News @ M-Media
Month: October 2013
  • အောက်တိုဘာ ၁၈၊ အားကစားသတင်း စုစည်းမှု
    အောက်တိုဘာ ၁၈၊ အားကစားသတင်း စုစည်းမှု
    အောက်တိုဘာ ၁၈၊ ၂၀၁၃
    M-Media
    ဂျိုအာချင်းလို ဂျာမနီနှင့် သက်တမ်းတိုးပြီ
    ဂျာမနီအသင်း၏ နည်းပြဖြစ်သူ ဂျိုအာချင်းလိုမှာ အသင်းနှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ဆုံးဖြတ်ခဲ့သည်ဟုသိရသည်။ ၂၀၁၄ ကမ္ဘာ့ဖလားပွဲအပြီးတွင် အသင်းနှင့် သက်တမ်းကုန်ဆုံးမည့် ဂျိုအာချင်းလိုမှာ ဂျာမနီဘောလုံးအဖွဲ့ချုပ်နှင့် ၂ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုသွားမည်ဖြစ်ပြီး ၂၀၁၆ခုနှစ်အထိ အသင်းတွင် ဆက်ရှိနေမည် ဖြစ်သည်။
    ဂျာမနီနည်းပြဟောင်း ကလင်းစမန်း၏ လက်ထောက်အဖြစ်မှ ၂၀၀၆ ခုနှစ်တွင် နည်းပြအဖြစ်ဆောင်ရွက်ခဲ့သည့် အသက် ၅၃ နှစ်အရွယ်ရှိပြီဖြသည့် ဂျိအာချင်းလိုမှာ ဂျာမနီအသင်းအား ၂၀၀၈ ဥရောပဖလား ဗိုလ်လုပွဲ၊ ၂၀၁၀ ကမ္ဘာ့ဖလားနှင့် ၂၀၁၂ ဥရောပဖလားတို့တွင် ဆီးမီးဖိုင်နယ်သို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။
    ဂျာမနီအသင်းမှာ ဖီဖာ၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အဆင့် ၂ နေရာရှိနေပြီး လာမည့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း တိုက်ရိုက်ဝင်ခွင့်ရရှိထားသည်။
    goal
    __________________________
    အာဆင်နယ်အသင်းအောင်မြင်နိုင်မည့် အချက်သုံးချက်ကို ၀င်းဂါးထုတ်ဖော်
    အာဆင်နယ်အသင်း၏နည်းပြဖြစ်သူ အာဆင်ဝင်းဂါးက အာဆင်နယ်အသင်း ဖလားများစွာကို ဆွတ်ခူးစေနိုင်မည့် အချက်သုံးချက်ကို ထုတ်ဖော်ပြောဆို လိုက်သည်။
    ထိုသုံးချက်မှာ (၁) အသင်း၏ကစားပုံ၊ (၂) လူငယ်ကစားသမားများကို ပျိုးထောင်ပေးခြင်းနှင့် (၃) ကစားသမားကောင်းများကို ခေါ်ယူရန် ဆုံးဖြတ်ခြင်း တို့ဖြစ်သည်။ ၀င်းဂါးမှာ အာဆင်နယ်အသင်း၏ ၈ နှစ်ကြာ ဖလားလက်မဲ့ဖြစ်နေမှုကို ယခုနှစ်တွင် အဆုံးသတ်နိုင်မည်ဟု ယုံကြည်နေကြောင်းနှင့် ပရီးမီးယားလိဂ်ကို အဓိကထားရယူသွားမည် ဖြစ်ကြောင်း ယမန်နေ့ကပြုလုပ်ခဲ့သည့် အဆင်နယ်အသင်း၏ နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
    “တကယ်တော့ ပရီးမီးယားလိဂ်ကို ပြန်လည်ရယူဖို့ကျွန်တော်တို့မှာ ကြီးမားတဲ့ ရည်ရွယ်ချက်ရှိပြီး ဒါဟာ ကျွန်တော်တို့ရဲ့ ဒီနှစ်ပစ်မှတ်ပါ။ မေလကုန်မှာ ကျွန်တော်တို့ ပျော်ရွှင်ရမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု ၀င်းဂါးက ထို အစည်းအဝေးတွင် ပြောကြားခဲ့သည်။
    ထို့ပြင် အသင်းကစားပုံ၊ နည်းစနစ်နှင့် အသင်း၏ တန်ဖိုးတို့ကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် အသင်း၏ကိုယ်ပိုင် လူငယ်ကစားသမားများကို ပျိုးထောင်ပေးရန်လိုကြောင်း၊ ထိုလူငယ်ကစားသမားများကသာ အသင်း၏ အသက်ဖြစ်လာမည်ဖြစ်ကြောင်း ၀င်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။
    mirror
    __________________________
    မန်စီးတီးအသင်းမှထွက်ခွာတော့မည်ဆိုသည့် ကောလဟာလများအား ရစ်ချက်ငြင်းဆို
    ယခုနှစ်ရာသီတွင် နှစ်ပွဲသာကစားထားရပြီး ဒူးနှင့် တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရကာ ယခုအခါ ပြန်လည် သက်သာလာသည့် မန်စီးတီးနောက်ခံလူ မီကာရစ်ချတ်က ၎င်းအနေဖြင့် မန်စီးတီးအသင်းတွင်ပင် ဆက်လက်ရှိနေမည်ဟု ဆုံးဖြတ်ထားကြောင်း ပြောဆိုလိုက်သည်။
    ချန်ပီယံလိဂ်နှင့် ကပီတယ်ဝမ်းဖလားပြိုင်ပွဲတို့တွင် တစ်ပွဲစီကစားထားပြီး ယခုနှစ် ပရီးမီးယားလိဂ်တွင် တစ်ပွဲမှမကစားရသေးသည့် ရစ်ချတ်မှာ အသင်းမှထွက်ခွာတော့မည်ဟု သတင်းများထွက်ပေါ်နေသောကြောင့် ဤကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
    “နည်းပြရဲ့အစီအစဉ်ကို ကြည့်ချင်တယ်လို့ ရာသီအစတုန်းက ကျွန်တော်ပြောခဲ့ပါတယ်။ ကျွန်တော်ဟာ သူ့ရဲ့အစီအစဉ်ထဲမှာ ပါနေတယ်လို့ သူ့ကကျွန်တော့်ကိုပြောပါတယ်။ ဒါ့ကြောင့် အနာဂတ်ကို ကျွန်တော်တို့ ရှေ့ရှုရပါမယ်။ မန်စီတီးမှာကျွန်တော်ပျော်ပါတယ်” ဟု ဗြိတိန် အားကစားချန်နယ်တစ်ခုဖြစ်သည့် BT Sport သို့ ရစ်ချတ်က ပြောကြားခဲ့သည်။
    goal
    __________________________
    ကျင်းပလျက်ရှိသည့် Luxembourg Open အိုးပင်းတစ်နစ်ပြိုင်ပွဲတွင် နိုင်ခြေအဆင့် ၁ ရ ဒိန်းမတ်တင်းနစ်မယ် ကာရိုလိုင်း ၀ုဇ်နီအက်ကီ၊ အမေရိကန် နာမည်ကြီးတင်းနစ်မယ် ဆိုလိန်းစတီဖင်နှင့် ဂျာမန်တင်းနစ်မယ် ဆာဘိုင်း လီစစ်ကီတို့မှာ ကွာတာဖိုင်နယ်သို့ အသီးသီးတက်ရောက်သွားကြသည်ဟု သိရသည်။
    နိုင်ခြေဒုတိယအဆင့်ရှိ ဆိုလိန်းစတီဖင်မှာလည်း သြစတြီးယားတင်းနစ်မယ် အီဗွန် မြူစ်ဘာဂါအား ၇-၅၊ ၆-၄ ဖြင့်အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်တွင် ဆွဇ်ဇလန်တင်းနစ်မယ် စတီဖာနီ ဗိုဂီလီနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
    လီစစ်ကီမှာ ချက်တင်းနစ်မယ် တီရီဇာ စမစ်ကိုဗာနှင့်ယှဉ်ပြိုင်ကစားခဲ့ရခြင်းဖြစ်ပြီး ၆၂ မိနစ်သာကြာမြင့်သည့် အဆိုပါပွဲတွင် လီစစ်ကီက ၆-၄၊ ၆-၀ ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့သည်။
    ကွာတားဖိုင်နယ်တွင် ၀ုဇ်နီအက်ကီမှာ ဆားဘီးယားတင်းနစ်မယ် ဘိုဂျာနာ ဂျိုဗန်နော့စကီးနှင့်တွေ့ဆုံရမည်ဖြစ်ပြီး လီစစ်ကီမှာ ဂျာမန်တင်းနစ်မယ် ကရစ်ကေနပ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
    skysports
    __________________________
    ဗြိတိန်ဂုဏ်ထူးဆောင်ဘွဲ့အား အန်ဒီမာရေးရယူ
    ဗြိတိန်တင်းနစ်အကျော်အမော် အန်ဒီမာရေးမှာ ဗြိတိန်ဘုရင်မကြီးက ချီးမြှင့်သော ဗြိတိန်ဂုဏ်ထူးဆောင် OBE ဘွဲ့ကို ယမန်နေ့က ရယူခဲ့သည်ဟု သိရသည်။
    တင်နစ်လောကတွင် မာရေး၏အောင်မြင်မှုများကြောင့် ပေးအပ်သည့် အဆိုပါ ဘွဲ့ချီးမြှင့်ခြင်းအခမ်းအနားအား ဘက်ကင်ဟမ်နန်းတော်တွင် ယမန်နေ့ကကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ၀င်ဘယ်လ်ဒန်ချန်ပီယံ အန်ဒီမာရေးမှာ တားမြစ်ဆေး စစ်ဆေးခံနေရသည့်အတွက်ကြောင့် ထိုပွဲသို့ အနည်းငယ် နောက်ကျမှ ရောက်ရှိလာခဲ့သည်။
    ထို့ပြင် ဗြိတိန်တော်ဝင်လေတပ်တွင်တာဝန်ထမ်းဆောင်ပြီး ပြီးခဲ့သည့်တစ်ပါတ်ကမှ ထွက်လာခဲ့သည့်မာရေးအား ကမ်းဘရစ်ဂ်ျ မြို့စားဘွဲ့ကိုလည်း ချီးမြှင့်ခဲ့သေးသည်။
    အခမ်းအနားအပြီး ဘီဘီစီနှင့် အင်တာဗျူးတွင် မာရေးက ထိုကဲ့သို့ ဘွဲ့တံဆိပ်များ ချီးမြှင့်ခြင်းခံရမှုအတွက် အလွန်ပျော်ရွှင်မိကြောင်း ပြောကြားခဲ့သည်။
    bbc
    __________________________
  • ဗုံးပေါက်ကွဲမှုဖြစ်စဉ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်
    ဗုံးပေါက်ကွဲမှုဖြစ်စဉ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်
    အောက်တိုဘာ ၁၈၊ ၂၀၁၃
    M-Media
    အငယ်လေး
    DSC00562
    ရန်ကုန် ။          ။      မကြာခင်ရက်ပိုင်းများက ဖြစ်ပွားခဲ့သော ပဲခူး၊ ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ နမ့်ခမ်းမြို့များတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် ၎င်းဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင် ယနေ့ နေ့လည် ၂-နာရီက ပြုလုပ်ခဲ့ပါတယ်။ ၎င်းသတင်းစာရှင်းလင်းပွဲသို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၊ ရဲချုပ်ဦးဇော်ဝင်း အပါအ၀င် ရဲတပ်ဖွဲ့ဝင်များ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြပါတယ်။
    ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးတွင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ် မှ ပေါက်ကွဲမှုဖြစ်စဉ်များနှင့် ပတ်သက်၍ ရန်ကုန်၊ မန္တလေး၊ တောင်ငူ မြို့များမှာ ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုဖြစ်စဉ်များနှင့်ပက်သက်ပြီး သံသယရှိသူများကို ဖမ်းဆီးရရှိခဲ့ပြီး ဆက်လက်၍ ထွက်ပြေးလွတ်မြောက်နေသည့် သံသယရှိသူများကိုလည်း လိုက်လံရှာဖွေနေဆဲ ဖြစ်ပါတယ်လို့ပြောပါတယ်။
    ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချူပ်ဇော်ဝင်းကလည်း “ဒီကနေ့ ရှင်းလင်းချက်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အထူးသတိပေးချင်တာက ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက် ပြီး သံသယရှိသူများ၏ လုပ်ဆောင်ချက်များကို ပြောပြတဲ့အခါမှာ ကျွန်တော်တို့အနေနဲ့အဖွဲ့အစည်းတစ်ချို့ရဲ့ အမည်များကို တင်ပြပေးရမှာ ဖြစ်ပါတယ်။ ဒီလို အဖွဲ့အစည်းများရဲ့အမည်ကို ထည့်သွင်း တင်ပြပေးရခြင်းဟာ သံသယရှိသူများရဲ့ လုပ်ဆောင်ချက်ကို ရှင်းလင်းစွာသိရှိနိုင်ဖို့အတွက် ဖြစ်ပါတယ်။ အဲ့ဒီ အဖွဲ့အစည်းများ ရဲ့ နာမည်များကို ရည်ညွန်း ထည့်သွင်းပြောကြားခြင်းကြောင့် အဲ့ဒီ အဖွဲ့အစည်းအနေနဲ့ ယခုပေါက်ကွဲမှုများမှာ ပါဝင်ရှိတယ်လို့ ဆိုလိုတာမဟုတ်ကြောင်း အလေး အနက်တင်ပြအပ်ပါတယ်။ လက်ရှိရရှိပြီးသားဖြစ်တဲ့ အထောက်အထားများအရ သံသယရှိသူများရဲ့လုပ်ဆောင်ချက်များဟာ လူအချို့ရဲ့ သီးခြားလုပ်ဆောင်ချက်များ ဖြစ်တယ်လို့ ကျွန်တော်တို့ သတ်မှတ်ထားပါတယ်။ ဒီအချက်တွေကိုလည်း စာနယ်ဇင်းသမားများအနေနဲ့ အထူးပြုပြီး တင်ပြပေးဖို့အတွက် ကျွန်တော် တင်ပြပေး အပ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
    ဆက်လက်၍ “ဒီသတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းရဲ့ရည်ရွှယ်ချက်ကတော့ ယခုရက်ပိုင်းအတွင်းမှာ ရန်ကုန်၊ တောင်ငူ၊ မန္တလေး၊ စစ်ကိုင်းမြို့များမှာ ပေါက်ကွဲမှု ဖြစ်စဉ်များ နှင့်ဆက်လျဉ်း၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်သူလူထုတို့ ပူးပေါင်းပြီး ပြည်သူများနှင့် သတင်းမီဒီယာများ သိရှိဖို့အတွက် ရည်ရွှယ်ပြီး ပြုလုပ်ရခြင်းဖြစ်ပါ တယ်။ မြန်မာနိုင်ငံအတွင်း အောက်တိုဘာလ အတွင်းမှာ ပေါက်ကွဲမှုများလုပ်ဆောင်ခဲ့ကြပြီး ပေါက်ကွဲမှု ၆-ကြိမ်၊ မိုင်းများ ဖော်ထုတ်နိုင်တာက ၄-ကြိမ် အားလုံး စုစုပေါင်းမှာ မိုင်း ၁၀-ကြိမ် ဖြစ်ပွားခဲ့ပြီး ၎င်းဖြစ်စဉ်မှာ အပြစ်မဲ့ပြည်သူတစ်ဦး သေဆုံးပြီး ၃-ဦးဒဏ်ရာရရှိခဲ့ပါတယ်”ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချူပ်ဦးဇော်ဝင်းမှပဲ ပြောကြားခဲ့ပါတယ်။
    ၎င်းနောက် သတင်းစာရှင်းလင်းပွဲသို့ လာရောက်ကြတဲ့ အနယ်နယ်အရပ်ရပ်က မီဒီယာများမှာ မိမိတို့ သိရှိလိုသည်များကိုမေးမြန်းကြပြီး သတင်းစာရှင်းလင်းပွဲကို ညနေ ၅-နာရီမှာ ရပ်နားခဲ့ပါတယ်။
  • မြန်မာဆီးဂိမ်းလုံခြုံရေးအတွက် နိုင်ငံအချို့ စိုးရိမ်နေကြပြီ
    M-Media
    အောက်တိုဘာ ၁၈ ရက်၊ ၂၀၁၃
    myanmar-sea-games
    ၂၇ ကြိမ်မြောက်ဆီးဂိမ်းမကျင်းပမီ ဗုံးပေါက်ကွဲမှုများကြောင့် မတည်မငြိမ်ဖြစ်နေ၍ စင်ကာပူနှင့် ဖိလစ်ပိုင်အားကစားအဖွဲ့က ဆီးဂိမ်းအိမ် ရှင်မြန်မာနိုင်ငံအပေါ် စိုးရိမ်နေကြကြောင်း သိရသည်။ စင်ကာပူ ကိုယ်စားပြုအားကစားအဖွဲ့ မှ ခေါင်းဆောင်ဖြစ်သူ အန်နာဘဲလ် ပန်နီဖားသားက စင်ကာပူအနေဖြင့် ဘက်စုံထောင့်စုံမှ အကာအကွယ်များ၊ ဆောင်ရွက်ဖွယ်ရှိသည်များကို လုပ်ဆောင်သွားမည့်အကြောင်းနှင့် ၄င်းတို့အားကစားအဖွဲ့မှာ အဖွဲ့ဝင် ၃၀၀ ပါဝင်လာမည့် အကြောင်းတို့ကို ပြောဆိုခဲ့သည်။
    “အခုတော့ ကျနော်တို့ တုန်လှုပ်တာတွေ ဘာတွေမရှိသေးဘူး။ အစီအစဉ်လုပ်နေတာတွေကို ပြန်ပြင်ဆင်ရလောက်အောင်တော့ စိုးရိမ်ရတဲ့အဆင့်လို့ (မယူ ဆသေးပါဘူး)။ ဒါပေမယ့် အာဏာပိုင်တွေဆီက ထပ်မံရောက်ရှိလာမယ့် ညွှန်ကြားချက်တွေအပေါ်မှာ (ဆောင်ရွက်သွားမှာဖြစ်ပါတယ်။) ကျနော် တို့မြန်မာပြည် က စင်ကာပူသံရုံးနဲ့ အချိတ်အဆက်ရှိပါတယ်။ မြန်မာပြည်ရဲ့ တိုးတက်ပြောင်းလဲမှုဖြစ်စဉ်တွေကိုလည်း အနီးကပ်စောင့်ကြည့်နေပါတယ်။” ဟု အန်နာဘဲလ် CNA ကို ပြောပြသည်။
    စင်ကာပူနာမည်ကြီးရေကူးအားကစားသမား အာရန်ကွက်ကမူ သူ့အနေဖြင့် အလွန်အမင်းစိုးရိမ်နေခြင်းမရှိကြောင်း၊ အားကစားသမားများအတွက် လုံခြုံရေး မှာ ကောင်းမွန်သည့်အနေအထားတွင်ရှိမည်ဟု ယုံကြည်ကြောင်း ဆိုသည်။
    “ဆီးဂိမ်းက ကြီးကျယ်တယ်၊ (သူတို့တွေ) စနစ်တကျ စီမံထားလိမ့်မယ်လို့ ကျနော်ယုံတယ်။ လုံခြုံရေးဆိုတာကလည်း တဦးချင်းစီရဲ့တာဝန်လည်းဖြစ်တယ်။ ဒီလုံခြုံရေးအကြောင်းနဲ့ ကျနော်အားကစားစွမ်းဆောင်ရည်ကို မထိခိုက်စေရဘူး။ အဲဒီ (မြန်မာပြည်) ကိုရောက်ရင် ကျနော်တို့ တယောက်ကိုတယောက် ဂရုစိုက်စောင့်ကြည့်နေမှာပါ” ဟု အာရန်ကွက်က ပြောသည်။
    Richie-Garcia
    ဖိလစ်ပိုင်အားကစားအဖွဲ့ခေါင်းဆောင် ဂါဆီယာ
    ဖိလစ်ပိုင်နိုင်ငံ အားကစားကော်မရှင်၏ဥက္ကဌဖြစ်သူ ရစ်ချီဂါဆီယာကမူ – “(ဒီဗုံးကွဲတဲ့ကိစ္စတွေကို) ကျနော်တို့ အနီးကပ်စောင့်ကြည့် အကဲခပ်နေပါတယ်။ ကျနော်တို့အားကစားသမားတွေ၊ တာဝန်ခံတွေက သူတို့ကိုယ်သူတို့ အန္တရာယ်ထဲ ထည့်လိုက်သလို မဖြစ်ဘူးလို့ယူဆရင် ကျနော်တို့ ဒီဆီးဂိမ်းမှာ ပါဝင်ယှဉ်ပြိုင် သွားမှာပါ။ ဒါပေမယ့် ကျနော်တို့ အဲဒီ (မြန်မာပြည်) ကိုရောက်ရင်တော့ ကျနော်တို့အတွက် ပြဿနာတစုံတရာမရှိနိုင်အောင်တော့ ကျနော်တို့ သေသေချာချာ လုပ်ဆောင်သွားရပါမယ်။” ဟု အေအက်ဖ်ပီသို့ ပြောသည်။
    ဖိလစ်ပိုင်အားကစားအဖွဲ့တွင် အားကစားသမား ၂၂၀ ဦးပါဝင်လာမည်ဖြစ်ပြီး ၄င်းတို့အားလုံး အားကစားရွာတွင် တည်းခိုကြမည့်အကြောင်း သိရသည်။ သို့သော် ကိုယ်စားလှယ်အဖွဲ့မှ တာဝန်ခံများမှာမူ ဟိုတယ်များတွင် တည်းခိုမည်ဖြစ်ရာ မည်သည့်ဟိုတယ်ကို ရွေးချယ်ရမည့်အကြောင်း ခက်ခဲစွာစဉ်းစားနေရသည်ဟု ဖိလစ်ပိုင်သတင်းတစ်ရပ်က ဆိုသည်။
    မြန်မာဆီးဂိမ်းကော်မတီတာဝန်ခံနှင့် အားကစားဒုတိယ၀န်ကြီး ဦးဇော်ဝင်းကမူ နေပြည်တော်တ၀ိုက် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသဖြင့် မိမိအနေဖြင့် ဆီးဂိမ်းလုံခြုံရေးအတွက် ယုံကြည်မှုရှိကြောင်းပြောဆိုခဲ့သည်ဟု CNA သတင်းက တင်ပြသည်။
  • စာရေးဆရာမ ဒေါ်ကြူကြူသင်းနှင့် ဒေါ်ဝါ၀ါထင်လင်းတို့ စာအုပ်သစ် မိတ်ဆက်ပွဲ
    စာရေးဆရာမ ဒေါ်ကြူကြူသင်းနှင့် ဒေါ်ဝါ၀ါထင်လင်းတို့ စာအုပ်သစ် မိတ်ဆက်ပွဲ
    အောက်တိုဘာ ၁၈၊ ၂၀၁၃
    M-Media
    လင်းလင်း
    20131018_134751
    ရန်ကုန် ။        ။   ရန်အောင်စာပေထုတ် စာအုပ်များ မိတ်ဆက်အခမ်းအနားကို ဗိုလ်အောင်ကျော်လမ်းရှိ Home Media တွင် ယနေ့ နေ့လည် ၁-နာရီက ပြုလုပ်ခဲ့ပါသည်။
    ရန်အောင်စာပေမှထုတ်ဝေသော စာရေးဆရာမ ဒေါ်ကြူကြူသင်း ရေးသားသည့် ” ကန္တာတောမှာ မောမိတယ်” နှင့် စာရေးဆရာမ ဒေါ်ဝါ၀ါထင်လင်း ရေးသားသည့် ” မှန်ထဲက ကျွန်မက မှန်ရှေ့က ကျွန်မကို နှင့် ရသစာစုများ” စာအုပ်များကိုမိတ်ဆက်ခဲ့သည်။
    ဆက်လက်ပြီး စာအုပ်မိတ်ဆက်ပွဲအခန်းအနားတွင် ဒေါ်ကြူကြူသင်း နှင့် ဒေါ်ဝါ၀ါထင်လင်း တို့တက်ရောက်ခဲ့ကြပြီး” အမှာစကားကို ဒေါ်ခင်ဆွေဦး နှင့် ဒေါ်ကြွယ်ကြွယ် တို့ကပြောကြားခဲ့သည်။
    ၎င်းစာအုပ်မိတ်ဆက်ပွဲအခမ်းအနားသို့ စာရေးဆရာများအပါအ၀င် စာပေချစ်မြတ်နိုးသူများ ၅၀-၀န်းကျင်ခန့် တက်ရောက်ခဲ့ကြသည်။
  • အောက်တိုဘာ ၁၇၊ အားကစားသတင်း စုစည်းမှု
    အောက်တိုဘာ ၁၇၊ အားကစားသတင်း စုစည်းမှု
    အောက်တိုဘာ ၁၇၊ ၂၀၁၃
    M-Media
    ပုံမှန်နေရာအတွက် ဘိုင်ယန်တွင် ယှဉ်ပြိုင်ရခြင်းကို ကြောက်ရွံ့ခြင်းမရှိဟု ရာဖင်ဟာဆို
    အသင်းရှိဝါရင့်ညာနောက်ခံလူဖီလစ်လမ်း၏ နေရာအား ရယူရန်မျှော်လင့်ချက်အတွက် စိုးရိမ်နေမည်မဟုတ်ဟု ဖွင့်ဟခဲ့ပြီး၊ နိုင်ငံအသင်းတွင်ကစားခွင့်ရရေးအတွက် စိတ်ဝင်စားမှုမရှိဟု ပြောကြားခဲ့သည်။
    ဘိုင်ယန်အသင်းသို့ နည်းပြသစ်ဂွာဒီယိုလာ ရောက်ရှိလာပြီးကတည်းက အသင်းရှိအလယ်တန်းကစားသမားများမှာ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရသောကြောင့် အသင်း၏ညာနောက်ခံလူ ဖီလစ်လမ်းက အလယ်တန်းတွင် တက်ရောက်ကစားခဲ့ရပြီး ရာဖင်ဟာမှာ ပုံမှန်နေရာရခဲ့သည်။ သို့သော် ယခုအချိန်တွင် ဒဏ်ရာရကစားသမား များမှာ ပြန်လည်ကြံ့ခိုင်လာပြီဖြစ်သောကြာင့် ရာဖင်ဟာမှာ အရန်ခုံတွင် ပြန်လည်ထိုင်နေရဖွယ်ရှိနေသည်။
    ဖြစ်လာသောစိန်ခေါ်မှုများအား ရင်ဆိုင်ရန်အသင့်ရှိနေသည့် ရာဖင်ဟာက “လူတိုင်းဟာ ကျွန်တော်တို့အသင်းမှာ ပါဝင်ခွင့်မရနိုင်ပါဘူး။ ဘိုင်ယန်အသင်းရဲ့ အရန်ခုံမှာ ထိုင်ရတာ ရှက်စရာမဟုတ်တဲ့အတွက် ကျွန်တော်ကြောက်ရွံ့နေမှာမဟုတ်ပါဘူး။ တစ်ပွဲလုံးပဲကစားရ ကစားရ၊ ငါးမိနစ်ပဲ ကစားရကစားရ အသင်းအတွက် ကျွန်တော် အပြည့်အ၀ ပေးဆပ်သွားမယ်ဆိုတာကို ကတိပေးပါတယ်” ဟု ရာဖင်ဟာက ဂျာမနီသတင်းစာတစ်စောင်ဖြစ်သည့် Bild သို့ ပြောကြားခဲ့သည်။
    goal
    ______________________
    အာဆင်နယ်မှာ ဖလားများစွာကို ဆွတ်ခူးနိုင်မည်ဟု မွန်ရီယဲလ်ဆို
    ရာသီအစ ကောင်းမွန်သောစွမ်းဆောင်ရည်များက ရှေ့တွင်လာမည့် များစွာသောစိန်ခေါ်မှုများအတွက် အဆင်သင့်ဖြစ်စေပြီး အသင်းမှာ ဖလားများစွာကို စိန်ခေါ်နိုင်သူ အစစ်ဖြစ်လာလိမ့်မည်ဟု ယုံကြည်ကြောင်း အာဆင်နယ်အသင်း၏ စပိန်ကစားသမား မွန်ရီယဲလ်က ပြောဆိုလိုက်သည်။
    အာဆင်နယ်အသင်းမှာ ယခုနှစ်ရာသီတွင်ပုံစံကောင်းများရရှိနေပြီး ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်တို့တွင် ထိပ်ဆုံးနေရာ၌ ရှိနေသည်။
    “ဖလားတစ်လုံးလို့ကျွန်တော်မပြောပါဘူး။ ဖလားအနည်းငယ်ပါ။ ရရှိဖို့ တကယ့်ကိုခက်ခဲ့တဲ့ဖလားတွေပါ။ (အာဆင်နယ်အသင်းရရှိမယ်လို့ ယုံကြည်ပါတယ်) ကျွန်တော်တို့ ဇယားထိပ်ဆုံမှာရှိတယ်။ စောသေးပေမယ့် ပွဲတိုင်းကိုကျွန်တော်တို့အကောင်းဆုံး ကစားသွားမယ်။ ပြီးတော့ နောက်ဆုံးမှာ ချန်ပီယံဖြစ်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု မွန်ရီယဲလ်၏ ပြောကြားမှုကို အာဆင်နယ်အသင်းဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
    မွန်ရီယဲလ်မှာ အာဆင်နယ်အသင်းသို့ ယခုနှစ်ဇန်န၀ါရီအပြောင်းအရွှေ့က မာလာဂါအသင်းမှ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး အာဆင်နယ်သို့ အကောင်းဆုံး အချိန်တွင် ပြောင်းရွှေ့လာခြင်းဖြစ်သည်ဟု သူက ယူဆနေသည်။
    goal
    ____________________
    ဗလင်စီယာနောက်ခံလူ ရာမီ အေစီမီလန်သို့ပြောင်းရွှေ့တော့မည်
    ဗလင်စီယာအသင်းတွင် ပုံမှန်နေရာမရရှိခြင်းမရှိသည့် နောက်ခံလူး အဒီလ် ရာမီမှာ လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန်တွင် အေစီမီလန်အသင်းသို့ ပြောင်းရွှေ့တောမည့်ဟု ဗလင်စီယာအသင်းက အတည်ပြုပြောဆိုခဲ့သည်။
    ဗလင်စီယာအသင်း၏ ယခုနှစ်ရာသီအစ ရလဒ်များမှာ ကောင်းမွန်ခြင်းမရှိဘဲ လေးပွဲဆက်တိုက်ရှုံးနိမ့်ထားပြီး အသင်း၏ ဆိုးရွားသောရလဒ်များနှင့် ပက်သက်၍ ရာမီက Spanish ရေဒီယိုသို့ အသင်းနည်းပြ မီရိုဆလဗ် ဂျူကစ်အား ဝေဖန်ပြစ်တင်သည့ှ်မှက်ချက်များပေးခဲ့သောကြောင့် တစ်ပါတ်လုပ်ခ ဖြတ်တောက်ခံခဲ့ရပြီး အသင်းတွင်လည်း ပါဝင်ကစားခွင့်မရရှိခဲ့ပေ။ ထို့ကြောင့် အေစီမီန်လန်သင်းသို့ ပြောင်းရွှေ့ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ရာမီမှာ ယခုအချိန်တွင် အေစီမီလန်အသင်းနှင့် လေ့ကျင့်ခန်းဆင်းနေသော်လည်း လာမည့် ဇန်န၀ါရီလတွင်မှ မီလန်အတွက် ကစားပေးနိုင်မည်ဖြစ်သည်။
    ပြင်သစ်နိုင်ငံသား ရာမီမှာ ၂၀၁၁ ခုနှစ်က ပြင်သစ်ကလပ်လိုင်လီအသင်းမှ ဗလင်စီယာအသင်းသို့ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။
    goal
    ____________________
    Kremlin Cup တင်းနစ်ပြိုင်ပွဲ ကွာတားသို့ တစ်ကျော့ပြန်တင်းနစ်မယ် အလီဆာတက်ရောက်
    ရုရှား၌ကျင်းပပြုလုပ်နေသည့် WTA Kremlin Cup တင်းနစ်ပြိုင်ပွဲတွင် အိမ်ရှင်တင်းနစ်မယ် အလီဆာ ကလီဘန်နိုဘာမှာ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီဟု သိရသည်။
    အလီဆာမှာ ဒုတိယအဆင့်တွင် နိုင်ခြေအဆင့် ၆ သတ်မှတ်ခြင်း ခံထားရသည့် စပိန်တင်းနစ်မယ် ကာရ်လာ ဆွာရက်ဇ် နာဗာရိုနှင့် ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်ပြီး အကြိတ် အနယ် ကစားကာ ၇-၆၊ (၇-၂)၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့သည်။
    တင်းနစ်ကစားသမားသက်တမ်းတစ်လျှောက် ပြိုင်ပွဲနှစ်ပွဲတွင်သာ အနိုင်ရဗိုလ်စွဲဖူးသည့် အလီဆာမှာ ၂၀၁၁ ခုနှစ်ကတည်းက ကင်ဆာရောဂါကို ခံစားခဲ့ရပြီး ယခုနှစ် တွင်မှ တင်းနစ်ပြန်လည်ကစားခဲ့ခြင်းဖြစ်သည်။
    “ကျွန်မ အမြဲတမ်း ကာရ်လာနဲ့ ကစားချင်ပါတယ်။ ပြီးတော့ ဒီနေ့ပွဲဟာလည်း တော်တော်ခက်ခဲမယ်ဆိုတာလည်း ကျွန်မသိခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲရဲ့ အရေးကြီးဆုံး အချိန်တွေမှာ ကျွန်မဟာ ကာရ်လာထက် ပိုမိုတိကျစွာ ကစားနိုင်ခဲ့တာကြောင့် အခုလို အနိုင်ရရှိခဲ့တာပါ” ဟု အလီဆာက ပွဲအပြီးတွင်ပြောကြားခဲ့သည်။
    အခြားဒုတိယအဆင့်ပွဲစဉ်တွင် အိမ်ရှင်တင်းနစ်မယ် အန်နက်တာစီယာ ပက်ဗလူချင်ကိုဗာက နိုင်ခြေအဆင့်သုံး သတ်မှတ်ခံရသည့် မာရီယာ ကီရီလန်ကို ၆-၃၊ ၆-၃ ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့သည်။
    နိုင်ခြေအဆင့် ၂ ရ ရော်ဘက်တာ ဗင်စီမှာလည်း အလီနာ ဗက်စ်နီနာအား ကြိတ်အနယ်ကစားကာ အနိုင်ရရယူနိုင်ခဲ့သည့်။ ဗစ်စီမှာ ပထမပွဲငယ်တွင် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယနှင့် တတိယ ပွဲငယ်တို့တွင် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သောကြောင့် ၂-၆၊ ၆-၁၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့သည်။
    skysports
    ______________________