News @ M-Media

Category: ကျန်းမာရေးနှင့်ဆေးပညာ

  • ဆယ်ကျော်သက်အရွယ် ဆေးလိပ်သောက်သူများ ဆေးလိပ်စွဲနိုင်ခြေ ပိုများ

    ဆယ်ကျော်သက်အရွယ် ဆေးလိပ်သောက်သူများ ဆေးလိပ်စွဲနိုင်ခြေ ပိုများ

    ဇန်န၀ါရီ ၁၊ ၂၀၁၅
    M-Media

    smoke

    – ဆယ်ကျော်သက်အရွယ် လူငယ်များ၏ ဦးနှောက်များက ဆေးလိပ်မီးညှိခြင်းကို မြင်တွေ့ရာတွင် အရွယ်ရောက်ပြီးသူများထက် မတူကွဲပြားစွာ တုန့်ပြန်တတ်သောကြောင့် ၎င်းတို့မှာ ဆေးလိပ်စွဲလန်းမှု ပိုမိုဖြစ်သည်ဟု လေ့လာမှုတစ်ရပ်က ဖော်ပြသည်။

    လူငယ်များ ဆေးလိပ်စွဲလမ်းမှုကို ပိုမိုနားလည်သိရှိစေရန် သုတေသီများမှာ ဆယ်ကျော်သက်လူငယ်များ (ဆေးလိပ်သောက်သူရော မသောက်တတ်သူများ) ကို လူလတ်ပိုင်းအရွယ်များ ဆေးလိပ်သောက်သုံးနေသည့် ဗီဒီယိုကိုအား ကြည့်ရှုစေပြီး သံလိုက်စက်ကွင်း ရိုက်ခတ်ပုံဖော်ခြင်းနည်းပညာ (MRIs) ဖြင့် စမ်းသပ်ခဲ့ကြသည်။

    စမ်းသပ်မှုတွင် သုတေသီများက ဆေးလိပ်သောက်သောလူငယ်များ၏ ဦးနှောက်အတွင်း၌ စိတ်လှုပ်ရှားခံစားမှုကိုဖြစ်စေတတ်ပြီး သာယာပျော်ရွှင်နိုင်စွမ်းရှိသည့် ဒိုပါမင်းဓာတ် အမြောက်အများ ထွက်ရှိလာကြောင်း တွေ့ရှိခဲ့ရသည်။

    “ကျွန်တော်တို့ ဒီအချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် ဆယ်ကျော်သက်လူငယ်တွေရဲ့ ဦးနှောက်ဟာ ဆေးလိပ်သောက်ခြင်းနဲ့ ပတ်သက်ပြီး သာယာပျော်ရွှင်ဖွယ် တုံ့ပြန်မှုမျိုးကို ဖြစ်ပေါ်စေတယ်လို့ ပြောလို့ရပါတယ်၊ ဒီလိုနဲ့ ဆေးလိပ်ကို စိတ်ထဲကနေ အာသာငမ်းငမ်း စွဲမက်လာစေပါတယ်” ဟု လော့အိန်ဂျလိစ် ကယ်လီဖိုးနီးယား တက္ကသိုလ်မှ တွဲဖက်သုတေသီ အက်ဒရီယာနာ ဂါလ်ဗန်က ပြောပြခဲ့သည်။

    “‘ဒိုပါမင်းဓာတ်ဟာ ဆယ်ကျော်သက်အရွယ်တွေမှာ ပိုပြီးသိသာထင်ရှား စွဲမြဲလာလေ့ရှိပြီး လူငယ်တွေရဲ့ဦးနှောက်ကို စွဲလမ်းခံ ပစ္စည်းတွေအပေါ် ဖယ်ရှားလို့မရနိုင်တော့အောင် သာယာငြိမ့်ညောင်းမှုတွေကို ဖြစ်ပေါ်စေလာပါတယ်” ဟု ဂါလ်ဗန်က ထည့်သွင်းပြောကြားခဲ့သည်။

    သုတေသီများက ဆေးလိပ်သောက်တတ်သူများနှင့် ဆေးလိပ်မသောက်တတ်သူ ဆယ်ကျော်သက်လူငယ်များကို ဆေးလိပ်သောက်ပြနေသည့် ဗီဒီယိုကို ကြည့်ရှုစေပြီး MRIs နည်းဖြင့် စမ်းသပ်ပြီးနောက် ပါဝင်သူလူငယ်များအား ဆေးလိပ်သောက်ချင်စိတ် ဖြစ် မဖြစ် မေးမြန်းကြည့်ရာတွင် ဆေးလိပ်သောက်တတ်သည့် လူငယ်များကသာ ဦးနှောက်ထဲရှိ ကြည်နူးသာယာစိတ်ဖြစ်ပေါ်လာပြီး ဆေးလိပ်သောက်ချင်စိတ်ဖြစ်လာသည်ဟု ဖြေကြားခဲ့သည်။

    “အရွယ်ရောက်ပြီးသူတွေကို လေ့လာရာမှာတော့ ဆေးလိပ်သောက်နေတဲ့ လူငယ်တွေရဲ့ဗီဒီယိုဟာ တကယ့်အပြင်မှာ ဆေးလိပ်သောက်တဲ့သူတွေကို တွေ့လိုက်ရသလိုမျိုး သဘာဝအတိုင်းတုန့်ပြန်မှုသက်သက်သာ ဖြစ်ခဲ့ပါတယ်” ဟု လေ့လာမှုတွင်မပါဝင်ခဲ့သူ လဗင်သယ်က ပြောပြသည်။

    “တစ်ဆက်တည်းမှာပဲ ဆယ်ကျော်သက်လူငယ်တွေဟာ ဆေးလိပ်သောက်ခြင်းကဲ့သို့ စွဲစွဲလမ်းလမ်းအပြုအမူတွေ၊ စိတ်လှုပ်ရှားစရာတွေနဲ့ သာယာမှုရှိတဲ့ အတွေ့အကြုံအသစ်တွေကို အရွယ်ရောက်ပြီးသူတွေထက် ပိုမိုစိတ်ဝင်တစား ရှာဖွေလာလေ့ရှိပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    အဆိုပါလေ့လာမှုသည် အတိအကျ အခိုင်အမာပြောဆိုနိုင်မည်မဟုတ်သော်လည်း အလွန်တန်ဖိုးရှိသော အချက်အလက်များ ဟု လေ့လာမှုတွင်မပါဝင်ခဲ့သော ဒေါက်တာ နန်စီ ရီဂွတ်တီက ပြောကြားခဲ့သည်။

    Ref; channelnewsasia

  • ဂီနီတွင် အီဘိုလာကင်းစင်ကြောင်း ကြေငြာ

    ဂီနီတွင် အီဘိုလာကင်းစင်ကြောင်း ကြေငြာ

    ဒီဇင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    guinei

    – အီဘိုလာရောဂါ ကူးစက်ပြန့်ပွားခဲ့ရာ အာဖရိကအနောက်ပိုင်း နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သော ဂီနီနိုင်ငံမှာ အီဘိုလာကင်းစင်ကြောင်း ယနေ့တွင် အာဏာပိုင်များက ကြေငြာခဲ့သည်ဟု သိရသည်။

    မြို့တော် ကိုနာကရီတွင်ပြုလုပ်သည့် အဆိုပါကြေငြာမှုတွင် ကုလမှ တာဝန်ရှိသူများလည်း ပါဝင်ခဲ့ပြီး ပြည်သူများက ၀မ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြသည်။ မနက်ဖြန်တွင်မူ အီဘိုလာတွင် အကူအညီများ ပေးအပ်ခဲ့သည့် အလှူရှင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်တူ အီဘိုလာကင်းစင်သည့် အထိမ်းအမှတ်အခမ်းအနားကို ကျင်းပပြုလုပ်မည်ဖြစ်သည်။

    အီဘိုလာကြောင့် ဂီနီနိုင်ငံတွင် လူပေါင်း ၂၅၀၀ကျော် သေဆုံးခဲ့ပြီး ထိုအထဲတွင် ကျန်းမာရေ၀န်ထမ်း ၁၁၅ ဦးပါဝင်သည်။ အထိမ်းအမှတ်အခမ်းအနားတွင် အဆိုပါ ကျန်းမာရေးဝန်ထမ်းများအတွက် ဂုဏ်ပြုမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

    အီဘိုလာမှာ ဂီနီ၊ ဆီရာလီယိုနှင့် လိုက်ဘေးရီးယားတို့တွင် အများဆုံးဖြစ်ပွားခဲ့ပြီး ဆီရာလီယိုနီနိုင်ငံမှာ နိုဝင်ဘာလအတွင်းက အီဘိုလာကင်းစင်ကြောင်း ကြေငြာနိုင်ခဲ့သည်။ ထို့ကြောင့် လိုက်ဘေးရီးယားတစ်နိုင်ငံတွင်သာ အီဘိုလာဗိုင်းရပ်စ် ကျန်ရှိတော့သည်။

    Ref: Aljazeera

  • ဆဲလ်ဖုန်းတာဝါတိုင်မှ ရေဒီယိုလှိုင်းများနှင့် ဆီးချိုရောဂါဖြစ်ပွားမှု ဆက်စပ်နေ

    ဆဲလ်ဖုန်းတာဝါတိုင်မှ ရေဒီယိုလှိုင်းများနှင့် ဆီးချိုရောဂါဖြစ်ပွားမှု ဆက်စပ်နေ

    ဒီဇင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    tower

    – ဖုန်းတာဝါတိုင်များကို သိပ်သည်းနီးကပ်စွာနှင့် စနစ်မကျစွာ စိုက်ထူခြင်းမှ ထုတ်လွှင့်သော ရေဒီယိုလှိုင်းများသည် ကျန်းမာရေးဆိုင်ရာ အန္တရာယ်ဖြစ်နိုင်သည်ဟု ဆော်ဒီရှိ လေ့လာမှုတစ်ရပ်က ဆိုသည်။

    မကြာသေးမီက ပြုလုပ်ခဲ့သော အဆိုပါလေ့လာမှုတွင် ပါမောက္ခ ဆူလ်တန်အယူဘ် မီယိုက ဖုန်းတာဝါတိုင်များမှ ရေဒီယိုထုတ်လွှင့်မှုများကြောင့် ဆီးချိုရောဂါဖြစ်ပေါ်နိုင်ကြောင်း ပထမဆုံး သက်သေပြနိုင်ခဲ့ပြီး ၎င်း၏ တွေ့ရှိမှုကို ဆွစ်ဇာလန် နိုင်ငံမှ ထုတ်ဝေသော နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် သုတေသနနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဂျာနယ်တွင် ဖော်ပြခဲ့သည်။

    “ရေဒီယိုလှိုင်းနဲ့ ဆီးချိုအမျိုးအစား (၂) ရောဂါကြား ဆက်စပ်မှုရှိတာနဲ့ပက်သက်လို့ ကမ္ဘာလုံးဆိုင်ရာ သိပ္ပံသင်ရိုးညွှန်းတမ်းတွေမှာ ထည့်သွင်းသင်ကြားရတော့မှာ ဖြစ်ပါတယ်’ ဟု ဆူလ်တန်က ၎င်း၏ ဖော်ပြမှုတွင် ရေးသားထားသည်။

    ဤလေ့လာမှုသည် ရေဒီယိုကြိမ်နှုန်း လျှပ်စစ်သံလိုက်လှိုင်း၏ သွေးနီဥအပေါ် အကျိုးသက်ရောက်မှုကို အခြေခံလေ့လာခဲ့ခြင်း ဖြစ်သည်။ ဆူလ်တန်၏ လေ့လာမှုအသစ်သည် ဆော်ဒီနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများရှိ ဆဲလ်ဖုန်းတာဝါတိုင်များကို မေးခွန်းထုတ်စရာများ ဖြစ်လာခဲ့သည်။

    ဆူလ်တန်ကမူ ကမ္ဘာပေါ်တွင် မိုဘိုင်းဖုန်းသုံးစွဲမှုမှာ ယခုနောက်ပိုင်းတွင် ပိုမိုများပြားလာပြီး ကမ္ဘာတစ်ဝှမ်း ကိုင်ဆောင်သုံးစွဲသည့် မိုဘိုင်းဖုန်းအလုံးရေမှာ ၇.၃ ဘီလီယံရှိနေကာ ကမ္ဘာ့လူဦးရေထက်ပင် ပိုမိုများပြားနေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “မိုဘိုင်းဖုန်းတွေနဲ့ တာဝါတိုင်တွေကထုတ်တဲ့ ရေဒီယိုလှိုင်းတွေဟာ 400 MHz နဲ့ 3 GHz အကြား ရှိပါတယ်”

    ၎င်းက ထပ်မံ၍ တာဝါတိုင်များမှထုတ်လွှတ်သော ရေဒီယိုလှိုင်းများမှာ ခေါင်းကိုက်ရောဂါ၊ စိတ်ကျရောဂါ၊ သွေးတိုးရောဂါနှင့် အိပ်စက်မှုကစဥ့်ကလျားဖြစ်မှုများ အပါအ၀င် အာရုံကြောရောဂါ၊ နှလုံးသွေးကြောရာဂါ၊ မျိုးပွားစနစ်ရောဂါများ ဖြစ်ပေါ်နိုင်သည်ဟု ဆိုသည်။

    ကမ္ဘာတစ်ဝန်းတွင် ဆီးချိုဝေဒနာခံစားနေရသူ ၃၈၂ သန်းခန့်ရှိပြီး ဤကိန်းဂဏန်းသည် ၂၀၃၅ ခုနှစ်တွင် ၅၉၂ သန်းအထိ ရောက်ရှိသွားနိုင်သည်ဟု ခန့်မှန်းထားကြောင်း နိုင်ငံတကာ ဆီးချိုကာကွယ်ရေးအသင်းချုပ်၏ အချက်အလက်များအရ သိရသည်။

    သုတေသနအသစ်တစ်ရပ်တွင် ရေဒီယိုတာဝါတိုင်များနှင့် ဆီးချိုရောဂါအကြားဆက်နွယ်မှုကို ရှာဖွေရန် ဆူလ်တန်နှင့် လုပ်ဖော်ကိုင်ဖက်များမှာ ရီယဒ်ရှိ အခြေခံကျောင်း ၂ ကျောင်းကို ရွေးချယ်ခဲ့သည်။ ကျောင်း ၂ ကျောင်းပေါင်းမှ ကျောင်းသား ၁၅၉ ယောက်ကို ရွေးချယ်ခဲ့ပြီး သွေးနမူနာများ တောင်းကာ HbA1c ကို ဓာတ်ခွဲစမ်းသပ်ခဲ့ရာတွင် ရေဒီယိုလှိုင်းအများဆုံးထိတွေ့ခံရသည့် ကျောင်းသားများသည် ရေဒီယိုလှိုင်းထိတွေ့မှုနည်းသည့် ကျောင်းသားများထက် HbA1c ပမာဏပိုများနေကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    Ref: Arabnews

  • တောင်ကိုရီးယားတွင် ကင်ဆာပျောက်ကင်းမှုနှုန်း ၇၀ ရာခိုင်နှုန်းအထိရှိလာ

    တောင်ကိုရီးယားတွင် ကင်ဆာပျောက်ကင်းမှုနှုန်း ၇၀ ရာခိုင်နှုန်းအထိရှိလာ

    ဒီဇင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    south

    – ဆေးသိပ္ပံဆိုင်ရာ တိုးတက်မှုများနှင့် ရောဂါစမ်းသပ်ရှာဖွေရေးစနစ် မြင့်မားလာခြင်းတို့ကြောင့် တောင်ကိုးရီးယား၌ ကင်ဆာရောဂါသည် သုံးယောက်တွင် နှစ်ယောက်မှာ အပြည့်အ၀ ပြန်လည်ကောင်းမွန်လာသည်ဟု တောင်ကိုရီးယားအစိုးရက ယခုသီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

    ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၉ မှ ၂၀၁၃ ခုနှစ် ၅ နှစ်တာကာလအတွင်း ကင်ဆာဝေဒနာရှင်များ အသက်ရှင်နှုန်းမှာ ၆၉.၄ ရာခိုင်နှုန်းထိ ရောက်ရှိလာသည်ဟုလည်း ဆိုသည်။

    ထိုကဲ့သို့ အသက်ရှင်မှုရာခိုင်နှုန်း မြင့်မားလာခြင်းမှာ ဆေးသိပ္ပံဆိုင်ရာ တိုးတက်မှု၊ ပုံမှန်ဆေးစစ်ခြင်းဖြင့် စောစီးစွာ ရောဂါရှာဖွေတွေ့ရှိမှုတို့ကြောင့် ဖြစ်ပြီး ကျန်းမာစွာနေထိုင်တတ်မှု၏ အကျိုးကျေးဇူးလည်း ပါဝင်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ တောင်ကိုးရီယားတွင် အမျိုးသားများ ဆေးလိပ်ဖြတ်သူအရေအတွက် တိုးပွားလာခြင်းကြောင့် အသက်ရှင်မှုရာခိုင်နှုန်း များပြားလာခြင်းလည်း ဖြစ်သည်။

    ကင်ဆာရောဂါ အရှင်းပျောက်ကင်းမှုတွင် အများစုမှာ လည်ပင်းကင်ဆာဖြစ်ပြီး ၁၀၀.၂ ရာခိုင်နှုန်းရှိကာ ကင်ဆာမရှိသူများထက်ပင် အသက်ရှင်မှုနှုန်း ကျော်လွန်နေသည်ကို ဖော်ပြနေသည်။

    ဝှေးစေ့ကင်ဆာနှင့် ရင်သားကင်ဆာ ခံစားနေသူ ၉၀ ရာခိုင်နှုန်းကျော်သည် ငါးနှစ်အကြာကုသမှုအပြီးတွင် လုံးဝပျောက်ကင်းသွားခဲ့သည်။ အူမကြီးကင်ဆာနှင့် အစာအိမ်ကင်ဆာသမား ၇၀ ရာခိုင်နှုန်းကျော်မှာနာတာရှည် ကုသနေစရာ မလိုတော့ပေ။

    သို့သော်လည်း ပန်ကရိယကင်ဆာ၊ အဆုတ်ကင်ဆာ၊ အသည်းကင်ဆာ ဖြစ်နေသူများ၏ အသက်ရှင်မှုနှုန်းသည် ၉.၄ ရာခိုင်နှုန်း၊ ၂၃.၅ ရာခိုင်နှုန်းနှင့် ၃၁.၄ ရာခိုင်နှုန်းသာ ရှိကြပြီး ပျောက်ကင်းမှုနှုန်း နည်းပါးနေဆဲဖြစ်သည်။ တောင်ကိုရီးယားတွင် ကင်ဆာဖြစ်ပွားသူနှုန်းထားမှာ ၂၀၁၂ ခုနှစ်တွင် လူတစ်သိန်း၌ ကင်ဆာဖြစ်ပွားသူအရေအတွက် ၃၂၂.၃ ဦး ရှိခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် ၃၁၁.၆ ထိ လျော့ကျခဲ့သည်။

    Ref: Xinhua

  • ညဆိုင်းလုပ်သူများ ကားမတော်တဆဖြစ်နိုင်ခြေ အလွန်မြင့်မား

    ညဆိုင်းလုပ်သူများ ကားမတော်တဆဖြစ်နိုင်ခြေ အလွန်မြင့်မား

    ဒီဇင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    car

    – ညဆိုင်းအလုပ်လုပ်ခြင်းမှာ ကျန်းမာရေး ထိခိုက်ရုံသာမကဘဲ အလုပ်အပြီး ကားမောင်း၍ အိမ်ပြန်သည့်အခါတွင်လည်း ကားမတော်တဆဖြစ်နိုင်သည့်အန္တရာယ်မှာ သိသာစွာ မြင့်မားလာနေသည်ဟု အမေရိကန်မှ လေ့လလာမှုတစ်ရပ်အရ သိရသည်။

    အဆိုပါလေ့လာမှုတွင် ညဆိုင်းအလုပ်သမား ၁၆ ဦးကို ကားမောင်းကွင်းတွင် နှစ်နာရီကြာကားမောင်းခြင်းကို နှစ်ကြိမ်ပြုလုပ်စေသည်။ ပထမတစ်ကြိမ်မပြုလုပ်မီတွင် အရင်တစ်ညကို အလုပ်မဆင်းစေဘဲ ၇ နာရီခွဲကြာ အိပ်စက်စေသည်။ နောက်တစ်ကြိမ် မပြုလုပ်ခင်တွင် ထိုသူများကိုပင် ညဆိုင်းအလုပ်ဆင်းစေ၍ စမ်းသပ်ခဲ့သည်။

    စမ်းသပ်မှုရလဒ်တွင် ပါဝင်သူ ၁၆ ယောက်အနက် ညဘက်အလုပ်လုပ်ခဲ့သည့် ၆ ယောက်သည် တစ်ကြိမ်ထက်ပိုသည့် ကားတိုက်မှုများ ဖြစ်ပွားခဲ့ပြီး ညဘက်မလုပ်ဘဲ အိပ်စက်ခဲ့သည့် ၇ ယောက်ကမူ လုံခြုံဘေးကင်းစွာ ကားမောင်းပြနိုင်ခဲ့သည်။

    “အင်မတန်ကျွမ်းကျင်တဲ့ ညဆိုင်းအလုပ်သမား ယာဉ်မောင်းတွေတောင် အိပ်ရေးမ၀ရင် ဖြစ်တတ်တဲ့အားနည်းချက် ရှိပါတယ်၊ ပြီးတော့ ဒါက သွေးထဲ အလ်ကိုဟောပမာဏများလာတဲ့အခါ ဖြစ်တတ်တာမျိုးနဲ့လည်းတူပါတယ်” ဟု စမ်းသပ်မှုရလဒ်အား ရေးသားဖော်ပြခဲ့သူ မိုက်ကယ်လီက ပြောကြားခဲ့သည်။

    အမေရိကန်နိုင်ငံသား ၉ သန်းခွဲ သို့မဟုတ် အလုပ်လုပ်သူ ၁၅ ရာခိုင်နှုန်းခန့်သည် ညဘက် လုပ်ကိုင်ရလေ့ရှိပြီး အိပ်ရေးပျက်ကာ ကားမောင်းခြင်းကြောင့် ကားတိုက်မှုများဖြစ်ပွားပြီး ဆေးရုံးရောက်ခြင်း၊ သေဆုံးခြင်းများ ဖြစ်ပေါ်နေသည်ဟု မှတ်တမ်းများက ဆိုသည်။

    Ref: Xinhua-