News @ M-Media

Month: January 2015

  • ဆွမ်ဆီးပွဲတွင် လက်သီးစွမ်းပြခဲ့သည့် စတာလင် ပြစ်ဒဏ်မှကင်းလွတ်

    ဆွမ်ဆီးပွဲတွင် လက်သီးစွမ်းပြခဲ့သည့် စတာလင် ပြစ်ဒဏ်မှကင်းလွတ်

    ဒီဇင်ဘာ ၃၁၊ ၂၀၁၄
    M-Media
    10885493_819321211443684_8576180037075234636_n
    – တနင်္လာနေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် ဆွမ်ဆီးကစားသမား ဖာနန်ဒက်ဇ်၏ မျက်နှာကို တွန်းထိုးခဲ့သည့် လီဗာပူးလ်တိုက်စစ်မှူး စတာလင်မှာ FA ၏ ပြစ်ဒဏ်ခတ်မှုမှ လွတ်မြောက်ခဲ့သည်ဟု သိရသည်။

    လီဗာပူးလ်မှ ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် အဆိုပါပွဲတွင် စတာလင်မှာ ဖာနန်ဒက်ဇ်အား စည်းကြပ်ဒိုင်၏ အရှေ့၌ မျက်နှာကို တွန်းထိုးခဲ့ခြင်းဖြစ်သည်။

    ရန်လိုသည့်ထိုလုပ်ရပ်က ပွဲပယ်ခံရနိုင်သည့် အခြေအနေမျိုးအထိ ဖြစ်သွားနိုင်ပြီး တိုက်စစ်အားနည်းနေသည့် လီဗာပူးလ်အသင်းအတွက် စိုးရိမ်စရာဖြစ်ခဲ့သည်။

    သို့သော်လည်း စတာလင်မှာ ပြစ်ဒဏ်ခတ်မှုမှ လွတ်မြောက်ခဲ့ပြီး FA မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ ထိုကိစ္စမှာ ပွဲတာဝန်ရှိသူများ ရှေ့မှောက်တွင် ဖြစ်ပွားခဲ့သည့်အတွက် ပြစ်ဒဏ်ခတ်ခံရမှုမှ ကင်းလွတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ထိုပွဲ၏ အခြားပြစ်ဒဏ်ကျူးလွန်မှုတစ်ခုတွင် ပါဝင်ခဲ့သည့် ဆွမ်ဆီးကွင်းလယ်လူ ရှဲလ်ဗီမှာ တရားစွဲဆိုခြင်းခံခဲ့ရပြီး ယနေ့နောက်ဆုံးထား၍ ခုခံချေပရမည်ဖြစ်သည်။

    ရှဲလ်ဗီမှာ လီဗာပူးလ်ကစားသမား အီမရီကန်အား တံတောင်ဖြင့် တွတ်ခဲ့ခြင်ဖြစ်ပြီး ထိုအဖြစ်အပျက်ကို ပွဲတာဝန်ရှိသူများက မမြင်ခဲ့သော်လည်း ပွဲဗီဒီယိုကို ပြန်လည်ကြည့်ရှုပြီးနောက် FA က ယခုကဲ့သို့ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

  • ကနေဒါတွင် သေနတ်ပစ်မှုဖြစ် ကလေးငယ် ၂ ဦး အပါအ၀င် လူ ၉ ဦးသေဆုံး

    ကနေဒါတွင် သေနတ်ပစ်မှုဖြစ် ကလေးငယ် ၂ ဦး အပါအ၀င် လူ ၉ ဦးသေဆုံး

    ဒီဇင်ဘာ ၃၁၊ ၂၀၁၄
    M-Media
    10559719_819323911443414_8897691312609224962_n
    – ကနေဒါနိုင်ငံအနောက်ပိုင်း အဒ်မွန်တွန်မြို့တွင် သီးခြားစီဖြစ်ပွားခဲ့သော သေနတ်ပစ်မှု သုံးခုအတွင်း ကလေးငယ် ၂ ဦးအပါအ၀င် စုစုပေါင်း လူ ၉ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    ဒီဇင်ဘာ ၂၉ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြို့တွင်းရှိ အိမ်တစ်အိမ်တွင် သေနတ်သံကြား သည်ဟု တိုင်ကြားသောကြောင့် ရဲတပ်ဖွဲ့က သွားရောက် ကြည့်ရှုခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။

    ထို့နောက် နာရီပိုင်းအကြာ၌ မြို့၏အရှေ့မြောက်ဘက်တွင် အမျိုးသမီးသုံးဦး၊ အမျိုးသား ၂ ဦး၊ ကလေးငယ်နှစ်ဦး တို့ သေနတ် ဒဏ်ရာများဖြင့် သေဆုံး နေသည် ကိုလည်း တွေ့ရှိခဲ့ရပြီး လူသတ်သမားဖြစ်နိုင်ဖွယ်ရှိသည့် သံသယရှိသူ တစ်ဦးအား တွေ့ရှိကြောင်းကိုလည်း သတင်းရရှိခဲ့သည်။

    အဆိုပါ သံသယရှိသူဟု ယုံကြည်ရသည့် လူတစ်ဦးကို အင်္ဂါနေ့နံနက်ပိုင်းတွင် မြို့တွင်းရှိ စားသောက်ဆိုင် တစ်ခု၌ သေနတ် ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ရသည်။

    အဆိုပါ သေဆုံးမှုများအကြား ဆက်စပ်မှုရှိနေလားဆိုသည်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ထိုအမှုမှာ ရှုပ်ထွေးကြောင်း၊ မိမိကိုယ်ကိုယ် သတ်သေသွားသူမှာ မည်သူမည်ဝါဖြစ်သည်ကိုလည်း မသိရသေးကြောင်း ရဲတပ်ဖွဲ့ ပြောကြားခဲ့သည်။

    လူဦးရေ ၉ သိန်းခန့်ရှိသည့် အဆိုပါမြို့တွင် ထိုကဲ့သို့လူသတ်မှာ ဖြစ်ခဲပြီး ၁၉၅၆ ခုနှစ်နောက်ပိုင်း အဆိုးဝါးဆုံး လူသတ်မှု လည်းဖြစ်သည်။

    Source : AP