News @ M-Media

Month: October 2013

  • အောက်တိုဘာ ၁၅၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

    အောက်တိုဘာ ၁၅၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

    အောက်တိုဘာ ၁၅၊ ၂၀၁၃
    M-Media

    ငွေလိမ်လည်သော လူမှုဖူလှုံရေးလုပ်ငန်းများအား ဂျပန်ပြင်းထန် စွာအရေးယူတော့မည်

    လူမှုဖူလှုံရေးလုပ်ငန်းများ၏ ငွေကြေးလိမ်လည်မှုများကို ပြင်းထန်းစွာအပြစ်ပေးနိုင်ရန်အာရုံစိုက်လုပ်ဆောင်နိုင်မည့် ပြည်သူအား ကာကွယ်ပေးသော ဥပဒေမူကြမ်း တစ်ခုကို ဂျပန်ကတ်ဘိနက်မှ အတည်ပြုလုပ်ပြီဟု ဂျပန်ပြည်တွင်းမီဒီယာ၏ ဖော်ပြချက်မှ သိရှိရသည်။

    ငွေကြေးလိမ်လည်သော လူမှုဖူလုံရေးလုပ်ငန်းများအား ယခင်က ယန်း ၃ သိန်း (အမေရိကန် ၃၀၄၁ ဒ်ါလာ)သာ ဒဏ်ငွေရိုက်နိုင်ရာမှာ ထိုဥပဒေအရ ယန်း ၁ သန်း (အမေရိကန် ၁၀၁၃၇ ဒေါ်လာ) အထိ ဒဏ်ငွေတပ်ရိုက်နိုင်မည်ဖြစ်ပြီး ထိုဥဒေမှာ လာမည့်နှစ် ဇူလိုင်လတွင် ပဌာန်းနိုင်ဖွယ်ရှိသည်ဟု ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့ သည်။
    Ref : xinhua

    ______________________

    ထိုင်းနိုင်ငံရှိ ရွှေဆိုင်များ မှတ်ပုံတင်ရတော့မည်

    ရွှေရောင်းချရာတွင် ဈေးကစားခြင်းများကို ထိန်းချုပ်ရန် စီမံချက်တစ်ခုကို ထိုင်းနိုင်ငံကဆောင်ရွက်တော့မည်ဖြစ်ပြီး ထိုစီမံချက်အရ ထိုင်းနိုင်ငံရှိ ရွှေအရောင်းဆိုင်
    ၇၅၀၀၀ ကျော်မှ ပြည်တွင်းကုန်သွယ်မှုဌာနသို့ မှတ်ပုံတင်ရတော့မည်ဟုသိရသည်။

    ထိုစီမံချက်အားဆောင်ရွက်ရန် ကုန်သွယ်ရေးဝန်ကြီးဌာန၊ ထိုင်းဗဟိုဘဏ်နှင့် ရွှေကုန်သည်ကြီးများ အသင်းတို့မှ အတည်ပြုပေးခဲ့ခြင်းဖြစ်သည်ဟု ထိုင်းကုန်သွယ်ရေး
    ဒုတိယ၀န်ကြီး Yanyong Phuangrach က ယမန်နေ့တွင် ပြောကြားခဲ့သည်။ ထို့ပြင် ထိုကဲ့သို့မှတ်ပုံတင်ခြင်းများပြုလုပ်ခြင်းကြောင့် တာဝန်ရှိသူများအနေဖြင့် ရွှေဆိုင် များ၏ ဆောင်ရွက်ချက်များကို စာရွက်စာတမ်းများထက် အွန်လိုင်းကို အသုံးပြုကာ ပိုမိုစောင့်ကြည့်နိုင်မည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ုထိုင်းနိုင်ငံ၏ရွှေလုပ်ငန်းမှာ နှစ်စဉ် ဘတ် ၁ ထရီလီယံတန်ဖိုးရှိပြီး ပြင်ပမှတင်သွင်းမှုတန်ဖိုး ဘတ် ဘီလီယံ ၃၀၀ ထက်ပိုမိုများပြားနေကြောင်း၊ ထိုကဲ့သို့ မှတ်ပုံတင်ခြင်း များ လုပ်ပေးလိုက်ခြင်းကာ ဈေးဝယ်သူများအား ပိုမိုကာကွယ်နိုင်မည်ဟု ယုံကြည်ရကြောင်း Phuangrach ကထည့်သွင်းပြောကြားခဲ့သည်။
    Ref : xinhua
    ______________________

    အမေရိကန်တွင် ကျောင်းဆရာတစ်ဦး ဓားထိုးခံရ

    အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လောင်းဘိခ်ျမြို့ ကျောင်းတစ်ခုတွင် ကျောင်းဆရာမတစ်ဦးအား ဓားဖြင့်ထိုးသတ်မှုတစ်ခုဖြစ်ပွားခဲ့သည်ဟုသိရသည်။

    အသတ်ခံရသူမှာ အသက် ၅၃ နှစ်အရွယ်ရှိ ကဲလ်လီ တေလာဆိုသည့်အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမ၏ကျောင်းသားများနှင့် ပန်းခြံထဲတွင် သောကြာနေ့ ပျော်ပွဲရွှင်ပွဲ ကျင်းပနေစဉ် လူတစ်ဦးမှ သူမ၏နောက်ကျောအား ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်ပွားချိန်တွင် မူကြိုဆင့်မှ ၆ တန်းအဆင့်ရှိ ကျောင်းသားနှစ်ဒါဇင်ခန့် နှင့် အခြားသော ဆရာဆရာမများလည်းရှိနေသည်ဟုသိရသည်။

    အခင်းဖြစ်ပွားပြီးနောက် အသက် ၅၀ အရွယ်ရှိ စတီဗင်ဘရောင်းဆိုသူအား လူသတ်မှုဖြင့်သံသယရှိသည့်အတွက် ဖမ်းဆီးလိုက်သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ခဲ့သည်။ ဘရောင်းမှာ ၎င်း၏မြေးဖြစ်သူနှင့်ပက်သက်ပြီး ဆရာမတေလာအပေါ် အမြင်မကြည်မှုများရှိနေသည်ဟု ရဲတပ်ဖွဲ့ကပြောကြားခဲ့သော်လည်း တေလာ၏  မိသားစုနှင့် သူငယ်ချင်းများက ဘရောင်းမှာ လူသတ်မှုကိုကျူးလွန်နိုင်သည်ဟု မထင်ကြောင်း ပြောကြားခဲ့သည်။
    Ref : presstv

    ______________________

    စီးပွားရေးနိုဘယ်ဆုအား အမေရိကန်နိုင်ငံသားများဆွတ်ခူး

    စီးပွားရေဆိုင်ရာနိုဘယ်ဆုကို ယမန်နေ့ကပေးအပ်ချီးမြှင့်ခဲ့ရာ အမေရိကန်စီးပွားရေးပညာရှင်သုံးဦးက ပူးတွဲရရှိသွားသည်ဟု သိရသည်။

    ထိုသုံးဦးမှာ ဆွီဒင်တော်ဝင်သိပ္ပံအကယ်ဒမီမှ အဲဂျန်ဖာမာ၊ လားစ် ပီတာ ဟန်ဆန်နှင့် ချီကာဂိုတက္ကသိုလ်မှ ရောဘတ်ရှီလာတို့ဖြစ်ကြပြီး ဈေးကွက်အတွင်း ပိုင်ဆိုင်မှု အားလုံးအား လေ့လာနိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်ရန်အတွက် မည်ကဲ့သို့လေ့လာရမည်ကို ဖော်ထုတ်ခဲ့သည့်အတွက်ရရှိခဲ့ခြင်းဖြစ်သည်။

    ၎င်းတို့သုံးဦးမှာ သန်းနှင့်ချီသော ရင်းနှီမြှုပ်နှံသူများအား အကျိုးဖြစ်ထွန်းစေ ခဲ့သည့် ရှယ်ယာပိုင်ဆိုင်မှုများနှင့်စပ်လျဉ်း၍ ပိုမိုကောင်းမွန်သော နည်းလမ်းများကို
    ဖော်ထုတ်ခဲ့သည့်အတွက် နိုဘယ်ဆုအား ပေးအပ်ခဲ့ခြင်းဖြစ် သည်ဟု နိုဘယ်ဆု ချီးမြှင့်ရေးကော်မတီကပြောကြားခဲ့သည်။
    Ref : online

    ______________________

    ဘဂျင်းလေဆိပ်၌ ဗုံးခွဲခဲ့သူအား ထောင်ဒဏ် ၆-နှစ်ချမှတ်

    ဇူလိုင်လအတွင်းက ဘေဂျင်းနိုင်ငံကာလေဆိပ်တွင် ဗုံးခွဲခဲ့သည့် မသန်စွန်းအမျိုးသားစ်ဦးအား ဘေးဂျင်းတရားရုံးမှ ထောင်ဒဏ် ၆-နှစ်ချမှတ်လိုက်သည်ဟု သိရသည်။

    ရှန်ဒုန်ပြည်နယ်မှ အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်သည့် ဂျီဇွန်ရှင်ဆိုသူဖြစ်ပြီး အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းအား
    ထားရှိခဲ့သည့်အတွက် အပြစ်ရှိကြောင်းတွေ့ရှိရ၍ ထိုကဲ့သို့ အပြစ်ပေးခဲ့ခြင်းဖြစ်သည်ဟု ချာအိုယန်ခရိုင် ပြည်သူ့တရားရုံးမှထုတ်ပြန်သော ကြေညာချက်တွင် ရေးသား ဖော်ပြထားသည်။

    ထိုကဲ့သို့ဗုံးခွဲရခြင်းမှာ သူအား မသန်စွမ်းသူတစ်ဦးဖြစ်သည်အထိ ရိုက်နှက်ခဲ့ကြသည့် အာဏာပိုင်များ၏လုပ်ရပ်အား ပြည်သူများ သိရှိစေရန်ရည်ရွယ်၍ လုပ်ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း ၀န်ခံထွက်ဆိုခဲ့သည်ဟု သိရသည်။

    ပြီးခဲ့သည့်ဇူလိုင် ၂၀ ရက်နေ့က ဂျီမှာ ဗုံးအားလေဆိပ်အတွင်းသို့ယူသွားခဲ့ပြီး ဂိတ်ပေါက်အမှတ်သုံးတွင် ချထားရန်စီစဉ်နေစဉ် လုံခြုံရေးဝန်ထမ်းများက တွေ့ရှိခဲ့ပြီး
    စနက်တံမဖြုတ်ရန် ဖျောင်းဖြခဲ့သော်လည်း ဂျီက စနက်တံဖြုတ်ခဲ့သောကြောင့် ဗုံးမှာပေါက်ကွဲခဲ့ကာ ဂျီ၏ လက်တစ်ဖတ်အား ပြတ်တောက်သွားစေခဲ့ပြီး အခြားသူများ အားထိခိုက်မှုမရှိခဲ့ပေ။
    Ref : cnn

    ______________________

    ဘက်ကင်ဟမ်နန်းတော်သို့ တရားမ၀င် ၀င်ရောက်ရန် ကြိုးပမ်းသူအား ရဲတပ်ဖွဲ့ကဖမ်းဆီး

    ဘက်ကင်ဟမ်နန်းတော်အတွင်းသို့ တရားမ၀င်ဝင်ရောက်ရန်ကြိုးပမ်းခဲ့သည့် အသက် ၄၄-နှစ်အရွယ် အမျိုးသားတစ်ဦးအား ယမန်နေ့က ဖမ်းဆီးလိုက်သည်ဟု တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့သည်။

    ဒေးဗစ်ဘဲလ်မာအမည်ရသည့် အဆိုပါအမျိုးသားအား ဗစ်တိုရီးယားအထိမ်းအမှတ်ကျောက်တိုင်နှင့် မျက်နှာချင်းဆိုင်တွင်ရှိသည့် နန်းတော်သို့ဝင်ရသည့် အဓိက ၀င်ပေါက်တွင် တားဆီးခဲ့ခြင်းဖြစ်ပြီး ရှာဖွေစစ်ဆေးမှုများအရ ၎င်းတွင် ဓားတစ်ချောင်းပါရှိသည်ဟု သိရသည်။

    ဘဲလ်မာအား တားမြစ်ထားသောနေရာသို့ဝင်ရောက်မှုနှင့် အန္တရာယ်ရှိစေသော လက်နက်ကိုင်ဆောင်မှုတို့ဖြင့်ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ပြီး နောက်ပိုင်းတွင်
    တရားစွဲဆိုသွားမည်ဟု ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။
    Ref : cnn

    ______________________

     

    လူ ၂၀ အနည်းဆုံးသေဆုံးခဲ့တဲ့ ဖိလစ်ပိုင် ငလျင်

    ဖိလစ်ပိုင်နိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားများစိတ်ဝင်စားရာ ကျွန်းသုံးခုတွင် ပြင်းအား ၇.၁ မဂ္ဂနီကျုရှိသည့် ငလျင်တစ်ခု ယနေ့တွင်လှုပ်ခတ်ခဲ့ရာ အဆောက်အဦးများ ပြိုကြခဲ့ပြီး အနည်းဆုံး လူ ၂၀-ဦးသေဆုံးခဲ့သည်ဟုသိရသည်။

    ဖိလစ်ပိုင်နိုင်ငံ၏ ဒုတိယအရေးပါဆုံးဖြစ်သောဖြစ်ပြီး လှပသော အပန်းဖြေကမ်းခြေများများစွာရှိသည့် စီဘူးတွင် ငလျင်ဒဏ်ကြောင့် အဆောက်အဦး ၁၅-လုံး၊ စီဘူးမှ သင်္ဘောဖြင့်သွားရပြီး သဲဖြူကမ်းခြေများကြောင့် ကျော်ကြားသည့် ဘိုဟိုလ်ကျွန်းနှင့် စီကွီဂျာကျွန်းတို့တွင် အဆောက်အဦး ၅လုံး ပြိုကျပျက်စီးခဲ့သည်ဟု ဖိလစ်ပိုင် လူမှုကာကွယ်ရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ရိုင်နယ်လ်ဒို ဘာလီဒိုက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် တက္ကသိုလ်များ၊ ဆေးရုံများ၊ ခရစ်ယာန်ဘုရားကျောင်းများအပါအ၀င် အဆောက်အဦးအများအပြားမှာ ဆိုးဆိုးဝါးဝါး ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး၊ လမ်းမကြီး အချို့ မှာလည်း ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည်ဟု ဒေသခံများနှင့် ကမ္ဘာ့လှည့်ခရီးသွားများက ပြောကြားခဲ့သည်။

    အဆိုပါငလျင်မှာ ဒေသစံတော်ချိန် ယနေ့နံနက် ၈ နာရီ ၁၂ မိနစ်တွင် ဘိုဟိုလ်ကျွန်းရှိ လူဦးရေ ၁၈၀၀၀ရှိသော ဘလီလီဟန်မြို့အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်း ဖြစ်သည် ဟု အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
    Ref : channelnewsasia
    Phillipine
    ______________________

  • သံတွဲအကြမ်းဖက်မှုပြီးနောက် ဖမ်းဆီးခံနေရသော ကမန်တိုင်းရင်းသားများ ထောင်ထဲတွင် ညှဉ်းပန်းနှိပ်စက်ခံနေရ

    အောက်တိုဘာ ၁၅၊ ၂၀၁၃
    M-Media
    ဇာဏီ

    သံတွဲထောင်အတွင်း ရိုက်နှက်ခံရမှုကြောင့် ခေါင်းကွဲသွားပြီး ၆-ချက် ချုပ်ထားရသူ ဇော်မင်းထွန်း ခေါ် လိုင်စင် အား ရုံးထုတ်လာစဉ် ရိုက်ကူးထားခြင်း ဖြစ်ပါသည်။
    သံတွဲထောင်အတွင်း ရိုက်နှက်ခံရမှုကြောင့် ခေါင်းကွဲသွားပြီး ၆-ချက် ချုပ်ထားရသူ ဇော်မင်းထွန်း ခေါ် လိုင်စင်အား ရုံးထုတ်လာစဉ် ရိုက်ကူးထားခြင်း ဖြစ်ပါသည်။

    သံတွဲ ။       ။          စက်တင်ဘာ ၂၉-ရက်နေ့က စတင်ဖြစ်ပွားခဲ့သော သံတွဲအကြမ်းဖက်မှုပြီးနောက် အကြမ်းဖက်ခံခဲ့ရသည့် ကမန်တိုင်းရင်းသားများထဲများလည်း ဖမ်းဆီးခြင်းခံခဲ့ရကာ ၎င်းဖမ်းဆီးထားသူများအား သံတွဲအကျဉ်းထောင်အတွင်းတွင် မတရားသဖြင့် ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်နေကြောင်း သိရပါတယ်။

    ဖမ်းဆီးခံထားရသူများအား သံတွဲတွင် မနေ့က တရားရုံးထုတ်လာစဉ် ထောင်အတွင်း၌ အကြမ်းဖက်ရိုက်နှက်ခံရသည့် ဒဏ်ရာများဖြင့် တွေ့ရကြောင်း၊ လင်းသီရွာမှ ကမန်တိုင်းရင်းသား ဇော်မင်းထွန်း ခေါ် လိုင်စင်မှာ ဦးခေါင်းတွင် ရိုက်နှက်ခံရထားသည့် ဒဏ်ရာဖြင့် ၆-ချက် ချုပ်ထားရကြောင်း၊ ၎င်းလင်းသီရွာမှပင် ရွာလူကြီး ကိုခင်မောင်သန်းမှာလည်း ရိုက်နှက်ခံရသည့်အတွက် သွား ၃-ချောင်း ကျွတ်ထွက်သွားကြောင်း၊ သဗြုချိုင်ရွာမှ နေလင်းကျော်မှာမူ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခံရမှု ကြောင့် မျက်လုံးမှ သွေးများယိုစီးကျသည်အထိ ဖြစ်ခဲ့ကြောင်းကို တရားရုံးထုတ်စဉ် သွားတွေ့ကြသူများမှ သိရှိခဲ့ကြပါတယ်။

    အဆိုပါ ညှဉ်းပန်းနှိပ်စက်မှုများအား စေခိုင်းသူမှာ သံတွဲထောင်မှ ဒု-ထောင်မှူးနေ၀င်း၊ ကိုယ်ပိုင်အမှတ် က/၄၀၃၄ ဖြစ်ပြီး တန်းစီးများမှ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

    အကြမ်းဖက်မှုဖြစ်စေရန် ဦးဆောင် လှုံ့ဆော်သူများထဲမှ ဖမ်းဆီးထားသူများအနက် ကျောက်ဖြူထောင်မှ ၀င်းကိုလေး၊ ကိုငယ်၊ ဋ္ဌေးအောင်နှင့် သံတွဲထောင်မှ စိုးစိုး၊ ကြည်လှိုင်တို့ (၅)ဦးကိုလည်း ကျူးလွန်မှု သက်သေမရှိဟုဆိုကာ ပြန်လွှတ်လိုက်သည့်အတွက် သံတွဲမြို့မှ ကမန်တိုင်းရင်းသားများအနေနှင့်လည်း စိုးရိမ်နေကြကြောင်း ပြောပါတယ်။

    “အကြမ်းဖက်မှုလှုံ့ဆော်တဲ့ ဒီလူတွေက အရင်ကတည်းက လှုံ့ဆော်နေတဲ့သူတွေ။ အဲဒါကိုမှ သက်သေအထောက်အထား မရှိလို့ဆိုပြီး လွှတ်တာဟာ အခြေအမြစ် မရှိပါဘူး။ သံတွဲမှာ သူတို့တွေကို ဖမ်းထားတဲ့အချိန်က တော်တော်လေး ငြိမ်သွားတယ်။ အခု ပြန်လွှတ်ပေးလိုက်တာဟာ ပြဿနာတွေကို မီးစပြန်မွှေး ပေးလိုက်သလိုပါ ပဲ။ မနေ့ကညကလည်း မွတ်စလင်မ်ပိုင် လယ်တဲ ၃-တဲကို မီးရှို့ပြန်တယ်။ အဲဒီအချိန်က ဗိုလ်ချုပ်လှမြင့်ကိုယ်တိုင် အဏ္ဏ၀ါမှာ ထိုင်နေတယ်။ အခု ဖြစ်သွားတဲ့ အကြမ်းဖက်မှု တွေရဲ့ ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးတာဟာ သံတွဲမြို့ကို မီးရှို့ဖို့ ထပ်လုပ်သလိုပါပဲ”ဟု သံတွဲမြို့ခံက ပြောပါတယ်။
    “အခုက ဖမ်းဆီးခံရတဲ့ ကမန်တိုင်းရင်းသားတွေကို ထောင်ထဲမှာ မတရားသဖြင့် ညှဉ်းပန်းနှိပ်စက်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ထဲက တချို့  ICRC ကို ဒီနေ့ သွားတွေ့ ပါမယ်။ အဲ့ဒီ ဓါတ်ပုံတွေ အကုန်လုံးယူသွားမယ်။ ဖြစ်နေတဲ့ ဖြစ်စဉ် အကျိုးအကြောင်းတွေကို ကျွန်တော်တို့ ပြောပြပါမယ်။ ကျွန်တော်တို့ တိုင်ပါမယ်။”လို့ ကမန်တိုင်းရင်းသား တစ်ဦးက ဆိုပါတယ်။

  • လူ ၂၀ အနည်းဆုံးသေဆုံးခဲ့တဲ့ ဖိလစ်ပိုင် ငလျင်

    လူ ၂၀ အနည်းဆုံးသေဆုံးခဲ့တဲ့ ဖိလစ်ပိုင် ငလျင်

    အောက်တိုဘာ ၁၅၊ ၂၀၁၃
    M-Media

    Phillipine

    ဖိလစ်ပိုင်နိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားများစိတ်ဝင်စားရာ ကျွန်းသုံးခုတွင် ပြင်းအား ၇.၁ မဂ္ဂနီကျုရှိသည့် ငလျင်တစ်ခု ယနေ့တွင်လှုပ်ခတ်ခဲ့ရာ အဆောက်အဦးများ ပြိုကြခဲ့ပြီး အနည်းဆုံး လူ ၂၀-ဦးသေဆုံးခဲ့သည်ဟုသိရသည်။

    ဖိလစ်ပိုင်နိုင်ငံ၏ ဒုတိယအရေးပါဆုံးဖြစ်သောဖြစ်ပြီး လှပသော အပန်းဖြေကမ်းခြေများများစွာရှိသည့် စီဘူးတွင် ငလျင်ဒဏ်ကြောင့် အဆောက်အဦး ၁၅-လုံး၊ စီဘူးမှ သင်္ဘောဖြင့်သွားရပြီး သဲဖြူကမ်းခြေများကြောင့် ကျော်ကြားသည့် ဘိုဟိုလ်ကျွန်းနှင့် စီကွီဂျာကျွန်းတို့တွင် အဆောက်အဦး ၅လုံး ပြိုကျပျက်စီးခဲ့သည်ဟု ဖိလစ်ပိုင် လူမှုကာကွယ်ရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ရိုင်နယ်လ်ဒို ဘာလီဒိုက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် တက္ကသိုလ်များ၊ ဆေးရုံများ၊ ခရစ်ယာန်ဘုရားကျောင်းများအပါအ၀င် အဆောက်အဦးအများအပြားမှာ ဆိုးဆိုးဝါးဝါး ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး၊ လမ်းမကြီး အချို့မှာလည်း ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည်ဟု ဒေသခံများနှင့် ကမ္ဘာ့လှည့်ခရီးသွားများက ပြောကြားခဲ့သည်။

    အဆိုပါငလျင်မှာ ဒေသစံတော်ချိန် ယနေ့နံနက် ၈ နာရီ ၁၂ မိနစ်တွင် ဘိုဟိုလ်ကျွန်းရှိ လူဦးရေ ၁၈၀၀၀ရှိသော ဘလီလီဟန်မြို့အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်း ဖြစ်သည် ဟု အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
    Ref : channelnewsasia

  • ရန်ကုန် ၃၈-လမ်းတွင် ဗုံးတွေ့သည်မဟုတ်ပဲ အိတ်တစ်လုံးသာဖြစ်

    ရန်ကုန် ၃၈-လမ်းတွင် ဗုံးတွေ့သည်မဟုတ်ပဲ အိတ်တစ်လုံးသာဖြစ်

    အောက်တိုဘာ ၁၅၊ ၂၀၁၃
    M-Media
    လင်းလင်း

    ရန်ကုန်     ။       ။   ရန်ကုန်မြို့၊ မဟာဗန္ဓုလမ်းနှင့် ၃၈-လမ်းထောင့်တွင် ယနေ့ နံနက် ၁၀း၀၀-နာရီခန့်က ဗုံးတစ်လုံး တွေ့ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့ရာ ဗုံးမဟုတ် လက်ဆွဲအိတ်တစ်လုံးသာဖြစ်နေကြောင်း သိရသည်။

    ၃၈-လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့် စည်ပင်သာယာအမှိုက်ပုံးတွင် ဗုံးတွေ့ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သဖြင့် ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးရာ ဗုံးမဟုတ်ပဲ အတာချီကေ့အခွံတစ်လုံးသာဖြစ်နေကြောင်း သိရသည်။

    ယခုရက်ပိုင်းအတွင်း တောင်ငူမြို့ ဗုံးပေါက်ကွဲမှုမှစတင်၍ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတို့တွင် ဆက်တိုက်ဆိုသလို ဗုံးပေါက်ကွဲမှုများ၊ ဗုံးတွေ့ရှိမှုများ ဖြစ်ပေါ်လာနေ သဖြင့် အများပြည်သူများအနေဖြင့် စိုးရိမ်စိတ်များ ဖြစ်ပေါ်နေကြောင်း သိရသည်။

    “ရန်ကုန်မှာ ဆက်တိုက် ဗုံးတွေပေါက်နေတာ အမေကြီး စိတ်ပူတယ်။ အိမ်က သားသမီးတွေ မြေးတွေ အပြင်သွားရင် စိတ်ပူနေရတယ်။ ဘာလို့များ ဒီလောက်တောင် အကြမ်းဖက်မှုတွေ လုပ်ချင်နေကြတာလဲ။ ပြည်သူတွေ အေးအေးချမ်းချမ်း မနေရတာကြာလည်း ကြာပါပြီ။ မသေခင်တော့ တိုင်းပြည် အေးအေးချမ်းချမ်းလေး နေနေကြတာ မြင်သွားချင်သေးတယ်”လို့ ရန်ကုန်မြို့ ၃၈-လမ်းအနီး နေထိုင်သည့် အသက် (၇၀)ကျော် အဘွားအိုတစ်ဦးမှ ပြောပါသည်။

  • စစ်ကိုင်းမြို့ နေရာ ၂-ခုတွင်လည်း ပေါက်ကွဲမှုဖြစ်

    စစ်ကိုင်းမြို့ နေရာ ၂-ခုတွင်လည်း ပေါက်ကွဲမှုဖြစ်

    အောက်တိုဘာ ၁၅၊ ၂၀၁၃
    M-Media
    KK

    ဓါတ်ပုံ - google image တွင် ဖော်ပြထားသည့် စစ်ကိုင်းတံတားပုံဖြစ်ပါသည်။
    ဓါတ်ပုံ – google image တွင် ဖော်ပြထားသည့် စစ်ကိုင်းတံတားပုံဖြစ်ပါသည်။

    စစ်ကိုင်း ။ ။ ယခုရက်ပိုင်းအတွင်း ရန်ကုန်၊ မန္တလေးနှင့် တောင်ငူမြို့တို့တွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲမှု၊ တွေ့ရှိမှုများရှိခဲ့သလို ယနေ့တွင် စစ်ကိုင်းမြို့ နေရာ၂-ခု၌လည်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

    စစ်ကိုင်းမြို့ ရွှေပြည့်စုံဟိုတယ်၌ ယနေ့မနက် ၃-နာရီခန့်က ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပြီး လူသေပျောက်မှု မရှိကြောင်း သိရပါသည်။

    ၎င်းနည်းတူ စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင်စေတီ၌လည်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး ပေါက်ကွဲရာနေရာမှာ မန္တလေးဘက် မျက်နှာလှည့်ထားသည့် ကားရပ်နားရန်နေရာအနီးတွင်ဟု သိရှိရပြီး အသေအပျောက် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရပါသည်။

    ပေါက်ကွဲမှုများမှာ မည်သည့်ပေါက်ကွဲမှုများဖြစ်သည်ဆိုသည်ကိုမူ မသိရှိရသေးပဲ ဆက်လက်စုံစမ်းမှုများ ပြုလုပ်ဆဲဖြစ်ကြောင်း သိရပါသည်။