News @ M-Media

Category: ကဗျာ

  • အမွန္တရား ဆိုတာ (ကဗ်ာ)

    အမွန္တရား ဆိုတာ (ကဗ်ာ)

    စိန်ဌေးဟန်

    မေတ္တာတရားကို အယောင်ပြလို့မရိုးသား

    သစ္စာတရားကို အမှောင်ချဖို့ကြိုးစား

    အကွက်ချ အကောက်ကြံခြင်းကသာ

    အရှက်ရ နောက်ဆံတင်းရမှာ

    အမှန်တရားဆိုတာ ပင်ကိုယ်အားအကြီးဆုံးအရာ။

     

    အချိန်တန်တဲ့ အခါများမှာ

    ကလိမ်ကြံတဲ့ အရာများဟာ

    လက်သီး တစ်ချက်နဲ့တင်

    အသက် အပြီးထွက်ခဲ့ရင်

    အမှန်တရားဆိုတာ ပင်ကိုယ်လက်သံပြောင်တဲ့အရာ။

     

    သူ့ကို အချောင်နှိုက်သူများ အတွက်တော့

    တစ်မနက်စာ အရိုးအရွင်းပေါ့

    သူ့ကို ဗြောင်ကြိုက်သူများ အတွက်တော့

    တစ်သက်စာ မသိုးထမင်းပေါ့

    အမှန်တရားဆိုတာ တန်ဖိုး မဖြတ်နိုင်တဲ့အရာ။

     

    သူ့အလှကို မယှဉ်ပြိုင်ရဲလို့

    သူ့ဘ၀ကို အစဉ်ယိုင်လဲဖို့

    သတ်ဖြတ်ကြကာ အမြစ်မကျန် လှန်စဉ်မှာ

    မတ်တပ်ထကာ အသစ်တစ်ဖန် ပြန်ရှင်လာ

    အမှန်တရားဆိုတာ ဘယ်တော့မှ မသေတဲ့အရာ။  ။

     

  • ဝိညာဉ် သစ္စာ

    ဝိညာဉ် သစ္စာ

    Fair Judge

    တို့တိုင်း တို့ပြည် တို့မြေကြီး တွက်
    တို့ ဖေ တို့ဘိုး တို့အမျိုး တို့
    ရင်မြေ ကတုတ် ကျောတံတိုင်းလုပ်

    အသွေး အသား အသက်တို့ပေးလင့်။ တို့တိုင်းတို့ပြည်တို့မြေကြီး တွက်
    တို့ ဖေတို့ဘိုး တို့အမျိုး အမွေ
    တို့ သွေး တို့သား တို့ဝိညာဉ် ကို
    တို့ဆက်ခံသည် ရာဇဝင် တင့်။ အာဇာနည်သွေး လွတ်လပ်ရေး တွက်
    မတုန် မလှုပ်တောက်တောက် ကျစဉ်
    ၉ ပါး ဇာနည် သွေးတို့စစ်လည်း
    တို့အသွေးက ၂ ပါးမှာတည်။

    အရေးတော်ပုံ ပြည်တော် ခေါ်ဆင့်
    တို့ အ သွေး တို့အဆီ ပွက်ပွက်ဆူသည်
    တို့ဓားတွေထက် ဝိညာဉ်နှုတ်ခဲ့
    တို့သစ္စာ သည် ဝဠှာတည် ၏။

    တို့တိုင်း တို့ပြည် တို့မြေကြီးတွင်
    တို့သား တို့သမီး တို့မြေး မြစ်တို့
    ကမ္ဘာတည်သ၍ တို့အနွယ်တည်
    အသက်ထက်ဆုံး တို့နေထိုင်မည်။

    တို့ကို နှင်လို တို့ကို မောင်းသို့
    ဟိုသွားဒီနေ လာမပြောနှင့်
    တို့ကို နှင်ချင် ဆိုချင်လေက
    တို့လည်ချောင်းသွေး သောက်လေအရင်
    သို့ပင် ဖြစ်လည်း တို့ဝိညာဉ်တို့
    ဤမြေ ဤ ရေ ဤ အခြေမှ
    တစ်စက်ရွေ့ကာ သွေဖည်မည်ဟု
    အိပ်မက်၌ပင် ထည့်မမက်လင့်။

    အမိနိုင်ငံတော်ကြီး အတွက် စွန့်လွှတ်စွန့်စားခဲ့ကြသော မြန်မာမွတ်စလင်အာဇာနည် အပေါင်းနှင့် မျိုးဆက်သစ် မြန်မာမွတ်စလင် တို့အားရည်ညွှန်းဂုဏ်ပြုအပ်ပါသည်
    (Fair Judge ၈.၈.၂၀၁၂)

  • အာဂလူသား ဇာနည်ဖွားများသို့ ……..ကျေးဇူးအမှန် ဆပ်တတ်ရန်

    အာဂလူသား ဇာနည်ဖွားများသို့ ……..ကျေးဇူးအမှန် ဆပ်တတ်ရန်

    9 Martyr of Myanmar

    ၆၅ နှစ် တိုင်ခဲ့ပြီ……..။

    ဗိုလ်ချုပ် နဲ့ တကွ

    ကရင်လည်း မျှ လို့

    မွတ်စလင်မ် တွေလဲလာ

    ရှမ်းစော်ဘွားလဲ ပါ

    တို့ပြည်ထောင်စုသား အားလုံးရဲ့ ရင်နှစ်သည်းချာ

    တိုင်းပြည်အတွက်လာလို့

    ပန်းတိုင် တခုတည်း အတွက်

    စည်းဝိုင်း တခုတည်း ထိုင်ကာ

    တိုင်းပြည် အရေး ညီညွတ်စွာ တိုင်ပင်

    ငြိမ်းချမ်းစွာ လက်တွဲ ခဲ့လို့သာ

    တစ်ရက်တည်း တစ်ချိန်တည်း တစ်နေရာမှာ

    တပြိုင်တည်း ကြွေလွင့်ခဲ့ရရှာခဲ့ပြီ………။

     

    ၆၅ နှစ်တိုင်ခဲ့ပြီ……။

    ၁၉ ဂျူလိုင် မှာ စိတ်တူ ကိုယ်တူ

    တိုင်းပြည် အတွက် ညီညွတ် တိုင်ပင်

    အားကြိုး မာန်တက် ဆောင်ရွက် ခဲ့တဲ့

    မြင့်မြတ် လှတဲ့ ရည်ရွယ်ချက် ကား

    ပြည်ထောင်စု ဥယျာဉ်လေးထဲ

    လွတ်လပ်ခြင်း ပန်းတွေ ပျိုးစိုက်ကာ

    ပြည်ထောင်စု သားချင်းများကြား

    ငြိမ်းချမ်းရေး ရနံ့တွေ သင်းပျံ့စေဖို့တဲ့လား……။

     

    ၆၅ နှစ်တိုင်ခဲ့ပြီ…။

    အာဂ လူသား ဇာနည်ဖွား တွေခမျာ

    ပြည်ထောင်စုကြီး ပန်းရနံ့မွှေးပျံစေဖို့

    စွမ်းဆောင်ခဲ့ခြင်းကပဲ

    သူတို့ ဗိမာန်ရှေ့

    နှစ်စဉ် ဇူလိုင် ၁၉ ရောက်တိုင်း

    အစဉ်အလာ မပျက်

    လွမ်းသူ့ပန်းခွေ ချဖို့ ဖြစ်လာခဲ့ရသလား……။

     

    * * * * * * * * * * * * * * * * * *
    ကြွေလွင့်ခံ မျိုးကောင်းဇာနည်
    သူတို့ခမျာ ထင်ရှာမှာပဲ
    * * * * * * * * * * * * * * * * * *

     

    ၆၅ နှစ် တိုင်ခဲ့ပြီမို့…..။

    ခုလောက်ဆိုလျှင်ဖြင့်

    ပြည်ထောင်စု ပန်းတွေ ဝေဆာ ပွင့်ဖူးလို့

    ငြိမ်းချမ်းရေး ရနံ့တွေ ထုံသင်းပျံ့ ကာ

    တရားမျှတမှုတွေ ပွင့်လန်း နေပြီရယ်လို့

    သူတို့ခမျာ ထင် နေ ရှာ ရော့ မယ်

    မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင်

    အာဇာနည် ညီနောင် ၉ဖော်

    လက်ရှိ အနေအထားကို မြင်ရင်

    ရင်ထုမနာများ ဖြစ်လေမလား……..။

     

    ဘာပဲပြောပြော ၆၅ နှစ် တိုင်ခဲ့ပြီ……..။

    သွေး၊ ချွေး စတေးရုံတင် အားမရ

    သေမင်းနဲ့ လက်တကမ်း အကွာမှ

    တိုင်းပြည်အတွက် ပေးဆပ်ခဲ့ကာ

    အသက်ကိုပင် စတေးခဲ့ရရှာတဲ့

    အိုဘယ့်လူသား ဇာနည်ဖွားများ

    တိုင်းပြည်တာဝန် ကျရာနေရာ

    သေသည့်တိုင် ထမ်းသွားခဲ့ရရှာတာမို့

    ၁၉ ဂျူလိုင် မမေ့နိုင် ရုံနဲ့ မပြီးဘဲ

    ကျေးဇူးတရား စဉ်လေးထားစွာ

    ဦးညွတ် ရိုကျိုး ကြလျှင်

    ညီညာ လက်တွဲ မြဲကြလျှင်

    ငြိမ်းချမ်းမှုကို စဉ်ရှေးရှု ကြလျှင်

    လူမျိုးပေါင်းစုံ စည်းလုံး ကြလျှင်

    တိုင်းပြည် အကျိုး ဆထက်တပိုး ထမ်းရွက်နိုင်ကြ လျှင်ဖြင့်

    ထို သူများကို ကျေးဇူးဆပ်ရာ ရောက်ပါ၏ လော…..

    …………………………………..

    ၆၅ နှစ် တိုင်လင့်ကစား

    ဖြူစင် စိတ်ထား မြင့်မြတ်မှုဖြင့်

    တိုင်းပြည်အတွက် စတေးခဲ့ရ

    အာဂလူသား ဇာနည်ဖွားများ

    ဂျန္နတ်နိဗ္ဗာန် စံစားရ ပါစေသား………..။

    ကောင်းရာ သုဂတိလား ပါစေသား……..။

    65th Anniversary of Burma’s Martyr Day July 19 2012

     

    noble

    19 July 2012

    2:02 am

  • ”သွေးစွန်းနေတဲ့ ရခိုင်ပြည်”

    ”သွေးစွန်းနေတဲ့ ရခိုင်ပြည်”

    ဇော်လွင်မိုး

    ငြိမ်းချမ်းမှုသော့နဲ့ စစ်ကိုပိတ်လိုက်ပါ
    ထမင်းရည်ချောင်းခြား အလှုနဲ့ 
    ထမင်းရည်ပူလောင်နေတဲ့  မြို့ လေးရေ…
    မင်းသတင်းဟာ တခါတခါ
    ရပ်ဝေးမြေခြား သတင်းစာတွေထဲမှာ
    ကိုယ်ပျောက်နေတတ်တယ်နော်….။

    ကိုယ်မီးကိုယ်ခတ်
    ကိုယ်အကြောင်းကိုယ်တင်ဆက်
    သတင်းတွေဖတ်ရတာ
    စမ်းသပ်ခန်းထဲက
    တိရစ္ဆာန်တစ်ကောင်လို
    မျက်လုံးတွေ ငေးကြောင်လို့ ….။

    အပြစ်မဲ့ပေးဆပ်နေကြတာများ သွေးချောင်းတွေစီးလို့ …
    လူသားမဆန်လိုက်ပုံများ ….
    သွေးကိုသွေးနဲ့ လဲကြတယ်…
    သတင်းတွေလဲမှားတယ်
    အတင်းတွေလဲများတဲ့ ရခိုင်အရေး ကျွန်တော်ရင်လေးမိတယ်ဗျာ…
    တော်ပြီ
    ရပ်တော့
    လူထုသွေးတွေလဲခြေဆေးပြီးပြီဗျာ.…။

     

  • “မျက်ရည်နဲ့ရေးတဲ့ကဗျာ”

    “မျက်ရည်နဲ့ရေးတဲ့ကဗျာ”

    စည်းကမ်းပြည့် ဒီမိုကရေစီတဲ့၊ မိုးလုံးပြည့် အလိမ်အညာကိုယ်စီနဲ့
    ထောင်ခြောက်ဆင် လမ်းခင်းထားတဲ့၊ အစိုးရနဲ့ ခင်ဗျားတို့ပါတီတွေ
    အသက်တွေကိုမြက်တွေလို တန်ဖိုးမထား၊ ပါးပါးလှီးမျိုးဖြုတ်
    ကမ်းကုတ်အောင်ယုတ်ပတ်တဲ့၊ အမျိုးသားရေးဆိုတဲ့လက်နက်ကြောင့်
    အကြောက်တရားအောက်၊ ငါးပါးမှောက်နေရတဲ့ ကျုပ်တို့မွတ်ဆလင်မ်တွေက
    ခင်ဗျားတို့လမ်းစဉ်တွေကို မယုံတော့ဘူး

    ယုံမှတ်လို့ပုံအပ်လိုက်တဲ့၊ ဆန္ဒမဲတွေက
    ကြက်ငှက်လို၊ အသက်ခံနေရတဲ့ကျုပ်တို့သွေးသားတွေရဲ့အဖြစ်ကို
    ဆိတ်ဆိတ်နေထောက်ခံပုံလမ်းစဉ်မျိုးနဲ့၊ ခင်ဗျားတို့အချိုးကိုကြိုသိခဲ့ရင်
    နောက်တစ်ကြိမ်လာမယ့်၊ ရွေးကောက်ပွဲတွေအတွက်
    ကျုပ်တို့ရဲ့ဦးဏှောက်တွေ မနုံတော့ဘူး

    တစ်မြေထဲနေ၊တစ်ရေထဲသောက်ခဲ့သလို
    ကျုပ်တို့လဲအသက်ပေးချစ်တဲ့မြေမှာ၊ ခင်ဗျားတို့လိုပဲမွေးဖွါးခံရတာတောင်
    နိုင်ငံသားဖြစ်ခွင့်မရရှာတဲ့၊ နင်းပြားဘ၀တွေကိုမှ
    မြေနှိမ့်ရာ၊လှံပစ်စမ်းချင်တဲ့
    လက်သရမ်းကွန်းမန့်ပေးယုံကလွဲလို့၊ လူသားအသိပျောက်ရှ
    ထမိန်ချုံကြားထဲကလက်သီးပြကြတဲ့၊ လူ့ငနွားအစွန်းရောက်သမားတွေသိဖို့က
    ဒီမှာဗျ၊ ကျုပ်တို့က
    ခင်ဗျားတို့ရဲ့ သရဲဘောသတ္တိကိုလဲ မဖြုံတော့ဘူး

    သမိုင်းဝင်ဘာသာရေး အဖွဲ့အစည်းများပေမို့၊ ငါတို့ကိုကိုယ်စားပြုလိုငြား
    ရာစုနှစ်တစ်ဝက်ကျော်ကြာ၊ မျှော်ခဲ့တာအသက်ထွက်လုမတတ်ပေါ့
    ဒါပေမယ့်ဗျာ
    ဖါးအော်မှလျှပ်စီးလျှပ်ပြဖေါ်ရတဲ့၊ ခါတော်မှီစစ်ဆင်ရေးမျိုးကို
    မရိုးအောင်တင်ဆက်ပြနေတတ်တ၊ဲ့ ခါဗျားတို့ဇတ်ထုပ်ဟောင်းကိုကြည့်ဖို့
    ကျုပ်တို့ရဲ့ရင်ဘတ်တွေ မခုန်တော့ဘူး

    ဗရမ်းဗတာ သွေးကွဲမှုတွေကြား
    အိုးမည်းကိုကိုယ်တိုင်သုတ်လို့၊ အိမ်ကြက်ခြင်းပြန်ခွပ်မဟဲ့လို့
    ကြွေးကျော်တတ်ရုံကလွဲပြီး၊ အနာဂတ်အတွက်ပြင်ဆင်မထားတဲ့
    ခေါင်းဆောင်ဆိုတဲ့၊ ခင်ဗျားတို့လက်ထဲမှာ
    မွတ်ဆလင်မ်တွေရဲ့၊ အနာဂတ်ကိုထားဖို့အတွက်က
    ကျုပ်တို့ရဲ့နောက်ကျောတွေ မလုံတော့ဘူး

    ပွင့်လင်းတဲ့မီဒီယာတဲ့ ဟားဟား
    အသင့်ခင်းထားတဲ့ စစ်တလင်းတွေကြား
    သတင်းမှားတွေနဲ့၊ တို့တွေကိုသတ်ကွင်းပို့
    ဒင်းတို့ကလက်တို့လို့ အချက်ပြမှတော့
    မင်းတို့လားကျင့်ဝတ် စောင့်ထိန်းတဲ့စတုထ္တမဏ္ဍိုင်ဆိုတာ
    ဒီလောက်တောင်ယိမ်းယိုင် ဖောက်ပြားနေကြတော့
    ကျုပ်တို့ကအမှန်ကိုတွေ့ရှိသွားပြီမို့
    ခင်ဗျားတို့လမ်းကိုလဲ မကြုံတော့ဘူး

    နောက်ဆုံးတော့လဲ၊ သောက်သုံးမကျတာတွေကိုလမ်းခွဲလို့
    တို့အနာဂတ်ကို၊ တို့ကိုယ်တိုင်တည်ဆောက်ယူမှရမယ်ဆိုတာ
    အသက်တစ်ချို့ပေးဆပ်မှ သံမှိုနှက်သလိုခိုင်မာသွားခဲ့ရပြီ
    ဒီတော့လဲ
    တို့လူငယ်တွေညီညွှတ်လို့၊ အရေးတယူဆောင်ရွက်မှ
    တို့မျိုးဆက်တွေအတွက်၊ ပိုကောင်းတဲ့အနာဂတ်ကို
    ပိုင်ဆိုင်ရမယ်ဆိုတာ…………………………

     

    ဇော်မင်းထွေး