News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • ထိုင်ကြည့် ရပ်ကြည့်နေတတ်တဲ့ ကြားလူတွေကိုသာ ကြောက်ပါ။ (Quote)

    ဧပြီ ၅၊ ၂၀၁၄
    M-Media
    ပျံလွှား

    quote-fear-not-your-enemies-for-they-can-only-kill-you-fear-not-your-friends-for-they-can-only-betray-edward-yashinsky-279834 copy

    “ရန်သူတွေကို မကြောက်ပါနဲ့၊သူတို့က (အလွန်ဆုံး) အသင့်ကိုသတ်ရုံပါပဲ။

    မိတ်ဆွေတွေကို မကြောက်ပါနဲ့၊သူတို့တွေက (အဆုံးစွန်ဆုံး)  အသင့်ကို သစ္စာဖောက်ရုံပါပဲ။

    ထိုင်ကြည့် ရပ်ကြည့်နေတတ်တဲ့ ကြားလူတွေကိုသာ ကြောက်ပါ။

    ဘာလို့လဲဆိုတော့ သူတို့တွေက လူသတ်သမားတွေနဲ့ သစ္စာဖောက်တွေကို

    ကမ္ဘာမြေပေါ်မှာလုံခြုံစွာ သွားလာစေပြီး ကျူးလွန်ခွင့် ပေးလို့ပဲ”

    Fear not your enemies, for they can only kill you.

    Fear not your friends, for they can only betray you.

    Fear only the indifferent, who permit the killers and betrayers to walk safely on the earth.

    Edward Yashinsky

  • အနာဂတ် ကလေးငယ်များ အရေး နိုင်ငံတော် အဆင့်ဆွေးနွေးပွဲ ဘာသာပေါင်းစုံအဖွဲ့ ကြေညာချက်

    ဧပြီ ၄၊ ၂၀၁၄
    M-Media
    လမင်း
    ရန်ကုန်။ ၂၀၁၄ ခုနှစ် ဧပြီလ ၃ ရက်။ ကလေးသူငယ်အခွင့်အရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် လူမျိုးရေး ဘာသာရေးမတူညီကွဲပြားမှုအပေါ် အပြန်အလှန်တန်ဖိုးထားလေးစား သည်းခံခွင့်လွှတ်သည့် အဖွဲ့အစည်း တစ်ရပ် ထူထောင်နိုင်ရန် အတွက် မြန်မာနိုင်ငံရှိ အဓိက ဘာသာရေးကြီးလေးဖွဲ့ဖြစ်သော ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ဟိန္ဒူ၊ ခရစ်ယန်ဘာသာများမှ ဘာသာရေး ခေါင်းဆောင်များသည် ၎င်းတို့၏ ရှင်းလင်းပြတ်သားသည့် တာဝန်ယူကတိပေးမှုကို ထုတ်ဖော်ပြောကြားရန် ဧပြီလ ၂-၃ ရက်နေ့တွင် ရန်ကုန်မြို့၌တွေ့ဆုံဆွေးနွေးခဲ့သည်။

    အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ဘာသာအပေါင်းစုံမှ ခေါင်းဆောင်းများ ပူးတွဲကြေညာချက် တစ်စောင်ထုတ်ပြန်ကြေညာ ခဲ့ပါသည်။

    ကြေညာချက် အပြည့်အစုံ PDF ဖြင့်ဖတ်ရန် =>http://goo.gl/yanLnL

    မြန်မာနိုင်ငံ ဘာသာပေါင်းစုံ အဖွဲ့ နှင့် ယူနီဆက် တို့၏ ပူးတွဲကြေညာချက် ကြေညာချက်ဖတ်လိုလျှင် =>http://goo.gl/8Yv7EN

    ဓါတ်ပုံများ FB တွင် ကြည့်ရန် =>http://goo.gl/KqOv54

    Microsoft Word - Myanmar Interfaith Declaration_Myanmar_02042014 Microsoft Word - Myanmar Interfaith Declaration_Myanmar_02042014 Microsoft Word - Myanmar Interfaith Declaration_Myanmar_02042014 Microsoft Word - Myanmar Interfaith Declaration_Myanmar_02042014 Microsoft Word - Myanmar Interfaith Declaration_Myanmar_02042014

     

  • ကယ်ဆယ်ရေး လုပ်သားများ ထွက်ခွာပြီးနောက် လူသားချင်းစာနာမှု အကူအညီ ပျက်သုဉ်း

    ဧပြီ ၃၊ ၂၀၁၄
    M-Media
    ဘာသာပြန်ဆိုသူ- O’Laie Manzu

    ရခိုင်ပြည်မြောက်ပိုင်းက ရိုဟင်ဂျာ ဒုက္ခသည်တွေကိုထားရှိရာ စခန်းတွေမှာ နာရီနဲ့အမျှ စာနပ်ရိက္ခာတွေလျော့ပါးလာပြီး ကုန်ဈေးနှုန်းတွေ တဟုန်ထိုး တက်လာတာကြောင့် စခန်းတွင်းနေထိုင်သူ ကိုလှမောင် က အစားအသောက်ရရှိရေးအတွက် ဘေးပတ်ဝန်းကျင်ရွာက မိတ်ဆွေဆီမှာ အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်ရပါတယ်။

    A family stand at the entrance of their temporary shelter as the government embarks on a national census at a Rohingya refugee camp in Sittwe
    REUTERS/Soe Zeya Tun

    စနေနေ့မနက်လောက်မှာ ဆန်တစ်အိတ် ကျပ် တစ်သောင်းခွဲ (၁၅ ဒေါ်လာ)ရှိပေမယ် နေ့တွင်းချင်း ကျပ် နှစ်သောင်းခွဲအထိ ထိုးတက်ခဲ့တယ်လို့ မိတ်ဆွေအိမ် သွားရင်း လမ်းမှာပြောပြခဲ့ပါတယ်။ သူ့မိတ်ဆွေကတော့ ဘင်္ဂလားပင်လယ်အော်ရှိ အနောက်ပိုင်းရခိုင်ပြည်နယ်မှာမကြာခဏ ဘာသာရေးအသွင်ဆောင် အကြမ်းဖက်မှုတွေဖြစ်နေတဲ့ကြားက အိုးအိမ်မပျောက်၊ လှေမဆုံးဘဲ ကံကောင်းလှတဲ့ ရိုဟင်ဂျာတစ်ဦးလို့ပြောလို့ရပါလိမ့်မယ်။

    ပြည်နယ်မြို့တော် စစ်တွေမြို့မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် လူသားချင်းစာနာထောက်ထားတဲ့ အထောက်အကူပြုလုပ်သားတွေကို ဖယ်ရှားလိုက်တဲ့အတွက် ကိုလှမောင်နဲ့ ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေဟာ အစာရေစာတွေအတွက် ပိုမိုစိုးရွားတဲ့ အခြေအနေတွေကို ရင်ဆိုင်နိုင်ဖွယ်ရှိတယ်လို့ဆိုရပါမယ်။ ပြန်လည်နေရာချထားရေးစခန်းက ဒုက္ခသည် အနည်းဆုံး နှစ်သောင်းလောက်အတွက်ကတော့ ဆယ်ရက်အတွင်း သောက်သုံးရေကုန်ခမ်းသွားမှာဖြစ်ပြီး နှစ်ပါတ်အတွင်း အစားအသောက်တွေ ပျက်တောက်သွားပါလိမ့်မယ်။ နောက်ထပ် ထောင်ပေါင်းများစွာလည်း ဒုက္ခရောက်နိုင်ချေရှိနေပါတယ်။

    ဒါကတော့ စစ်တွေ ဒေသပိုင်းမှာရှိတဲ့ အသိုင်းအဝိုင်းကို အခြေခံပြီး ရည်ညွန်းပြောဆိုတာဖြစ်လို့ အားလုံးခြုံကြည့်ရင်တော့ ကုန်စည်ခမ်းခြောက်မှုတွေကြောင့် ဒုက္ခရောက်နိုင်ခြေရှိတဲ့ ဦးရေက ပိုများပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကယ်ဆယ်ရေးအဖွဲ့တွေက စစ်တွေကို အခြေပြုပြီး ဒုက္ခသည်စခန်းက လူဦးရေ တစ်သိန်းလေးသောင်းလောက်ကို ထောက်ပံ့တဲ့အပြင် အခြားကျေးရွာတွေက လူဦးရေ လေးသောင်းခန့်ကိုလည်း ကူညီနေကြရလို့ပါဘဲ။

    Children look out from their temporary shelter as the government embarks on a national census at a Rohingya refugee camp in Sittwe
    REUTERS/Soe Zeya Tun

    ပြည်နယ်အတွင်း လူနည်းစု ရိုဟင်ဂျာမွတ်စလင်တွေက အကူအညီလက်ခံရရှိတဲ့ ဒုက္ခသည်ဦးရေများတယ်ဆိုပေမယ့် လူများစုဖြစ်တဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေလည်း လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေအပေါ်မှီခိုနေရတာတွေလည်းရှိပါတယ်။

    ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရခိုင်ဗုဒ္ဓဘာသာဝင် ၄၀၀ လောက်ဟာ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အိုးအိမ်တွေ၊ ရုံးတွေ၊ ဂိုဒေါင်တွေ၊ သယ်ယူပို့ဆောင်ရေး စက်လှေတွေကို ဖျက်ဆီးလိုက်ကြတဲ့အတွက် ကူညီစောင့်ရှောက်ရေးလုပ်ငန်းတွေ ရပ်တန့်လိုက်ရတာပါ။ လူစုခွဲဖို့အတွက်နဲ့ လူအုပ်တွေကြားက ကယ်ဆယ်ရေးလုပ်သားတွေကို ကယ်ဆယ်ဖို့အတွက် ရဲတွေက သတိပေး သေနတ်တွေ ပစ်ဖောက်ခဲ့ကြပြီး သေဆုံးမှုတွေ၊ ထိခိုက်ဒဏ်ရာရမှုတွေတော့မရှိခဲ့ပါဘူး။

    နောက်တစ်ရက်မှာတော့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ရဲတွေက သတိပေး သေနတ်တွေကြောင့် ၁၁ နှစ်အရွယ် မိန်းခလေးတစ်ဦး သေဆုံးခဲ့ပြီး ၃၉ နှစ်အရွယ်အမျိုးသမီး သေနတ်ဒဏ်ရာ ရခဲ့တယ်လို့ အစိုးရပိုင် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

    အစိုးရမဟုတ်တဲ့ အရပ်ဖက်အန်ဂျီအို အဖွဲ့အစည်းတွေမရှိတော့တဲ့အတွက် ကုလသမဂ္ဂကတော့ အစိုးရနဲ့ ညှိနှိုင်းပြီး အရေးပေါ် ကုန်စည်တွေကို ဒုက္ခသည်စခန်းတွေထဲ ပေးပို့နေပါတယ်။ ဒါကလည်း ရေတို ဖြေရှင်းချက်သာဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ Office for the Coordination of Humanitarian Affairs က ပြောရေးဆိုခွင့်ရှိသူ Pierre Peron ပြောပြပါတယ်။

    “ရေတိုနဲ့ရေရှည်မှာ အရပ်ဖက် အန်ဂျီအို အဖွဲ့ တွေအတွက် လုံခြုံစိတ်ချရတဲ့ နေရာတွေ ရှိဖို့ အရမ်းလိုအပ်ပါတယ်။” “ နိုင်ငံတကာလုပ်သားတွေနဲ့ ပြည်တွင်းဝန်ထမ်း တွေအတွက်ပါ လုံခြုံစိတ်ချရတဲ့ နေရာတွေ ဖြစ်ဖို့ အစိုးရက အာမခံဖို့လိုအပ်ပါတယ်။” လို့ သူက ပြောပါတယ်။

    ဇွန်လ ၂၀၁၂ ခုနှစ်ကတည်းက အကြမ်းဖက်မှုတွေကြောင့် ပြန်လည်နေရာချထားရေးစခန်းတွေထဲကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာ တစ်သိန်းလေးသောင်းကျော်လောက်ကို ဦးစားပေးကူညီတယ်လို့ စွပ်စွဲနေတဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်အသိုင်းအဝိုင်းရဲ့ မနှစ်မြိုမှုကို ကယ်ဆယ်ရေးလုပ်သားတွေ ရင်ဆိုင်နေရတာကြာပါပြီ။

    အရပ်ဖက် အန်ဂျီအို ကိုယ်စားလှယ်တွေကတော့ ရခိုင်ဗုဒ္ဓဘာသာဝင် အသိုင်းအဝိုင်းကိုလည်း ကူညီပေးပါတယ်လို့ဆိုကာ ဘက်လိုက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂရဲ့ အဆိုအရကတော့ ကယ်ဆယ်ရေးလုပ်သားတွေက ခြိမ်းခြောက်တာ၊ စော်ကားတာကို ခံကြရပါတယ်။

    A Rohingya man carrying his child looks at police and volunteer conducting a national census at a Rohingya village in Sittwe
    REUTERS/Soe Zeya Tun

    အပြည်ပြည်ဆိုင်ရာ အရပ်ဖက် အန်ဂျီအို တွေကို ပြည်နယ်ကနေ နှင်ထုတ်ပေးဖို့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေက အစိုးရဆီမှာ ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။ လက်တလောဖြစ်ပျက်ခဲ့တဲ့ အဓိကရုဏ်းကတော့ ကယ်ဆယ်ရေးအဖွဲ့အစည်းက ဝန်ထမ်းတွေကို စစ်တွေမြို့က ဖယ်ရှားအောင် ဖန်တီးလိုက်သလိုပါဘဲ။

    “သူတို့က ကျန်ရှိနေသေးတဲ့ အန်ဂျီအို လုပ်သားတွေကို စာရင်းပြုစုပြီး အပြီးရှင်းဖို့ ကြိုးစားနေတာ” လို့ အမည်မဖော်လိုသူ ကယ်ဆယ်ရေးလုပ်သားတစ်ဦးကပြောပြပါတယ်။

    စားနပ်ရိက္ခာတွေ သယ်ယူဖို့ဆောင်ပေးဖို့ တဆင့်ခံလုပ်ပေးတဲ့ ဒေသခံတွေကိုလည်း အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ အလုပ်မလုပ်ဖို့ ခြိမ်းခြောက်ထားတဲ့အတွက် လူသားချင်းစာနာထောက်ထားတဲ့ အလုပ်တွေ ဆက်လုပ်ဖို့ကတော့ တော်တော်ခက်ခဲ့ပါလိမ့်မယ်လို့ သူကပြောပါတယ်။

    “ရုံးတွေ၊ ကားတွေ၊ ယဉ်တွေ၊ ကုန်ကားတွေလည်း ကျနော်တို့ကို ဘယ်သူမှ မငှားပေးတော့ဘူး။ ကျနော်တို့ကို ဘာမှလည်း မရောင်းပေးတော့ဘူး။” လို့ သူကပြောပါတယ်။

    သန်းခေါင်စာရင်း အရှုပ်တော်ပုံ

    ဒီလို ကယ်ဆယ်ရေးလုပ်သားတွေကို ဖယ်ရှားလိုက်ချိန်ဟာ ဘာသာရေးနဲ့ လူမျိုးရေး မေးခွန်းတွေကြောင့် အငြင်းပွားမှုတွေ ပေါက်ဖွားနေတဲ့ သန်းခေါင်စာရင်းကောက်ဖို့ပြင်ဆင်နေတဲ့အချိန်လည်းဖြစ်ပါတယ်။ ဒါဟာ အစိုးရကိုယ်နှိုက်က ဘင်္ဂလားဒေ့ရှ်က တရားမဝင်ဘန်ဂါလီတွေလို့ စွပ်စွဲခံနေရတဲ့ သန်းချီ ရိုဟင်ဂျာတို့ရဲ့ ဇာတိမြေဖြစ်ရာ ဒီရခိုင်ပြည်နယ်မှာလည်း တင်းမာမှု ပိုမိုကြီးထွားလာစေနိုင်တဲ့ ကိစ္စလည်းဖြစ်ပါတယ်။

    “ရိုဟင်ဂျာ” ဆိုတဲ့ အမည်ဟာ သန်းခေါင်စာရင်းမှာမပါပေမယ့် “အခြား” ဆိုတာကိုရွေးချယ်ပြီး သန်းခေါင်စာရင်းလာကောက်သူကို ကိုယ့်ရဲ့ လူမျိုးရေးထည့်ပေးဖို့ ပြောလို့ရပါတယ်။ ဒါဟာ ရိုဟင်ဂျာဆိုတာကို တရားဝင်သိအမှတ်ပြုတဲ့ အနေအထားကို ရောက်သွားနိုင်တယ်လို့ ဆိုပြီး တချို့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေက သန်းခေါင်စာရင်းကို သပိတ်မှောက်ဖို့ ခြိမ်းခြောက်ကြပါတယ်။

    သန်းခေါင်စာရင်းကို ဆန့်ကျင်တဲ့ သင်္ကေတ အမှတ်အသားနေနဲ့ စစ်တွေက ရခိုင်ဗုဒ္ဓဘာသာဝင်တွေဟာ ဘာသာရေးအလံတွေကို အိမ်ရှေ့မှာ ချိတ်ဆွဲကြပါတယ်။ Malteser International ကယ်ဆယ်ရေးရုံးရှေ့မှာ ဘာသာရေးအလံ ချိတ်ဆွဲထားလို့ ဘာသာရေး သို့မဟုတ် နိုင်ငံရေး သင်္ကေတဟာအဖွဲ့အစည်းရဲ့စည်းမျဉ်းကိုချိုးဖောက်တယ်ဆိုပြီး ဖယ်ရှားလိုက်ပါတယ်။

    A Rohingya woman carries a child inside a temporary shelter as the government embarks on a national census at a Rohingya refugee camp in Sittwe
    REUTERS/Soe Zeya Tun

    ဒါကို အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်သား အမျိုးသမီးတစ်ဦးက ဘာသာရေးအလံကို မဖွယ်မရာ လုပ်တယ်ဆိုတဲ့ ကောလဟာလ ပြန့်လွင့်ခဲ့တဲ့နောက် ညနေ ၈ နာရီလောက်မှာတော့ Malteser International ရုံးရှေ့မှ လူ ၄၀၀ လောက် စုဝေးခဲ့ပြီး ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ အခြား အန်ဂျီအိုနဲ့ ယူအန်ရုံးတွေကိုလည်း ဆက်လက်တိုက်ခိုက်ခဲ့တယ်လို့ ကုလသမဂ္ဂအတွင်းပိုင်းအစီရင်ခံစာမှာဖော်ပြထားပါတယ်။

    စနေနေ့မှာတော့ အစိုးရပြောရေဆိုခွင့်ရှိသူ ဦးရဲထွဋ်က “ရိုဟင်ဂျာ” လို့ထုတ်ဖော်ရင်တော့ သန်းခေါင်းစာရင်ကောက်သူတွေက မှတ်တမ်းတင်မှမဟုတ်ဘဲ “ဘန်ဂါလီ” ဆိုမှသာ စာရင်းသွင်းမယ်လို့ သတင်းထောက်တွေကိုပြောခဲ့ပါတယ်။ ရခိုင်ပြည်နယ်က သန်းခေါင်စာရင်းကောက်သူတွေကလည်း ညွန်ကြားထားတဲ့အတိုင်းသာ လိုက်လုပ်ကြရပါတယ် လို့ Reuters သတင်းဌာနကိုပြောကြပါတယ်။

    “အားလုံးကတော့ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာပါ လို့ပြောတာဘဲ” လို့ စံပြကျေးရွာက သန်းခေါင်စာရင်းကောက်ပေးသူ ကျောင်းဆရာ ဦးစိန်ဝင်းက ပြောပါတယ်။

    “ဒီလိုဆို ကျနော်တို့လည်း ဘာမှမရေးရဘူး။ အထက်က အသိအမှတ်မပြုထားတဲ့ လူမျိုးဆိုရင် မရေးနဲ့လို့ အမိန့်ထုတ်ထားတာကို” လို့ပြောပါတယ်။

    သန်းခေါင်စာရင်းကို စီမံဆောင်ရွက်ရာမှာ ကူညီပေးတဲ့ UN Population Fund (UNFPA) ကတော့ ရိုဟင်ဂျာလို့ “ကိုယ်ပိုင်ဖော်ထုတ်ခွင့်” ကို ခွင့်မပြုတဲ့ ဆုံးဖြတ်ချက်အပေါ်မှာ စိုးရိမ်မိတယ်လို့ ထုတ်ပြန်ကြေညာချက်တစ်စောင်မှာဖော်ပြထားပါတယ်။

    “နိုင်ငံတကာသန်းခေါင်စာရင်း စံချိန်စံနှုန်းများမှလည်းကောင်း၊ လူ့အခွင့်အရေးစည်းမျဉ်းများမှ လည်းကောင်း၊ သဘောတူလက်ခံထားပြီးသော လုပ်ထုံးလုပ်နည်းများမှ လည်းကောင်း ဤသို့ ကျောခိုင်းခွဲထွက်လာမှုအပေါ် UNFPA မှ အထူးပင် စိုးရိမ်မကင်း ဖြစ်နေရပါသည်။” လို့ အင်္ဂါနေ့ထုတ် ကြေညာချက်တွေ ဖော်ပြခဲ့ပါတယ်။ အဲဒီအပြင် “လူ့အဖွဲ့အစည်းဆိုင်ရာ အကြမ်းဖက်မှုသမိုင်းကြောင်း ရှိနေသော ရခိုင်ပြည်နယ်၌ ဤလုပ်ရပ်က တင်းမာမှုများ မြှင့်တက်ကြီးထွား လာစေနိုင်ပြီး ကောက်ခံရရှိသည့် သန်းခေါင်စာရင်းအချက်အလက်များအပေါ် ယုံကြည်ထိုက်မှုတန်ဖိုး လျော့ကျလာမည်ကိုလည်း စိုးရိမ်ပါသည်။” လို့ UNFPA က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

    မှတ်ချက်။ Reuters သတင်းထောက်များပေးပို့ပြီး Jared Ferrie ရေးသားကာ Nick Macfie မှတီးဖြတ်ထားသည့် Humanitarian crisis looms in western Myanmar as foreign aid workers leave သတင်းဆောင်းပါးအား O’Laie Manzu မှ ဆီလျှော်အောင် ဘာသာပြန်ထားပါသည်။

  • ဇာတ်တိုက်ထားသည့် အင်န်ဂျီအို ဆန့်ကျင်ရေး တိုက်ခိုက်မှုများ

    ဧပြီ ၂ ၊ ၂၀၁၄
    M-Media
    ဘာသာပြန်ဆိုသူ- မင်းထွဋ်ခေါင်

    10153755_729383977081864_905730691_n

    မြန်မာနိုင်ငံအနောက်ပိုင်း စစ်တွေမြို့တွင် လွန်ခဲ့သည့်ရက်သတ္တပတ်က ကူညီကယ်ဆယ်ရေး နိုင်ငံတကာ ၀န်ထမ်းတစ်ဦးသည် ၎င်းရုံးရှေ့မှ ဗုဒ္ဓဘာသာ သာသနာ့ အလံအား ဖယ်ရှားလိုက်သည့်နောက် အစိုးရမဟုတ်သော အဖွဲ့အစည်း NGO ရုံးနှင့် ၎င်းတို့၏ လုပ်သားများကို တိုက်ခိုက်မှု တစ်ရပ် ဖြစ်ပွားခဲ့သည်။ ထိုဒေသ၌ တင်းမာမှုများက ပေါက်ကွဲလုမတတ် ဖြစ်နေသည်။

    ထိုအခြေအနေ၏နောက်ဆုံးရ သတင်းကို သိရှိနိုင်အောင် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တစ်ခု၏ အမည် မဖော်လိုသူ ထိပ်တန်းအရာရှိ တစ်ဦးနှင့် စကားစမြည်ဆိုခဲ့သည်။ ပြည်ပနှင့် ရခိုင် မဟုတ်သော ပြည်တွင်း ၀န်ထမ်းများ စစ်တွေမြို့မှ ဘေးကင်းရာသို့ ထွက်ခွာခြင်းသည် ပြဿနာအစိုင်အခဲ၏ အပေါ်ယံလွှာမျှသာ ဖြစ်ကြောင်း ရှင်းပြ၏။

    ယခုသော် နိုင်ငံတကာ အသိုင်းအ၀ိုင်းအဖို့ ရခိုင်ပြည်နယ်၌ အထောက်အပံ့ ပစ္စည်းများ ဆက်လက်ဖြန့်ဝေရန် ဖြစ်နိုင်ချေ  မရှိတော့ကြောင်း၊ ခြိမ်းခြောက်မှု (နှင့်) အစွန်အဖျားဒေသများထံဖြန့်ဝေရာ၌ အသုံးပြုသော လှေများ ယာဉ်များကို ဖျက်ဆီးမှုအားဖြင့် လုပ်ငန်းများ ဆက်လက် မလည်ပတ်နိုင်အောင် စံနစ်တကျ  ဖန်တီးခဲ့ကြောင်း သူက ဆိုသည်။

    ရိုဟင်ဂျာမွတ်စ်လင်မ် နှစ်သိန်းနီးပါး အပါအ၀င် ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတို့နေထိုင်လျက် ရှိသော ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းများသို့ ကျယ်ပြန့်စွာ အဓိကထောက်ပံ့ ကူညီနေသည်မှာ အပြည်ပြည်ဆိုင်ရာ အဖွဲ့များ ဖြစ်ကြသည်။ ထိုတိုက်ခိုက်မှုများသည် ကယ်ဆယ်ရေး ပစ္စည်းများကိုသာ အားထားနေရသော အိုးအိမ်မဲ့ အပယ်ခံ ရိုဟင်ဂျာများအား ဦးတည်တိုက်ခိုက်ရာ ပင်မခြေလှမ်းတစ်ရပ်အဖြစ် ပေါ်လွင်လျက်ရှိသည်။

    ဒေသတွင်း ကယ်ဆယ်ကူညီရေး ပစ္စည်းဖြန့်ဝေခြင်း၌ နိုင်ငံခြား လုပ်သားများက အဓိကအခန်း ကဏ္ဍတွင် ရှိနေသော်လည်း နေ့တစ်ဓူဝ ကွင်းဆင်းဆောင်ရွက်မှု အများအပြားကို ဒေသခံ မြန်မာ လုပ်သားများက ဆောင်ရွက်နေကြသည်။ ရခိုင်လူမျိုး ၀န်ထမ်းများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းတွင်  မပါဝင်ရန်၊ အခြေခံ ၀န်ဆောင်မှုများကိုလည်း ငြင်းဆိုရန် ၎င်းတို့၏ လူ့အဖွဲ့အစည်းက သတိပေးထားသည်။ ဤသည်ကို မလိုက်နာပါက အကြမ်းဖက်ခံရမည်ဟူ၍ပင် ခြိမ်းခြောက်ခံထားကြရသည်။ ထိုရခိုင်လူ့အဖွဲ့အစည်းသည် ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများနှင့် လုပ်ကိုင်နေသူတို့ကို သစ္စာဖောက်များအဖြစ် သတ်မှတ်လျက် ပြောင်ပြောင်တင်းတင်း စာရင်းထုတ်ပြန်ထားသည် အထိပင်။ အင်န်ဂျီအိုရုံးများအား တိုက်ခိုက်မှုတို့မှာ ထွက်ပေါ်ခဲ့သည့် သတင်းများထက်ပင် ပြင်းထန်ခဲ့သည်။

    အနုစိပ်ကြိုတင်ကြံစည်ထားသည့် တိုက်ခိုက်မှုဖြစ်ကြောင်း သုံးသပ်ချက်များ ရှိနေကြသည်။ ထိုဖြစ်စဉ်အတွင်း ပိုင်ဆိုင်မှု(နေရာ) ၃၀ ထက်မနည်း တိုက်ခိုက်ခံခဲ့ရရာ လူ့အသိုင်းအ၀ိုင်းနှစ်ရပ် စလုံးအတွက် စီစဉ်ပေးနေသော ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ ရိက္ခာ သိုလှောင်ရုံသည်လည်း အဖျက်ဆီးခံ သိုလှောင်ရုံ ၇ ခုအနက် အပါအ၀င် ဖြစ်သည်။

    မြန်မာအစိုးရ၏ တုန့်ပြန်မှုမှာ စစ်တွေသို့ စစ်တပ်ကိုစေလွှတ်ပြီး ထိန်းချုပ်စေသည့် လှုပ်ရှားမှုသာ ဖြစ်၏၊ ကူညီကယ်ဆယ်ဖြန့်ချိရေး လုပ်ငန်းကို ပြန်လည်သက်ဝင်လာအောင် မည်သည်ကိုမျှ ဆောင်ရွက်ပေးခြင်း မရှိချေ။

    မြန်မာနိုင်ငံအနောက်ပိုင်းဒေသ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဖြတ်တောက်ခံရခြင်း၏ နောက်ကွယ်၌ရှိ သူများသည် လုပ်သားများနှင့် ပစ္စည်းပစ္စယများကိုသာ ပစ်မှတ်ထားခြင်းမဟုတ်၊ ကူညီဖြန့်ချိရေး လမ်းကြောင်းများကိုပါ ဖျက်ဆီးပစ်လိုက်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ မိုးရာသီဝင်ရောက်သည်နှင့် ဒုက္ခသည်စခန်း များစွာသို့ အရောက်သွားနိုင်သည့် (တစ်ခုတည်းသော နည်းလမ်း)လှေငယ်များအား ပစ်မှတ်ထားခဲ့ခြင်းက ဤသည်ကို လွယ်လင့်တကူ သိနားလည်နိုင်ပေသည်။

    လက်တစ်ဆုပ်စာမျှ ကုလ ၀န်ထမ်းများသာ မြို့ပေါ်၌ တင်းကြပ်သောလုံခြုံရေးဖြင့် ထားရှိခံရသည်။ မြန်မာအစိုးရ၏ တုန့်ပြန်မှုမှာ စစ်တွေသို့ စစ်တပ်ကိုစေလွှတ်ပြီး ထိန်းချုပ်စေသည့် လှုပ်ရှားမှုသာ ဖြစ်၏၊ ကူညီကယ်ဆယ်ဖြန့်ချိရေး လုပ်ငန်းကို ပြန်လည်သက်ဝင်လာအောင် မည်သည်ကိုမျှ ဆောင်ရွက်ပေးခြင်း မရှိချေ။

    ယင်းဖြစ်စဉ်သည် အကြမ်းဖက်မှုဖြစ်ကြောင်း အလွန်ရှင်းလင်း ထင်ရှားသည့် အကြောင်းတစ်ရပ်လည်း ရှိနေပါသည်။ နိုင်ငံခြားသူဝန်ထမ်းတစ်ဦးသည် ရုံးပြင်ဖက်မှ ဗုဒ္ဓဘာသာသာသနာ့အလံအား ဖယ်ရှားပြီး နေရာတကျ ပြန် မထားမီ ၅ မိနစ်အတွင်း ဖြစ်ပွားသွားခြင်းဖြစ်သည်။ အလံကိုင်ပြီး ကခုန်ခြင်း၊ သူမ၏ခါး၌ (မဖွယ်မရာပြု) ပတ်ထားခြင်း ဟူသော သတင်းများမှာ မမှန်ကန်ချေ။ မည်သို့ပင်ဆိုစေကာမူ သူမက အလံကို ဖယ်ရှား လိုက်သည်နှင့် ဒေါထွက်နေသည့် လူအုပ်ကြီးက ရုတ်တရက် လျင်မြန်စွာ ထွက်ပေါ်စုရုံးလာခဲ့သည်။

    ၎င်းမှာ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းများကို တစ်ချက်တည်းနှင့် ရပ်တန့် သွားအောင် ကြိုတင် ဇာတ်တိုက်ထားသော စင်တင်ပြကွက် တစ်ခုအဖြစ် ပေါ်လွင်နေပါသည်။

    လွန်ခဲ့သည့် မတ်လအစောပိုင်းက MSF (နယ်စည်းမထား ဆရာဝန်များအဖွဲ့)အား နှင်ထုတ်ကြချိန် – အစိုးရ၏ ဆုံးဖြတ်ချက်သည် ရိုဟင်ဂျာများအပေါ် လူမျိုးကြီးဝါဒဖြင့် ခွဲခြားဖယ်ကြဉ်မှု သာမက ညှင်းပန်းနှိပ်စက်ရေးနှင့်ကျ န်းမာရေး ၀န်ဆောင်ချက်ဖြတ်တောက်မှုကို အတိအကျကြံစည်တော့မည့် မဟာဗျူဟာ အစိတ်အပိုင်း တစ်ခု ဖြစ်နိုင်ကြောင်း ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုယေး ကင်တားနားမှ ပြောဆိုခဲ့သည်။ ယခုသော် အမှန်ဖြစ်ကြောင်း ဤဖြစ်စဉ်က ထုတ်ပြနေပေသည်။ ၎င်းတို့၏ ပျက်လို ဖျက်ဆီးပြုမှုချက်များမှာ ပြင်ပမှ ၀င်လာသည့် ထောက်ပံ့ကူညီမှုများအား အပြီးတိုင်ဖြတ်တောက်ရန် သီးသီးသန့်သန့် လုပ်ဆောင်ခြင်းမှ တစ်ပါး မည်သည့်အရာမျှ မဟုတ်ခဲ့သည်ကို လွယ်လင့်တကူ သုံးသပ်၍ ရနေပေသည်။

    Asian Correspondent တွင် Francis Wade  ရေးသားသည့် Full extent of anti-NGO attacks in western Burma emerging ဆောင်းပါးကို မင်းထွဋ်ခေါင် (M-Media) မှ ဆီလျောက်အောင် ဘာသာပြန်ဆိုပါသည်။