News @ M-Media

Category: အာရှ-ပဖိဖိတ်

  • အာဖဂန် သမ္မတသစ်ကို ရွေးကောက်ပွဲ ကော်မရှင်ကြေညာ

    အာဖဂန် သမ္မတသစ်ကို ရွေးကောက်ပွဲ ကော်မရှင်ကြေညာ

    စက်တင်ဘာ ၂၃ ၊ ၂၀၁၄
    M-Media
    Ashraf-Ghani_2967111b
    – သမ္မတရွေးကောက်ပွဲနှင့် ပတ်သက်၍ လအတော်ကြာ အငြင်းပွားခဲ့ပြီးနောက်ပိုင်း အရှ်ရက်ဖ် ဂနီကို နိုင်ငံ၏ သမ္မတသစ်အဖြစ် အာဖဂန်ရွေးကောက်ပွဲ ကော်မရှင်က ယမန်နေ့တွင် ကြေညာလိုက်သည်ဟု သိရသည်။

    တာလီဘန် အဖွဲ့ ပြုတ်ကျသွားပြီးနောက်ပိုင်း တတိယ အကြိမ်မြောက် ရွေးကောက်ပွဲကို ဧပြီလ ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး မဲ အရေအတွက် တူညီနေသည့်အတွက် ဂနီနှင့် ပြိုင်ဘက် အဗ်ဒူလာ အဗ်ဒူလာတို့၏ ဒုတိယအကျော့ သမ္မတ ရွေးကောက်ပွဲကို ဇွန်လ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

    သို့သော်လည်း ရွေးကောက်ပွဲပြီးနောက်ပိုင်း ဂနီနှင့် အဗ်ဒူလာတို့အကြား အပြင်းအထန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ညီညွတ်သော အစိုးရ တစ်ရပ်ဖွဲ့စည်းရန် ၎င်းတို့နှစ်ဦး သဘောတူညီချက်ရရှိခဲ့သည်။

    ရွေးကောက်ပွဲရလဒ်ကိုမူ ကော်မရှင်က မကြေညာသေးဘဲ၊ ၀န်ကြီးချုပ် ရာထူးနှင့် ညီမျှသည့် အစိုးရ အမှုဆောင်အကြီးအကဲအဖြစ် အဗ်ဒူလာက တာဝန်ယူမည်ဖြစ်သည်။ ထိုအမှုဆောင် အကြီးအကဲမှာ သမ္မတနှင့် နီးနီးကပ်ကပ် ဆောင်ရွက်ရမည်ဖြစ်သည်။

    တိုင်းပြည်အား အုပ်ချုပ်မှုလုပ်ငန်းများကို အမှုဆောင်အကြီးအကဲ ခေါင်းဆောင်သည့် ၀န်ကြီးများကောင်စီမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး မဟာဗျူဟာကျသည့် ဆုံးဖြတ်ချက်များကို သမ္မတနှင့် အမှုဆောင်အကြီးအကဲတို့ ပါဝင်သည့် ၀န်ကြီးအဖွဲ့က ချမှတ်သွားမည်ဖြစ်သည်။

    ref_ Al Jazeera and agencies