News @ M-Media

Tag: ကမန်

  • NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ

    NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ


    အောင်အောင်ထူး/RiA

    ရမ်းဗြဲ၊ ဒီဇင်ဘာ ၆ ရက်။ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရှိ ကမန်တိုင်းရင်းသားများအား NVC ကဒ်ကို လက်ခံရန် ဖိအားပေးမှု ရှိနေပြီး လက်မခံကြောင်း ငြင်းဆိုခဲ့ကြသဖြင့် စီးပွားရေးပိတ်ဆို့မှုနှင့် ရင်ဆိုင်နေရသည်ဟု ဒေသခံ ကမန်တိုင်းရင်းသားများက ပြောသည်။

    “ နောက်ထပ် ၃၊ ၄ ရက်ဆိုရင် ပင်လယ်ထွက်ရတော့မယ်။ ပင်လယ်ကို မထွက်ရဘဲ ရက် တာရှည်လာရင် ကျနော်တို့ စီးပွားရေး အခက်အခဲတွေ ကြုံတွေ့ရမယ်။ စားရေးသောက်ရေးရော အားလုံးဖက်ကပေါ့။ မော်တော်တစ်စီးမှာ လူ ၆ ယောက်၊ ၇ ယောက်မှာ တစ်ယောက်၊ နှစ်ယောက်လောက်မှာပဲ ရှိတာ။ လူမစုံရင်လည်း ထွက်လို့မရဘူး။ အဲဒါကြောင့် NVC ကဒ်မယူရင် ပင်လယ်မထွက်ရဘူး အဲလိုပြောတယ်။ ” ဟု ရမ်းဗြဲမြို့နယ် ကျောက်နီမော်မှ ရေလုပ်သား ဦးမောင်လှစိန်က ဆိုသည်။

    ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဖြင့် စိစစ်မှုများကို ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိရာ ငြင်းဆိုမှုများ၊ လက်ခံမှုများ ရှိနေသော်လည်း ကျောက်နီမော်ဒေသရှိ ကမန်တိုင်းရင်းသားများမှာ နိုင်ငံသားဖြစ်ပြီးသူများ ပန်းရောင်ကဒ်ပြား ကိုင်ဆောင်သူများလည်း ရှိနေရာ ၎င်းတို့က NVC ကို လက်မခံလိုကြောင်း ငြင်းဆိုနေခြင်းလည်း ဖြစ်သည်။

    နိုဝင်ဘာလ ၃ ရက်နေ့ ရက်စွဲဖြင့် ရခိုင်ပြည်နယ် ဝန်ကြီးချူပ်က ညွှန်ကြားချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်တွင် နိုင်ငံသားစိစစ်ရေးကဒ်မရှိသော ငါးဖမ်းစက်လှေပိုင်ရှင်များ အပါအဝင် ပဲ့နင်းနှင့် လှေသားများအားလုံးအနေဖြင့် NVC ကဒ်ကို ကိုင်ဆောင်မှသာလျှင် ငါးဖမ်းထွက်ခွင့်ပြုမည်ဟု ဖော်ပြပါရှိသည်။

    ထို ညွှန်ကြားချက်အား အကောင်အထည်ဖော်ရာတွင် NVC ကဒ်ကို ယူစရာမလိုသော ကမန်တိုင်းရင်းသားများကိုပါ ယခုလို စီးပွားရေးပိတ်ဆို့လာသည်မှာ လွဲချော်မှုများ ရှိနေသည်ဟု ဒေသခံ ကမန်တိုင်းရင်းသားများက ဝေဖန်လာကြခြင်းဖြစ်သည်။

    “လ.ဝ.က အတွင်းဝန် ဦးမြင့်ကြိုင်က စာ၂ (က) အပိုဒ်မှာ ရှေးနှစ်ပေါင်းမြောက်များစွာ နေလာပြီးတော့ အမျိုးသား မှတ်ပုံတင် ကဒ်ပြား သို့မဟုတ် အိမ်ထောင်စုစာရင်းတစ်ခုခု မရှိတဲ့ သူတွေမှသာ ယူရ မယ်ဆိုပြီးတော့ ဖော်ပြထားတယ်။ အခုကျတော့ လက်ဝယ်မှာ ကဒ် တစ်ခုခုလို့မရှိသူ အကုန်လုံးကို ယူခိုင်းနေတယ်။ အဲဒီတော့ လ.ဝ.က ထုတ် ပြန်တဲ့အမိန်နဲ့ လက်ရှိ အမိန့်နဲ့ ကွာဟနေပါတယ်။ ကျနော်တို့ ကျော်နီမော် မီးနှစ်ကြိမ် လောင်ဖူးတယ်။ ရွာလုံးကျွတ်။ မှတ်ပုံတင်တွေက မီးထဲမှာ ပါသွားတယ်။ သူတို့အဲဒါတွေကိုလည်း လာပြီး လုပ်မပေးဘူး။ ပင်လယ်ထွက်မယ်ဆို သူတို့ ကို NVC ယူခိုင်း နေတယ်။ အခု ကျနော်တို့ မှတ်ပုံတင်လုပ်မယ်လို့ သူတို့ကို ခေါ်တယ်။ ၈၂ ခု ဥပဒေနဲ့ ကျွန်နော်တို့ကို လာစိစစ် ကျနော်တို့ လက်ခံတယ်။ ဒါပေယ့် သူတို့ဖက်က ဆင်းမလာဘူး။ ရုံးကိုသွားရင်တော့ လျှောက်လို့ရတယ်။ ရမ်းဗြဲကိုသွားရင် ၂၀၁၂ ခု ပြဿနာ ကတည်းက သွားရေးလာရေးအခက်ခဲရှိတယ်။” ဟု ရမ်းဗြဲမြို့နယ် ကျောက်နီမော် အလယ်ပိုင်းရပ်ကွက်မှ ရပ်မိရပ်ဖ ဦးအေးနိုင်က RiA သို့ ပြောသည်။

    အဆိုပါကိစ္စနှင့် ပတ်သတ်၍ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးကလည်း ရခိုင်ပြည်တွင် နေထိုင်လျှင် ကဒ်တစ်ခုခုကို ကိုင် ဆောင်ထားရန် လိုအပ်ကြောင်းနှင့် ကျောက်နီမော်တွင် လူပေါင်းအများအပြားရှိရာ အနည်းအကျဉ်းတွင်သာ နိုင်ငံသား စီစစ်ရေးကဒ်ပြားရှိကြောင်း ပြောသည်။

    “ ကျောက်နီမော်က လူတွေက ပိုက်ချကြတယ်လေ။ အဲဒါကြောင့် NVC ကဒ်ရှိတဲ့လူမှ လုပ်ရမယ်လို့ အစိုးရအဖွဲ့က ညွန်ကြားထားတယ်လေ။ NVC ဆိုဟာက နိုင်ငံသားစီစစ်မှုခံဖို့အတွက် လျှောက်ထားတဲ့ အသိမှတ်ပြုလျှောက်လွှာ။ စီစစ်ရေး ကဒ်ပြားရထားတယ် ဆိုတော့ မလိုဘူးလေ။ သူတို့က စုခံတာ။ အဲဒီလိုတော့ကြားတယ်။ NVC ကဒ်မရှိရင် ငါး ဖမ်းမထွက်နဲ့။ ငါးဖမ်းမထွက်ရဘူးဆိုရင် စီးပွားရေးပိတ်ဆို့ တယ်။ အဲလိုဖြစ်ကြတာပေါ့။” ဟု ကျောက်ဖြူမြို့နယ် အုပ်ချူပ်ရေးမှူး ဦးရွှေလှအောင်က RiA သို့ ပြောသည်။

    ရမ်းဗြဲမြို့နယ် ကျောက်နီမော်မှ ကမန်တိုင်းရင်းသားအများစုမှာ ရေလုပ်ငန်းကို လုပ်ဆောင်ကြပြီး ဈေးရောင်းချသူ၊ ကုန်ရောင်း ကုန်ဝယ်ပြုသူ အနည်းငယ်နှင့် လယ်ယာလုပ်ငန်းကို အနည်းကျဉ်း လုပ်ကိုင်ကြရာ ယခုလို ငါးဖမ်းထွက်ခွင့်များ တားမြစ်ခံထားရသည့်အတွက် ထို တိုင်းရင်းသားအများစု၏ စီးပွားရေးကို များစွာ ထိခိုက်လျက်ရှိနေခြင်း ဖြစ်သည်။

    ဓာတ်ပုံ – စစ်တွေမြို့ ဖော်တော်ကြီးဆိပ်အနီးက ငါးဖမ်းလှေသဗ္ဗန်အချို့ ရပ်နားထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ – အောင်အောင်ထူး/RiA)

    RIA မှ ကူးယူဖော်ပြပါသည်။

  • ကိုဖီအာနန် ကော်မရှင် အဖွဲ့ဝင်တွေ ကျောက်ဖြူနဲ့ ရမ်းဗြဲက ဒုက္ခသည် စခန်းတွေကို သွားရောက်

    ကိုဖီအာနန် ကော်မရှင် အဖွဲ့ဝင်တွေ ကျောက်ဖြူနဲ့ ရမ်းဗြဲက ဒုက္ခသည် စခန်းတွေကို သွားရောက်

    ဇန်နဝါရီ ၁၉ ၊ ၂၀၁၇

    ( ကိုဖီအာနန် ကော်မရှင်အဖွဲ့ဝင်တွေ ကျောက်ဖြူနဲ့ ရမ်းဗြဲက ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေနဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က တွေ့ဆုံနေစဉ် ) Photo: U Tin Hlaing Win

    ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က ကျောက်တလုံး မွတ်ဆလင်ဒုက္ခသည်စခန်းနဲ့ ရမ်းဗြဲမြို့က ကမန်တိုင်းရင်းသားဒုက္ခသည်စခန်းတွေကို ဒီနေ့ သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

    ကျောက်ဖြူမြို့က ကျောက်တလုံး မွတ်ဆလင်ဒုက္ခသည်စခန်းဟာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ကျောက်ဖြူမြို့က မွတ်ဆလင်တွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီး ခံလိုက်ရတဲ့အတွက် ဒုက္ခသည်စန်းကို ရောက်ရှိနေတာဖြစ်ပါတယ်။
    အဲဒီဒုက္ခသည်စခန်းမှာ ကမန်တိုင်းရင်းသား ဒုက္ခသည်တွေလည်း ရှိတယ်လို့ သိရပါတယ်။

    ကော်မရှင်အဖွဲ့ဟာ ရမ်းဗြဲမြို့၊ အမှတ် (၆) ရပ်ကွက်မှာရှိတဲ့ ကမန်တိုင်းရင်းသား ဒုက္ခသည်စခန်းက ကမန်တိုင်း ရင်းသားတွေနဲ့လည်း သွားရောက် တွေ့ဆုံခဲ့ပါတယ်။ အဲဒီ ကမန်ဒုက္ခသည်စခန်းဟာလည်း ၂၀၁၂ ခုနှစ်က ပဋိပက္ခကြောင့် နေအိမ်ဆုံးရှုံးခဲ့သူတွေ ဖြစ်ပါတယ်။

    အဲဒီလို တွေ့ဆုံရာမှာ ကမန်တိုင်းရင်းသားတွေက သူတို့ရဲ့ မူလမြေနေရာတွေမှာ ပြန်လည်နေထိုင်ခွင့်ရရှိဖို့ တင်ပြခဲ့ကြတယ်လို့ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ ကမန်တိုင်းရင်းသား တိုးတက်ရေးပါတီရဲ့ အတွင်းရေးမှူး ဦးတင်လှိုင်ဝင်း က ပြောပါတယ်။

    ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဟာ ဒီခရီးစဉ်အတွင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ ပတ်သက်ပြီး ဒေသခံအရပ်ဖက်အဖွဲ့တွေနဲ့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
    ဖွဲ့တွေနဲ့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

    Photo: U Tin Hlaing Win

    RFA မှ ကူးယူဖော်ပြပါသည်။

  • ကမန်တိုင်းရင်းသားတို့ ဆင်နွှဲခဲ့သည့် လွှတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲ ပုံရိပ်များ (ဓါတ်ပုံသတင်း)

    ကမန်တိုင်းရင်းသားတို့ ဆင်နွှဲခဲ့သည့် လွှတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲ ပုံရိပ်များ (ဓါတ်ပုံသတင်း)

    (၆၉)နှစ်မြောက် လွတ်လပ်ရေး အောင်ပွဲနေ့ အထိမ်းအမှတ် အဖြစ် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ကမန်တိုင်ရင်းသား လူငယ်မောင်မယ်များမှ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်တွင် ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲများ ကျင်းပခဲ့ပုံနှင့် ဆုပေးပွဲများ ကျင်းပခဲ့သည့် ပုံရိပ်များဖြစ်ပါသည်။

  • ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကမန် တိုင်းရင်းသားများ စုပေါင်းသွေးလှူ

    ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကမန် တိုင်းရင်းသားများ စုပေါင်းသွေးလှူ

    ဒီဇင်ဘာ ၁၉ ၊ ၂၀၁၆
    M-Media
    သတင်း-သီဟ
    15492114_1330496367009827_5612139277799958732_n
    ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် ကမန်တိုင်းရင်းသားများမှာ စုပေါင်းသွေးလှူပွဲ တရပ်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။

    ” ၄၂ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရခိုင် တိုင်းရင်းသား မျိုးနွယ် (၇) မျိုးထဲမှာ ၁ မျိုးအပါအဝင်ဖြစ်တဲ့ ကမန်တိုင်းရင်းသားတွေ စုပေါင်းသွေးလှူတာပါ။ လာမယ်လွတ်လပ်ရေးနေ့မှာလဲ အခုလိုပဲ သွေးလှူဒါန်းဖို့ စီစဉ်ထားပါတယ်။ ဒီကနေ့ လူ ၂၀ လောက်လောက် သွေးလှူဖြစ်ပါတယ်။ ”  လို့ အဆိုပါအသင်းရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုတေဇ က M-Media ကို ပြောကြားခဲ့တာပါ။
    စစ်တွေခရိုင် ၊ ကမန်တိုင်းရင်းသား သာရေး၊ နာရေး လူမှုရေးအသင်းမှ ဦးစီးပြီး ရန်ကုန်မြို့ အမျိုးသား သွေးလှူဘဏ် မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    ဓါတ်ပုံ-Taiza Pyitphyo  FB

    15542013_1330496397009824_5404298557413331572_n

     

    15442131_1330496640343133_7081075568578520350_n

  • ကမန် လူမျိုးစု နိုင်ငံသားစိစစ်ရေးကဒ် အခက်အခဲကို လက်မှတ်စုဆောင်းတင်ပြ

    ရခိုင် ပြည်နယ်တွင်းရှိ ကမန် တိုင်းရင်းသားများ၏ နိုင်ငံသားစိစစ်ရေးကဒ် လုပ်ဆောင်ရာတွင် ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားရေးမှတ်ပုံတင်ရေးဦးစီးဌာနက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်လျှက် ဆောင်ရွက်နေခြင်းကြောင့် သံတွဲမြို့နယ်မှ ကမန်တိုင်းရင်းသားများ စုပေါင်းလက်မှတ်ရေးထိုး၍ ဇန်န၀ါရီ ၁၁ က နိုင်ငံတော်သမ္မတထံ တင်ပြလိုက်ကြသည်။

    နိုင်ငံသားစီစစ်ရေးကဒ်ပြားပြုလုပ်ပေးခြင်းတွင် အခြားတိုင်းရင်းသားများအား ရပ်ကွက်၊ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးသော် လည်း ကမန်တိုင်းရင်းသားများကိုမူ ပြည်နယ်သို့တင်ပြ၍ စစ်ဆေးမှုခံယူစေခြင်း ကြောင့်ဖြစ်ကြောင်း ဦးဆောင်လှုပ်ရှားခဲ့သူ ဦးအောင်နိုင်မြင့် ကပြောသည်။

    ကမန်လူမျိုးစုဝင်များ အနေဖြင့် နိုင်ငံသား စိစစ်ရေးကဒ် လုပ်ဆောင်ရာတွင် ပြည်နယ်အဆင့်သို့တင်ပြ ဆောင်ရွက်နေရပြီး အခြားတိုင်းရင်းသားများ ပြုလုပ်ရန်မလိုသည့် ထောက်ခံချက် များ ၊ စာရွက်စာတမ်းများ ရယူနေရသဖြင့် ငွေကြေးကုန်ကျမှုများပြားကာ အချိန်ကြန့်ကြာမှုများ လည်းရှိနေကြောင်း ဒေသခံကမန်များက ပြောသည်။

    “နိုင်ငံသားစီစစ်ရေး ငါးဦးကော်မတီရဲ့ လက်မှတ်သွားယူရတယ်။ ငွေတစ်သောင်းကျော်ကုန်တယ်။

    အခုတော့ စေတနာရှိသလောက်ပေးရတယ်လို့ကြားတယ်” ဟု နိုင်ငံသားစိစစ်ရေးကဒ်ရရှိရန် ရှစ်လကျော်အထိ ကြာမြင့်စွာစောင့်ခဲ့ရသူ တစ်ဦး ကပြောသည်။

    “အခုဆိုရင် ပြည်နယ်က မှတ်ပုံတင်ကျလာပြီး ရုံးမှာမကြေငြာပဲထားတာတွေ့ရတယ်။သွားပြီးတော့ ရင်းနှီးတဲ့လူတွေကိုစုံစမ်းမှ သိရတယ်” ဟုလည်း ဒေသခံတစ်ဦးကပြောသည်။

    ကမန်လူမျိုးစုမှာ အစ္စလာမ်ဘာသာကိုးကွယ်သည့် လူမျိုးစုများဖြစ်သော်လည်း ရခိုင်မျိုးနွယ်စု တစ်ခုဖြစ်၍ တိုင်းရင်းသား ၁၃၅ မျိုးတွင်ပါဝင်ကြောင်း ဦးအောင်နိုင်မြင့်က ပြောသည်။

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)ပုဒ်မ(၃၄၅) တွင် တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားလာသူများကို နိုင်ငံသားဖြစ်ကြောင်း သတ်မှတ်ထားပြီး ပုဒ်မ(၃၄၇)တွင် ဥပဒေအရာ၌ နိုင်ငံသားအားလုံး တန်းတူညီမျှအခွင်းအရေး ရရှိစေရမည်ဟုလည်းကောင်း ၊ ပုဒ်မ(၃၄၈)တွင်မည်သည့် နိုင်ငံသားကိုမျှလူမျိုး၊ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဋ္ဌာန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲ၊ ချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရဟုပြဋ္ဌာန်းပါရှိသည်။

    ၎င်းက “ဒါဟာဥပဒေကိုလုံးဝဆန့်ကျင်ပြီး ဆောင်ရွက်နေတာပါ။ဒါကို သမ္မတကြီးသိရှိအရေးယူနိုင်ဖို့ တင်ပြလိုက် တာပါ။

    အဓိက တောင်းဆိုတာကတော့ ရခိုင်ပြည်တွင်းမှာရှိတဲ့ ကမန်တွေအားလုံးကို သက်ဆိုင်ရာ(မြို့နယ်)လ.၀.က ရုံးတွေက နိုင်ငံသားစိစစ်ရေးကဒ် ပြုလုပ်ပေးနိုင်ဖို့အတွက်ပါ” ဟုကပြောသည်။

    စာတင်ပြရာတွင် သံတွဲမြို့တမြို့နယ်တွင်သာ လက်မှတ်ကောက်ခံမှု ပြုလုပ်နိုင်ခဲ့သဖြင့် လက်မှတ်ပေါင်း(၄၀၀) ကျော် လက်မှတ် ရေးထိုးခဲ့ကြသည်။

    ဖွဲ့စည်းပုံ ဥပဒေပုဒ်မ(၂၂၄)တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ၀န်ကြီးဌာနများသည် ယင်းတို့လက်အောက်ရှိ ဌာန ၊ အဖွဲ့အစည်းများက လုပ်ငန်းတာဝန်များ ဆောင်ရွက်ကြရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များနှင့် အညီဖြစ်စေရန်လည်းကောင်း ၊ တည်ဆဲဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီဖြစ်စေရန်လည်းကောင်း စိမံခန့်ခွဲခြင်း၊ လမ်းညွှန်ခြင်း ၊ ကြီးကြပ်ခြင်း ၊ စစ်ဆေးခြင်းပြုရမည်ဟု ပြဋ္ဌာန်းထားသည်။       ။

    Credit Yangon Press International