News @ M-Media

Category: ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်များ

  • နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ပထမဆင့် ဗိုလ်မှူးကြီးတင်စိုး (အထ္တုပတ္တိ)

    ဗိုလ်မှူးကြီးကို မန္တလေးမြို့၈၃-လမ်း၊ ဂုဏ်တန်ရပ်၌ အဘ ဦးမွှတ်နှင့် အမိ ဒေါ်အမာတို့မှ ၁၂၇၉ နတ်တော်လဆန်း ၉ ရက် (၂၂၊ နိုဝင်ဘာလ၊ ၁၉၁၇) နေ့တွင် ဖွားမြင်သည်။ ငယ်စဉ်က ၅-နှစ် မှ ၉-နှစ်သားအထိ တောင်ဘလူဝတ်ကျောင်းတွင် ဖွင့်လှစ်ထားသော စာသင်ကျောင်းတွင် အခြေခံဘာသာရေးနှင့် ခေတ်ပညာကို ဆည်းပူးသည်။ ပြီးမှ မန္တလေးမြို့ရှိ မွတ်စလင်ကျောင်း၊ ဗဟိုအမျိုးသား အထက်တန်းကျောင်းတို့တွင် ဆက်လက်ဆည်းပူးပြီး ၁၉၃၆-ခု မတ်လတွင် ၁၀-တန်း စာမေးပွဲကို ဖြေဆို အောင်မြင်သည်။
    ၁၉၃၉-ခုနှစ်တွင် မန္တလေး ဥပစာကောလိပ်မှ ဥပစာသိပ္ပံတန်းကို အောင်မြင်ပြီး ၁၉၄၁-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၊ ဘီအိုစီ အင်ဂျင်နီယာကောလိပ်မှ လျှပ်စစ်အင်ဂျင်နီယာပညာရှင်များအဖွဲ့၏ ဒီပလိုမာဘွဲ့ ရရှိသည်။ ၁၉၄၁-ခုနှစ် အောက်တိုဘာလ ရန်ကုန်မြို့ ကြေးနန်း ဌာတွင် အီးအက်တီ အဖြစ် အလုပ်စတင်ဝင်ရောက်သည်။ ၁၉၄၂ခုနှစ် နိုဝင်ဘာလ မှ ၁၉၄၅ ခုနှစ် မတ်လအထိ အက်စ်ဒီအီးအဖြစ် တာဝန်ထမ်းဆောင်သည်။

    ၁၉၄၂-ခုနှစ် ဒီဇင်ဘာလမှစ၍ ကြေးနန်းဌာန ၀န်ထမ်းတစ်ဦးအဖြစ် အလုပ်လုပ်ရင်း ဂျပန်တော်လှန်ရေးအတွက် မြေအောက်တော်လှန်ရေးလုပ်ငန်းးများ ဆောင်ရွက်သည်။ ၁၉၄၄ ခ၊ု အောက်တို ဘာလမှစ၍ ဗိုလ်မှူးကြီးဗထူးနှင့် ဆက်သွယ်ပြီး လှိျု့ဝှက် ၀ါယာလက်စခန်းတစ်ခုကို မန္တလေးမြို့မြောက်ဘက် ဒဟတ္ထောရွာ အရှေ့ဘက်တောထဲတွင် တာဝန်ယူ ထိန်းသိမ်းဆောင်ရွက်ပေးသည်။ ၁၉၄၅-ခု မတ်လ ၈ ရက်နေ့တွင် ဂျပန်တပ်မတော်အရာရှိတစ်ဦးအနေဖြင့် အထူးသဖြင့် ဆက်သွယ်ရေးအရာရှိတာဝန်များကို ဆောင်ရွက်ရသည်။ မြင်းခြံစခန်းတွင် မျိုးချစ်တပ်မတော်၏ တော်လှန်ရေးဗိုလ်အဖြစ် တာဝန်ယူခဲ့သည်။ တော်လှန်ရေး နောက်ပိုင်းတွင် မြန်မာပြည်လွတ်လပ်ရေးအတွက် မွတ်စလင်ထုအား စည်းရုံးရန် ပျဉ်းမနားညီလာခံ ခေါ်ဆိုခဲ့သည်။ သို့ခေါ်နိုင်ရန် အထက်ဗမာပြည် စည်းရုံးရေးအတွက် ဗိုလ်မှူးက တာဝန်ယူကြိုးပမ်းရသည်။
    ၁၉၄၆-ခု ဇန်န၀ါရီလ ၁၄ ရက် မှ ၁၉၇၂-ခု စက်တင်ဘာလ ၆၇က်နေ့အထိ မြန်မာ့တပ်မတော်တွင် ဗိုလ်မှူးအဆင့်အထိ တာဝန်အမျိုးမျိုးထမ်းဆောင်ခဲ့သည်။ အထူးသဖြင့် ဘီအီးအမ်အီး လျှပ်စစ်တပ်ဖွဲ့တွင် တာဝန်ယူခဲ့ပြီး ၁၉၅၇-ခု ဇူလိုင်လမှ ၁၉၇၀ ခု အောက်တိုဘာအထိ လျှပ်စစ်ညွှန်ကြားရေးတာဝန်ကိုပါ ထမ်းဆောင်ခဲ့သည်။

    ၁၉၆၂-ခု မတ်လ ၂ ရက်နေ့မှစ ၁၉၇၀ ပြည့်နှစ်တွင် လယ်ယာနှင့် သစ်တောဝန်ကြီးဌာနအတွင်းဝန်၊ လယ်ယာ စိုက်ပျိုးရေးဝန်ကြီးဌာနအတွင်းဝန်၊ ဗလကအဖွဲ့၏ စက်မှုပစ္စည်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စိုက်ပျိုးရေးဘဏ်ဥက္ကဋ္ဌ၊ ဆိုရှယ်လစ်စီးပွားရေး တည်ဆောက်မှု ကော်မတီ ဥက္ကဋ္ဌ ၀ါဇီလုပ်ငန်းကော်မတီဥက္ကဋ္ဌ စသော နယ်ဘက်တာဝန်အမျိုးမျိုးကိုလည်း ထမ်းဆောင်ခဲ့သည်။
    ဖော်ပြပါ စစ်ဘက်နယ်ဘက် တာဝန်များအပြင် ၁၉၆၄-ခု နှစ်မှ၁၉၇၁-ခုနှစ်အထိ လမ်းစဉ်ပါတီဌာနချူပ် တောင်သူလယ်သမားရေးရာ ဌာနကြီး၌ ရေးရာကော်မတီ လက်ထောက်အတွင်းရေးမှူး၊ ရေးရာကော်မတီ တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။ ၁၉၆၃-ခုနှစ်မှ ၁၉၇၃-ခုနှစ်အထိ ဗဟိုပြည်သူ့ တောင်သူလယ်သမားကောင်စီ၊ ဗဟိုကောင်စီဝင်အဖြစ် တာဝန်ယူခဲ့သည်။
    ၁၉၇၉-ခု စက်တင်ဘာလ ၉-ရက် နေတွင် ဟစ်ဂျရီ ၁၄၀၀ ပြည့် ကျင်း ပရေးအတွက် အဖွဲ့ ပေါင်း စုံ အစည်းဝေးတွင် ဗိုလ်မှူးကြီးသည် နာယကတစ်ဦးအဖြစ် ခေါင်းဆောင်ပါဝင်သည်။ ထို စည်းဝေးပွဲတွင် လက်ရှိ မွတ်စလင်အဖွဲ့ကြီး ၆ ဖွဲ့၊ လူသိများသော အသင်းအဖွဲ့များ၊ အမျိုးသမီးအဖွဲ့၊ အီးဒ်စွလာတ်အဖွဲ့၊ ဓမ္မဗိမာန်အပါအ၀င် အဖွဲ့၂၉ ဖွဲ့၊ ၀တ်ကျောင်း ၅၀၊ ဂျမာအတ်ခါနာ ၈ ခု၊ ပြင်ပစိတ်ဝင်စားသူ ၁၇၉ ဦးတို့ပါဝင်သော အစ္စလာမ်သာသနာ ဟစ်ဂျရီ ၁၅ရာစုကြိုဆိုရေး (အဟက) ဗဟို ကော်မတီကို ဖွဲ့စည်းရာ ဗိုလ်မှူးကို ကော်မတီဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ကြသည်။

    ၁၂၊ ၉၊ ၇၉ တွင် ကော်မတီ အသီးသီးဖွဲ့သည်။ ၂၀၊ ၁၁၊ ၇၉ နေ့တွင် ဆုတောင်းပွဲ ကျင်းပသည်။ ၃၀၊ ၁၂၊ ၇၉ နှင့် ၂၇၊ ၁၊ ၈၀ နေ့များတွင် ဟောပြောပွဲများ ကျင်းပခဲ့သည်။ စာတမ်းနှင့် ဓမ္မတေးခွေများ ထုတ်ဝေသည်။ သွေးလှူပွဲ၊ ချွေးလှူပွဲများ တခမ်းတနား ကျင်းပနိုင်ခဲ့သည်။
    ၁၉၈၀-ပြည့်နှစ် မေလ ၁၁ ရက်နေ့၊ ကျူလီယာခန်းမတွင် ကျင်း ပသော အိုလမာသာသနာ့ ပညာရှင်များများအဖွဲ့ လူထုဟောပြောပွဲတွင် ဗိုလ်မှူးကြီးက ဧည့်သည်တော်မိန့်ခွန်းပြောကြားသည်။ ၁၅-ရာစု ကြိုဆိုရေး အထိမ်းအမှတ် မိတ်ဆုံပွဲများ၊ စကားရည်သွေးပွဲများလည်း သိုက်သိုက်မြိုက်မြိုက် ကျင်းပခဲ့သည်။၁၉၈၀-ပြည့်နှစ် နိုဝင်ဘာ ၉ ရက် (၁၄၀၁ ခု မုဟရ်ရမ်လ ၁-ရက)် နေတွင် ဆရာဝန်များအသင်း ခန်း မဆောင်၌ ဟစ်ဂ်ဂျရီ ၁၅-ရာစုအကြိုအခမ်းးအနား ကျင်း ပသည။် ဗိုလ်မှူးကြီး က သဘာပတိအဖြစ် ဆောင်ရွက်သည်။ သံအမတ်ကြီး ဦးဖေခင်နှင့် ဟာဂျီမ ဒေါ်မြမြတင်တို့က နှုတ်ခွန်းဆက် စကားပြောကြားသည်။ ဗဟိုကော်မတီဝင် သီရိကိုလေးက ရတုဖြင့်လည်းကောင်း၊ သာကေတမြို့နယ် သင်တန်းသူများက အကြိုနှုတ်ခွန်းဆက်တေးဖြင့်လည်းကောင်း ဧည့်ခံတင်ဆက်သည်။ ဗိုလ်မှူးကြီး၏ ဟစ်ဂျရီ ၁၅ရာစု ကြိုဆိုရေး မိန့်ခွန်းကို မြန်မာ့အသံမှ ထုတ်လွှင့်ပေးခဲ့သည်။
    ၁၉၇၉-ခု စက်တင်ဘာ ၉ ရက်(၉-၉-၇၉) နေ့ ဆော်သြချိန်မှစ၍ ၁၉၈၀ ပြည့် ဒီဇင်ဘာ ၉ ရက် (၉၊ ၁၂၊ ၈၀) ဆုတောင်းပွဲနှင့်မိတ်ဆုံစားပွဲ ကျင်း ပကာ အဟက ကို ဖျက်သိမ်းသည်အထိ ဗိုလ်မှူးကြီးသည် စိတ်ဝင်တစား အားတက်သရော ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။
    ‘မှန်ကန်သောဦးတည်ချက် အလေးအနက်ထား၍ စုပေါင်းကြရင်း ညီညွတ်ရေး တည်ဆောက်ရန်ဖြစ်သည်’ ဟူသော ခံယူချက်ဖြင့် ဗိုလ်မှူးကြီးသည် ပါဝင်လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။’
    ဗိုလ်မှူးကြီးသည် ၁၉၈၄-ခုနှစ်၊ ဇန်န၀ါရီ ၄ ရက်နေ့တွင် နိုင်ငံတော်ကောင်စီက ချီးမြှင့်သော နိုင်ငံဂုဏ်ရည်ဘွဲ့ ပထမ အဆင့်နှင့် စစ်မှုထမ်းကောင်း တံဆိပ်ကို ရရှိသည်။ကလောင်အမည်မှ မန်းသစ္စာဖြစ်သည်။
    ၁၉၈၇  ခု သြဂုတ်လထုတ် လပြည့်ဝန်းစာစောင်တွင် မန်းသစ္စာ ကလောင်အမည်ဖြင့် ဟစ်ဂျရတ်ပြုလုပ်ရခြင်း အကြောင်းရင်းကို တင်ပြသည်။ ဆောင်းပါးတွင် အစ္စလာမ်သမိုင်းအတွက် ဟစ်ဂျရတ်ပြုလုပ်ခြင်းသည် မည်မျှအရေးကြီးသည်၊ မည်မျှတန်ဖိုးရှိသည်ကို ဆန်းစစ်ပြသည်။ အချို့ပညာရှင်တို့သည် ဟစ်ဂျရတ်၏အရေးပါပုံကို ဖုံးကွယ်ပြီးမှားယွင်းသောအယူအဆများကို ဖော်ပြနေကြသည်။ ပထမအယူအဆမှာ Flight  ထွက်ပြေးခြင်းဖြစ်ပြီး ဒုတိယအယူအဆမှာ Arbitration ကြားဝင်ဖြန်ဖြေပေးခြင်းဖြစ်သည်။ အယူအဆ ၂-ခုစလုံးမှာ အဓိပ္ပာယ်ကင်းမဲ့ပြီး အကြောင်းရင်းကို သေးသိမ်အောင်လုပ်ရာရောက်သည်။ အမှန်မှာ အဖိနှိပ်ခံဘ၀ဆိုးမှ လွတ်မြောက်ပြီး အစ္စလာမ်သာသနာကို ခိုင်မြဲစွာ တည်ထောင်နိုင်ရန် (၁) လွတ်လပ်သော အခြေခံနယ်မြေ (၂) ကိုယ်ပိုင်သဘောတရားနှင့် (၃) နိုင်ငံရေးအာဏာတည်းဟူသော မရှိမဖြစ်သည့် လိုအပ်ချက် (၃)ရပ်နှင့် ပြည့်စုံနိုင်ရန် ဟစ်ဂျရတ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု တင်ပြသည်။
    နိဂုံးတွင်-
    ‘တမန်တော်မြတ်ကြီး(ငြိမ်း)သည် မိမိဘ၀ခရီး တစ်လျှောက်လုံးတွင် အစ္စလာမ့်လမ်းညွှန်မှုကို အပြည့်အ၀ ယုံကြည်ပြီး အစ္စလာမ့်တရားတော်နှင့်အညီ ကျင့်ကြံနေထိုင်သွားခဲ့ပေသည်။ တမန်တော်မြတ်ကြီး(ငြိမ်း)၏ အီမန်တည်းဟူသောယုံကြည်ချက်ကို မည်သည့်အခြေအနေနှင့်မဆို မည်သည့်အရာကမျှ ယိမ်းယိုင်အောင်မပြုနိုင်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။ မက္ကာမြို့နှင့်တကွ ရောက်လေရာ ဒေသအသီးသီးတွင် ဆင်းရဲဒုက္ခရောက်၍သော်လည်းကောင်း၊ စည်းစိမ်ဥစ္စာ ရာထူး ဂုဏ်တို့ကြောင့်လည်းကောင်း မည်သည့်အခါမျှ မိမိအီမန်ကို အထိခိုက်မခံခဲ့ကြောင်း အစ္စလာမ့်သမိုင်းတွင် အထင်အရှားတွေ့ရှိရပါသည်’ ဟု သုံးသပ်သည်။ ပြီးမှ ဟစ်ဂျရတ်ဖြစ်စဉ်နှင့် မျက်မှောက်ဘ၀ကို ယှဉ်ပြသည်။
    မျက်မှောက်ခေတ်တွင် ကျွန်ုပ်တို့အဖို့ အရေးအကြီးဆုံးတာဝန် တစ်ခုမှာ တမန်တော်မြတ်ကြီး(ငြိမ်း)၏ထုံး နှလုံးသွင်း၍မိမိအီမာန်ကို ခိုင်မြဲစွာထိန်းသိမ်းထားနိုင်ရန်ပင်ဖြစ်သည်။ မိမိအီမာန်ကို ဘာနှင့်မျှ မရောင်းစားမိအောင် အမြဲကြိုးစားအားထုတ်နေရပေမည်။ တစ်စုံတစ်ခုကို ကြောက်၍သော် လည်းကောင်း၊ တပ်မက်၍သော်လည်းကောင်း မိမိအီမာန်ယိမ်းယိုင်မသွားအောင် ထိန်းသိမ်းထားဖို့ အလွန်အရေးကြီးပေသည်။ အီမာန်ခိုင်မြဲပြီး အကျင့်သီလကောင်းမွန်မှသာ ကျွန်ုပ်တို့ လူဖြစ်ရကျိုးနပ်ပြီး နောက်ဆုံးတွင် အောင်ပန်းဆွတ်ခူးနိုင်မည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
    ဟု သတိပေးနှိုးဆော်ထားပါသည်။ အလေးထားရမည့် သတိပေးချက်၊လက်တွေ့ကျသော နှိုးဆော်ချက်ဖြစ်ပါသည်။ မြင့်မြတ်သော စေတနာဆန္ဒ ပေါ်လွင်ပါသည်။ ဗိုလ်မှူးသည် နှိုးဆော်သည့်အတိုင်း ကိုယ်တိုင်လိုက်နာကျင့်ကြံခဲ့သူဖြစ်သည်။ မိမိ၏အီမာန်ကို အထိခိုက်မခံခဲ့၊ ကိုယ်ခံအားကောင်းသဖြင့်
    ကြံ့ကြံ့ခံနိုင်ခဲ့သည်။ တစ်နည်းအားဖြင့် အီမာန်ခိုင်မြဲပြီး လူဖြစ်ကျိုးနပ်ခဲ့သည်ဟု သိရှိရပါသည်။ အဟက ဗဟိုကော်မတီဥက္ကဋ္ဌ၊ မော်ကွန်းဝင် ဒုတိယဆင့်၊ နိုင်ငံ့ဂုဏ်ရည် ပထမဆင့်၊ စစ်မှုထမ်းကောင်းတံဆိပ် စသည့် ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ခံရသော အငြိမ်းစား ဗိုလ်မှူးကြီး တင်စိုး (ကြည်း၊ ၃၆၀၂)သည် ၁၉၉၅-ခု ဒီဇင်ဘာလ ၄ ရက်နေ့တွင် အလ္လာအရှင့် အမိန့်တော်ခံယူခဲ့ပါသည်။

    အငြိမ်စား မြန်မာစာ ပါမောက္ခ ဒေါက်တာ အောင်ဇော် ရေးသည့် တိုင်းရင်း မွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (ဒုတိယတွဲ) မှကူးယူဖော်ပြခြင်းဖြစ်ပါသည်။

  • လွေ့လွေ့ရမ်းရမ်း လှူဒါန်းသည့်ပုဂ္ဂိုလ် ဟာဂျီဦးဘအို

    ‘ကျွန်တော်မျိုးသည် ကုရုရ်အ်အာန်တ်တဖ်စ်စီရီရ် ဒေသနာကို မြန်မာဘာသာပြန်ဆိုရာ၌ စရိတ်ကြေးငွေကုန်ကျမည်ကို မထောက်၊ ခဲယဉ်းစွာ တစ်ဆင့်မှတစ်ဆင့် အခွင့်ရှိသမျှ လွှဲပြောင်း၊ ကောင်းသည်ထက်ကောင်းအောင်ရေးသားပြုပြင်  စက်တင်ပုံနှိပ်ရိုက်ရာ’ ဟု ဆုတောင်းနိဂုံးတွင် ဖော်ပြပါရှိသည့်အတိုင်း ဦးဘအိုသည် ကုရ်အာန် မြန်မာဘာသာပြန်လုပ်ငန်းကြီးကို စေတနာထက်သန်စွာ ပံ့ပိုးခဲ့သူဖြစ်သည်။ လုံ့လကြီးစွာ၊ အားသည်းစွာ နှစ်ရှည်လများ အချိန်ယူဆောင်ရွက်ခဲ့သူဖြစ်သည်။ ကုရ်အာန်မြန်မာပြန် ဂန္ထ၀င်သမိုင်းအတွက် အရေးပါလှသော ပုဂ္ဂိုလ်ကြီးဖြစ်သည် ။

    ဦးဘအိုသည် အမတ်ကြီး န၀ဗ်ရဟင်ဘခ် နှင့် ရွှေကျင်သူ ဒေါ်စာအု တတိယမြောက် သားရတနာဖြစ်သည။် ၁၂၃၄ (၁၈၇၂) ခုနှစ်တွင် တောင်မြို့၌ ဖွားမြင်သည။် သာသနာဘွဲ့ မှာ အဟမဒွလွလ္လာ ဖြစ်သည်။

    ဖခင်ကြီးသည် ၁၈၈၆ ခုနှစ်တွင် မြန်မာနိုင်ငံသို့ အပို့ခံရသည့် အိန္ဒိယနိုင်ငံ ဒေလီပြည့်ရှင် ဧကရာဇ်ဘုရင်ကြီး ဇဖရ်ရှားနှင့်အတူ ပါရှိလာသည့် အမတ်ကြီးတစ်ဦးဖြစ်သည်။ အမတ်ကြီးသည် မြန်မာနိုင်ငံ တောင်ငူမြို့တွင် အစိုးရအ၀ယ်တော်အဖြစ် အမှုထမ်းသည်။ သားသမီးများ အရွယ်ရောက်စချိန်တွင် ကွယ်လွန်ခဲ့သည်။ ဦးဘအို၏ မိခင်ကြီး ဒေါ်စာအုမှာ လည်း သားသမီးများ အသက်အတန်ရမှ ကွယ်လွန်သွားခဲ့သည်။ ဦးဘအိုသည် အင်္ဂလိပ်စကား၊ မြန်မာစကားတို့ကို ကောင်းမွန်စွာ တတ်ကျွမ်းသည်။ မူလက အစိုးရ၀န်ထမ်းလုပ်ပြီး နောက်ပိုင်းတွင် ဘုံဘေ ဘားမားသစ်ကုမ္ပဏီ၌ စာရေးအဖြစ် အမှုထမ်းသည်။ အလုပ်၌ ရိုးသား ကြိုးစားသဖြင့် သစ်တောဘက်ကိုယ်စားလှယ်နှင့် သစ်တောအ၀ယ်တော် အဖြစ် ရာထူးတိုးမြှင့် တာဝန်ပေးခြင်းခံရသည်။ ထိုအချိန်မှစပြီး ဦးဘအိုသည် တဖြည်းဖြည်း တိုးတက်ကြီးပွားချမ်းသာလာသည်။

    တောကျွဲအင်း၊ ကညွတ်ကွင်း၊ ပဲနွယ်ကုန်း၊ တောင်ငူ၊ ပျဉ်းမနား၊ အေလာ၊ တောင်တွင်းကြီးနှင့် ပခုက္ကူနယ်များ၌ လည်းကောင်း၊ အင်းစိန်နယ်၊ လှိုင်ရိုးမရှိ သစ်တောများ၌လည်းကောင်း သစ်စက်များ တည်ထောင်ခဲ့သည်။ (more…)

  • ကွန်ပျူတာတက္ကသိုလ် ပထမဦးဆုံး ပါမောက္ခချုပ် ဒေါက်တာတင်မောင်

    ကွန်ပျူတာတက္ကသိုလ် ပထမဦးဆုံး ပါမောက္ခချုပ် ဒေါက်တာတင်မောင်
    (၁ ဖေဖော်ဝါရီ ၁၉၃၄ – ၁၄ နိုဝင်ဘာ ၂၀ဝ၁)

    ၁၉၃၄ ခု ဖေဖော်ဝါရီ (၁) ရက်နေ့တွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း၊ ပုဂံဆောင်၌ ပညာရေးဝန်ကြီး ဦးကာ(ပါမောက္ခချုပ်၊ ရန်ကုန်တက္ကသိုလ်၊ ဥက္ကဌ၊ ရာထူးဝန်အဖွဲ့)၊ ဒေါ်သိန်းရင်တို့မှ ဖွားမြင်သည်။
    ၁၉၃၉ ခုSt. Philomena’s Convent E.H.S တွင် Edward Ka အမည်နှင့် ကျောင်းပညာစသင်သည်။ မန္တလေး St. Josephs Convent E.H.S တွင် ပညာဆက်သင်သည်။

    ၁၉၅၂ မှာ ၁၉၅၆ အထိ ဥပစာသိပ္ပံမှ ဒုတိယရသည်။ သင်္ချာဂုဏ်ထူးတန်းကို ထူးချွန်စွာ တက်ရောက်ခွင့်ရသည်။ ၁၉၅၆ ခု အောက်တိုဘာလတွင် လန်ဒန်တက္ကသိုလ်၌ ဂုဏ်ထူးတန်း တက်ရောက်သည်။B.Sc (Special) သင်္ချာကို ပထမတန်းဂုဏ်ထူး First Class Honours ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည်။

    ၁၉၅၇ တွင် M.Sc (Maths) သင်္ချာမဟာသိပ္ပံဘွဲ့ကို ဂုဏ်ထူးဖြင့် အောင်မြင်သည်။ အင်္ဂလန်နိုင်ငံ Cambridge Universityတွင် ပါရဂူဘွဲ့အတွက် ဆက်လက်သင်ကြားသည်။

    ၁၉၅၈ မှ ၁၉၇၆ အထိ ရန်ကုန်တက္ကသိုလ်တွင် သင်္ချာ ကထိကအဖြစ် တာဝန်ထမ်းဆောင်သည်။ ထိုတောအတွင်း ၁၉၇၀ အောက်တိုဘာလမှ ၁၉၇၅ မတ်လအထိ လန်ဒန်တက္ကသိုလ်သို့ ပါရဂူဘွဲ့အတွက် ထပ်မံသွားရောက်ခဲ့သည်။

    ၁၉၇၆ တွင် တက္ကသိုလ်များ ကွန်ပျူတာဌာန (U.C.C) သို့ ညွှန်ကြားရေးမှူးရာထူးနှင့် ရောက်ရှိတာဝန် ထမ်းဆောင်သည်။ ၁၉၈၅ အောက်တိုဘာလတွင် မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် အမှတ်(၂) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ရသည်။ သိပ္ပံနှင့် နည်းပညာရေးရာ ကော်မတီဝင်ဖြစ်သည်။

    ၁၉၈၆ တွင် ရန်ကုန်တက္ကသိုလ် ကွန်ပျူတာဌာန၊ သိပ္ပံဌာန ဌာနမှူးတာဝန်ကို (U.C.C) ညွှန်ကြားရေးမှူးရာထူးနှင့် တွဲဖက်ထမ်းဆောင်သည်။

    ၁၉၈၈ မတ်လ ၂၉ ရက်တွင် တက္ကသိုလ်များကွန်ပျူတာဌာနနှင့် ကွန်ပျူတာသိပ္ပံဌာနကို ပူးပေါင်းပြီး ကွန်ပျူတာတက္ကသိုလ်ဟူ၍ ဖွင့်လှစ်ရာ ထိုတက္ကသိုလ်၌ ဒုတိယပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်သည်။

    ၁၉၈၉ ဇန်နဝါရီ ၁၂ ရက်တွင် ကွန်ပျူတာတက္ကသိုလ်၏ ပထမဆုံး ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်သည်။

    ၁၉၉၄ ခုနှစ်တွင် ပါမောက္ခချုပ်အဖြစ်မှ အငြိမ်းစားယူခဲ့သည်။

    ၁၉၉၈ တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ အကြံပေးအရာရှိအဖြစ် ဆောင်ရွက်သည်။ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံနည်းပညာရှင်များအဖွဲ့ အမှုဆောင်ဖြစ်သည်။ ၂၀ဝ၁ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် ကွယ်လွန်ခဲ့သည်။

  • ဒေါ်နီနီအေး (ပထမဆုံး ရေခဲတောင်တက် အမျိုးသမီးအဖွဲ့ခေါင်းဆောင်)

    မြန်မာနိုင်ငံ၏ ခြေလျင်နှင့် တောင်တက်အားကစားသမိုင်းတစ်လျှောက်တွင် ပထမဆုံး ရေခဲတောင်တက်အမျိုးသမီးအဖွဲ့ခေါင်းဆောင်ဖြစ်သည့် ဆရာမဒေါ်နီနီအေးသည် မြန်မာနိုင်ငံအနောက်မြောက်ဘက်စွန်း ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အိန္ဒိယနိုင်ငံနယ်စပ်အနီးရှိ ပင်လယ်ရေ မျက်နှာပြင်အထက်ပေပေါင်း ၁၁၈၆၉ ပေမြင့်သော ဖုန်ကန်ရာဇီ ရေခဲတောင်ထိပ်သို့ ၂၀ဝ၈ ခုနှစ် ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည်။ သတ်မှတ်ရက်ထက် ၅ ရက်စော၍ တက်ရောက်ကာ စံချိန်ချိုးခဲ့သည်။

    ဖုန်ကန်ရာဇီတောင်သည် အမြဲတမ်း ရေခဲများဖုံးလွှမ်းနေသော တောင်ဖြစ်သည်။ အပူချိန် သုညဒီဂရီဆဲလ်စီးရပ်စ်အောက် အမြဲရှိနေသဖြင့် ရာသီဥတုဒဏ်ကို ပြင်းထန်စွာ ခံခဲ့ကြရသည်။ ဒေသခံလမ်းပြမပါဘဲ ယခင်လိုက်ဖူးသူ တောင်တက်အဖွဲ့ဝင်၏ အကူအညီဖြင့် တက်ရောက်ခဲ့ကြသည်။ တက္ကသိုလ်ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီးမှ လက်ရွေးစင်တောင်တက်အဖွဲ့ဝင် အမျိုးသား၊ ၂၅ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၃၄ ဦးကို ဦးဆောင်လမ်းပြပြီး တက်ခဲ့သည်။ ယခင်က မြေတိုင်းဦးစီးဌာန၏ တိုင်းတာခဲ့မှုအရ (more…)

  • ပန်းချီဆရာ၊ ကာတွန်းဆရာ၊ စာရေးဆရာကံချွန်

    ပန်းချီဆရာ၊ ကာတွန်းဆရာ၊ စာရေးဆရာကံချွန်

    ကာတွန်း ကံချွန်သည် မြန်မာနိုင်ငံရှိ မန္တလေးသား ပန်းချီဆရာ၊ ကာတွန်းဆရာ၊ စာရေးဆရာတစ်ယောက်ဖြစ်သည်။ သူသည် စာအုပ်ပေါင်း (၇၃)အုပ်၊ ဗွီဒီယို (၃)ကား၊ ကာတွန်းပေါင်း များစွာ ရေးဆွဲခဲ့သည်။

    ကံချွန်
    မွေးသက္ကရာဇ်…..၁၉၄၆ ခုနှစ် ဧပြီ ၄ ရက်
    အမည်ရင်း…….. ကံချွန်
    နိုင်ငံ…………….. မြန်မာ
    မိဘအမည်…….. ဦးဘဌေးနှင့် ဒေါ်အေးရွှင်
    ကိုးကွယ်သည့်ဘာသာ ..အစ္စလာမ် ဘာသာ
    အလုပ်အကိုင် ………….စာရေးဆရာ၊ ပန်းချီဆရာ၊ ကာတွန်းဆရာ၊
    မွေးဖွားရာဒေသ ………မန္တလေးမြို့
    ထင်ရှားကျော်ကြားမှု………..တစ်ကြောင်းဆွဲ ကာတွန်းနှင့် ဟာသစာပေ

    ငယ်ဘဝ
    ကာတွန်း ကံချွန် မှာ ၁၉၄၆ ခုနှစ် ဧပြီ (၄)ရက်နေ့၊ မန္တလေးမြို့တွင် အဘ ဦးဘဌေးနှင့် အမိဒေါ်အေးရွှင် တို့မှ မွေးဖွားခဲ့သည်။ မွေးချင်းညီအစ်ကို သုံးဦးရှိပြီး ကာတွန်း ဗိုလ်မောင်၊ ဓာတ်ပုံ လှဝင်းတို့ဖြစ်သည်။ ကာတွန်းကံချွန်တို့ ညီအစ်ကိုများသည် အစ္စလာမ် ဘာသာကို ကိုးကွယ်ကြသူများ ဖြစ်သည်။

    မန္တလေးမြို့ အမှတ်(၃)အ.ထ.ကတွင် အထက်တန်းထိ ပညာသင်ကြားခဲ့သည်။ ကာတွန်း ကံချွန်သည် ၁၉၆၃-၁၉၆၄-ခုနှစ်တွင် မန္တလေးအနုပညာကျောင်း၌ ပန်းချီသင်တန်းတက်ရောက်ခဲ့ပြီး ဆရာကြီး ဦးကံညွန့်၊ ဦးချစ်မြဲ၊ ဦးအေးကျော်တို့ထံတွင် သင်ယူခဲ့သည်။ “မိ၊ မော်၊ မေ၊ မ” ကာတွန်းများရေးဆွဲခဲ့သူ ကာတွန်းဝင်းမောင်သည် ကာတွန်းကံချွန်၏ ဆရာရင်းဖြစ်သည်။

    သူ၏ ပထမဆုံး ကာတွန်းမှာ ၁၉၆၉-ခု၊ အောက်တိုဘာလ ဟံသာဝတီ သတင်းစာတွင် ဖော်ပြခံခဲ့ရပြီး၊ ကြေးမုံ၊ ဗိုလ်တထောင်၊ လုပ်သား သတင်းစာများနှင့် ရှုထောင့် ဂျာနယ်၊ သတင်းဂျာနယ် တို့တွင် ကာတွန်းများ ရေးသားခဲ့သည်။ အလားတူ မိုးဝေ၊ ချယ်ရီ၊ ကလျာ၊ မဟေသီ စသည့်မဂ္ဂဇင်းများနှင့် မန္တလေးထုတ် ဂျာနယ်အများစုတွင်လည်း ကွယ်လွန်ချိန်အထိ ကာတွန်းများ ရေးသားခဲ့သည်။

    ပထမဆုံးဝင်ပြိုင်တဲ့ ရှုထောင့်ဂျာနယ်ကာတွန်း ပထမဆုရခဲ့သည်။ ပထမဆုံး ၀င်ပြိုင်တဲ့ ဦးဘဂျမ်းကာတွန်းဆု ပထမရခဲ့သည်။

    သူရေးသားထုတ်ဝေခဲ့ပြီးသော စာအုပ်ပေါင်း ၇၃ အုပ်ရှိပြီဖြစ်ပြီး နာမည်ကျော် စာအုပ်များထဲတွင် ခေတ်ကျောင်းသား၊ ကြားဖူးနားဝ ပုံပြင်များ၊ မန္တလေးမြို့က လူတွေအကြောင်း၊ အပျိုစင်တို့ သိသင့်သမျှ (၁) (၂) ၊ အမျိုးသားတို့ သိဖို့ မိန်းမတို့ အကြောင်း၊ စီးပွားရေး ဟာသ စသည့် စာအုပ်များမှာ လူသိများသည်။ သူ၏ ဇာတ်ကောင်များ ဖြစ်ကြသော ဘ၊ ဘွားစွာ၊ ကိုပါရာနှင့် ကျော်မင်းဟန်တို့ကိုလည်း လူသိများသည်။ ကာတွန်း ကံချွန်သည် ကာတွန်း၊ သရုပ်ဖော်ပုံ၊ ပန်းချီ တို့ ရေးဆွဲခြင်း အပြင် ဝတ္တု၊ ဆောင်းပါး၊ သရော်စာ တို့ကို ရေးသားခဲ့ပြီး ဒါရိုက်တာလည်း လုပ်ခဲ့ဖူးသည်။ မန္တလေးမြို့ဝန်းကျင်တွင် ဗွီဒီယို (၃) ကားခန့် ရိုက်ကူးခဲ့ပြီး နောက်ဆုံးရိုက်ကူးခဲ့သော လေဘာတီမမြရင် နှစ် (၁၀၀) ပြည့် အငြိမ့်ဗွီစီဒီအခွေမှာ ပရိသတ်အကြား အပျံ့အနှံ့ဆုံးဖြစ်သည်။

    * သူ၏ ပန်းချီပြပွဲတွင် ကိုယ်တိုင်ရေး ကိုယ်ရေးရာဇ၀င် ကို ဖော်ပြလိုက်ပါသည်။

    ကံချွန်ကပြောသော ကံချွန်ဆိုသည်မှာ
    ကံချွန်ဆိုတာ မြန်မာပြည်က ပန်းချီဆရာ၊ ကာတွန်းဆရာ၊ စာရေးဆရာပါ။ မန္တလေးမြို့မှာ မွေး၊ မန္တလေးမြို့မှာ ကြီး၊ မန္တလေးမြို့မှာပဲ နေပါတယ်။ လေဘာတီ မမြရင် နှစ် ၁၀၀ ပြည့် အမှတ်တရ၊ မန္တလေးအငြိမ့် အလွမ်းပြေ VCD ရိုက်ကူးခဲ့တယ်။ ၀တ္ထုတို၊ ၀တ္ထုရှည်၊ ဆောင်းပါး၊ သရော်စာ၊ ဟာသတိုများနဲ့ လူငယ် ပညာပေး အတွေးအခေါ်ဆိုင်ရာ စာပေမျိုးစုံကို ရေးသားပြုစုခဲ့ပါတယ်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများမှာ ကာတွန်း ရေးခဲ့တယ်။ ကာတွန်း ဇာတ်လမ်းရှည်တွေလည်း ရေးခဲ့တယ်။ ဂျာနယ်တွေမှာ ကွက်ဆက် ကာတွန်းနဲ့ တကွက်ချင်း ကာတွန်းတွေ ရေးခဲ့တယ်။ ပန်းချီကားများစွာ ရေးခဲ့သလို ကိုယ်ပိုင်ပန်းချီပြခန်းကို ၁၉၉၆ ခုမှာ ထူထောင်ခဲ့တယ်။ အနုပညာအလုပ်တွေ အများကြီးကို တပြိုင်တည်း လုပ်နေတာဟာ ဆရာကံချွန်ပါပဲ။ သူ့ပုံရိပ်ကို ခွဲခြားပြီး ပြောပါ့မယ်။

    ကလောင်အမည် ကံချွန်၊ အမည်ရင်း ကံချွန်။

    အဖနဲ့ အမိ ဦးဘဌေး- ဒေါ်အေးရွှင်။

    မွေးရက် ၄ ရက်၊ ဧပြီ ၁၉၄၆ ။ မွေးရာဇာတိ မန္တလေးမြို့၊ မြန်မာပြည်။

    မွေးချင်း ဘိုမောင်(ကာတွန်းဆရာ)၊ လှဝင်း(ဓာတ်ပုံဆရာ)၊ မျိုးဆက်သမီးစိန်စိန်ဦး၊ သမက် ကိုမြင့်အောင်(ထုတ်ဝေသူ)၊

    မြေး -မောင်အောင်မျိုးဦး၊ မောင်အောင်မင်းဦး၊ မနှင်းပွင့်ဖြူ
    (ရေးသူ-ကံချွန်)

    1. “လောကကြီးမှာ မကြိုးစားဘဲ အောင်မြင်တဲ့သူ မရှိဘူး။ မကြိုးစားဘဲနေရာရရင်လည်း မကြာခင် ပြန်ပျောက်သွားမှာပါပဲ။ “ကာတွန်းဆရာ“ဟာ ရည်ရွယ်ချက် ပန်းတိုင် မဟုတ်ပေမယ့် ကာတွန်းပညာဟာ ဘ၀ရဲ့ ကျေးဇူးရှင်ပါ။” (မြန်မာကာတွန်းဆရာများ-၁ စာအုပ်မှ၊ ၂၀၀၂ ခုနှစ်)

    1. “ပထမ လနည်းနည်းပဲ နေရတော့မယ်ဆိုတာ သူကိုယ်တိုင်၊ သိတော့လည်း ပျော်ပျော်ပါးပါးပဲနေတယ်၊ ဝေဒနာခံစားနေရတဲ့အပြင် စိတ်ဓာတ်ပါကျနေရင် ၂ ခါရှုံးတယ်လို့ ပြောတယ်” ဟု မန္တလေးသားကာတွန်းဆရာ တစ်ဦးဖြစ်သူ အော်ပီကျယ်က ဆိုသည်။

    * အမှတ်(၄၄)၊ (ဇ/၈)၊ လေးရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(သိုးခြံ)၊ မန္တလေးမြို့။ ဖုန်း-၀၉ ၂၀၀၁၆၄၁၊ ၀၂- ၈၁၂၆၆

    ကွယ်လွန်ခြင်း
    အသည်းကင်ဆာကို ဆေးကုသနေရသည့်ကြားက ဆရာကံချွန်သည် ၂၀၀၉-ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့မှစ၍ ယနေ့အထိ မန္တလေးမြို့ Oriental House တွင် သူ၏ ကာတွန်း ကံချွန် တစ်ကိုယ်တော်ပြပွဲ ၂၀၀၉ ပန်းချီပြပွဲကို ပြုလုပ်နေပြီး ယနေ့တွင် သူ၏ ပန်းချီပြပွဲ နောက်ဆုံးနေ့ (၂၀.၈.၀၉) ညနေ သုံးနာရီ ခွဲတွင် မန္တလေးနေအိမ်၌ ကွယ်လွန်သွားခြင်း ဖြစ်သည်။ ကံချွန်သည် ကွယ်လွန်ချိန်တွင် အသက် ၆၄ နှစ်ရှိပြီဖြစ်သည်။ အရွယ်စုံ ပရိသတ်ရှိသူ  စာရေးဆရာ၊ ပန်းချီဆရာ၊ ကာတွန်းဆရာ ဆရာကံချွန်၏ ရုပ်အလောင်းကို ၂၁ရက်နေ့၊ နေ့လည် ၁ နာရီတွင် မန္တလေးမြို့  ကြာနီကန် မွတ်စလင်မ် သုသာန်တွင် အစ္စလာမ်ဘာသာ ထုံးစံဖြင့် သင်္ဂြိုဟ်ခဲ့ပါသည်။ ကွယ်လွန်ချိန်တွင် ဇနီး၊ သမီးနှင့် မြေးသုံးဦး ကျန်ရစ်ခဲ့သည်။

    ရေးသားထုတ်ဝေခဲ့သောစာအုပ်များ
    1. ခေတ်ကျောင်းသား (၁၉၈၈-ခု)
    2. အချစ်ရွှေရတုနှင့် အခြားဝတ္တုတိုများ (၁၉၉၀-ခု)
    3. လမ်းပေါ်ကပီတိနှင့် အခြားဝတ္တုတိုများ (၁၉၉၄-ခု)
    4. ကယ်တင်ရှင်ပေါင်း သောင်းခြောက်ထောင် ၀တ္တုတို (၁၉၉၅-ခု)
    5. အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း(၁) (၁၉၉၅-ခု)
    6. အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း (၂) (၁၉၉၆-ခု)
    7. ခင်ဗျားပေါင်းတစ်ထောင် ကျွန်တော်ပေါင်းတစ်သိန်း (၁၉၉၆-ခု)
    8. ဘနှစ်ကိုယ်ခွဲ (၀တ္တုရှည်) (၁၉၉၇-ခု)
    9. တို့တော့မယ် ဆိတ်တော့မယ် (၀တ္တုရှည်) (၁၉၉၇-ခု)
    10. အပျိုစင်တို့သိသမျှ (၁) (၁၉၉၇-ခု)
    11. ကိုယ်ပိုင်ဟာသ (၁၉၉၇-ခု)
    12. ရယ်စရာ၊ ပြုံးစရာ၊ ကြည်နူးစရာ (ကံချွန်+စိန်စိန်ဦး) (၁၉၉၇-ခု)
    13. ဟာသဘဏ် ရယ်စရာပုံပြင်များ (၁၉၉၈-ခု)
    14. အပျိုစင်တို့ဖတ်ဖို့ ကာတွန်းများ (၁၉၉၈-ခု)
    15. အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း (၃) (၁၉၉၉-ခု)
    16. ဘီလျံနာ (ဟာသ၀တ္တုရှည်) (၁၉၉၉-ခု)
    17. ကြားဖူးနားဝ ဟာသပုံပြင်များ (၁) (၂၀၀၀-ခု)
    18. ကြားဖူးနားဝ ဟာသပုံပြင်များ (၂) (၂၀၀၀-ခု)
    19. လူငယ်တွေဖတ်ဖို့ ရွှေဆောင်းပါးများ (၂၀၀၀-ခု)
    20. ကံချွန့်လက်သံတညံညံ (၂၀၀၀-ခု)
    21. ပေါ့ပေါ့ပါးပါး ဟာသဝတ္ထုတိုများ (၂၀၀၁-ခု)
    22. မောင်ခေါ်ချင်ပါတယ် ကိုကိုခေါ်ချင်ပါတယ် (၀တ္တုရှည်) (၂၀၀၁-ခု)
    23. ကြားဖူးနားဝ ဟာသပုံပြင်များ (၃) (၂၀၀၂-ခု)
    24. ကြားဖူးနားဝ ဟာသပုံပြင်များ (၄) (၂၀၀၂-ခု)
    25. ပရိသတ်ကြီးခင်ဗျား (၂၀၀၂-ခု)
    26. ကံချွန်ပြောချင်တဲ့ စကား (၂၀၀၂-ခု)
    27. အမြင်လောက လောကအမြင် (၂၀၀၂-ခု)
    28. ဒိုးဒိုးဒေါက်ဒေါက် ဟာသများ (၂၀၀၂-ခု)
    29. အင်တာဖြီးနဲ့ ဆိုင်ဆိုင်မဆိုင်ဆိုင် (ဆောင်းပါး) (၂၀၀၂-ခု)
    30. ဒါကဒီလိုရှိတယ် ဟိုဟာက ဟိုလိုရှိတယ် (ဆောင်းပါး) (၂၀၀၂-ခု)
    31. ကြားဖူးနားဝ ဟာသပုံပြင်များ (၅) (၂၀၀၃-ခု)
    32. အပ်ချလောင်း (၀တ္တုရှည်) (၂၀၀၃-ခု)
    33. စီးပွားရေးဟာသ(၁) (၂၀၀၃-ခု)
    34. ဟာသလောက (၂၀၀၃-ခု)
    35. အပျိုစင်တို့ သိသင့်သမျှ (၂) (၂၀၀၃-ခု)
    36. စီးပွားရေးဟာသ(၂) (၂၀၀၄-ခု)
    37. ရယ်စရာတွေ (ဟာသ၀တ္တုတိုများ) (၂၀၀၄-ခု)
    38. လွမ်းတတ်ရင်တော့ လွမ်းချင်စရာ (၂၀၀၄-ခု)
    39. တိမ်စင်သောနေ့ နှင့် အခြားဝတ္တုတိုများ (၂၀၀၄-ခု)
    40. မန္တလေးမြို့ ကလူတွေအကြောင်း (ဆောင်းပါးများ) (၂၀၀၄-ခု)
    41. အသက်ရှည်ဆေး ဟာသများ(၁) (၂၀၀၄-ခု)
    42. ဘ၀ကို ပုံဖော်ဖို့ (၂၀၀၄-ခု)
    43. ဘ၀အတွေ့အကြုံ အတွေးအခေါ်အယူအဆ (၂၀၀၄-ခု)
    44. စီးပွားရေးဟာသ(၃) (၂၀၀၅-ခု)
    45. လူပျိုကြီးကိုဘညွန့် (ဟာသ၀တ္တုရှည်) (၂၀၀၅-ခု)
    46. အသက်ရှည်ဆေး ဟာသများ(၂) (၂၀၀၅-ခု)
    47. ဆူးလှည်းနှင့် ပွင့်ပွင့်လင်းလင်း ဆောင်းပါးများ (၂၀၀၅-ခု)
    48. အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း (၃) (၂၀၀၆-ခု)
    49. ကိုသစ္စာ မဖော့ သရော်စာဝတ္တုတိုများ (၂၀၀၆-ခု)
    50. လမ်းပေါ်က ဟာသများ (၂၀၀၆-ခု)
    51. သတင်းထောက်ကြီး ဦးလူရှုပ် (၂၀၀၆-ခု)
    52. ပန်သူလေးမို့ (၂၀၀၆-ခု)
    53. စိတ်ကြိုက်ဟာသများ (၂၀၀၆-ခု)
    54. ဖတ်စရာဟာသနှင့် အခြားရယ်စရာပြုံးစရာများ (၂၀၀၆-ခု)
    55. လူပြက် (၀တ္တုရှည်) (၂၀၀၇-ခု)
    56. ရသစုံ ဟာသ (၂၀၀၈-ခု)
    57. ရယ်ရတယ် (၂၀၀၈-ခု)
    58. နေပျော်တဲ့ဘ၀တည်ဆောက်နိုင်ရေး စာတမ်းသုံးစောင် (၂၀၀၈-ခု)
    59. ဟာသညွန့်ပေါင်း (၂၀၀၈-ခု)
    60. ငယ်မူပြန်အချစ် (၂၀၀၈-ခု)
    61. လတ်လတ်ဆတ်ဆတ် ဟာသများ (၂၀၀၈-ခု)
    62. ဟာသသောင်းပြောင်း (၂၀၀၈-ခု)
    63. အမျိုးသားတို့ သိဖို့ မိန်းမတို့အကြောင်း (၂၀၀၈-ခု)
    64. တွေးကြည့် (၂၀၀၈-ခု)
    65. စိတ်သွားတိုင်း ကိုယ်ပါတဲ့အရွယ် (၂၀၀၈-ခု)
    66. ဘောလုံးဟာသ၊ ဟာသခရီးသည် (၂၀၀၈-ခု)
    67. ဆေးခန်းထဲက ဟာသ (၂၀၀၉-ခု)
    68. ဈေးကွက်ထဲက စီးပွားရေးအယူအဆများ (၂၀၀၉-ခု)
    69. အချစ်ဟာသ (၂၀၀၉-ခု)
    70. ဟာသလက်သုပ် (၂၀၀၉-ခု)
    71. ပွမ်ပွမ်မြည်သော ဟာသများ (၂၀၀၉-ခု)
    72. အရိပ်ပြစာစုများ (၂၀၀၉-ခု)
    73. အတွေးတစ်လှမ်း (၂၀၀၉-ခု)