News @ M-Media

Author: M-Media

  • ဦးဝီရသူ၏ အပြောအဆိုများသည် hate speech မမြောက်ဟု ဦးရဲထွဋ်ဆို

    ဦးဝီရသူ၏ အပြောအဆိုများသည် hate speech မမြောက်ဟု ဦးရဲထွဋ်ဆို

    M-Media
    ၂၀၁၃ ဇွန်လ ၃၀

    ယခုလ ၂၈ ရက်နေ့က အမေရိကန်စင်တာမှာ ကျင်းပခဲ့တဲ့ အမုန်းတရားဖြန့် ချိမှု တားဆီးရေး ဆွေးနွေးပွဲမှာ ဦးရဲထွဋ်က ဦးဝီရသူရဲ့ အစ္စလာမ်ပုတ် ခတ်ရေး တရားတွေဟာ အမုန်းတရားဖြန့်ချိမှု (HATE SPEECH) မမြောက် ဘူးလို့ ပြောဆိုလိုက်တယ်လို့ ဗွီအိုအေအင်္ဂလိပ်ပိုင်းသတင်းက ဖော်ပြပါတယ်။

    နိုင်ငံတကာက ဦးဝီရသူရဲ့ အင်တာဗျူးတွေ၊ တရားဟောပြောမှုတွေကို စိစစ်ပြီး ဦးဝီရသူသည် ကြောက်စရာကောင်းသော ပုံရိပ်ဖြစ်တယ် လို့ ဖော်ပြနေတဲ့ အချိန်မှာ ဦးရဲထွဋ်က ဒီလိုပြောဆိုလိုက်ခြင်း လည်း ဖြစ် ပါတယ်။

    အမေရိကန်သံအမတ်ကြီး ဒီရက်မစ်ချဲလ်ကတော့ – “ဒီတိုင်းပြည်က သူတို့အထဲမှာတင် တိုက်ပွဲတွေဖြစ်နေတာပါ။ အပြောအဆို (မဆင်ခြင်မှု) က ဒီထဲမှာ ရန်သူတစ်ယောက်အဖြစ် ဆယ်စုနှစ်များစွာ ရှိနေခဲ့တယ်။ ဒါကပဲ တိုင်းပြည်မဖွံ့ဖြိုးရခြင်းရဲ့ အဓိကအကြောင်းခံဖြစ်နေတယ်။ တိုင်းပြည်ရဲ့ အနာဂတ်ကို အလေးဂရုပြုတဲ့ အနီးကပ်စောင့်ကြည့်အနေနဲ့ (ကျနော်ပြော ချင်တာက) ဒီလိုမျိုး မဆင်မခြင် (အမုန်းစကားတွေ) ပြောဆို မှုတွေဟာ ဆက်လက် တည်ရှိနေသလို ပုံစံသစ်အဖြစ်လည်း ပြောင်းလဲနေရာယူလာ ပါတယ်။” လို့ အဆိုပါဆွေးနွေး ပွဲမှာ ပြောကြားခဲ့ပါတယ်။

    (ရည်ညွှန်း –www.voanews.com/content/religious-leaders-in-burma-tackle-issue-of-hate-speech/1691248.html)

    ဦးဝီရသူရဲ့ အာဝဇ္ဇန်းက လူထုထောင်ချီတက်ရောက်တဲ့ တရားပွဲတွေမှာ မွတ်စလင်တွေရဲ့ အသက်ကို (ထိခိုက်စေမယ့်) လှုံဆော်ချက်တွေ ပါနေတယ်လို့ ဗွီအိုအေက ထောက်ပြလိုက်တာပါ။ ဒါပေမယ့် လည်း မြန်မာ အစိုးရနဲ့ အပေါင်းအပါမီဒီယာများကတော့ ဦးဝီရသူကို ဗုဒ္ဓရဟန်းတစ်ပါး အဖြစ် အကာအ ကွယ်ပေးနေတုန်းဖြစ်သလို ဦးဝီရသူကို ဆန့်ကျင်ပြောဆိုတဲ့ ဗုဒ္ဓဘာသာဝင်များကိုလည်း မီဒီယာတွေကနေ ခြိမ်းခြောက်ပြောဆိုနေ တာတွေလည်း ပြု လုပ်နေကြတယ်လို့ မြန်မာအင်တာနက် အသိုင်းအ၀ိုင်းက သတင်းပေးပို့ပါတယ်။

    မြန်မာအင်တာနက်အသိုင်းအ၀ိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ရည်ရွယ်တိုက်ခိုက်ခြင်းမျိုးဖြစ်နိုင်တယ်လို့ သုံးသပ်ကြတဲ့ မျိုးစောင့်ဥပဒေနဲ့ ပတ်သတ်ပြီး ထောက်ခံသူတွေက ဖြန့်ချိနေတာကိုတော့ ဦးရဲထွဋ်က လွတ်လပ်စွာရေးသားပြောဆိုပိုင်ခွင့်လို့ ဆိုလိုက်ပြန်ပါတယ်။

    ဒီလိုမျိုး အစ္စလာမ်သာသနာကို ရည်ရွယ်ပြီးတိုက်ခိုက်တဲ့ HATE SPEECH တွေကို ၂၀၀၆ ခုနှစ်အရင်ကတည်းက Inforithm Maze ရဲ့ ပလဲနက်မြန်မာ အင်တာနက်ဝက်ဘ်ဆိုက်ဒ်မှာ တွေမြင်ဖတ်ရှုခဲ့ရတာဖြစ်သလို ရုရှအခြေဆိုက် မြန်မာစစ်ဗိုလ်တွေကလည်း အဲဒီအချိန်ကလည်းက ဒါမျိုးတွေ လုပ်နေခဲ့ကြ တာဖြစ်ပါလို့ အင်တာနက် သုံးစွဲသူတစ်ဦးက ပြောပြ ပါတယ်။

    “ရုရှစစ်ဗိုလ်လို့ သူ့ကိုယ်သူဝေဖန်တဲ့ ရွက်ဝါကလောင်နာမည်နဲ့ အန္တီအစ္စလာမ်၊ hate speech ပြောတဲ့ဘလော့ဂါတစ်ဦးရှိဖူးတယ်။ ဒီလိုပဲ တခြားမြန်မာ ဘာသာနဲ့ ၀က်ဘ်ဆိုက်ဒ်တွေမှာလည်း ရုရှရောက် မြန်မာစစ်ဗိုလ်တွေ အစ္စလာမ်ဆန့်ကျင်ရေး အမုန်း တရားတွေ ရေးသားဖြန့်ချိခဲ့တာပါ။” လို့ သူက ဆိုပါတယ်။

    ဒါကြောင့် လက်ရှိလူဝတ်လဲစစ်အစိုးရရဲ့ အတွင်းမညီညွတ်မှုကြောင့် သူတို့အရင်ကတည်းက အုတ်မြစ်ချထားခဲ့တဲ့ hate speech တွေကို အခုပြန်ပြီး အသက်သွင်းနေတာဖြစ်သလို အဲဒါတွေကို အစိုးရပိုင်းက အချို့လူတွေရဲ့ ဖိအားကြောင့် အစိုးရအရာရှိတွေ ကိုယ်တိုင် ရေငုံနုတ် ပိတ်နေကြတာဖြစ်တယ် လို့လည်း သုံးသပ်ရပါတယ်။

  • အလဲဗင်းမှ အမ်-မီဒီယာအား အစွန်းရောက်ဟု အခြေအမြစ်မဲ့တိုက်ခိုက်မှုအပေါ် အမ်-မီဒီယာ၏ တုန့်ပြန်ချက်

    M-Media
    ၂၀၁၃ ဇွန်လ ၂၉ ရက်

    ၂၇ ရက်ဇွန်လ၊ ၂၀၁၃ ထုတ်အလဲဗင်းမီဒီယာသည် သတင်းစာမျက်နှာဖုံးဆောင်းပါး “Facebook ပေါ်တွင် ဘာသာရေးသွေးထိုး လှုံဆော်မှုများ လုပ်ဆောင်နေသည့် လူထုမောင်ကာဠု၊ We Love True ကဲ့သို့ပင် မွတ်စလင်အစွန်းရောက်များလည်း ရှိနေ” ဟူသော ခေါင်းစဉ်ဖြင့် တင်ပြခဲ့သည်။

    11_2

    ယင်းဆောင်းပါးတွင် အလဲဗင်းက M-Media အား အစွန်းရောက်မွတ်စလင်မီဒီယာအဖြစ် ဖော်ပြခဲ့သည်မှာ အခြေအမြစ်မရှိသော တိုက်ခိုက် ရေးသား မှု သာဖြစ်ကြောင်း အမ်-မီဒီယာအကြီးတန်း တာဝန်ခံများက ဆိုပြီး အလဲဗင်း၏ ကျင့်ဝတ်သိက္ခာနှင့် အစွန်းရောက် (extremist) စကားလုံး အပေါ် သဘောပေါက် နားလည်မှုအား မေးခွန်းထုတ် ဝေဖန်လိုက်သည်

    “extremist ဆိုတဲ့နေရာမှာ ဒီစာလုံးကို အသုံးပြုဖို့ အင်မတန်မှ စဉ်းစားသင့်တယ်။ ကိုယ့်ကိုကိုယ် ပရိုမီဒီယာကြီးလို့ ကျွေးကြော်ပြီး Asia News Network က သူတို့သတင်းတင်တာလောက်ကို ကမ္ဘာကပဲ သူတို့ရေးတာ လက်ခံသယောင် အောင်ပွဲခံခဲ့တာမျိုး ရှိတဲ့ အလဲဗင်းက ဒီလိုမျိုး စကားလုံး သုံးတာ ထူးခြားတယ်လို့တော့ မထင်ဘူး။ ဥပမာပေါ့ဗျာ၊ အမေရိကန်သံအမတ်ကြီးကိုယ်တိုင် ဦးစီးဦးဆောင်ပြုပြီးတော့ လုပ်တဲ့ အင်တာဖိတ် (Interfaith) ဆွေးနွေးပွဲ သတင်းကို အလေးပြုဖော်ပြပြီးတော့ ပြည်သူကို ပညာပေး၊ အသိပေးလုပ်သင့်တဲ့အချိန်မှာပေါ့၊ သူတို့က Father Land နဲ့ ဒေါ်ဝါ၀ါဝင်းရွှေအမှုနဲ့ အလုပ်များနေတယ်။ ဒါမျိုးက hate incitement ဆိုတဲ့ သွယ်ဝိုက်ပြီးတော့ ကိုဝါဒဖြန့်တဲ့ နည်းမျိုး၊ မွတ်စလင်ပိုင် ကုမ္ပဏီတစ်ခုပါဝင်ပတ်သတ်နေတာနဲ့တင် သူတို့အတွက် တခြားအရေးကြီးသတင်းတွေကို လျစ်လျူရှုလိုက်တဲ့ လုပ်ရပ်မျိုးပဲ။ ဒါကြောင့် ဒီလိုမီဒီယာရဲ့ extremist ဆိုပြီး တိုက်ခိုက်ချက်ကို ကျွန်တော်တို့ဘာမှ အလေးပေး ဂရုစိုက်ဖို့ မလိုဘူးလို့ ထင်ပါတယ်။” ဟု အမ်မီဒီယာမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    အလဲဗင်းအနေဖြင့် အင်တာဖိတ်ဆွေးနွေးပွဲသတင်းများကို အရေးတယူလုပ်ဖော်ပြခြင်းမျိုးမရှိသော်လည်း အစ္စလာမ်သာသနာဝင်များပိုင်ဆိုင်သည့် စီးပွားရေး လုပ်ငန်းများနှင့် အစိုးရ၀န်ထမ်းများအကြား မသမာမှုများရှိနေသည်ဟူသည့် သတင်းစသည်များကိုသာ အသားပေး ဖော်ပြလေ့ရှိ သည်။ ဒေးလီးအလဲဗင်း သတင်းစာ၏ ဇွန်လ ၂၅ ရက်နေ့ထုတ် အယ်ဒီတာအာဘော်တွင် အမှန်တရားပင်ဖြစ်လင့်ကစား လူအများစု၏ သဘောထားကို လိုက်၍ သတင်းတင်ပြရလေ့ ရှိ သည်ဟူသော သဘောကို သွယ်ဝိုက်စွာ ရေးသားဖော်ပြထားပါသေးသည်။ ယင်းနှင့်ပတ်သတ်၍ အမ်မီဒီယာ အကြီးတန်းသတင်းသုံးသပ်သူတစ်ဦး က အောက်ပါအတိုင်း မှတ်ချက်ပေးပါသည်။

    M-Media ရဲ့ အင်တာဖိတ် tolerance နဲ့ပတ်သတ်ပြီး တင်တဲ့သတင်းကို ဦးရဲထွဋ်လို နိုင်ငံတော်အဆင့်တာဝန်ရှိသူတွေကိုယ်တိုင် ရှယ်တဲ့အခြေ အနေ မျိုးမှာ ရှိပါတယ်။ ကျွန်တော်တို့ မီဒီယာရဲ့ အဓိကရည်ရွယ်ရင်းကလည်း ဒါပါပဲ။ နောက်ပြီးတော့ ကျွန်တော်တို့ မီဒီယာရဲ့ အင်္ဂလိပ်ပိုင်းကို ဘန်ကောက် အေပီ ဗျူရို ချိဖ် (AP Bureau Chief) ဖြစ်တဲ့ Todd Pitman လို လူမျိုးက like လုပ်ထားတာမျိုးလည်း ရှိပါတယ်။ အလဲဗင်းရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ကတော့ဗျာ၊ ရှင်းပါတယ်၊ ဒါမျိုးကို အရင်က အာဏာရှင်အစိုးရလုပ်ခဲ့တာပဲ၊ ဥပဒေတွေ ချပြပြီး ခြိမ်းခြောက်မယ်။ ဥပမာ – အရင် exile media တွေဖြစ်တဲ့ ဧရာဝတီတို့ စတဲ့ မီဒီယာတွေကို အာဏာရှင်စစ်အစိုးရက ဒီလိုပဲ ခြိမ်းခြောက်ပြီး မိစ္ဆာမီဒီယာတွေလို့ သမုတ်ခဲ့တာပဲ။ အခု အလဲဗင်းကလည်း အာဏာရှင်ပုံစံဖမ်းပြီး ခြိမ်းခြောက်တာမျိုးပါ။ အမှန်ရေး သတင်းထောက်တွေကိုတောင် ရန်မူနေတဲ့တိုင်းပြည်မှာဗျာ၊ လူများစုနဲ့ ဆန့်ကျင်တဲ့အမှန်ကို တင်ပြရင်တော့ ဒါ အစွန်းရောက်လို့ ပြောခံရမှာပဲ။ သူတို့ကိုယ်သူတို့မှ မသုံးသပ် နိုင်ကြတာကိုး။ ”

    UYeHtut

    အလဲဗင်းမီဒီယာအနေဖြင့် အမ်-မီဒီယာအား အစွန်းရောက်အဖြစ် တိုက်ခိုက် ရေးသားထားရာ၌ အဓိကအကိုးအကားအဖြစ် “လမ်း ၂၀ ထိပ်တွင် သင်္ကန်း ၀တ်သံဃာတော်တစ်ပါးမှ ရိုက်နှက်ရန်စမှုဖြစ်ပွား” ဟူသည့် မမှန်သတင်းကို အသုံးချထားပါသည်။ ယင်းနှင့်ပတ်သတ်၍ အမ်-မီဒီယာအကြီးတန်း သတင်းထောက်တစ်ဦးက –

    “ဒါက သူတို့အဆင့်အတန်း ဘယ်လောက်ရှိသလဲဆိုတာ ဖော်ပြလိုက်တာပေါ့။ အမ်-မီဒီယာမှာ အဲလိုခေါင်းစဉ်နဲ့ ဘယ်တုန်းကမှ သတင်းမတင်ခဲ့ ဘူးဆိုတာ အတည်ပြုပြောချင်တယ်။ သူတို့မှာ အမ်မီဒီယာကို အစွန်းရောက်လို့ စွပ်စွဲဖို့ကို သက်သေ ဒီလောက်ထိရှားနေ တယ်ဆိုတာ ပေါ်လွင်နေ တယ်။ မရိုမသားလုပ် တယ်ဆိုတာလည်း ပေါ်လွင်နေတယ်။ အချက်အလက်တွေကို ထင်ရောင်ထင်မှားဖြစ်အောင်လိမ်တယ်ဆိုတာ ထင်ရှားနေတယ်။ ဘာကြောင့်လဲဆိုရင် သူတို့  ပြောသလို လမ်း ၂၀ ထိပ်မှာဖြစ်ခဲ့တာမှ မဟုတ်ဘဲ၊ ကျနော်တို့ သတင်းက လမ်း ၁၂၀ ထိပ်လို့ အတိအကျ မှန်မှန်ကန်ကန် ကို ရေးထားတာကိုး ဗျ။” ဟု ပြောပြခဲ့ပါသည်။ ၄င်းကပင် ဆက်လက်၍ “၂၇ ရက်နေ့ထုတ် သတင်းစာမှာတော့ အမ်မီဒီယာ အစွန်းရောက်ကြောင်း လမ်း ၂၀ သတင်းမှား ကို ထောက်ပြီး စွပ်စွဲတယ်။ အဲ – အင်္ဂလိပ်ပိုင်းမှာကျတော့ဗျာ၊ အမ်မီဒီယာအစွန်းရောက်ကြောင်း စွပ်စွဲပြီး အကြောင်းပြချက်ဖြစ်တဲ့ လမ်း ၂၀ ကိစ္စ ထည့်မရေးဘူး။ ဒါကို ကျနော်တို့ ဘယ်လိုပြောမလဲ၊ ကလေးကလားဆန်တဲ့ လုပ်ရပ်ထက်ကို ဒါကိုက အစွန်းရောက်ခြောက်တွန်းတဲ့ လုပ်ရပ်ဖြစ်နေ ပြီ။ နိုင်ငံတကာကိုကျ တစ်မျိုးလိမ်၊ ပြည်တွင်းကိုကျ တစ်မျိုးလိမ်ဆိုတော့ မကောင်းဘူးပေါ့ဗျာ။” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

     

    M11
    အလဲဗင်း၏ သတင်းစာတွင် အစွန်းရောက်စွပ်စွဲချက်အား ရေးသားထားပုံ

    Link => အလဲဗင်းမီဒီယာ၏ အမ်-မီဒီယာအပေါ်စွပ်စွဲချက် အင်္ဂလိပ်ပိုင်းသတင်း

     

    about true new st 120
    အမ်-မီဒီယာမှာ ဇွန် ၁၉ ရက်နေ့စွဲဖြင့် တင်ပြခဲ့သည့် လမ်း ၁၂၀ ထိပ်ဖြစ်ရပ် သတင်းမှန်

    (Link => http://www.m-mediagroup.com/news/15026)

    ထို့ပြင် အလဲဗင်းမီဒီယာ၏ မီဒီယာမဆန်သောလုပ်ရပ်ကို စင်ကာပူအခြေဆိုက် စီဂျေတစ်ဦးဖြစ်သည့် Chan Myae Khine ကလည်း Facebook ပေါ်တွင် အောက်ပါ အတိုင်း ထောက်ပြထားပါသည်။

    ChanMyaeKhineOn11

    အမ်-မီဒီယာ၏ ပြည်တွင်းသတင်းဆိုင်ရာ အကြီးတန်းအယ်ဒီတာတစ်ဦးကို ၂၇ ရက်နေ့ထုတ် အလဲဗင်းသတင်းနှင့်ပတ်သတ်၍ဆက်သွယ်မေးမြန်းခဲ့ ရာအောက် ပါအတိုင်း ဖြေကြားခဲ့ပါသည်။

    “၂၇-ရက်နေ့ အလဲဗင်းက M-Media က အစွန်းရောက်လို့ သုံးတာကို ဘယ်လိုမြင်သလဲဆိုက ပွင့်ပွင့်လင်းလင်း ပြောရရင် အလဲဗင်းကို ရခိုင် သီတာထွေးကိစ္စစဖြစ်ကတည်းက အယုံအကြည်မရှိတာဆိုတော့ နိုင်ငံရဲ့ နာမည်ကြီးမီဒီယာတစ်ခုက အခုလို တစ်ခြားမီဒီယာငယ်တွေကို အစွန်းရောက်လို့ပြောတာဟာ တခြားမီဒီယာ (M-Media)ကို တိုက်ရိုက်တိုက်ခိုက်မှု တစ်ခုပါ။ ပြီးတော့ M-Media က အခုထက်ထိ အမှန်တရားတွေ ကိုပဲ တင်ပြနေပါတယ်။ အဲဒါကြောင့် အလဲဗင်းရဲ့ လွဲမှားမှုတွေ၊ လိုအပ်ချက်တွေကို ထောက်ပြီးတင်ပြခဲ့တာတွေ ရှိခဲ့လို့ အဲဒီအပေါ် မီဒီယာကျင့်ဝတ်ကို မစောင့်ထိန်းပဲ အညှိုးအတေးနဲ့ အပုတ်ချတယ်လို့ မြင်ပါတယ်။ ကိုယ့်မီဒီယာကနေ အစွန်းရောက်မှုတွေ၊ ဘာသာရေးပဋိပက္ခတွေဖြစ်အောင် လုပ်ဆောင်နေတာကို ပြန်လည်သုံးသပ်ခြင်းမပြုပဲ တဘက်မှာ အမှန်တရားကို တင်ပြနေတဲ့ မီဒီယာတွေကို အစွန်းရောက်လို့သုံးနှုန်းလိုက်တာဟာ အလဲဗင်းရဲ့ခံယူချက်က ပဋိပက္ခတွေဖြစ်အောင် လှုံ့ဆော်နေတယ်ဆိုတာ ပိုပြီးမြင်သာသွားပါတယ်။ ချေပချင်တယ်ဆိုတာထက် အဖြစ်သင့်ဆုံးတစ် ခုပြောချင်တာကတော့ အလဲဗင်းအနေနဲ့ ကိုယ့်မီဒီယာက ဘယ်လိုပုံစံ ဘယ်အခြေအနေရောက်ပြီလဲဆိုတာ သုံးသပ်စေချင်ပါတယ်။ ကိုယ့်စီးပွားအကျိုး အမြတ်ကြောင့်ပဲဖြစ်ဖြစ်၊ တခြားကနေ ထောက်ပံ့မှုတွေ ရချင်လို့ပဲဖြစ်ဖြစ်၊ နောက်ကွယ်က ကြိုးကိုင်နေသူရှိလို့ ရှေ့ကနေ ကပြအသုံးတော်ခံနေတာ ပဲဖြစ်ဖြစ် အဲဒါတွေကနေ ရပ်တန့်သင့်ပြီလို့ ပြောချင်တယ်။ ကိုယ့်နိုင်ငံကို တကယ်ချစ်မြတ်နိုးပြီး နိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်ပီသအောင် ရပ်တည်မယ်ဆို ရင် နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြား လောင်ကျွမ်းစေမယ့် လောင်စာတွေထည့်ခြင်း၊ မီးမွှေးခြင်းကို မလုပ်ဖို့ အလဲဗင်းကို ပြောချင်တယ်။

    တဖန် အမ်-မီဒီယာ၏ အုပ်ချုပ်ရေးနှင့် အတိုင်ပင်ခံဖြစ်သူ တစ်ဦးကမူ –

    “ကျနော့တစ်ယောက်တည်းအမြင်အရတော့ အလဲဗင်းမီဒီယာဂရုပ်အနေနဲ့ သူအပါအဝင် ပြည်တွင်းမီဒီယာတွေကို M-media ကနေ ထောက်ပြပြော ဆိုတာလေ့ရှိတာကြောင့် ကိုယ့်အနေအထား ကိုယ့်အမှားတွေကို လူသိမှာစိုးလို့ Localized Press License ကိုသုံးချပြီး လူထုကို စာအဆိပ်သွပ် လိုက်တာလို့ပဲ မြင်ပါတယ်… မီဒီယာအချင်းချင်း စွပ်စွဲမှုအပေါ် ချက်နဲ့လက်နဲ့စွတ်စွဲထောက်ပြတာမျိုးကို လက်ခံနိုင်ပေမဲ့ အချက်အလက်လည်းမမှန် တိကျတဲ့ထောက်ပြဝေဖန်မှုမျိုးမပါပဲ လက်လွတ်စပါယ်စွတ်စွဲပြောဆိုတာကတော့ အလဲဗင်းမီဒီယာဂရုပ်အနေနဲ့ ကိုယ့်မီဒီယာဂရုပ်တစ်ခုလုံးရဲ့ သိက္ခာနဲ့ကျင့်ဝတ် ကို နင်းချပြတာပဲဗျ… မယုံရင် M-media အနေနဲ့လည်း အလဲဗင်းအပါအဝင် ပြည်တွင်းကမီဒီယာတွေရဲ့ သတင်းတင်ဆက် မှု ဆောင်းပါးတင်ဆက်မှု အမှားအယွင်းတွေရှိရင် ထောက်ပြခဲ့တာပဲ… ဒါပေမဲ့ မီဒီယာတစ်ခုခုကိုတော့ အစွန်းရောက်လိုမျိုး အကြမ်းဖက်လှုံ့ဆော်မီဒီယာလိုမျိုး စွတ်စွဲပြီး အပုပ်ချတာ မျိုး လုပ်တာမရှိခဲ့ဘူး… ပြောရရင်တော့ အဲ့ဒီအပိုင်းမျိုးအထိ လိုရာစွဲပြီး တန်ပြန်ထိုးနှက်မယ်ဆိုရင် လုပ်လို့ရတာတွေ အလဲဗင်းမီဒီယာဂရုပ်ရဲ့ လုပ်ရပ်တွေ ထဲမှာ အများကြီးထုတ်ပြနိုင်ပေမဲ့ မီဒီယာဆိုတာ အစွန်း၂ဖက်ကိုရှောင်ပြီး ဖြစ်သင့်ဖြစ်ထိုက်တာကို လူထုကိုချပြရတာမျိုးလို့ပဲ ထင်မြင်ယူဆထားတော့ M-media အနေနဲ့ ထောက်ပြဝေဖန်မှုထက်ပိုပြီး စွတ်စွဲတိုက်ခိုက်တာမျိုးရှောင်ကြဉ်တယ်… ”

    အမ်-မီဒီယာ၏ ပင်တိုင်ဆောင်းပါးရှင်တစ်ဦးကလည်း သူ့အနေဖြင့် “တစ်ကမ္ဘာလုံးနှင့် ၁၁” ဟူသော ခေါင်းစဉ်ဖြင့် တစ်ကမ္ဘာလုံးက မြန်မာပြည်တွင် အစွန်းရောက်မှုရှိနေပြီး ယင်းကို မြန်မာပြည်တွင်း မီဒီယာများ ၄င်းတို့နှင့် ဘာသာတူအစွန်းရောက်လူများစုကြီးကို မျက်ကွယ်ပြု ထောက်ပံ့ပေးနေသည့် အကြောင်း ကမ္ဘာ့မီဒီယာကြီးများ ၏ ထောက်ပြပြောဆိုမှုများ ကို အထောက်အထားများဖြင့် ရေးသားဖော်ပြသွားမည်ဖြစ်ကြောင်း၊ ပရိသတ်များ အနေဖြင့် စောင့်မျှော်ဖတ်ရှုစေ လိုကြောင်း မှတ် ချက်ပေး ပြောကြားပါသည်။

    အချုပ်ဆိုရပါမူ အမ်-မီဒီယာအနေဖြင့် အလဲဗင်း၏ အစွန်းရောက်ဟူသော အခြေအမြစ်မဲ့စွပ်စွဲချက်အား ပြင်းထန်စွာ ရှုံ့ချကန့်ကွက်ကြောင်း ဖော်ပြအပ် ပါသည်။

  • တောင်းဆုခြွေရုံမှလွဲ၍ မည်သို့မျှမတတ်နိုင်

    ဇွန် ၃၀၊ ၂၀၁၃
    ဆောင်းပါးရှင် – O’Laie Manzu

    1336289837_interfaith၂၀၁၂-ခုနှစ် ဇွန်လ အစောပိုင်းတွင် ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများနှင့် ရိုဟင်ဂျာ မွတ်စလင်မ်များအကြား ဘာသာရေး ပဋိပက္ခ များသည် မြို့နယ် ၄-ခုတွင် ဖြစ်ပွားခဲ့ပါသည်။ အောက်တိုဘာလတွင် အကြမ်းဖက်မှု ထပ်မံ ဖြစ်ပွားချိန်တွင် မြို့နယ် ၉-ခုအား ကူးစက်ခဲ့ပြီး ဒေသအတွင်းရှိ မွတ်စလင်များအား ဖယ်ရှားရန် သို့မဟုတ် အဓမ္မရွှေ့ပြောင်း သွားစေရန် ရည်ရွယ်သော စနစ်တကျ ညှိနှိုင်း ဆောင်ရွက်ကြသည့် လှုပ်ရှားမှု အသွင် ဖြစ်လာခဲ့ပါသည်။

    အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သော ရိုဟင်ဂျာနှင့် ကမန် မွတ်စလင်မ် အသိုင်းအဝိုင်းအား တိုက်ခိုက်မှု သည် ဒေသခံ ရခိုင် နိုင်ငံရေး ပါတီများ၊ ဗုဒ္ဓဘာသာ ဘုန်းကြီး များနှင့် အရပ်သား ရခိုင်များမှ စီ စဉ် ဆောင် ရွက် ခဲ့သည်၊ မြှောက်ပင့် ပေးခဲ့သည်၊ ကျူးလွန် ခဲ့ကြ ပါသည်။ တခါတရံ တွင်လည်း အာဏာပိုင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင် များ၏ တိုက်ရိုက် ကူညီမှုများ ရရှိခဲ့ ပါသည်။ ရိုဟင်ဂျာ အမျိုးသားများ၊ အမျိုးသမီးများ၊ ကလေးငယ်များ အသတ်ခံ ခဲ့ကြရပြီး အချို့ အလောင်းများကိုလည်း စုပေါင်း မြေမြှုပ် ထားခဲ့ခြင်း ခံခဲ့ရပါ သည်။ ၎င်းတို့၏ ကျေးရွာများနှင့် နေထိုင်ရာ ပတ်ဝန်းကျင် များလည်း ဖျက်ဆီးခြင်း ခံခဲ့ရပါသည်။ အချို့သော ဖြစ်ရပ် များတွင် အာဏာပိုင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင် များသည် မွတ်စလင် များအား အကြမ်းဖက်မှုမှ ကာကွယ်ပေးပြီး ထွက်ပြေးလွတ်မြောက်စေရန် အတွက် ကူညီပေးခဲ့သည်များ ရှိသော်လည်း အများအားဖြင့် တိုက်ခိုက်နေစဉ်တွင် ဘေးအနီး၌ ရပ်ကြည့်နေကြသည် (သို့တည်းမဟုတ်) တိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများ၊ စော်ကားမှုများအား တိုက်ရိုက် အထောက်အကူပြုခဲ့ ကြပါသည်။ အကြမ်းဖက်မှုများ ဖြစ်ပွားပြီး လပေါင်း များစွာအထိ သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသည် အကြမ်းဖက်မှုတွင် တာဝန်ရှိသူ များအား ထိန်းသိမ်း အရေးယူရန်အတွက် အရေးတယူ စီစဉ်ဆောင်ရွက်မှုများ သို့မဟုတ် အနာဂတ်တွင် ထပ်မံ မဖြစ်ပွားစေရေး အတွက် ကာကွယ်မှုများ ပြုလုပ်ခဲ့ခြင်း မရှိပေ။

    ဇွန်လ အကြမ်းဖက်မှုများ နောက်ပိုင်းတွင် အနည်းဆုံး ရိုဟင်ဂျာနှင့် အခြား မွတ်စလင်မ် ၁၂၅၀၀၀ နှင့် အနည်းငယ်သော ရခိုင်များ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပြီး ပြည်တွင်း ပြောင်းရွှေ့ နေရာချထားရေး ဒုက္ခသည်စခန်း (IDP) များတွင် နေရာချ ထားခြင်းခံ ခဲ့ရပါသည်။ ပြောင်းလဲ နေရာချ ထားပေးခြင်း ခံရသော မွတ်စလင်မ် အများစုမှာ အစားအစာ၊ နေရာထိုင်ခင်း၊ ရေနှင့် သန့်ရှင်း စင်ကြယ်မှု အစီအစဉ်နှင့် ကျန်းမာရေး ဆေး ကု သမှုများ လုံလောက်မှု မရှိသော လူဦးရေ ထူထပ်သည့် ဒုက္ခသည် စခန်းများတွင် နေထိုင်ကြရပါသည်။ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များသည် အချို့နေရာများတွင် ပြောင်းလဲ နေရာချထားပေးခြင်းခံရသော မွတ်စလင်မ်များအား အကာအကွယ်ပေးကြသော်လည်း အများအားဖြင့်မှာ ထောင်စောင့်များကဲ့သို့ ပြုမူကြသည်။ အရေးတကြီး လိုအပ်နေသော လူသားချင်း စာနာ ထောက် ထားသည့် အကူအညီများ၊ ရပ် တည် နေထိုင်ရေး များနှင့် ဈေးအသွားအလာများကိုပင် ပိတ်ပင် တားမြစ်ကြသည်။

    ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့ရှိ အောင်မင်္ဂလာ အရပ်ဒေသတွင် ကျန်ရှိ နေထိုင်နေ ကြသေးသော မွတ်စလင်မ် များအား တင်းကြပ်သည့် ချုပ်ချယ် ကန့်သတ်မှုများ သတ်မှတ်ထား သောကြောင့် ၎င်းတို့၏ ပတ်ဝန်းကျင် တွင်လှောင်ပိတ် မိနေကြသည်။ ကုလသမဂ္ဂအရာရှိများကိုပင်လျှင် ၎င်းတို့ထံ သွားရောက်နိုင်ရေးအား ပိတ်ပင် တားမြစ်ထားပါသည်။

    ဇွန်လနှင့် အောက်တိုဘာလများတွင် ရခိုင် ပြည်နယ် အကြမ်းဖက်မှု လှိုင်းလုံးများ ရိုက်ခတ် ခဲ့သည့် နေရာဒေသ များ သို့ လူ့အခွင့် အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့မှ သွားရောက် ခဲ့ပါသည်။ အဓိကကျသော IDP စခန်းတိုင်းနှင့် ပြောင်းလဲ နေရာချ ထားပေးခြင်း ခံရသော မွတ်စလင်မ် အများ နေထိုင်လျက်ရှိသော (အစိုးရ စီစဉ် ဆောင်ရွက်ပေးမှုနှင့် မသက်ဆိုင်သည့်) အခြားနေရာများသို့လည်း ကျွန်ုပ်တို့ သွားရောက် လည်ပတ်ခဲ့ပါသည်။ ဤအစီရင်ခံစာသည် ကျွန်ုပ်တို့ သွားရောက်ခဲ့စဉ်အတွင်း အကြမ်းဖက်မှုများ ကြုံတွေ့ခံစားခဲ့ရသည့ သို့မဟုတ် စော်ကားမှု များအား တွေ့မြင်ရပြီး ပြောင်းလဲ နေရာချထားခြင်း ခံထားရသူ ရိုဟင်ဂျာများ၊ ရိုဟင်ဂျာ မဟုတ်သည့် မွတ်စလင်မ် များနှင့် ရခိုင်လူမျိုးများ အပြင် အကြမ်းဖက်မှုများအား စီစဉ် ဆောင်ရွက် ပေးသူများ၊ အကြမ်းဖက်မှု ကျူးလွန်သူများ နှင့်တွေ့ဆုံ မေးမြန်းခဲ့သည့် အင်တာဗျူး ၁၀၀-ကျော် အပေါ် အခြေခံထားပါသည်။ သံအမတ်များ၊ ကုလသမဂ္ဂအရာရှိများနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးကြသူများနှင့်လည်း စကားပြော ဖြစ်ခဲ့ကြပါသည်။ အာကာသဂြိုလ်တုစက်များမှ ရိုက်ကူး မြင်တွေ့ရလောက်သည်အထိ ဇွန်လနှင့် အောက်တိုဘာလ အတွင်း ဖြစ်ပွားသော အကြမ်းဖက် မှုများနှင့် စော်ကားမှုများကြောင့် ကြီးမားကျယ်ပြန့်၍ ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်သော မြို့နယ် ငါးခုကို လူ့အခွင့် အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့မှ အာရုံထား လေ့လာပါသည်။

    ဇွန်လတွင် ဖြစ်ပွားခဲ့သော ဘာသာရေး အကြမ်းဖက်မှုကြီးသည် ရမ်းဗြဲမြို့နယ်တွင် မေလ ၂၈-ရက် ၂၀၁၂ ခုနှစ်တွင် အသက် ၂၈ နှစ်အရွယ် ရခိုင် အမျိုးသမီးအား မွတ်စလင်မ် သုံးဦးမှ အဓမ္မကျင့် သတ်ဖြတ်ခဲ့သည်ဆိုသည့် ကိစ္စရပ်အပေါ် အခြေခံ၍ ပေါ်ပေါက်လာခဲ့ပါသည်။ ဇွန်လ ၃ ရက်နေ့တွင် ရမ်းဗြဲမြို့နယ်၏ အရှေ့တောင်ဘက်ရှိ တောင်ကုတ်မြို့တွင် ရခိုင်ရွာသူရွာသားများမှ ဘတ်စ်ကား တစ်စီးအား တားဆီးကာ ယင်းကားပေါ်တွင် ပါလာသော မွတ်စလင်မ် ဆယ်ဦးအား ရိုက်နှက် သတ်ဖြတ်ခဲ့ကြပါသည်။ ဗုဒ္ဓဘာသာဝင် ရခိုင်များနှင့် ရိုဟင်ဂျာတို့ အကြား အကြမ်းဖက်မှုများ ကြီးထွားလာပြီး နှစ်ဖက်လုံးမှ လူအုပ်စုများဖြင့် သတ်ဖြတ်မှုများ၊ မီးရှို့ဖျက်ဆီးမှု များကိုကျူးလွန် ကြပါသည်။ နှစ်ဖက်စလုံးမှ လူအများ ထိခိုက် နစ်နာ ခဲ့ကြရပြီး ထောင်ပေါင်း များစွာမှာ အိုးအိမ်စွန့်၍ ထွက်ပြေးခဲ့ ကြရပါသည်။ အစပိုင်းတွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင် များမှာ အကြမ်းဖက်မှုများ ရပ်တန့် သွားစေရန် အတွက် လုပ်ကိုင် ဆောင်ရွက်ခဲ့ခြင်း မရှိသော်လည်း နောက်ပိုင်းတွင်မူ ၎င်းတို့ ကိုယ်နှိုက် ရခိုင် လူထုကြီးနှင့် ပူးပေါင်းကာ တိုက်ခိုက်မှုများ၊ မွတ်စလင်မ် ကျေးရွာများနှင့် ပတ်ဝန်းကျင် ဒေသများအား မီးရှို့ ဖျက်ဆီး ခဲ့ကြပါသည်။

    အောက်တိုဘာလတွင် ဖြစ်ပွား ခဲ့သော အကြမ်းဖက်မှုမှာ စီမံကိန်း ချမှတ်၍ ပိုမို စနစ်ကျသည့် လုပ်ဆောင်မှု ဖြစ်ကြောင်း သိသာ ထင်ရှားပါသည်။ ဒေသခံ ရခိုင် နိုင်ငံရေး ပါတီအရာရှိများနှင့် ဗုဒ္ဓဘာသာ ဝါရင့်ဘုန်းကြီးများသည် ရိုဟင်ဂျာ လူဦးရေအား စစ်ဆေးကာ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများ၏ အန္တရယ် စိုးရိမ်ရကြောင်း လအတန်ကြာ လူသိရှင်ကြား ဝါဒဖြန့်နေခဲ့ကြသည်။ အောက်တိုဘာလ ၂၃ ရက်နေ့ တွင် ထောင်ပေါင်း များစွာသော ရခိုင်များသည် ဓါးမြောင်များ၊ ဓါးများ၊ သေနတ်များ၊ ဓါတ်ဆီ မီးပုလင်း များနှင့် အခြားရရာ လက်နက်များ စွဲကိုင်ကာ ပြည်နယ် တလျှောက် မြို့နယ် ကိုးခုရှိ မွတ်စလင်မ် ရွာများအား တိုက်ခိုက်ခဲ့ကြပါသည်။ အာဏာပိုင် လုံခြုံရေး ရဲတပ်ဖွဲ့ များသည် ယင်းအကြမ်းဖက်မှုအား ကာကွယ်ရန် ပျက်ကွက်ခဲ့ကြသည်။ အကြမ်းဖက်မှုများတွင် တိုက်ရိုက်ပါဝင်ခဲ့ကြပါသည်။ အချို့ဖြစ်ရပ်များတွင် အလှမ်းဝေးသည့် သီးခြား မြို့နယ်များတွင် တချိန်တည်း အချိန်ကိုက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

    အောက်တိုဘာလ ၂၃ ရက်နေ့တွင် မြောက်ဦး မြို့နယ်ရှိ ယိုင်သည်ရွာတွင် အနည်းဆုံး ရိုဟင်ဂျာ ၇၀-ဦး သတ်ဖြတ်ခြင်း ခံခဲ့ရသော ဖြစ်ရပ် ကြီးသည် အဆိုးရွား ဆုံးသော ဖြစ်ရပ်ကြီး တစ်ခု ဖြစ်သည်။ တိုက်ခိုက်မှု များအား ကြိုတင် သတိပေးမှုများ ရှိထားသော်လည်း လုံထိန်းရဲများ၊ ဒေသခံရဲ များနှင့် စစ်သား အနည်းငယ်ကိုသာ လုံခြုံရေး စောင့်ထိန်းရန်အတွက် တာဝန်ချ ထားပေးခဲ့ပါသည်။ ရခိုင်လူထုကြီး၏ တိုက်ခိုက်မှုများမှ ကာကွယ် ပေးရန် သို့မဟုတ် ရွာသားများအား လုံခြုံသည့် နေရာများသို့ ပို့ဆောင်ပေးရန်အတွက် စီစဉ်ဆောင်ရွက် ပေးရမည့်အစား ခုခံကာကွယ်ရန်အတွက် ကိုင်ဆောင်ထားကြသော ရိုဟင်ဂျာများ၏ တုတ်များနှင့် အခြေခံလက်နက်များအား ဖယ်ယူသိမ်းဆည်းခြင်းဖြင့် သတ်ဖြတ်မှုကြီးကို ကူညီပေးသကဲ့သို့ လုပ်ဆောင်ပေးခဲ့ပါသည်။

    “ပထမကတော့ စစ်သားတွေက ‘ဘာမှ မလုပ်ကြ နဲ့တဲ့၊ ခင်ဗျား တို့ကို ကာကွယ် ပေးမယ်။ ကျနော်တို့ ကယ်မယ်။’ လို့ပြောကြတော့ ကျနော် တို့လည်း သူတို့ကို ယုံကြည် အားကိုးခဲ့ မိတယ်။” ဟု သေတွင်းမှ လွတ်လာသူ အသက် ၂၅ နှစ်အရွယ် တစ်ဦးမှ လူ့အခွင့် အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့ ကိုပြောပြခဲ့ပါသည်။ “နောက်တော့ သူတို့ ကတိဖျက်ကြတယ်။ ရခိုင်တွေ ကျနော်တို့ လူတွေကို အလွယ် တကူ ရိုက်နှက် သတ်ဖြတ် ကြတယ်။ လုံခြုံရေးတွေက ကျနော်တို့ကို ဘာ အကာအကွယ်မှ ပေးခဲ့ဘူး။”

    ယိုင်သည်ရွာ အကြမ်းဖက်မှုသည် နံနက် ၆-နာရီခွဲ လောက်တွင် စတင်ခဲ့ပြီး ညနေ ၅-နာရီတွင် စစ်အင်အား အကူအညီ ရောက်ရှိလာပြီး နောက်ဆုံး ဖျန်ဖြေပေးခဲ့သည် အထိ တစ်နေကုန် ကြာမြင့်ခဲ့ပါသည်။ သေဆုံးသည်အထိ ခုတ်ထစ်ခြင်း ခံရသူများ အနက် ၂၈-ဦးမှာ ကလေးများ ဖြစ်ပြီး ၅-ဦးမှာ အသက် ဆယ်သုံးနှစ်အရွယ် ကလေးငယ်များ ဖြစ်ပါသည်။

    လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေးအဖွဲ့မှ လက်ခံ ရရှိထားသော အာကာသ ဂြိုလ်တု ပုံရိပ်များ အရ ဇွန်လ ၂၀၁၂ မှစတင် ဖြစ်ပွား ခဲ့သော အကြမ်းဖက်မှုများကြောင့် မြို့နယ် ၁၃-ခု အနက် ၅-မြို့နယ် တွင် ပျက်စီးမှုများကို ၂၇-နေရာတွင် တွေ့ရှိ ရပါသည်။ ဇွန်လ ၂၀၁၂-ခုနှစ်တွင် ဖြစ်ပွား ခဲ့သော ပျက်စီးမှု ပုံရိပ်များ တွင် စစ်တွေမြို့၌ အဆောက်အဦပေါင်း ၂၅၅၈-ခု ပျက်စီး နေသည်ကို တွေ့မြင် ရပါ သည်။ အောက် တိုဘာလ တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုတွင် မြို့နယ် ၉-ခုအနက် မြို့နယ် ၅-ခုတွင် အဆောက် အဦပေါင်း ၂၃၀၄-ခုပျက်စီး ခဲ့သည်ကိုလည်း တွေ့မြင် ရပါသည်။ တစိတ် တပိုင်းသာ တွေ့မြင် ရသော ပုံရိပ် များအား ကြည့်ရှုသုံးသပ်ခြင်းဖြင့် ဇွန်လနှင့် နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ်တွင် စုစုပေါင်း မြေဧက ၃၄၈-ဧက အတွင်း အနည်းဆုံး အဆောက်အဦ ၄၈၆၂-ခု ပျက်စီးခဲ့ပြီး အများစုမှာ လူနေအိမ်များဖြစ်ပါသည်။

    လူသားများ အပေါ် ရာဇဝတ်မှု ကျုးလွန်မှုနှင့် လူမျိုးတုန်း သုတ်သင်ရှင်းလင်းမှု

    ဇွန်လ ၂၀၁၂-ခုနှစ်မှ စတင် ဖြစ်ပွား ခဲ့သော ရိုဟင်ဂျာ များနှင့် ကမန် မွတ်စလင် အသိုင်း အဝိုင်း အပေါ် ကျူးလွန် ခဲ့သည့် ရာဇဝတ်မှု ကြီး၏ ပမာဏ အတိုင်း အတာမှာ လူမျိုးတုန်း သုတ်သင် ရှင်းလင်းရေး လှုပ်ရှားမှု၏ အစိတ်အပိုင်း ဖြစ်သော လူသားများ အပေါ် ရာဇဝတ်မှု ကျူးလွန် ခဲ့ခြင်း ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ ဥပဒေများအရ လူသားများအပေါ် ရာဇဝတ်မှု ကျုးလွန်မှုဟု ဆိုရာတွင် ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ တိုက်ခိုက်မှုများ ကျူးလွန်သော ရာဇဝတ် ပြစ်မှု ဖြစ်ပါသည်။ သီးခြား ဦးတည် ထားသည့် လူတစ်စုအား ဆန့်ကျင် တိုက်ခိုက်မှု ဖြစ်ပြီး အစိုးရအာဏာပိုင်များ သို့မဟုတ် စနစ်တကျ စီ စဉ် ဆောင် ရွက်သော မူဝါဒ များအရ လုပ်ဆောင် ကြခြင်း တို့သာ အကျုံးဝင် ပါသည်။ နိုင်ငံရေး ပါတီများနှင့် ဘာသာရေး အသင်းအဖွဲ့များကဲ့သို့ အစိုးရမဟုတ်သည့် အစုအဖွဲ့များမှ ကျူးလွန်ပါကလည်း ၎င်းတို့၏ လုပ်ရပ်များသည် စနစ်တကျ စီမံခန့်ခွဲသည့် အတိုင်းအတာ တစ်စုံတစ်ရာအထိ ရှိပါက လူသားများ အပေါ် ရာဇဝတ်မှု ကျုးလွန်ခြင်းဟု သက်မှတ် နိုင်သည်။

    လူမျိုးတုန်း သုတ်သင် ရှင်းလင်းမှု ဆိုသည်မှာ ဥပဒေသုံး ဝါဟာရ မဟုတ်သော်လည်း လူမျိုးစု သို့မဟုတ် ဘာသာရေး အစုအဖွဲ့မှ အခြားသော လူမျိုးစု သို့မဟုတ် ဘာသာရေး အစုအဖွဲ့အား ပထဝီမြေ ဒေသ တစ်စုံတစ်ခုမှ ပပျောက်သွားစေရန်အတွက် အကြမ်းဖက်မှုများနှင့် ခက်ထန်သည့် လုပ်ရပ်များဖြင့် လုပ်ဆောင်စေသည့် ရည်ရွယ်ချက်ရှိသော မူဝါဒအား ရည်ညွန်း အဓိပ္ပါယ်ဖွင့်ဆိုပါသည်။

    ရခိုင်ပြည်နယ်တွင် နေထိုင်ကြသော ရိုဟင်ဂျာများသည် နယ်နှင်ခြင်းများ၊ အဓမ္မရွှေ့ပြောင်းမှုများနှင့် အခြားသော ဖိနှိပ်စော်ကားမှုများ ကျူးလွန် နေရကြောင်း ကုလသမဂ္ဂ အစိတ်ပိုင်းများမှ ယခင်ကတည်းက အသိအမှတ် ပြုထားပြီးဖြစ်သည်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ပြစ်မှု သတ်မှတ်ချက်များအရ ဤဖိနှိပ် စော်ကားမှုများသည် “ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြောင်း”၊ “စနစ်တကျ ပြုလုပ်နေကြောင်း”၊ “အစိုးရ အာဏာပိုင် များ၏ မူဝါဒ” အကျိုးဆက်များ ဖြစ်ကြောင်း ၁၉၉၀-ခုနှစ် ကတည်းက ဖော်ပြထားခဲ့ပြီး ဖြစ်သည်။ ၂၀၁၂-ခုနှစ် အဖြစ်အပျက်များသည် ယင်းရာဇဝတ်မှုများ ကျူးလွန်နေကြောင်း ဖော်ပြသည့် ပေါ်လွင် ထင်ရှားသော သက်သေအသစ် တစ်ရပ် ဖြစ်ပါသည်။

    ရိုဟင်ဂျာနှင့် အခြား မွတ်စလင်မ်များအား နိုင်ငံအတွင်းမှ ထွက်ခွာ သွားစေရန် သို့မဟုတ် အနည်းဆုံး ၎င်းတို့ အစဉ်တစိုက်နေထိုင်လာခဲ့သော နေရပ်ဒေသများမှ (ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ကြသော နေရာဒေသများမှ)ပြောင်းရွှေ့ ထွက်ခွာသွားစေရန် ရခိုင်ပြည်ရှိ နိုင်ငံရေး၊ ဘာသာရေး ခေါင်းဆောင်များ မှ တိုက်ခိုက်မှုများအားစီစဉ်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့်မြှောက်ပင့်ပေးခြင်းများ ပြုလုပ်ပေးခဲ့သည်ဟု ဖော်ပြနေသော သက်သေလက္ခဏာ ဖြစ်ပါသည်။ ရခိုင်ပြည်နယ်အတွင်း နိုင်ငံရေး၊ ဘာသာရေး ပျော့ပြောင်းသည့် အသံများ ရှိနေသော်လည်း ယင်းအသံများမှာ မေးမှိန်နေပါသည်။

    ဒေသတွင်း စည်းရုံး လှုံ့ဆော်မှုများသည် အောက်တိုဘာလ အကြမ်းဖက်မှုအား ဖြစ်ပွားစေရန်အတွက် တွန်းအားပေး အထောက်အကူပြုသည့် လုပ်ရပ်များဖြစ်ပါသည်။ ရခိုင်နိုင်ငံရေးပါတီများ၊ သံဃာအဖွဲ့အစည်းများနှင့် လူမှုအစုအဖွဲ့များသည် ရိုဟင်ဂျာ ဆန့်ကျင်ရေး လက်ကမ်း စာစောင်များ၊ ကြေညာချက်များ ထုတ်ဝေဖြန့်ချီခဲ့ကြသည်။ ထုတ်ဝေဖြန့်ချီသော ကြေညာချက်များနှင့် လက်ကမ်းစာစောင် အများစုမှာ ရိုဟင်ဂျာ လူမျိုး မရှိကြောင်း ကန့်ကွက်မှုများ၊ ရိုဟင်ဂျာများအား ရှုတ်ချမှုများ၊ နိုင်ငံအတွင်းမှ နှင်ထုတ်ရန်အတွက် တောင်းဆိုမှုများ၊ တခါတရံတွင် “လူမျိုးတုန်း သုတ်သင် ရှင်းလင်းမှု” လုပ်ဆောင်ရန် ဟူသော အသုံးအနှုန်းများအား တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော် လည်းကောင်း ဖော်ပြ ချက်များ ပါဝင်ပါသည်။ ထုတ်ပြန်ကြေညာချက် များသည် ဒေသနှင့် ပြည်နယ်ပိုင်းများတွင် စုဝေးကြသော အစည်းအဝေးများမှ ထွက်ပေါ်လာသော်လည်း နိုင်ငံတော် အာဏာပိုင်များအနေဖြင့် အလေးထားခဲ့ခြင်း မရှိပေ။

    အောက်တိုဘာလ အကြမ်းဖက် မှုများ မတိုင်မီတွင် ဒေသဆိုင်ရာ အာဏာပိုင် များသည် ရိုဟင်ဂျာ ဆန့်ကျင် ရေးအား အားပေး သကဲ့သို့သော လုပ်ရပ်များအား လုပ်ဆောင်ခဲ့ကြပြီး ရိုဟင်ဂျာများ ၎င်းတို့ နေအိမ်များအား စွန့်ခွာသွားစေရန်အတွက် တွန်းအားပေး ခဲ့ကြသည်။ ဥပမာ ပေါက်တောမြို့တွင် ဒေသဆိုင်ရာ အစိုးရအရာရှိများနှင့် ရခိုင်ပြည်နယ်တွင် အဓိက စိုးမိုး ချယ်လှယ်နေသော ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီ Rakhine Nationalities Development Party (RNDP) အဖွဲ့များ ပူးပေါင်းကာ ရိုဟင်ဂျာများ ထွက်ခွာ သွားစေရေး အတွက် သတင်းစာ ရှင်းလင်းပွဲ များစွာ ပြုလုပ် ကျင်းပခဲ့ သည်။ ပြည်နယ်အတွင်း အကြမ်းဖက် မှုများ ထပ်မံ မဖြစ်ပွားမှီ ရက်ပိုင်းအ တွင်း အောက် တိုဘာလ ၁၈ ရက်နေ့တွင် ရခိုင် သံယာတော် ညီလာခံ တစ်ရပ်အား စစ်တွေမြို့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။ ရခိုင် ဗုဒ္ဓဘာသာဝင် များအကြား ဦးထိပ်ထား အရေးပေးခြင်း ခံရသည့် ဘုန်းကြီး များသည် “ပြဿနာ” အား “ကူညီဖြေ ရှင်း ပေးကြ ရန်” အတွက် မြို့နယ်များမှ အတူတကွ စုပေါင်း ညီညွတ် ကြစေရန် အတွက် ပြင်းထန်သည့် ရိုဟင်ဂျာ ဆန့်ကျင်ရေး ကြေညာချက် တစ်စောင်အား ထုတ်ပြန် ခဲ့သည်။ ဒေသခံ ရိုဟင်ဂျာ များ ၏ ပြော ဆိုချက် အရ အောက်တိုဘာလ ၂၃-ရက်နေ့တွင် ဖြစ်ပွား ခဲ့သော တိုက်ခိုက်မှုတွင် ၎င်းတို့ဒေသ အနီး တဝိုက် အတွင်း နေထိုင်ကြသူ မဟုတ်သော မျက်နှာစိမ်း ရခိုင်အမြောက်အများ ပါဝင်ကြောင်း သိရပါသည်။

    ဇွန်လ မှစ၍ ဒေသ ဆိုင်ရာ အာဏာပိုင်များ၊ နိုင်ငံရေး သမားများနှင့် ဘုန်းကြီး များသည် ကြေညာချက်များ ထုတ်ပြန်ခြင်း ဖြင့်သော် လည်းကောင်း၊ အကြမ်းဖက် စေခိုင်းခြင်းဖြင့် သော်လည်းကောင်း ရိုဟင်ဂျာနှင့် ကမန် လူမျိုး များအား ၎င်းတို့ နေ့စဉ် လုပ်ကိုင် နေကြသည့် လုပ်ငန်း များအား ဟန့်တား ခဲ့ကြသည်။ မွတ်စလင်များ လွတ်လပ်စွာ သွားလာခွင့်၊ လုပ်ကိုင် စားသောက်ခွင့်၊ ဈေးသွား လာရေးနှင့် လူသားချင်း စာနာ ထောက်ထားသည့် အကူအညီများ ရရှိစေရေး တို့အား တားဆီး ပိတ်ဆို့ ထားကြသည်။ ဤလုပ်ရပ် များသည် ရိုဟင်ဂျာ လူမျိုးများ အိမ်ယာ စွန့်လွှတ်ပြီး ဒေသ အတွင်းမှ ထွက်ခွာ သွားကြ စေရန် ရည်ရွယ်၍ တွန်းအားပေး လုပ်ဆောင် နေသည့် သဘော သက်ရောက် ပါသည်။

    “RNDP ခေါင်းဆောင် တွေက လူတွေကို အမိန့်တွေ ပေးနေ ခဲ့ကြတယ်။” ဟု အသက် ၂၇ နှစ် အ ရွယ် ပြောင်းလဲ နေရာချ ထားခြင်း ခံရသူ ပေါက်တော ရွာသား ရိုဟင်ဂျာ အမျိုးသား တစ်ဦး မှ ပြော ပါသည်။ “လူတစ်စုမှာ ရခိုင် အယောက်-၂၀ လောက်ပါတယ်။ ကျနော်တို့ ရွာပတ်ပတ်လည်ကို ဝိုင်းထားဖို့ သူတို့ကို အမိန့်ပေးထားကြတယ်။ ရိုဟင်ဂျာ တွေနေတဲ့ ရွာအနားမှာ အစားအသောက်တွေ ယူလာရင် သူတို့က ပိတ်ပင် တားမြစ်တယ်။”

    လူသားများ အပေါ် ရာဇဝတ်မှု ကျူးလွန်ခြင်း ဟုဆိုရာတွင် မွတ်စလင် ထုကြီးအား သတ်ဖြတ်ခြင်း၊ အဓမ္မ ပြောင်းရွှေ့စေခြင်း၊ နယ်နှင်ခြင်း၊ ညှုင်းပန်း နှိပ်စက်ခြင်းနှင့် အခြားသော အကြမ်းဖက် မှုများအား စနစ်တကျ အကျယ် တဝန့် လုပ်ဆောင်ခြင်း တို့ပါဝင်သည်။ နိုင်ငံရေးနှင့် ဘာသာရေး ခေါင်းဆောင် များ၏ ကြေညာချက်များ၊ စာရွက် စာတမ်း များသည် လူသားများ အပေါ် ရာဇဝတ်မှု ကျူးလွန်မှုအား ဦးတည် နေသည့် မူဝါဒများ ဖြစ်ကြောင်း ပေါ်လွင်စေ ပါသည်။ ရခိုင် လူထုကြီး ကျင့်သုံးသော ကြောက်လန့်မှုများ ပေါ်ပေါက်စေသည့် ပရိယာယ်များမှာလည်း လူမျိုးတုန်း သုတ်သင် ရှင်းလင်းလိုကြောင်း ဖော် ပြ နေသည်။

    ဤပြစ်မှုများတွင် မြန်မာ အာဏာပိုင်များ တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်သော အားဖြင့်သော် လည်းကောင်း ပါဝင်ပတ်သက် နေပါသည်။ အကြမ်းဖက်မှုအများစုမှာ လက်နက်များ ကိုင်ဆောင် ထား ကြသော လူထုကြီးမှ ပြုလုပ်ကြပြီး အာဏာပိုင် လုံခြုံရေး ရဲများမှာ မွတ်စလင် များ၏ လုံခြုံရေး အ တွက် ကာကွယ် ပေးရန် မည်သို့မျှ ပြုလုပ် ခဲ့ခြင်း မရှိပေ။ တခါတရံတွင် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ၊ လုံထိန်း ရဲများ၊ နစက (နယ်စပ် ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲမှုဌာနချုပ်)၊ စစ်တပ်နှင့် ရေတပ်ဖွဲ့ဝင်များကလည်း သတ်ဖြတ်မှု များတွင် တိုက်ရိုက် ပါဝင်ခဲ့ ကြပါသည်။

    ဇွန်လနှင့် အောက်တိုဘာလများတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများအား စီစဉ်ခြင်း၊ စီမံခန့်ခွဲ ခြင်းနှင့် ပါဝင်ပတ်သက်ခြင်း တို့အတွက် တာဝန်ရှိသူများအား မြန်မာအစိုးရအနေဖြင့် ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ခြင်း၊ သို့မဟုတ် အလေးအနက်ထား စုံစမ်း ဖော်ထုတ်ခြင်းမျိုး ပြုလုပ်နေခြင်း မရှိသေးကြောင်း လူ့အခွင့် အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ လေ့လာတွေ့ရှိ ရပါသည်။ ဤကဲ့သို့ အစိုးရ ဖက်မှ တာဝန်ယူ ဆောင်ရွက်ပေးမှု ပျက်ကွက် နေခြင်းသည် လူမျိုးတုန်း သုတ်သင် ရှင်းလင်း မှု ဖြစ်သော လူသားများ အပေါ် ရာဇဝတ် ကျူးလွန် နေခြင်းသည် အစိုးရမှ အထောက် အပံ့ပေးနေသည့် လှုပ်ရှားမှုအဖြစ် ထင်မြင်မှုများ တိုးပွားစေပါသည်။ လုံထိန်းများသည် ၎င်းတို့ ပါဝင် ပတ်သက်မှုရှိသည့် အချို့သောသတ်ဖြတ်မှုများအပြီးတွင် စုပေါင်း မြှပ်နှံမည့် သင်္ချိုင်းကျင်းများအား တူးစေခြင်း သို့မဟုတ် တူးခြင်းဖြင့် တာဝန်ခံ မှုများနှင့် တရားစီရင်နိုင်မှုများအား ပိတ်ပင်ဖုံးကွယ်ကြပါသည်။

    ဥပမာ ဇွန်လ-၁၃ ရက်နေ့တွင် အစိုးရပိုင် ကုန်တင်ကားကြီး ပေါ်မှာ ကိုယ်တုံးလုံး နှင့် အချို့ အဝတ်အစား တစ်ဝက် တစ်ပျက်သာ ပါသည့် အလောင်း ၁၈ လောင်းအား စစ်တွေမြို့ အပြင်ဖက်ရှိ ရိုဟင်ဂျာ IDP စခန်း အနီးတွင် မြေမြှပ်ကြွင်း နှစ်ကြွင်း အတွင်းသို့ သွန်ချကာ စုပေါင်း မြှပ်နှံ ခဲ့ပါသည်။ ရုပ်အလောင်း များအား မည်သူ မည်ဝါ ဟူ၍ စစ်ဆေး ဖော်ထုတ်ခြင်း မရှိ။ ဒေသခံများ ရိုက်ကူး ထားသော ဓါတ်ပုံ များအရ အချို့ ဓါးစာခံ များမှာ မသတ်ဖြတ်မှီတွင် ကြိုးများ၊ ပလတ်စတစ် ကြိုးစများဖြင့် ချည်နှောင်ခဲ့ခြင်း ခံခဲ့ရပါသည်။ ပြောင်းလဲ နေရာချ ထားခြင်း ခံရနေသည့် ရိုဟင်ဂျာ ဒုက္ခသည် စခန်းများ အနီးတွင် လူသေလောင်းများ သယ်ဆောင် လာခြင်းမှာ လူမျိုးတုန်း သုတ်သင် ရှင်းလင်းမှုမူဝါဒ များအရ ရိုဟင်ဂျာများ ထာဝရ ထွက်ခွာသွားစေရန် အတွက် သတိပေးခြိမ်းခြောက် နေသကဲ့သို့ ဖြစ်သည်။

    “အလောင်းတွေကို သူတို့တွေ ဒီနေရာမှာ မြှုပ်ထားတယ်” ဟု အလောင်းများ သွန်ချခဲ့ပြီး မြေမြှပ် ခဲ့သည် ကို တွေ့ရှိခဲ့သည့် ရိုဟင်ဂျာ အမျိုးသား တစ်ဦးက ပြောပါသည်။ “အလောင်း သုံးလောင်းက သေနတ် ဒဏ်ရာတွေနဲ့။ တချို့က မီးလောင် ဒဏ်ရာတွေ၊ တချို့ကတော့ ဓါးဒဏ်ရာတွေ။ သေနတ် ဒဏ်ရာတစ်ခုက နဖူးမှာ၊ နောက်တစ်ခုက ရင်ဘတ်မှာ။ ယောင်္ကျား နှစ်ယောက်က လက်နှစ်ဖက်ကို အရှေ့ လက်ကောက်ဝတ်မှ ကြိုးတုတ် ထားတယ်။ နောက်တစ်ယောက်က လက်နောက်ပြန် ကြိုးတုတ်ထားတယ်။” ဟု လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ကို ပြောပါတယ်။

    ဇွန်လ ၁၄-ရက်နေ့တွင် စစ်တွေ အနီးရှိ ရိုဟင်ဂျာ IDP စခန်း အပြင်ဖက် လမ်းပေါ်၌ လူသေအလောင်းများ အပြည့်ပါသော ကုန်တင်ကားများနှင့် မြန်မာစစ်သားများ မြေမြှုပ်ကြွင်း များတူးနေကြောင်း တွေ့မြင်ခဲ့သူများမှ ပြန်လည် ပြောပြ ကြသည်။

    လူသားချင်းစာနာမှု အကူအညီ ပျက်သုဉ်းခြင်း

    လက်ရှိတွင် ရခိုင်ပြည်နယ်သည် အဓိက လူသားချင်း စာနာမှု ပျက်သုဉ်း နေသည့် အလယ်ဗဟို သို့ ရောက်ရှိနေပါသည်။ မြန်မာ အစိုးရသည် ထိပ်တန်း အရာရှိ သံအမတ်များလာရောက် လည်ပတ်ရာတွင် အကြမ်းဖက် မှုများကြောင့် ဒုက္ခရောက် နေရသူ များအား ကူညီ စောင့်ရှောက် ပေးနေကြောင်း ပြ သသည့် အနေဖြင့် ပြောင်းလဲ နေရာချ ထားပေးရာ နေရာ များသို့ လိုက်လံ ပြသ ကြသည်။ တစ်ချိန်တည်းမှာပင် လူ သားချင်း စာနာထောက်ထားသော အကူအညီ ပေးမှုများအား ပိတ်ဆို့ ထားသောကြောင့် အရေအတွက် မသိနိုင်သည့်အတွက် ကယ်ဆယ် ရနိုင်ခဲ့သော်လည်းသေဆုံး သွားကြရသောသေဆုံးမှုများ ရှိနေပါသည်။ ထောင်ပေါင်း များစွာသော ရိုဟင်ဂျာတို့သည် ဘင်္ဂလားဒေ့ရှ်၊ မလေးရှား သို့မဟုတ် ထိုင်းနိုင်ငံသို့ရောက်ရှိရန် မျှော်ကိုး၍ ရေကြောင်း ခရီးနှင်ခဲ့ကြပါသည်။ အခြားထောင်ပေါင်းများစွာမှာလည်း ထိုနည်းတူစွာ ထွက်ခွာ ကြရန် ဆိုင်းပြင်း နေကြပါသည်။

    ရခိုင်ပြည်နယ် တလွှားတွင် ရိုဟင်ဂျာ များအား ထားရှိရာ ပြည်တွင်း ပြောင်းရွှေ့ နေရာချထားရေး ဒုက္ခ သည် စခန်းရှိ လူမှု ကယ်ဆယ်ရေး အခြေအနေမှာ ဆိုးရွားလျက် ရှိပါသည်။ ဇွန်လ ၂၀၁၂-ခုနှစ် နောက်ပိုင်း ပြောင်းရွှေ့ နေရာချထားခြင်း ခံရသည့် လူဦးရေ ထူထပ်သော စခန်းကြီးများတွင်လည်း ထိုနည်းတူစွာ အခြေအနေ ဆိုးရွားလျက်ရှိပါသည်။ ထောင်ပေါင်းများစွာသော ရိုဟင်ဂျာများမှာ လိုအပ်သည့် အကူအညီများ မရရှိပေ။ ကုလသမဂ္ဂရုံးခွဲ ဖြစ်သည့် Coordination of Humanitarian Affairs (OCHA) ၏ ပြောဆိုချက်များအရ ထောင်ပေါင်းများစွာသော ကလေးသူငယ် များမှာ အစာရေစာ ငတ်ပြတ်နေသည့် အခြေအနေသို့ ရောက်ရှိနေပြီး သောင်းနှင့်ချီသော ဒုက္ခသည်များမှာ ကျန်မာရေးနှင့် ညီညွတ်သည့် စားဝတ်နေရေးနှင့် အစာရေစာများ လုံလောက်စွာ မရရှိကြပေ။

    ဒုက္ခသည် စခန်း တစ်ခုနှင့်တစ်ခု အခြေအနေ မတူကြသော်လည်း စခန်းတိုင်း လိုလိုတွင် လိုအပ်ချက်များ ဖူလုံမှုမရှိသောကြောင့် စိုးရိမ်မှုများနှင့် ရင်ဆိုင်နေကြရသည်။ ပြည်တွင်း ပြောင်းရွှေ့ နေရာချထားရေး ဒုက္ခသည်စခန်းများတွင် မွတ်စလင်မ်များသည် တဲငယ်များ၌် စုပြုံနေထိုင် ကြရသည်။ အချို့မှာ တောင့်တင်းခိုင်မာသော တဲများတွင် နေထိုင်ကြရသော်လည်း အချို့မှာ နေထိုင်စရာ တဲနှင့် အခြေခံ လူသုံးကုန် ပစ္စည်းများပင် မရှိကြပေ။ ဤကိစ္စအား မြန်မာ အာဏာပိုင်များ အလုံးစုံ သိထားနှင့်ပြီးသာ ဖြစ်သည်။ တချိန် တည်း မှာပင် ရခိုင် လူမျိုးများ နေထိုင် ကြသည့် စခန်းငယ်များတွင် လိုအပ်ချက်များ စုံလျင်စွာဖြင့် စီစဉ်ထားပေးပါသည်။ ၎င်းတို့အား ရုပ်မြင်သံကြား ဌာနများနှင့် ရေဒီယိုများမှတဆင့် မြန်မာ ပြည်သူလူထုထံတွင် အကူအညီကောက်ခံကာ ဒေသပိုင်းဆိုင်ရာနှင့် နိုင်ငံတော် အစိုးရ အစီအစဉ်များဖြင့် ကြည့် ရှု့ စောင့်ရှောက် ထားပေးပါသည်။ နေထိုင်ကြသည့် ပြောင်းလဲ နေရာချထားပေးခြင်း ခံထားရသော မွတ်စလင်မ် ထုကြီးအား သက်သာ ချောင်ချိရေးအတွက် ကူညီပေးလိုသော ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများအပေါ် ဒေသခံ ရခိုင်အသိုင်းအဝိုင်းမှ ခါးခါး သီးသီး မုန်းတီး နေကြသောကြောင့် လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ထောက်ပံ့ပေးရန် အတွက် အဟန့် အတားကြီး တစ်ရပ် ဖြစ်နေ ပါသည်။ ရိုဟင်ဂျာများအား ကူညီ ထောက်ပံ့ပေးသည့် အပြည်ပြည် ဆိုင်ရာ အကူအညီများအား ရခိုင်ဒေသခံများနှင့် ဗုဒ္ဓဘာသာ ဘုန်းကြီးများမှ ကန့်ကွက် ဆန္ဒပြ ကြသည်။ ကိုယ်ထိ လက်ရောက် တားမြစ်မှုများ ပြုလုပ် ကြသည်။ အကူအညီပေးသူများအား ကြိမ်းမောင်း ခြိမ်းခြောက် ကြသည်။ ဤပိတ်ဆို့မှုများ ဖယ်ရှား နိုင်ရန် အတွက် အာဏာပိုင် လုံခြုံရေး ရဲများမှ အနည်းငယ် မျှသာ ကူညီ လုပ်ဆောင် ပေးကြသည်။

    ဇွန်လ အကြမ်းဖက်မှုများ မဖြစ်ပွားမီ ကပင် ရှိနေခဲ့သော အပြည်ပြည်ဆိုင်ရာ အထောက်အကူပြု အဖွဲ့ အစည်းများ၏ အစီအစဉ်များ ဆက်လက် လည်ပတ်မှု မပြုရန်အတွက် အစိုးရမှ တားမြစ် ထားပါသည်။ ဤတားမြစ်ချက်များသည် အထူးသဖြင့် ရခိုင်ပြည် မြောက်ပိုင်းတွင် နေထိုင်ကြသည့် မွတ်စလင်မ် များအား လူမှုကယ်ဆယ်ရေး အကူအညီများ ပေးနိုင်ရန် အတွက် ဆိုးရွားသည့် ကန့်သတ်ချက် ဖြစ်ပါသည်။

    ညင်းပန်း နှိပ်စက်ခံ ရိုဟင်ဂျာ သမိုင်းကြောင်း

    ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာဝင် များနှင့် မွတ်စလင်မ်များအကြား အကြမ်းဖက်မှုများသည် လွန်ခဲ့သော ဆယ်စုနှစ်များစွာ ကတည်းက စတင်ခဲ့ ပါသည်။ မျက်မှောက် ကာလတွင် ဖြစ်ပွားနေသော ပဋိပက္ခကြီး သည် အနည်းဆုံး ဒုတိယ ကမ္ဘာစစ်မှ စတင်ခဲ့သည်။ ယင်းအချိန်တွင် ရိုဟင်ဂျာများမှာ ဗြိတိသျှ ကိုလိုနီ အစိုးရအား သစ္စာရှိ နေခဲ့ကြစဉ်တွင် ရခိုင်များမှ ဂျပန်နယ်ချဲ့ များနှင့် ပူးပေါင်း ခဲ့ကြသည်။ ရခိုင်နှင့် ရိုဟင်ဂျာ အကြား ဆက်ဆံရေးမှာ ထိုစဉ်မှ၍ မျက်မှောက် ထက်တိုင် ပြိုလဲ ခဲ့ရသည်။ နှစ်ဖက်လုံးမှာ ၁၉၄၈-ခုနှစ် လွတ်လပ်ရေး ရပြီးနောက်ပိုင်း တက်လာသော မြန်မာ အစိုးရ အဆက်ဆက်၏ ဖိနှိပ်ချုပ်ချယ်ခြင်း ခံကြရသော်လည်း ဗုဒ္ဓဘာသာ အများကြီး စိုးသည့် နိုင်ငံတွင် ရိုဟင်ဂျာများအား ညှင်းပန်းနှိပ်စက်ကြပြီး ပြောင်းရွှေ့ သွားကြစေရန် ကြံရွယ် လုပ်ဆောင်ချက်များ ရှိနေပါသည်။ ရခိုင်ပြည်၏ လူမျိုးရေး အနေအထားကို ပြောင်းလဲ ကြရန်ကြိုးစား ကြသည်။

    ၁၉၇၈-ခုနှစ်တွင် မြန်မာ စစ်တပ်၏ အကြမ်းဖက်မှုများ သတ်ဖြတ်မှုများ၊ အဓမ္မ မုဒိမ်းမှုများ၊ မီးရှို့ ဖျက်ဆီးမှု များကြောင့် ရိုဟင်ဂျာ ၂၀၀၀၀၀-ကျော် နိုင်ငံမှ ထွက်ပြေး ခဲ့ကြရသည်။ ၁၉၉၁ ခုနှစ် တွင်လည်း စစ်တပ်၏ ရိုဟင်ဂျာ ဆန့်ကျင်ရေး တိုက်ခိုက်မှု များကြောင့် ရိုဟင်ဂျာ ၂၅၀၀၀၀-ကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေး ခဲ့ရပြန်သည်။ ထွက်ပြေးကြရသူ အများစုမှာ နောက်ဆုံး၌ ရခိုင်ပြည် မြောက်ပိုင်းသို့ အဓမ္မ ပြန်လည် ပို့ဆောင်ခြင်း ခံခဲ့ရပြီး ရခိုင်အများစု နေထိုင်ရာ နေရာဒေသ များမှ သီးခြား နေရာချ ထားခဲ့သည်။ ၎င်းတို့၏ အခွင့်အရေးများ ပိတ်ဆို့ ထားပြီး တင်းကြပ်သော စည်းကမ်းများ အကြားတွင် နေထိုင်ကြရသည်။

    လူမျိုးရေး အပေါ်အခြေခံသည့် ခွဲခြားမှုဖြစ်သော ရိုဟင်ဂျာများအား မြန်မာနိုင်ငံသား ဖြစ်ခွင့်မှ ပိတ်ဆို့ထားသည့် ၁၉၈၂ နိုင်ငံသား ဥပဒေသည် ရိုဟင်ဂျာတို့အား ညှင်းပန်း နှိပ်စက်မှု၏ ပင်မဗဟို ဖြစ်သည်။ ယင်းဥပဒေအရ ရိုဟင်ဂျာ များသည် (ဗမာ၊ ရခိုင်၊ ကရင်နှင့် အခြား) တိုင်းရင်းသား လူမျိုးစုကြီး ၈ ခုမှ ဆင်းသက် လာသော လူမျိုး မဟုတ်သည့် အတွက် နိုင်ငံသား ဖြစ်စေရန် အလို့ငှာ ၎င်းတို့သည် လွတ် လပ်ရေး ရခဲ့သည် ၁၉၄၈ ခုနှစ် မတိုင်မီ ကတည်းက ရောက်ရှိ လာသည့် မျိုးရိုးမှ ပေါက်ဖွား ဆင်း သက် လာကြောင်း သက်သေပြ ရပါမည်။ ရိုဟင်ဂျာ မိသားစုများ အဖို့ ယင်းသို့ သက်သေ ပြနိုင်သည့် တိုင်အောင် လက်တွေ့တွင် ခက်ခဲလှ ပါသည်။ ကမန် မွတ်စလင် များမှာမူ တရားဝင် အသိအမှတ် ပြု ထားခြင်း ခံရသည့် တိုင်းရင်းသား လူမျိုးစု ဖြစ်သောကြောင့် မြန် မာ နိုင်ငံသားများ ဖြစ်ကြ ပါသည်။

    အစိုးရနှင့် မြန်မာ လူထုကြီးမှာ ရိုဟင်ဂျာ များအား ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တရားမဝင် ခိုးဝင်လာသူများ ဖြစ်ကြောင်းနှင့် မြန်မာ့ တိုင်းရင်းသား မျိုးနွယ်မှ ပေါက်ဖွား လာသူများ မဟုတ်သောကြောင့် နိုင်ငံ သားများ အဖြစ် အသိအမှတ် မပြုနိုင်ကြောင်း ပေါ်ပေါ်ထင်ထင် သက်မှတ် ထားကြသည်။ တရားဝင် ထုတ်ပြန် ကြေညာချက် များတွင် ၎င်းတို့အား “ဘင်္ဂလီများ” “ရိုဟင်ဂျာဟု ခေါ်ဝေါ် လိုသူများ” သို့မဟုတ် ခက်ထန်သည့် အသုံးအနှုန်း ဖြစ်သော “ကုလားများ” ဟု ရည်ညွန်း ခေါ်ဝေါ် ကြသည်။

    ရိုဟင်ဂျာ အားလုံးအား “ဘင်္ဂလီများ” ဟု သတ်မှတ် နေကြသော်လည်း မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ အများ စုမှာ မြန်မာနိုင်ငံ အတွင်း မွေးဖွားကြသည့် မျိုးဆက်ပေါင်း များစွာမှ ဆင်းသက် ပေါက်ဖွား လာသူ များ ဖြစ်သည့် မြန်မာပြည်ဖွား များဖြစ်သည်။ ရိုဟင်ဂျာ များ၏ အခြေခံ အခွင့်အရေးများ ပိတ်ဆို့ လိုသောကြောင့် နိုင်ငံသား ဖြစ်ခွင့်အား အစိုးရမှ ပိတ်ပင် ထားခြင်း ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ဥပဒေ အရ နိုင်ငံသားနှင့် နိုင်ငံသား မဟုတ်သူများ ရထိုက်သည့် လွတ်လပ်စွာ သွားလာခွင့်၊ လွတ်လပ်စွာ ပညာ သင်ခွင့်၊ လွတ်လပ်စွာ အိမ်ထောင်ပြုခွင့်နှင့် လွတ်လပ်စွာ လုပ်ကိုင် စားသောက်ခွင့် များအား ကန့်သတ် ပိတ်ပင်ထားခြင်း ခံကြရသည်။ ဥပဒေမဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်း၊ အဓမ္မ စေခိုင်းခြင်း၊ အဓမ္မ မုဒိန်းပြုကျင့်ခြင်း၊ ညင်းပန်း နှိပ်စက်ခြင်း၊ အဓမ္မ ရွှေ့ပြောင်းစေခြင်းနှင့် အခြားသော ဖိနှိပ် စော် ကား မှု များ ဖြစ်သည့် အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှု များခံ ကြရသည်။ ယခင်နှစ် များ တွင် မြန် မာ အစိုးရနှင့် စစ်တပ်မှ အလား သဏ္ဍာန် တူသည့် ညင်းပန်း နှိပ်စက်မှု များအား ရခိုင်လူမျိုး များ အပေါ် တွင် ပြုလုပ် ခဲ့ကြသော်လည်း ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ အပေါ် ဖိနှိပ်မှုမှာ ပိုမို ပြင်းထန် လှပါ သည်။

    ဇွန်လ အကြမ်းဖက်မှု နောက်ပိုင်းတွင် ထောင်ပေါင်း များစွာသော ဒုက္ခသည်များသည် နတ်မြစ် သို့မဟုတ် အခြား ရေကြောင်းလမ်းများဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးရန် ကြိုးစား ကြသည်။ ဘင်္ဂလားဒေ့ရှ် အစိုးရမှ ၎င်းတို့၏ နယ်စပ်များ ပိတ်ထားကြပြီး ဒုက္ခသည် အဖြစ် ခိုလှုံဝင်ရောက်လာသူ များအား ပင်လယ် ခရီးသွား သင်္ဘောများ မဟုတ်သည့် လှေငယ်များဖြင့် ပင်လယ်ဆီသို့ ပြန်လည် တွန်းပို့ကြသည်။ ညှင်း ပန်း နှိပ် စက်ခြင်း ခံရသည့် နေရာမှ ထွက်ပြေး လွတ်မြောက် လာသူ များအား ယင်းညှင်း ပန်း နှိပ်စက် သည့် နေရာသို့ ပြန်လည် ပို့ဆောင်ခြင်းသည် အပြည်ပြည်ဆိုင်ရာ ဥပဒေ ထုံးတမ်း အစဉ်လာများအား ချိုးဖောက် ရာ ရောက်ပေသည်။ ထိုင်းနိုင်ငံ သည်လည်း ဇွန်လ နောက်ပိုင်းတွင် ၎င်းတို့ထံ ရောက်ရှိ လာ သည့် ထောင်ပေါင်း များစွာသော ဒုက္ခသည် အဖြစ်ခိုလှုံ ဝင်ရောက်လာသူ များအား ထိုနည်းတူစွာ ဆက်ဆံ ခဲ့ကြသည်။ အချို့ အခြေအနေ များတွင် မလေးရှားနိုင်ငံအထိ ဆက်လက် ခရီးနှင်နိုင်ကြစေရန် အတွက် စားနပ်ရိက္ခာများ ဖြည့်ဆီးပေးသော်လည်း အချို့အခြေအနေ များတွင် ပင်လယ်ပြင်ဆီသို့ ပြန်လည် တွန်းပို့ကြသည်။ သို့မဟုတ် ၎င်းတို့အား လူကုန်ကူးသူများ လက်ထဲသို့ အပ်နှင်း လိုက်ကြသည်။

    နေပြည်တော်၏ တုန့်ပြန်မှု

    ဇွန်လ အကြမ်းဖက်မှုအပြီး တစ်လ အကြာတွင် ဇူလိုင်လ ၁၂ ရက်နေ့၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် “တရာမဝင် ခိုးဝင်လာသည့်” ရိုဟင်ဂျာ များအား “တတိယနိုင်ငံ” သို့ပို့ဆောင်ရန် အတွက် ထုတ်ပြန် ပြောဆို ခဲ့သည်။ ရိုဟင်ဂျာ အများစုမှ ၎င်းတို့၏ မိသားစု မျိုးရိုးစဉ်ဆက် အလိုက် မြန်မာနိုင် ငံတွင် နေထိုင်လာခဲ့ကြသော်လည်း တရားဝင်နေထိုင်ခွင့် အထောက်အထားများ မရှိသောကြောင့် သမ္မတ၏ စကား အသုံးအနှုန်း အရ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ အများစုမှာ မြန်မာနိုင်ငံမှ မဟုတ်သလို ဖြစ်နေသည်။

    သမ္မတ၏ ထုတ်ပြန် ကြေညာချက်မှာ ရခိုင်ပြည်နယ်အတွင်း အကျိုးဆက်များ ဖြစ်ပွားခဲ့ပါသည်။ နိုင်ငံရေး အကျိုးအရ မြန်မာပြည်မှ ရိုဟင်ဂျာ များအား ဖယ်ရှားလိုသည့် ရခိုင်ခေါင်းဆောင်များအား ဆက်လက်၍ အားပေးအားမြှောက် လုပ်သလို ဖြစ်နေပြန်သည်။ ဤကဲ့သို့ ရိုဟင်ဂျာများအား ဖယ်ရှားလိုသည်မှာ ရခိုင် လူထုကြီး သာမက မြန်မာအရာရှိများနှင့် လူမှုအသိုင်းအဝိုင်းတွင်လည်း ကြီးမားစွာ လွှမ်းမိုးနေသော ယူဆချက် ဖြစ်သည်။ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီ လှုပ်ရှားရေးအတွက် အဓိကနေရာတွင် ပါဝင်သူများ၏ ထုတ်ပြန် ကြေငြာချက်များနှင့် လုပ်ရပ်များသည်လည်း ရိုဟင်ဂျာများအား အလိုမရှိသည့် အယူဝါဒများ အပေါ် ထပ်ဟပ် ပေးသလို ဖြစ်နေပြန်သည်။

    ရိုဟင်ဂျာ များအား နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် ထပ်မံ ကြိုးစား လုပ်ဆောင်ခြင်း မပြုသည့်တိုင်အောင် သို့မဟုတ် ရိုဟင်ဂျာ များအား ၎င်းတို့ နေအိမ်များမှ ဝေးကွာသည့် ပြန်လည် နေရာချထားရေး ဒုက္ခသည် စခန်းများတွင် ထိန်းသိမ်း ထားခြင်းများ ပြုလုပ်ထားသည့် တိုင်အောင် ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာဝင် များနှင့် အစ္စလာမ် ဘာသာဝင်များအား သီးခြားခွဲခြားထားရန် အတွက် လုပ်ဆောင် နေသည့် အစိုးရ၏ လုပ်ရပ်များအားလည်း စိုးရိမ်နေရပါသည်။ ဤသည်မှာ အများအားဖြင့် နိုင်ငံမဲ့ ဘဝသို့ ရောက်နေရသော ရိုဟင်ဂျာ များ၏ အခြေခံ လူ့အခွင့် အရေးအား ထိန်ချန် ထားရန် အတွက် လမ်းစ ပြုထား သလို ဖြစ်နေ ပါသည်။

    သြဂုတ်လ ၁၇-ရက်နေ့တွင် “လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားရသည့် နောက်ခံ အကြောင်းအရင်း” နှင့် “ဘာသာ မတူသည့် လူ့အသိုင်းအဝိုင်း အကြား သင့်တင့်စွာ အတူတကွ ယှဉ်တွဲ နေထိုင်နိုင်မည့် နည်းလမ်းများ” ရှာဖွေရန် ၂၇-ဦးပါ “စုံစမ်း စစ်ဆေးရေး ကော်မရှင်” အား ဦးသိန်းစိန်မှ ဖွဲ့စည်းပေးခဲ့ပါသည်။ သြဂုတ်လ ၂၅-ရက်နေ့တွင် ရခိုင်ပြည်နယ် အတွင်း အကြမ်းဖက်မှုများအား ဒေသခံ ထိန်းချုပ်ရေး အင်အားစု များမှ မြှောက်ပင့်ပေးကြောင်း “လူမျိုးရေး အမုန်းပွား မှုတွေ တိုးပွား လာအောင် နိုင်ငံရေး ပါတီတွေ၊ အချို့ ဘုန်းကြီးတွေ၊ အချို့ လူတွေက လုပ်ဆောင် နေတယ်”လို့ပြောဆို ခဲ့ပါသည်။ မည်သို့ပင် ဆိုစေကာမူ ဇွန်လမှ စတင်ခဲ့သည့် ရခိုင်ပြည်နယ် အတွင်း အကြမ်းဖက်မှု များအား လုပ်ဆောင် နေသူ များအား အရေးယူရန် သို့မဟုတ် ဘာသာရေး အဓိကရုဏ်းများ ထပ်မံ ဖြစ်ပွားမှုမှ ကာကွယ်ရန် ထိရောက်သည့် လုပ်ဆောင်ချက်များ မပြုလုပ်ခဲ့ပေ။ အလွန်ပင် နှောင့်နှေး ကြန့်ကြာနေသည့် ယင်းကော်မရှင် အစီအရင်ခံစာတွင် နိုင်ငံသား ကိစ္စ၊ လူသားခြင်း စာနာ ထောက် ထားသည့် အကူအညီ ကိစ္စ၊ တာဝန်ယူ ဆောင်ရွက်မှု ကိစ္စတို့အား ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင် နိုင်ရေးနှင့် အကြမ်းဖက်မှုများတွင် တာဝန်ရှိသူများအား ဖော်ထုတ်ပေး နိုင်ရေး တို့ကို မည်သည့် အတိုင်း အတာ အထိ အသေးစိတ် ဖော်ပြမည်ကို သဲသဲကွဲကွဲ မသိရ သေးပေ။

    အောက်တိုဘာလ အကြမ်းဖက်မှု များအပြီးတွင် နိုင်ငံတော် သမ္မတရုံးမှ “အကြမ်းဖက်မှုများ၏ နောက် ကွယ်တွင် “လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ” ပါဝင် နေကြောင်း ထုတ်ပြန်ကြေညာချက် တစ်စောင် ထုတ်ပြန် ခဲ့သည်။ ထိုကြေညာ ချက်တွင် ၎င်းတို့အား “ဖော်ထုတ် စစ်ဆေး သွားမည် ဖြစ်ပြီး ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်သွားမည်” ဖြစ်ကြောင်းလည်း ဖော်ပြထားပါသည်။ သမ္မတမှာ ၎င်း ထုတ်ပြန်ကြေညာချက်အတိုင်း လုပ်ဆောင်ခြင်း မရှိသေးသည့်အပြင် အောက်တိုဘာလနှင့် ဒီဇင်ဘာလများတွင် အစိုးရမှ ထုတ်ပြန်ခဲ့သည့် ကြေညာချက်များတွင်လည်း အကြမ်းဖက်မှုများ၌ အစိုးရလုံထိန်းများ ပါဝင်ခဲ့ခြင်းကို ငြင်းဆိုခဲ့ပါသည်။

    အပြည်ပြည်ဆိုင်ရာ စိုးရိမ်မှုများ တိုးပွားလာသည်ကို တုန့်ပြန်သောအားဖြင့် ဦးသိန်းစိန်မှာ ပိုမိုအရေးပါသည့် တုန့်ပြန်မှုများဖြင့် ကမ်းလှမ်းခဲ့ပါသည်။ နိုဝင်ဘာလ ၁၆-ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အား ပေးပို့သည့် စာတွင် ရခိုင်ပြည်နယ်၏ အခြေအနေမှာ “အဓိပ္ပါယ်မဲ့ အကြမ်းဖက်မှုများ” ဖြစ်ကြောင်း၊ “ရာဇဝတ်မှုများ” ဖြစ်ကြောင်း၊ ၎င်း၏ အစိုးရမှာ နိုင်ငံရေး အနေအထား ပြောင်းလဲရေးအတွက် လုပ်ဆောင် နေရပြီး အပြည်ပြည်ဆိုင်ရာ ကျင့်ထုံးများနှင့်အညီ နိုင်ငံတဝှမ်းတွင် ပြောင်းရွှေ့ နေထိုင်မှု ကိစ္စမှအစ နိုင်ငံသား ဖြစ်ခွင့်ကိစ္စများ အပါအဝင် မွေးစာရင်းထုတ်ပေးခြင်း၊ လုပ်ကိုင် စားသောက် ခွင့် ပြုခြင်း၊ နိုင်ငံ အတွင်း လွတ်လပ်စွာ သွားလာ ခွင့်ပြုခြင်း များအား ကိုင်တွယ် ဆောင် ရွက်ရန်” ပြင်ဆင်နေကြောင်း ရေးသား ပေးပို့ခဲ့ပါသည်။

    အမေရိကန် သမ္မတများအနက် ပထမဆုံး မြန်မာမြေသို့ ရောက်ရှိခဲ့သည့် သမ္မတ ဘားရက် အိုဘားမား ၏ မြန်မာပြည် ခရီးစဉ် မတိုင်မှီ နိုဝင်ဘာလ ၁၈-ရက်နေ့တွင်လည်း ယင်းကဲ့သို့သော ထုတ်ပြန်ကြေညာမှုမျိုး ပြုလုပ်ခဲ့ပြန်သည်။

    ထို့နောက်ပိုင်းတွင် မြန်မာအစိုးရမှ အဖြစ်အပျက်များအား ကိုင်တွယ်သည့် ထိရောက်သော လုပ်ဆောင်များ ပြုခဲ့ခြင်းမရှိ။ ရှေ့ဆက် တိုးနိုင်မည့် လမ်းညွှန် စီမံကိန်းများ ချမှတ်ထားခြင်းမျိုးလည်း မရှိပေ။ ထိုကာလအတွင်း မြန်မာနိုင်ငံတွင် နေထိုင်ကြသော မွတ်စလင်မ်များအပေါ် အကြမ်းဖက် ၏မှုများမှ ရခိုင်ပြည်နယ် တွင်သာမက အခြား အရပ်များသို့ ပြန့်နှံ့ ခဲ့သည်။ မတ်လ ၂၀ နှင် ၂၂ ရက်အတွင်း ဘုန်းကြီးများ ဦးဆောင်သည့် ဗုဒ္ဓဘာသာဝင် လူထု ကြီးသည် မွတ်စလင် ဆန့်ကျင်ရေး ကြွေးကြော်သံ များနှင့်အတူ မန္တလေးတိုင်း မိတ္ထီလာမြို့ရှိ မွတ်စလင် များအား တိုက်ခိုက် ခဲ့ကြသည်။ လူ ၄၀ အသတ်ခံ ခဲ့ရပြီး ၆၁ ယောက် ဒဏ်ရာရကြောင်း ခန့်မှန်း သိရှိရသည်။ ပျက်စီး သွားသည့် မွတ်စလင် အဆောက်အဦများ၊ စီးပွားရေး လုပ်ငန်းများ၊ ဝတ်ပြုရာ အဆောက်အဦးများအား အာကာသမှ ရိုက်ကူးသည့် ဓါတ်ပုံ များတွင် ရှင်လင်း ထင်ရှားစွာ တွေ့မြင် ရပါသည်။ United Nations Office for the Coordination of Humanitarian Affairs (OCHA), မှထုတ်ပြန်သည် အကူအညီ လိုအပ်မှု ခန့်မှန်းချက် အတိုင်းအတာများအရ လူဦးရေပေါင်း ၁၂၀၀၀ ကျော်မှ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပြီးမြို့၏ ဘေးပတ်ဝန်းကျင်တွင် ခိုလှုံ နေရပါသည်။ မတ်လ ၂၃-ရက်နေ့တွင် မိတ္ထီလာ အကြမ်းဖက်မှုအား မြန်မာ စစ်တပ်မှ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် မွတ်စလင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုများမှ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ပဲခူးတိုင်း အုတ်ဖို၊ ကြို့ပင်ကောက်နှင့် မင်းလှ မြို့နယ်များသို့ ပြန့်နှံ့သွားခဲ့ပြန်သည်။ စစ်သားများမှာ ပဲခူးတိုင်းတွင် ဆန္ဒပြသူများအား လူစုခွဲရန်အတွက် လေတွင်းသို့ သေနတ်များ ပစ်ဖောက်ခဲ့သည်ဟုလည်း သိရပါသည်။ ထို့နောက် မြို့နယ် ၉-မြို့နယ်အား အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး ညမထွက်ရ အမိန့်ထုတ်ထား ခဲ့ပါသည်။ လူထု စုဝေးမှု များအားလည်း ကန့်သတ် ထားခဲ့ပါသည်။

    မွတ်စလင်များ အပေါ် အကြမ်းဖက်မှုများ ကျယ်ပြန့်လာမှုနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ၏ မြန်မာ နိုင်ငံ ဆိုင်ရာ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကွင်းတားနားသည် အချို့သော အကြမ်းဖက် မှုများတွင် အာဏာပိုင်များမှ ပါဝင် ခဲ့ကြောင်း အစီရင်ခံစာများ ရရှိခဲ့သည်ဟု ပြောဆို ခဲ့ပါသည်။ “အချို့ အစိုးရ အာဏာပိုင် အစိတ်အပိုင်းတွေက တိုက်ရိုက် ပါဝင် ပတ်သက်တာမျိုး ဒါမှမဟုတ် နောက်ကွယ် ကနေ သိသိရဲ့နဲ့ ဒီလုပ်ရပ်တွေကို ထောက်ခံ အားပေးတာမျိုး တွေရှိတယ်ဆိုတဲ့သဘော သက်ရောက်နေပါတယ်။” ဟုပြောဆို ခဲ့ပါသည်။

    ရခိုင်ပြည်နယ် အတွင်း နေထိုင်ကြသည့် မွတ်စလင်မ်များအား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့မှ မေးမြန်းချက်များအရ ၎င်းတို့သည် လက်ရှိနှင့် အနာဂတ် အခြေအနေများအပေါ်တွင် စိတ်ဓါတ်ကျမှုများ၊ မျှော်လင့်ချက်ကင်းမဲ့မှုများ ကြုံတွေ့ ခံစားနေရကြောင်း သတိပြုမိပါသည်။ အောက်တိုဘာလတွင် ကျောက်ဖြူမြို့နယ်ရှိ မွတ်စလင်မ်ရပ်ကွက်အား ရခိုင်လူထုကြီးမှ ဖျက်ဆီးနေချိန်တွင် မွတ်စလင်မ် တစ်ယောက်မှ ၎င်းတို့အား ကာကွယ်ပေးရန်အတွက် စစ်သား တစ်ယောက်အား အကူအညီတောင်းခဲ့သည်။ ယင်းစစ်သားမှာ “ခင်ဗျားတို့ အသက် ကာကွယ်ဖို့ အတွက် ခင်ဗျားတို့ ဆုတောင်း ရုံကလွဲပြီး ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး” ဟု ပြန်ဖြေခဲ့သည်။

    မြန်မာအစိုးရ ထံသို့ အဓိကထား အကြံပြုချက်များ

    ·         ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ခဲ့သူများအား ထိန်ချန်ထားမှု မရှိစေဘဲ အမြန်ဆုံး ပြည့်ပြည့်စုံစုံ စုံစမ်း စစ်ဆေးပြီး ပြစ်မှုကျူးလွန်သူများအား ရာထူးရာခံ မထောက်ထားဘဲ ဥပဒေကြောင်းအရ မျှတစွာ တရားစီရင်ရန်။

    ·         ရိုဟင်ဂျာများနှင့် မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင် ကြသည့် မွတ်စလင်မ် များအား နိုင်ငံတကာ လူ့အခွင့် အရေး ဥပဒေများနှင့် အညီ တန်းတူညီမျှ ခွင့်အား အစိုးရမှ အာမခံ ပေးနိုင်သည့် ဥပဒေ များအား လိုအပ် သလို ပြင်ဆင် ပြဋ္ဌာန်းရန်။

    ·         ရိုဟင်ဂျာများ လွတ်လပ်စွာ သွားလာခွင့်အား ကန့်သတ် ထားမှုများ ချက်ချင်း ရပ်ဆိုင်းရန်။ ၎င်းတို့ အား နေရပ်ပြန်၍ ပိုင်ဆိုင်မှုများ ပြန်လည် ရရှိရန်၊ လိုအပ်သည် များအား ဝယ်ယူ နိုင်ရန်နှင့် ဘဝပြန်လည် တည်ထောင်နိုင်ရန် အတွက် လိုအပ်သည့် ကာကွယ်မှု များပေး ရန်။ ပြောင်းရွှေ့ နေ ရာချ ထားခြင်း ခံရသူ များနှင့် ဒုက္ခသည်များ နေရပ် ပြန်ရာတွင် အပြည်ပြည် ဆိုင်ရာ စံနှုန်း များနှင့် အညီ ပြုလုပ် ပေးရန်။ နေရပ် ပြန်ရာတွင် ၎င်းတို့၏ ဆန္ဒနှင့် အညီပြန်ခွင့် ပြုပြီး လုံခြုံရေးနှင့် လူ့ဂုဏ်သိက္ခာအား ရှေ့ရှုဆောင်ရွက်ပေးရန်။

    ·         ရခိုင်ပြည်နယ် အတွင်းရှိ အကြမ်းဖက်မှု ဒဏ်ခံရသူများရှိရာ အရပ်ဒေသများနှင့် ဖမ်းဆီးထိန်းသိမ်းထားသည့် နေရာများထံသို့ လူသားချင်း စာနာ ထောက်ထားသည့် အကူအညီပေးသော ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အပြည်ပြည် ဆိုင်ရာနှင့် ပြည်တွင်း အဖွဲ့အစည်းများအား အန္တရာယ် ကင်းစွာနှင့် ကန့်သတ်မှုကင်းစွာ သွားရောက်နိုင်စေရေးအတွက် လုပ်ဆောင်ပေးရန်။

    ·         ရခိုင်ပြည်နယ်အတွင်း လုံထိန်းများနှင့် အစိုးရအာဏာပိုင် မဟုတ်သူများ ကျူးလွန်သည့် (လူသားများ အပေါ် ရာဇဝတ်မှု ကျူးလွန်မှု သဘော သက်ရောက်ဖွယ် ရှိသော) အပြည်ပြည် ဆိုင် ရာ လူ့အခွင့်အရေး ဥပဒေ ချိုးဖောက်မှု များအား စုံစမ်း စစ်ဆေးရန် အတွက် လွတ်လပ်သည့် အပြည်ပြည် ဆိုင်ရာ ယန္တရား တစ်ရပ် ပြုလုပ်ရေး အတွက် သဘောတူ ပေးရန်။

    ·         ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက် မှုများအပေါ် ကုလသမဂ္ဂ အထူး ကိုယ်စား လှယ်အား လွတ်လပ်သည့် စုံစမ်း စစ်ဆေးခွင့် ပြုရန်။ ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံ အနှံ့တွင် OHCHR ရုံး နှင့် ၎င်း၏ ရုံးခွဲများ တည်ရှိနိုင်ရန် အတွက် ကာကွယ်မှု၊ မြှင့်တင်ပေး မှုနှင့် နည်းပညာ အကူအညီများ ပေးခြင်းဖြင့် ကူညီပံ့ပိုး ပေးရန်။

    ·         လူမျိုး၊ မျိုးရိုး၊ ကိုးကွယ်သည့် ဘာသာနှင့် အခြား အဆင့် အတန်း အခြေအနေများ အပေါ် အခြေ ခံ၍ နိုင်ငံသား ဖြစ်တည် မှုအား ခွဲခြားသည့် သို့မဟုတ် ခွဲခြားသော အကျိုး သက်ရောက်မှု ရှိ သည့် ပြဋ္ဌာန်းချက်များ ကင်းရှင်းစေရန် ၁၉၈၂ နိုင်ငံသား အက်ဥပဒေအား အရေးပေါ် ပြုပြင်ရန်။ ရို ဟင်ဂျာ များ၏ မျိုးဆက် သားသမီးများ နိုင်ငံမဲ့ ဖြစ်သည့် အခြေအနေမျိုး မရောက်ရှိစေရန် တိုင်းရင်းသား ဖြစ်တည်မှုအခွင့်အရေးအား အာမခံ ပေးရန်။

    မှတ်ချက်  ။      ။       လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့မှ ဧပြီလ ၂၂ ရက် ၂၀၁၃ ခုနှစ်တွင် ထုတ်ဝေခဲ့ သည့် “All You Can Do Is Pray” အစီရင်ခံစာ အကျဉ်းအား အများသူငှာ ဖတ်ရှု့လေ့လာ နိုင်စေရန် အတွက် O’Laie Manzu မှ ဘာသာပြန် ရေးသားထား ပါသည်။ ရိုဟင်ဂျာ လူမျိုးများ အပေါ် လူသားချင်း စာနာမှု ကင်းမဲ့သည့် အကြမ်းဖက် မှုများ ပြုလုပ် နေသည်ကို ကမ္ဘာက သိနေကြပြီ ဖြစ်သော်လည်း ကိုယ့်နိုင်ငံ အတွင်း ဖြစ်ပျက် နေသည့် ကိစ္စရပ် များအား အရှိကို အရှိ အတိုင်း သိခွင့် မရသောကြောင့် ထင်ယောင် ထင်မှား ဖြစ်နေကြသော မြန်မာ ပြည်သူများ လေ့လာ နိုင်စေရန် ရည်ရွယ်၍ ဘာသာပြန် ပေး လိုက် ပါသည်။

    ဆောင်းပါးရှင် O’Laie Manzu မှ M-Media သို့ အီးမေးလ်ဖြင့် ပေးပို့လာသော ဆောင်းပါးဖြစ်ပါသည်။

    * ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်သည်။

  • မြန်မာပြည် မိုဘိုင်းဖုန်းတင်ဒါအနိုင်စာရင်းက ဘာသာရေးဒေါသူပုန်ထမှုကို ဖြစ်စေခဲ့

    M-Media
    ဇွန်လ ၂၉ ရက်၊ ၂၀၁၃
    နယူးယောက်တိုင်းမ်စ်ပါ သောမတ်ဖူလာ၏ ဆောင်းပါး ကို မြန်မာပြန်ပါသည်။

    Myanmar-mobile-phoneမြန်မာအစိုးရက ကြာသပတေးနေ့မှာ တယ်လီဖုန်းဆက်သွယ်ရေးအော်ပရေတာ အတွက် နိုင်ငံခြားကုမ္ပဏီနှစ်ခုကို တင်ဒါအနိုင်ပေးခဲ့ပါတယ်။ တိုင်းပြည်ရဲ့ ကမ္ဘာကိုဖွင့်လှစ်လိုက်တဲ့ (မျက်နှာစာ) မှာ မှတ်တိုင်သစ်စိုက်ထူလိုက်သလိုပါပဲ။ ဒါပေမယ့် အဲဒီမှတ်တိုင်ကို ဘာသာရေးမုန်းတီးမှုက ချက်ချင်းပဲ ပုတ်သိုးအောင် လုပ်ပြစ်လိုက်တယ်။

    ဗုဒ္ဓဘာသာ အခြေခံအမျိုးသားရေးဝါဒလှုပ်ရှားမှု ကို ခေါင်းဆောင်တဲ့သူ တစ်ဦးဖြစ်တဲ့ ရဟန်းတစ်ပါးက တယ်လီဖုန်းတင်ဒါအောင်မြင်တဲ့ ကုမ္ပဏီ စာရင်း ကြေညာအပြီးမှာပဲ ကုမ္ပဏီနှစ်ခုထဲက တစ်ခုကို သပိတ်မှောက် ဖို့ ဆော်သြခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့  အဲဒီကုမ္ပဏီက မွတ်စလင် တိုင်းပြည် ကာတာအခြေဆိုက် ကုမ္ပဏီ ဖြစ်နေလို့ပါပဲ။

    ၉၆၉ လှုပ်ရှားမှုခေါင်းဆောင် ဘုန်းကြီးဦးဝိမလက – “အစိုးရမှာ ဒီလောက်တောင်ရွေးစရာနဲလား၊ သူတို့ဘာလို့ဒီမွတ်စလင်ကုမ္ပဏီကိုမှ (တင်ဒါ)အနိုင်ပေး ရတာလဲ” လို့ ကြာသပတေးနေ့က တင်ဒါကြေညာအပြီး တယ်လီဖုန်းနဲ့ အင်တာဗျူးတဲ့အခါ ဖြေကြားခဲ့တာပါ။

    ကွာလတီနိမ့်ပါးလှတဲ့ မိုဘုန်းတယ်လီဖုန်းဆက်သွယ်ရေးကို အဆင့်မြှင့်တည်ဆောက်ပေးဖို့နဲ့ တယ်လီဖုန်းအော်ပရေတာလုပ်ပိုင်ခွင့် ၁၅နှစ် ကန်ထရိုက် ကို အော်ရီဒိုးကုမ္ပဏီက နော်ဝေကုမ္ပဏီ တယ်လီနော်နဲ့အတူ အနိုင်ရရှိခဲ့တာပါ။

    လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းအောက်သာ မိုဘိုင်းသုံးစွဲနေရတဲ့ မြန်မာပြည်အတွက်တော့ တယ်လီဖုန်းကွန်ယက်က တကယ့်ကို လိုအပ်ချက်ကြီးပါ။ ကမ္ဘာ့အဆင်း ရဲဆုံးနိုင်ငံတွေမှာတောင် မိုဘိုင်းဖုန်းတွေက နေရာအနှံ့တွင်ကျယ်နေတဲ့အချိန်မှာ ဒီလို ၁၀ ရာခိုင်နှုန်းအောက်ဆိုတဲ့ ပမာဏကတော့ သတိပြု မိလောက်အောင် နည်းပါးလွန်းလှပါတယ်။ မြန်မာပြည်ရဲ့အိမ်နီးချင်းတွေဖြစ်တဲ့ လာအိုမှာတော့ မြန်မာလိုပဲ ဆင်းရဲမှုနှုန်း ဆိုးဆိုးဝါးဝါးရှိနေတာတောင် မိုဘိုင်းဖုန်းထိုးဖောက်နေရာယူထားမှုက ၈၇ ရာနှုန်းတောင်ရှိနေပါတယ်။

    လူထုရဲ့ ၉၀ ရာခိုင်နှုန်းက ဗုဒ္ဓဘာသာတွေဖြစ်နေတယ်၊ အဲဒီမှာမှ မွတ်စလင်ဆန့်ကျင်ရေး အမုန်းတရားကြီးထွားဖို့ ဟောပြောလှုံဆော်မှုတွေကြောင့် ပိတ်ပင်ဟန့်တားမှုမဲ့နေတဲ့ မင်းမဲ့စရိုက်ဆန်ရန်လိုတတ်တဲ့ လူအုပ်စုကြီးကလည်း ရှိနေပြန်သေးတယ်။ အဲဒီလိုအခြေအနေမျိုးမှာ အော်ရီဒိုးကို တယ်လီဖုန်း တင်ဒါပေးလိုက်တော့ ဒေါသူပုန်ထစရာ ဖြစ်ကုန်တော့တာပေါ့။

    အစိုးရရဲ့ တင်ဒါအောင်တဲ့သူတွေစာရင်းဖေ့စ်ဘွတ်ပေါ်ရောက်လာတော့ အရေးတယူပြုလုပ်ထိုက်တဲ့ မှတ်ချက်တွေလည်း စုပြုံထွက်ပေါ်လာတော့ တာပဲ။ တစ်ယောက်ကတော့ “အိုမိုင်ဂေါ့၊ ဘာကြောင့်၊ ဘာကြောင့်၊ ဘာကြောင့် မွတ်စလင်ကုမ္ပဏီ (ကိုပေးလိုက်ရတာလဲ)” လို့ မှတ်ချက်ရေးခဲ့ သလို နောက် တစ်ယောက်ကတော့ “အော်ရီဒိုးအလိုမရှိ” လို့ ရေးထားပါတယ်။

    အစိုးရကတော့ အရှေ့အလယ်ပိုင်း၊ အာဖရိကမြောက်ပိုင်းနဲ့ အရှေ့တောင်အာရှမှာ လုပ်ငန်းဆောင်ရွက်နေတဲ့ အော်ရီဒိုးကို သူတို့ကိုယ်တိုင် ရွေးချယ် လိုက်တဲ့အပေါ်မှာ ရပ်တည်ခဲ့ပါတယ်။ “သူတို့က စင်ကာပူမှာ ကောင်းမွန်တဲ့ တယ်လီဖုန်းဝန်ဆောင်မှုစနစ် ပေးနေတယ်၊ ကျွန်တော်တို့ သူတို့ကို လိုင်စင်ပေးခဲ့တဲ့နေရာမှာ သူတို့ရဲ့ ၀န်ဆောင်မှုတွေပေါ်မှာ အခြေခံပြီး ရွေးခဲ့တာပါ” လို့ အစိုးရပြောခွင့်ရ ဦးရဲထွဋ်က တယ်လီဖုန်းနဲ့ ဖြေကြားပေးခဲ့ပါတယ်။

    ၉၆၉ လှုပ်ရှားမှုခေါင်းဆောင်တွေ ပြီးခဲ့တဲ့လတွေတုန်းက မွတ်စလင်ပိုင် ဈေးဆိုင်တွေ၊ မွတ်စလင်ပိုင် ကုမ္ပဏီတွေနဲ့ ပတ်သတ်မှုရှိနေတယ်လို့ သူတို့ကိုယ် တိုင် ပြောဆိုသတ်မှတ်တဲ့ ထုတ်ကုန် ပစ္စည်းတွေကို သပိတ်မှောက်ဖို့ လှုံဆော်ခဲ့ကြပါတယ်။ ဗုဒ္ဓဘာသာရဲ့ ၀ိသေသတွေ ခြိမ်းခြောက်ခံနေရ တယ်လို့ ၉၆၉ လှုပ်ရှားသူတွေက ဆိုသလို ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေ လက်ထပ်ထိမ်းမြားခြင်းကိုလည်း ပိတ်ပင်ဖို့ အဆိုပြုကြပါတယ်။

    ဗုဒ္ဓဘာသာ မင်းမဲ့စရိုက်ဆန် လူရမ်းကားအုပ်စုတွေဟာ ပြီးခဲ့တဲ့ နှစ်အတွင်း မွတ်စလင် ၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့သလို မွတ်စလင်အများစုပါဝင်တဲ့ လူပေါင်း ၁သိန်းခွဲကျော်ကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့ပါတယ်။

    အရှင်ဝီရသူကို “ဘုရားသားတော်”၊ (၉၆၉) လှုပ်ရှားမှု၏ ၀ိညာဉ်ရေးခေါင်းဆောင်လို့ ခေါ်ဆိုထားတဲ့ ကြေညာချက်ထုတ်ပြန်ခဲ့တဲ့ သမ္မတဦးသိန်းစိန် ကတော့ တနင်္ဂနွေနေ့တုန်းက ၉၆၉ လှုပ်ရှားမှုကို ကောင်းချီးပေးခဲ့ပါတယ်။

    ၉၆၉ လှုပ်ရှားမှုရဲ့ သပိတ်မှောက်ဆန္ဒပြတာတွေဟာ ဘယ်လောက်ထိအရာရောက်သလဲဆိုတာ မြင်တွေ့ရတော့မှာပါ။ စစ်အုပ်ချုပ်ရေးအောက်မှာ ဆယ်စုနှစ် များစွာအထီးကျန်ခဲ့ရတဲ့ မြန်မာနိုင်ငံကို ၅၅ သန်းသောပြည်သူတွေအတွက်ရည်စူးပြီး သစ်လွင်တဲ့ လွတ်လပ်ခြင်းဆီသို့ အသွင်ပြောင်းနေတဲ့နေရာမှာ ဒီတယ် လီဖုန်းဆက်သွယ်ရေးလိုင်စင်က အရေးပါအရာရောက်တဲ့ သင်္ကေတဖြစ်လို့နေပါတယ်။

    ပါလီမန်မှာ တယ်လီဖုန်းကန်ထရိုက်ကြေညာဖို့ရက်ကို တယ်လီဖုန်းဘီလ် (bill) နဲ့ပတ်သတ်ပြီး ဥပဒေပြဌာန်းနိုင်ရန် ဆွေးနွေးမှုတွေပြီးတဲ့ အထိ နောက် ဆုတ်ဖို့ ဗုဒ္ဓဟူးနေ့မှာ ဆန္ဒမဲပေးခဲ့ကြပါသေးတယ်။ ဒါပေမယ့် အစိုးရကတော့ ကန်ထရိုက်အနိုင်ရစာရင်းကို ကြေညာခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်ကတော့ (ပါလီမန်က) မဲခွဲဆုံးဖြတ်ခွင့်ရှိသူတွေကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ရလဒ်တစ်ခုထွက်လာအောင် လုပ်ဆောင်ကြဖို့ အလိုရှိနေသလို အဲဒီရလဒ်ကလည်း တိုင်းပြည်ရဲ့ စီးပွားရေးအရ ထိန်းချုပ်မှုတွေ လျော့ပါးအောင်နဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး စတာတွေမှာ ထိရောက်အကျိုးရှိတဲ့ ရလဒ်ဖြစ်ဖို့လည်း သမ္မတက အလိုရှိနေပါတယ်။

    မြန်မာပြည်လွန်ခဲ့တဲ့သုံးနှစ် စစ်အစိုးရလက်အောက်မှာ ရှိနေစဉ်က မိုဘုန်းဖုန်းဆိုတာ ချမ်းသာသူတွေအတွက်သာ ဖြစ်ခဲ့ပါတယ်။ တယ်လီဖုန်းကန် ထရိုက် မှာတော့ လျင်မြန်တဲ့ ရလဒ်တစ်ခုဖြစ်လာဖို့ တိုက်တွန်းထားပါတယ်၊ ဥပမာ – ဒီတယ်လီဖုန်းဝန်ဆောင်မှုက တစ်နှစ်အတွင်းမှာတင် လူဦးရေရဲ့ လေးပုံဆီ ကို ရောက်ရမယ်၊ ငါးနှစ်အတွင်းမှာ လူဦးရေထက်ဝက်က ဆယ်လ်လူလာဒေတာလို့ခေါ်တဲ့ တယ်လီဖုန်းကနေ နိုင်ငံတကာကွန် ယက်ဆက်သွယ်မှုတွေ လုပ်နိုင်နေစေရမယ်၊ လူဦးရေရဲ့ လေးပုံသုံးပုံက အသံအသုံးပြုဆက်သွယ်ရေး ပြုလုပ်နိုင်ပြီးဖြစ်ရမယ်။

    ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်အရ ဒေါ်လာဘီလီယံနဲ့ချီလိုအပ်ချက်က မြန်မာအတွက် အဓိကအချက်ဖြစ်တဲ့အပေါ်မှာ အော်ရီဒိုးကုမ္ပဏီနဲ့ တယ်လီနော် ကုမ္ပဏီတို့ကတော့ ငွေကြေးပိုင်းမှာ ပြောစရာမရှိဘူးလို့ လေ့လာသူတွေက ဆိုပါတယ်။

    အော်ရီဒိုးရဲ့ ဥသျှောင် ရှိတ်ခ်အဗ္ဗဒွလ္လာဟ် ဘင် မုဟမ္မဒ် ဘင် ဆအုဒ်အလ်ဆာနီကတော့ မြန်မာပြည်သည် မိမိတို့ကုမ္ပဏီအတွက် သော့ချက်ဈေးကွက် ဆို တာ သံသယပွားစရာမလိုပါဘူးလို့ ကြာသပတေးနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

  • မြန်မာစစ်တပ်နှင့် ကေအိုင်အေတို့အကြား မေလနောက်ပိုင်း အကြိမ် ၂၀ ကျော် ထိပ်တိုက်တွေ့ခဲ့

    M-Media
    ၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၃
    သတင်းအရင်းအမြစ် – www.miamiherald.com
    15136635_0

    ပြီးခဲ့တဲ့လတွင် မြန်မာစစ်တပ်နှင့် ကချင်စစ်တပ်တို့အကြား တိုက်ခိုက်တာတွေ လျော့ချဖို့ သဘောတူညီ ချက် ရရှိခဲ့ပေမယ့် အဲဒီသဘောတူညီချက် ရရှိအပြီး နောက်ပိုင်း တိုင်းရင်းသားကချင် စစ်တပ်နဲ့ မြန်မာ စစ်တပ်တို့ အကြိမ် ၂၀ ကျော် စစ်မြေပြင်မှာ ထိပ်တိုက်ရင်ဆိုင်ခဲ့ရပါတယ်လို့ ကချင်စစ်တပ် ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ယနေ့ပြောကြားလိုက်ပါတယ်။ သူက တဆက်တည်း မြန်မာအစိုးရရဲ့ ငြိမ်း ချမ်းရေးဆောင်ရွက်ချက်ဆိုင်ရာ ကတိက၀တ်တွေကို ဝေဖန်မေးခွန်းထုတ်ခဲ့ပါသေးတယ်။

    “ဒီလိုမျိုးစကားတွေ ပြောနေယုံလောက်နဲပတော့ ယုံကြည်မှုတည်ဆောက်နိုင်မှာမဟုတ်ဘူး။ ခိုင်မာတဲ့ ကတိက၀တ်ရရှိဖို့အတွက်ဆိုရင်တော့ နိုင်ငံရေး ပိုင်းက စကားပြောဆွေးနွေးတာကသာ မလုပ်မနေဆောင်ရွက်ရမယ့် ကိစ္စဖြစ်သလို အဖြေတစ်ခုလည်းမည်ပါတယ်။” ဟု ကေအိုင်အေမှ လနန်း က အေပီသတင်းဌာနကို အီးမေးလ်ဖြင့် ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

    မြန်မာအစိုးရဘက်ကတော့ ဒါနဲ့ ပတ်သတ်ပြီး စကားမဟသေးပါဘူး။ မြန်မာပြည်ထဲမှာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေ အစဉ်အဆက်ရှိ လာခဲ့ပြီး ကေအိုင်အေကတော့ ဦးသိန်းစိန်အစိုးရနဲ့ ယနေ့ထိပြေလည်မှုမရသေးတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ မေလအတွင်းက ဦးသိန်းစိန် အစိုးရနဲ့ ကေအိုင်အေတို့အကြား သဘောတူလက်မှတ်ရေးထိုးမှုမှာ အချက် ၇ ချက် ပါဝင်ခဲ့ပါတယ်။ ကေအိုင်အေက လနန်းကတော့ ဇွန်လအတွင်းမှာ တင် စစ်တပ်နှစ်ခုအကြား ၂၁ ကြိမ်တိုင် ထိပ်တိုက်တွေ့ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

    သူက အစိုးရရဲ့ တိုက်ခိုက်တာတွေ လျော့ချဖို့ ဆောင်ရွက်ချက်က အမှန်တကယ်တော့ စစ်တပ်တွေ ထပ်အားဖြည့်ဖို့ အချိန်ယူတာပါလို့ ပြောပါတယ်။ “အစိုးရက ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကို အသုံးချပြီး နောက်ထပ်ထိုးစစ်ကို ပြင်ဆင်တာလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်” ဟု လနန်းက ပြောပါတယ်။

    ယနေ့အချိန်ထိ အစိုးရနဲ့ ကေအိုင်အေတို့အကြား ၁၅ ကြိမ်တိုင် ဆွေးနွေးညှိနှိုင်းပြီးလည်း ဖြစ်ပါတယ်။ ကချင်စစ်တပ်ဘက်ကတော့ အပြစ်အခတ်ရပ် ဆဲ ရေးထက် နိုင်ငံရေးဆိုင်ရာ နည်းလမ်းတွေနဲ့သာ ဆွေးနွေးဖို့ အလိုရှိနေပါတယ်။