News @ M-Media

Author: M-Media

  • လားရှိုးမြို့ အကြမ်းဖက်ခံရသည့် ဒုက္ခသည်များ မိမိနေအိမ်များသို့ ပြန်လည်ရွှေ့ပြောင်းကြ

    ဇွန် ၄၊ ၂၀၁၃
    M-Media
    KK

    လားရှိုးမြို့ ။          ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ပြီးခဲ့သည့် မေလ နှောင်းပိုင်းက အကြမ်းဖက်သမားများ၏ အကြမ်းဖက်မီးရှို့ဖျက်ဆီးခြင်း ခံရသော ဒုက္ခသည်များသည် မန်ဆူ ရှမ်း ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရာမှ ယခုအခါ မိမိနေအိမ်များသို့  ပြန်လည်ပြောင်းရွှေ့သွားကြပြီဖြစ်ကြောင်း သိရသည်။

    04
    အကြမ်းဖက်သမားများ မီးရှို့မှုကြောင့် ပျက်ဆီးသွားတဲ့ လားရှိုးမြို့ ဂျာမေဗလီဝတ် ကျောင်းတော်ပုံဖြစ်ပါသည်။
    Photo Credit- ဧရာဝတီ

    မန်ဆူရှမ်း ဘုန်းတော်ကြီးကျောင်းရှိ ဒုက္ခသည်များသည်လည်း မိမိနေထိုင်ရာ ရပ်ကွက်များသို့ ပြန်လည်နေထိုင်နေကြပြီဖြစ်ကြောင်းသိရသည်။ အကြမ်းဖက် မီးရှို့ခံရသော အိမ်များလည်း ပြန်လည်ဆောက်လုပ်ကြမည်ဖြစ်ပြီး၊ ဖျက်ဆီးခံရ၍ ပျက်စီးခဲ့သော အိမ်များလည်း ပြန်လည် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။ မီးလောင်ကျွမ်းသွားခဲ့သော ဘာသာရေး စာသင်ကျောင်း မိဘမဲ့ဂေဟာမှ ကလေးများကို လားရှိုးမြို့ ပန်းသေးမိသားစုအသင်းမှ ခေါ်ယူ စောင့်ရှောက်ထားကြောင်းလည်း သိရသည်။

    အိမ်များ ပြန်လည်တည်ဆောက်ပြုပြင်နေသကဲ့သို့ မီးရှို့ခံရသော ဗလီအား ပြန်လည်ပြင်ဆင်မှု အခြေအနေအား မေးမြန်းရာ ဗလီကိုလည်း မကြာခင် ပြန်လည်ပြင်ဆင်နိုင်ရန် စီစဉ်ပြုလုပ်နေပြီဖြစ်ကြောင်းကို လားရှိုးမြို့သို့ ဆက်သွယ်မေးမြန်းချက်အရသိရပါသည်။

  • လက်ရှိဖြစ်ပေါ်နေသည့် လူမျိုး/ဘာသာရေး အကြမ်းဖက်မှုများနှင့် စပ်လျဉ်းပြီး ကယားအဖွဲ့ပေါင်းစုံ စုပေါင်း ကြေငြာချက်ထုတ်

    ဇွန်-၃၊ ၂၀၁၃
    M-Media

    နိုင်ငံအနှံ့ဖြစ်ပေါ်လျှက်ရှိသာ လူမျိုးရေး/ဘာသာရေး အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ ကယားပြည်နယ်နှင့် ကယန်းဒေသရှိ ပြည်သူလူထုသို့ ကယားအဖွဲ့အစည်းပေါင်းစုံစုပေါင်းပြီး ၏ ပန်ကြားချက် တစ်စောင် ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်ပါတယ်။

    kayar

  • လားရှိုးမြို့မှ မွတ်စလင်မ်များကို အကြမ်းဖက်မီးရှို့တိုက်ခိုက်မှု့ ရုပ်သံသတင်းများ စုစည်းမှု

    လားရှိုးမြို့မှ မွတ်စလင်မ်များကို အကြမ်းဖက်မီးရှို့တိုက်ခိုက်မှု့ ရုပ်သံသတင်းများ စုစည်းမှု

    လားရှိုးမြို့မှ မွတ်စလင်မ်များကို အကြမ်းဖက်မီးရှို့တိုက်ခိုက်မှု့ ရုပ်သံသတင်းများ စုစည်းမှု
    ======================

    လားရှိုးမြို့မှ မွတ်စလင်မ်များကို အကြမ်းဖက် မီးရှို့တိုက်ခိုက် ခဲ့သည့် သတင်းများနှင့်ပတ်သက်ပြီး ပြည်တွင်းပြည်ပ မီဒီယာအသီးသီးမှ ဖော်ပြခဲ့သည့် ရုပ်သံမှတ်တမ်းသတင်းများကို M-Media မှ စုစည်းပေးထားပါ။

    ယနေ့ ဇွန်လ ၃ ရက်နေ့အထိ စုစည်းထားသော ရုပ်သံမှတ်တမ်း ၁၁ ခုရှိပါတယ်။ အောက်ဖော်ပြပါ လင်ခ်ကို နှိပ်ပြီး ကြည့်ရှု့နိုင်ပါတယ်။

    http://www.youtube.com/watch?v=t_2YlAmLEVw&list=PLrN3vEHYCFKKpcksjQYAfhoj5cckOX3gI

  • အစ္စရေး အမျိုးသမီး စစ်သည်များအား ညစ်ညမ်းဓာတ်ပုံများကြောင့် အရေးယူ

    ဇွန်-၃၊၂၀၁၃
    M-Media

    Facebook အွန်လိုင်း မီဒီယာတွင် အမျိုးသမီး စစ်သည်တပ်စုသစ်တစ်စုသည် အတွင်းခံအင်္ကျီများဖြင့် ဓာတ်ပုံရိုက်တင်ထားခြင်းကြောင့် အစ္စရေးစစ်တပ်သည် ၄င်းတို့အား ကြပ်မတ်အရေးယူမည်ဖြစ်ကြောင်း သိရသည်။

    Israeli Women On The Frontline In Border Patrols

    ဓာတ်ပုံတစ်ခုတွင် အမျိုးသမီးစစ်သည်များသည် အတွင်းခံအ၀တ်များဖြင့် မိမိတို့၏ ခန္ဓာအနောက်ပိုင်းအလှကို ဖော်ပြထားပြီး၊ နောက်ထပ်ဓာတ်ပုံတစ်ခုတွင် အမျိုးသမီး ငါးယောက်သည် ကာကွယ်ရေးဦးထုပ် နှင့် စစ်တိုက်ရာတွင် အသုံးပြုပစ္စည်းအချို့ကိုသာ ဆင်ယင်ထားကာ မျက်နှာများကိုမူ ထင်ထင်ရှားရှား ဖော်ပြထားခြင်း မရှိကြောင်းသိရသည်။

    ယင်းအမျိုးသမီးတို့သည် အစ္စရေးတောင်ပိုင်းစစ်စခန်းတစ်ခုမှ တပ်သားသစ်စစ်သမီးများဖြစ်သည်ဟု  အစ္စရေး သတင်းဌာနတစ်ခုမှ ပြောကြားခဲ့သည်။

    အစ္စရေးစစ်တပ်မှပေးအပ်သော မှတ်ချက်တစ်ခုတွင် ယင်းအမျိုးသမီးငယ်များ၏ အပြုအမူသည် အစ္စရေးစစ်သည်တို့၏ ကျင့်ဝတ်သိက္ခာနှင့် မကိုက်ညီကြောင်း၊ စစ်ဖက်ဆိုင်ရာအရာရှိများမှ သက်ဆိုင်သူများကို ထိုက်သင့်သည့် ကြပ်မတ်ထိန်းသိမ်းမှုပြုလုပ်ခဲ့ကြောင်း ၄င်းမှ ဆိုထား၏။

    လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း  အစ္စရေး စစ်သားအမြောက်အများကို အွန်လိုင်း မီဒီယာများတွင် ညစ်ညမ်းပုံများနှင့်မှတ်ချက်များ တင်ခြင်းအတွက် အစ္စရေးစစ်တပ်မှ စည်းကမ်းချက်ထုတ်ပြန်ခဲ့သည်။

    ၂၀၁၀ ခုနှစ်တွင်  အစ္စရေး စစ်သားတစ်ဦးသည် မျက်လုံးကိုအ၀တ်စီးထားသော ပါလက်စတိုင်းအမျိုးသမီးအနီးတွင် လိင်စိတ်ဆွအကဖြင့် လှည့်ပတ်ကနေသော ဗီဒီယိုအား YouTube ပေါ်၌ တွေ့ရှိခဲ့ရသည်။ ၄င်းနှစ်အစောပိုင်းမှာပင် အမျိုးသမီးစစ်သည်တစ်ဦးသည် ပါလက်စတိုင်း အကျဉ်းသားများအရှေ့၌ ကိုယ်ဟန်ပြနေသောပုံများသည်လည်း အင်တာနက်ပေါ်တွင် ပျံနှံ့သွားခဲ့သည်။

    ယခုနှစ်အစောပိုင်းတွင်လည်း Twitter ၌ ပါလက်စတိုင်းဆန့်ကျင်ရေး  Status များရေးတင်ခြင်း နှင့် အွန်လိုင်းမီဒီယာ အသီးသီးသို့ ၀တ်လစ်စလစ်ဖြင့်  သေနတ်ကိုင်ထားသည့်ပုံများတင်ခဲ့ခြင်းကြောင့် စစ်သားတစ်ဦးအား အရေးယူခဲ့ကြောင်း သိရသည်။

    Ref: aljazeera

  • ဇွန်-၃၊၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန်-၃၊၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန်-၃၊၂၀၁၃
    M-Media

    လူမျိုးရေး ခွဲခြားမှုဖြင့် ပြင်သစ် နိုင်ငံရေးပါတီ ခေါင်းဆောင် ရာထူးမှဖယ်ရှား၊ တရားစွဲဆိုခြင်းခံရမည်။

    မရီးန်လီပန် (Marine Le Pen)သည် ပြင်သစ်ရှိ မွတ်စလင်မ်များအား ဆန့်ကျင်ဝေဖန်မှုကြောင့် သူမအား ပါတီခေါင်းဆောင် အဖြစ်မှ ပယ်ဖျက်ရန် ဥရောပ ပါလီမန်မှ အဖွဲ့ဝင်များက မဲဆန္ဒခွဲ ဆုံးဖြတ်ခဲ့ကြသည်။မရီးန်လီပန်သည် ပြင်သစ် National Front ပါတီ၏ ဦးဆောင်သူဖြစ်ပြီး၊ ပြင်သစ်ရှိ မွတ်စလင်မ်အသိုင်းအ၀ိုင်းအား ဦးတည်၍ လူမျိုးခွဲခြား ဝေဖန်မှုကြောင့် အရေးယူခံ ရဖွယ်ရှိကြောင်း သိရသည်။
    Read More=>

    တရုတ်နိုင်ငံ အသားစားကြက်ခြံ မီးလောင်    (Reuters)
    ယနေ့ မနက်အစောပိုင်း တရုတ်နိုင်ငံ Dehuiမြို့  Jilin တိုင်းဒေသကြီးတွင် လောင်ခဲ့သောမိကြောင့် အလုပ်သမားများပိတ်မိပြီး အနည်းဆုံး ၁၁၉ဦးသေဆုံးခဲ့ပြီး ၅၄ဦးခန့် ဒါဏ်ရာရခဲ့သည်။
    Read More=>

    ဥရောပအလယ်ပိုင်း မိုးကြီး၍ ရေလွှမ်းမိုး

    ဥရောပ အလယ်ပိုင်းနိုင်ငံများ ဖြစ်သော ချက်၊ ဩစထြီးယား၊ ပိုလန်၊ဆလိုဗက်ကီးယာ၊ ဟန်ဂေရီ နှင့် ဂျာမဏီ နိုင်ငံများတွင် ရေလွှမ်းမိုးခဲ့သည်။
    Read More=>

    တူရကီနိုင်ငံဆန္ဒပြမှု ဖြစ်ပေါ်

    ငြိမ်သက်သွားပြီဟုယူဆရသော ဆန္ဒပြမှုများ ယနေ့ ပြန်လည်ဖြစ်ပေါ်လာသည်။
    Read More=>

    မင်းသမီးAngelina Jolie ခွဲစိတ်မှုအပြီး ပရိသတ်နှင့် တွေ့ဆုံ

    ရင်သားကင်ဆာ မျိုးရိုးဗီဇကြောင့် ကြိုတင်ကာကွယ်မှုအဖြစ် ရင်သားနှစ်ဘက်ကို ခွဲစိတ်ဖြတ်တောက်ခဲ့ပြီး ပရိသတ်၏ အားပေးစကားများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
    Read More=>

    Apple ကွန်ပြူတာ ကုမ္ပဏီ အင်တာနတ် ရေဒီယို လွှင့်ထုတ်မည်

    အင်တာနတ် ရေဒီယို လွှင့်ထုတ်မှုကို နောက်တစ်ပါတ်အကြာတွင် စတင်မည်ဟုကြေငြာလိုက်သည်။
    Read More=>

    ဗီယက်နမ်မှာ တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲ ပိတ်ပင်ခံရ

    ဗီယက်နမ်နိုင်ငံ ဟနွိုင်း (Hanoi) မြို့တော်မှာ တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲတခု ဒီကနေ့ တနင်္ဂနွေနေ့မှာ ဖြစ်ပွားခဲ့တာကို ရဲတွေက အမြန်ဆုံး လူစုခွဲခဲ့ပါတယ်။ သူပိုင် ကိုယ်ပိုင်အငြင်းပွားနေကြတဲ့ ရေပိုင်နက်ထဲမှာ ဗီယက်နမ် ငါးဖမ်းလှေကို တရုတ် ရေတပ်ရေယာဉ်တွေက အတင်းဝင်တိုက်ခဲ့တဲ့ဖြစ်ရပ်ကို မကျေနပ်ကြတဲ့အတွက် မြို့လယ်မှာ လူ ၁၀၀ ကျော် စုဝေးဆန္ဒပြခဲ့ကြ တာဖြစ်ပါတယ်။
    Read More=>

    အကျဉ်းကျ ထိုင်ဝမ်သမ္မတဟောင်း သေကြောင်းကြံဖို့ ကြိုးစား

    ထိုင်ဝမ်မှာ အကျဉ်းချခြင်း ခံနေရတဲ့ သမ္မတဟောင်း ချမ်ရွှေဗြန်း (Chen Shui-bian) ဟာ သူ့ကိုယ်သူ သေကြောင်းကြံစည်ဖို့ ကြိုးစားခဲ့တယ်လို့ ထိုင်ဝမ်အာဏာပိုင်တွေက ပြောလိုက်ပါတယ်။
    Read More=>

    ကဒါဖီ ပိုင်ဆိုင်မှု တောင်အာဖရိက မှာရှိ

    ကွယ်လွန်သူ လစ်ဗျား ခေါင်းဆောင်ဟောင်း ကဒါဖီနဲ့ မိသားစုပိုင် ဒေါ်လာ သန်းတထောင် လောက် တန်တဲ့ ပိုင်ဆိုင်မှုတွေ ရှိနေတယ် ဆိုလို့ တောင်အာဖရိက အစိုးရက စုံစမ်း စစ်ဆေး မှုတွေ လုပ်နေပါတယ်။
    Read More=>