    ယခုလအစောပိုင်းကမူ ထိုအမှုတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် ဆယ်ကျော်သက် ရိုဟင်ဂျာတစ်ဦးကိုမူ ယင်းတရားရုံးကပင် အပြစ်မရှိကြောင်း စစ်ဆေးတွေ့ရှိသဖြင့် လွတ်လပ်ပေးခဲ့သေးသည်။

    မြန်မာပြည်တွင်း လူမျိုးဘာသာရေး ပဋိပက္ခများသည် အိမ်နီးချင်းနိုင်ငံများသို့  အကျိုးသက်ရောက်နေသဖြင့် ယင်းသို့ဖြစ်စဉ်များ ဖြစ်ပွားရခြင်းဖြစ်သည်ဟု အင်ဒိုအာဏာပိုင်များ သာမက မလေးနှင့် ထိုင်းတို့ကပါ ဆိုလျက်ရှိသည်။

    မြန်မာအစိုးရကမူ လွန်ခဲ့သည့် နှစ်က ဖြစ်ပျက်ခဲ့သော နိုင်ငံသားမွတ်စလင်ဘုရားဖူးများအား ဆိုးသွမ်း လူ ၃၀၀ ခန့်က မင်းမဲ့စရိုက်ဆန် သတ်ဖြတ်မှုကို ယခုနှစ်တွင်မှ လူ ၁၀ ဂဏန်းခန့် ဖမ်းဆီးပြခြင်းဖြင့် အရေးယူဆောင်ရွက်နေကြောင်း ထင်သာမြင်သာရန် ပြုလုပ်လာခဲ့သော်လည်း နောက်ဆက်တွဲ ပြစ်ဒဏ် ချမှတ်မှုဖြစ်စဉ်နှင့် လွတ်မြောက်နေဆဲ လူသတ်ကောင်များကို ဆက်လက် ဖမ်းဆီးမှုရှိ၊ မရှိ အခြေအနေများနှင့်စပ်လျဉ်း၍မူ တစုံတရာ မသိရှိရသေးပေ။

    ကိုကား: The Associated Press

  • စစ်ကြောရေး အခန်းထဲတွင် ငါးရက်ကြာ ပိတ်ထားခံရသူ အမေရိကန်တစ်ဦး ဒေါ်လာ ၄.၁ သန်း လျော်ကြေးရ

    ဇူလိုင်-၃၁၊၂၀၁၃
    M-Media

    US manဆန်ဒီရေဂိုမြို့မှ တက္ကသိုလ်ကျောင်းသားသည် အမေရိကန် အစိုးရမှ လျော်ကြေးငွေ ဒေါ်လာ ၄ သန်း (ပေါင် ၂.၆ သန်း) အား ၄ ရက်ကြာ ထောင်ဒဏ်ခံစားရပြီးနောက်တွင် ရရှိခဲ့ကြောင်း သူ၏ ရှေ့နေက ပြောကြားခဲ့သည်။

    အမေရိကန်နိုင်ငံ San Diego မြို့မှ စက်မှုတက္ကသိုလ် ကျောင်းသား Daniel Chong, ၁၅ နှစ်သည် အကျဉ်းထောင် ထဲတွင် သူ၏ ကျင်ငယ်ရေအား သောက်သုံးကာ အသက်ဆက်ခဲ့ရပြီး၊ သူ၏ မိခင်ဖြစ်သူအားပြောချင်သည့် စကား များအား သူ၏ လက်မောင်းတွင် ရေးထိုးထားခဲ့ပြီး၊ ခဏခဏ ကယောင်ကတမ်း ဖြစ်နေခဲ့ကြောင်း။

    ၂၀၁၂ ခုနှစ် ဧပရယ်လ ၂၀ရက်က မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဖမ်းဆီးစစ်ဆေးသူများက မေ့လျောကာ အစာ၊နှင့် ရေ မရှိပဲ အခန်းတွင်ပိတ်ထားခဲ့မိပြီး ၅ရက်ကြာမှ တွေ့ရှိသောကြောင့် ယခုကဲ့သို့ လျော်ကြေးပေးရခြင်းဖြစ်သည်။
    တရားရုံးတော် ဌာနမှ စုံစမ်းစစ်ဆေးရေးမှုးသည် အဖြစ်အပျက်အား လေ့လာခဲ့ကြောင်း။

    မစ်စတာချောင်အား ပြန်လွှတ်ပေးပြီး နောက်တွင် သူသည် ဆေးရုံတွင် ရေဓာတ်ကုန်ခန်းခြင်း၊ ကျောက်ကပ် အလုပ်မလုပ်ခြင်း၊ ကြွက်တက်ခြင်း နှင့် အစာလမ်းကြောင်းအတွင်း အစာသွင်းရန် အပေါက်ဖောက်လိုက်ရခြင်းတို့ကြောင့် ၅ ရက်ကြာ ဆေးကုသမှုခံယူခဲ့ရပြီး။ ပေါင် ၁၅၁ ပေါင် (၇ KG) လောက် ၀ိတ်ကျသွားခဲ့သည်။

    မစ်စတာချောင်က သူအား စစ်ကြောရေး အခန်းထဲတွင် မေ့ပြီး ထားရစ်ခဲ့သည် ဟု ထင်ကြောင်း။
    “ထိုအရာဟာ မတော်တဆမှု တစ်ခုလို့မြင်နေရပေမယ့်၊ အလွန့် အလွန်ကို ခါးသီးတဲ့ မတော်တဆမှု တစ်ခုပါပဲ” ဟု သူက ပြောသည်။

    အကျဉ်းခန်းအတွင်း မည်သည့် ပြတင်းပေါက်မှ မရှိသလို၊ မစ်စတာ ချောင်တွင်လည်း စားစရာ၊ သောက်စရာ မည်သည့်အရာမှမရှိကြောင်း။

    သူ၏ ရှေ့နေက ဆိုသည်မှာ ထိုမတော်တဆမှု၏ နောက်ဆက်တွဲရလဒ်အဖြစ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဌာန မှ ယခုဆို  ထိန်းသိမ်းသူများအတွက် မူဝါဒအသစ်များ ထုတ်ပြန်လိုက်ကြောင်း၊ နေ့တိုင်း အကျဉ်းခန်းများအား စစ်ဆေးခြင်း နှင့် အကျဉ်းခန်းအတွင်း ကင်မရာများ ထားရှိခြင်းများ လည်း ပါဝင်ကြောင်း သိရသည်။

    Ref: BBC

  • Google မှ အီရန် သတင်းဌာန Press TV ၏ Youtube account ကို အသုံးပြုခွင့်ပိတ်

    ဇူလိုင်-၂၉၊၂၀၁၃
    M-Media

    youtube
    ကြာသာပတေးနေ့က စတင်ကာ Google သည် အီရန်အခြေစိုက် နိုင်ငံတကာသတင်းဌာန တစ်ခုဖြစ်သော Press TV ၏ Youtube အသုံးပြုခွင့် ပိတ်ပင်လိုက်ကြောင်း နေ့စဉ် ပုံမှန်ကြည့်ရှုနေသူများ မှာ Press TV သို့ ဆက်သွယ် မေးမြန်းကြကြောင်း သိရှိရသည်။

    “ပြီးခဲ့တဲ့ ကြာသာပတေးနေ့ အစောပိုင်းထဲက ကျွန်တော်တို့ မည်သည့် ရုပ်သံ သတင်း အသစ်ကိုမှ အွန်လိုင်းတွင် တင်လို့မရခဲ့ဘူး” ဟု Press TV ၏ သတင်းဌာန ဒါရိုက်တာ ဟာမဒ်ရေဇာအမ်မာဒီ (Hamid Reza Emadi) မှ ပြောကြားခဲ့သည်။ သူက ဆက်လက်ပြောကြားခဲ့သည်မှာ Google သည်း မည်သို့သော် အကြောင်းပြချက်မှ ပေးအပ်ခြင်းမရှိဘဲ အကောင့်အား အသုံးပြုခွင့် ပိတ်ပင်လိုက်ကြောင်း ကြည့်ရှုသူများသည် Press TV သို့ ယခုတိုင် အီးမေးလ်များ ပေးပို့ကာ အဘယ်ကြောင့် ဗီဒီယို အသစ်များ မတင်ရသလဲ ဟု မေးမြန်းလျက်ရှိသည်” ဟု သူက ဆိုသည်။

    အမ်မာဒီ က Press TV ကို ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းမှာ သူ၏ Youtube အကောင့်အတွင်း နိုင်ငံရေး နှင့် ပတ်သက်သော အရာများ တင်ထားသည်ကြောင့်လား၊ သို့မဟုတ် နည်းပညာ ချို့ယွင်း ချက်များ ဖြစ်ပေါ်ခဲ့လို့လား၊ ထိုအရာကို အရင်ဖြေရှင်းမည်ဖြစ်ကြောင်း နှင့် မကြာမှီ အချိန်အတွင်း Youtube တွင် ပြန်လည်ပြသနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    SL/SL