News @ M-Media

Tag: စစ်တွေ

  • ကယ်ဆယ်ရေးစခန်းက လူတစ်ဦးသေဆုံးမှုနဲ့ပတ်သက်ပြီး တစ်ဦးကို ဖမ်းဆီးထား

    ကယ်ဆယ်ရေးစခန်းက လူတစ်ဦးသေဆုံးမှုနဲ့ပတ်သက်ပြီး တစ်ဦးကို ဖမ်းဆီးထား


    ရခိုင်ပြည်နယ် စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်မှာ ပြီးခဲ့တဲ့ဇူလိုင်လ ၄ ရက်နေ့က ဒါးပိုင်ကယ်ဆယ်ရေး စခန်းကလာတဲ့ မွတ်ဆလင် ၇ ဦးကို ခဲနဲ့ ဝိုင်းပစ်ပေါက်တာကြောင့် ၁ ဦး သေဆုံးခဲ့တဲ့ အမှုနဲ့ပတ်သက်ပြီး ရွာကြီးမြောက်ရပ်ကွက်မှာ နေထိုင်သူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

    အမှုနဲ့ပတ်သက်ပြီး လူအများအပြားကိုလည်း ခေါ်ယူစစ်ဆေးနေတယ်လို့ စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းနောင် က ပြောပါတယ်။

    ပြီးခဲ့တဲ့ဇူလိုင်လ ၄ ရက်နေ့က စစ်တွေမြို့နယ် ဒါးပိုင်ကယ်ဆယ်ရေးစခန်းကနေ ရွာကြီးမြောက်ရပ်ကွက် ရောင်နီဦးဆိပ်ကမ်းကို မော်တော်ဘုတ်ဝယ်ယူဖို့လာရောက်တဲ့ မွတ်ဆလင်တွေဟာ အုပ်စုလိုက် ခဲနဲ့ဝိုင်းဝန်းပစ်ပေါက်တာကိုခံခဲ့ရတာကြောင့် ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

    အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မွတ်ဆလင်တွေကို ဒါးပိုင်ကယ်ဆယ်ရေးစခန်းကနေ စစ်တွေမြို့ပေါ်ကို ခေါ်ဆောင်လာတဲ့ ရဲအရာရှိနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးကို အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းနောင်က ပြောထားပါတယ်။

    ဓါတ်ပုံ – (ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဇူလိုင်လ ၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ပဋိပက္ခကြောင့် သေဆုံးခဲ့သူရဲ့ရုပ်အလောင်းကို သယ်ဆောင်လာစဉ်)

    RFA Burmese မှ ကူးယူဖော်ပြသည်။

  • စစ်တွေအကြမ်းဖက်မှုနှင့် သန်းခေါင်စာရင်းကိစ္စများအတွက် UNFPA မှ ကြေညာချက်ထုတ်ပြန်

    M-Media
    မတ် ၂၈ ရက်၊ ၂၀၁၄

    998951_308275109324548_252093493_n

    ကမ္ဘာ့ကုလသမဂ္ဂ၏ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်သော ကမ္ဘာ့လူဦးရေရံပုံငွေအဖွဲ့ (UNFPA) မှ ရခိုင်ပြည်တွင်း အကြမ်းဖက်မှု အပါအ၀င် သန်းခေါင်စာရင်း ကောက်ခံမှုနှင့်ဆိုင်သည့် ကိစ္စများနှင့်စပ်လျဉ်းပြီး ယနေ့ နေ့စွဲဖြင့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။

    ယမန်နေ့က စစ်တွေတွင်ဖြစ်ပွားခဲ့သည့် အိုင်အန်ဂျီအိုနှင့် အင်ဂျီအိုအဖွဲ့အစည်းများအား လူအုပ်စုဖြင့် တိုက်ခိုက်ခဲ့သည့် အတွက် UNFPA က အလွန်စိုးရိမ် ကြောင်း၊ ကုလ၏ လူအခွင့်အရေးပူးပေါင်းဆောင်မှုနှင့် တာဝန်ခံ ကိုယ်စားလှယ်အနေဖြင့် ရခိုင်ပြည်နယ်မှ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများ ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများကို အစိုးရမှ အကာအကွယ်ပေးရန် တောင်းဆိုလိုက်ကြောင်း ယင်းကြေညာချက်၌ ဖော်ပြပါရှိသည်။

    ထို့ပြင် ကြေညာချက်ပါ အချက်များမှာ –

    – UNFPA ၏ ၀န်ထမ်းများစာရင်း အတိအကျရှိပြီး ၄င်းတို့မှာ လုံခြုံလျက်ရှိသည်။ အခြေအနေ တိုးတက်မှုအပေါ်မူတည်၍ UNFPA က မရှိမဖြစ် လိုအပ်သည့် ၀န်ထမ်းများကို ဆက်လက်ထားရှိမည့် အကြောင်းကို ဆုံးဖြတ်သွားမည်ဖြစ်သည်။

    – မတ်လ ၃၀ ရက်နေ့တွင် မြန်မာ့သန်းခေါင်စာရင်းကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်တွင်း လူထုအုံကြွမှုဖြစ်ပေါ်လာမည်ဟူသော သတင်း အချက်အလက်များကြောင့် UNFPA အနေဖြင့် စိုးရိမ်ပူပန်လျက်ရှိသည်။

    – နိုင်ငံတကာ စံချိန်စံညွှန်းများအရလည်းကောင်း၊ လူ့အခွင့်အရေး စည်းကမ်းနည်းနာများ အရသာမက ကုလနှင့် အလှူရှင်များ၏ သဘောဆန္ဒများအပေါ် မှာပါ အခြေခံ၍ (မြန်မာ) အစိုးရက သန်းခေါင်စာရင်း၌ လူတိုင်းလူတိုင်း ပါဝင်ကောက်ခံမှု ခံယူရရှိရေး အတွက် ကတိက၀တ်ပြုထားသည်။ ထို့ပြင် လူတိုင်း ကလည်း မိမိတို့၏ ကိုယ်ပိုင်လူမျိုးကို ထည့်သွင်းရေးချယ်ခွင့်ရှိကြောင်းကိုပါ ကတိက၀တ်ပြုထားသည်။ ခြိမ်းခြောက်မှုများ၊ အကြမ်းဖက်မှုများကြောင့် ထိုကတိက၀တ်များကို မျက်နှာလိုက်ကာ ဖြည့်ဆီးခြင်းမျိုး ပြုလုပ်၍ ရလိမ့်မည် မဟုတ်။

    – ကောက်ခံသူများရော၊ ကောက်ခံခြင်းခံရမည့် သူများကိုပါ လုံခြုံရေးပေးမှသာလျှင် ယုံကြည်စိတ်ချရသော သန်းခေါင်စာရင်းအဖြေမှန်ကို ရရှိမည်ဖြစ်သည်။ ကောက်ခံခြင်းခံရမည့် သူများသည် မေးခွန်းများကို ဖြေကြားရာ၌ မိမိတို့ကိုယ်ကို လုံခြုံမှုရှိကြောင်း ခံစားနေကြရမည်ဖြစ်သလို ကောက်ခံမည့်သူများကလည်း အဖြေအားလုံးကို ယုံကြည်စိတ်ချရလောက်အောင် မှတ်တမ်းတင်ကြရမည်ဖြစ်သည်။ မည်သို့သော ခြိမ်းခြောက်မှုနှင့် ကြောက်ရွံ့မှုမျှ ရှိမနေစေရ။

    – အာဏာပိုင်များက လုံခြုံရေးကိုအကြောင်းပြလျက် နိုင်ငံတကာ၏ စံချိန်စံညွှန်းများနှင့် လူ့အခွင့်အရေးသတ်မှတ်ချက်များကို ချိုးဖောက်ခြင်းမျိုး မရှိစေရ။ လူတိုင်း၏ အခွင့်အရေးကို အာမခံချက်ပေးမည့် ကိစ္စရပ်များကိုသာ တရားမျှတစွာ ဖြည့်ဆည်းပေးရမည်ဖြစ်သလို မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပြည်နယ်မှ လစ်လပ်မနေစေဘဲ (သန်းခေါင်စာရင်းကောက်ယူမှု၌) တန်းတူညီစွာ ပါဝင်နေကြရမည်ဖြစ်သည်။

    ပိုမိုသိလိုပါက –

    William A.Ryan, [email protected], mobile Skype +66 89 897 6984+66 89 897 6984
    သို့မဟုတ် Malene Arboe-Rasmussen, [email protected], tel Skype +95 1 5429 109+95 1 5429 109 ext 146. Mobile Skype +95 9 2500 26961+95 9 2500 26961

  • စစ်တွေ အကြမ်းဖက်မှု အတွက် အလွန်အမင်း စိုးရိမ်ကြောင်း အမေရိကန်သံရုံးမှ ကြေညာချက်ထုတ်ပြန်

    M-Media
    မတ်လ ၂၈ ရက်၊ ၂၀၁၄

    USDeeplyConcernedbyViolenceinSittwe

    မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ စစ်တွေအကြမ်းဖက်မှုအတွက် အလွန်အမင်းစိုးရိမ်ကြောင်း ကြေညာချက်ကို ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ကြေညာချက်တွင် အမေရိကန်အနေဖြင့် စစ်တွေ၌ လွန်ခဲ့သည့် နေ့များက ဖြစ်ပွားခဲ့သော အိုင်အင်ဂျီအိုများကို ဦးတည်သည့် လူအုပ်စုဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများအတွက် နက်ရှိုင်းစွာ စိုးရိမ်ကြောင်း၊ တိုက်ခိုက်မှုများကြောင့် အဆောက်အဦများ ပျက်စီးခဲ့ရသလို အင်ဂျီအို ၀န်ထမ်းများကိုလည်း အရေးပေါ်နေရာရွှေ့ပြောင်းပေး ခဲ့ရကြောင်း၊ ထိုဝန်ထမ်းများ အထဲတွင် အမေရိကန်လူမျိုး ၃ ဦးပါဝင်ကြောင်း ဖော်ပြထားသည်။

    ထို့ပြင် ကြေညာချက်က မြန်မာအာဏာပိုင်များ အနေဖြင့် လုံခြုံရေးဆောင်ရွက်နေသော်လည်း မလုံလောက်မှုများ ဆက်လက်ရှိ၍လည်းကောင်း၊ စစ်တွေ၌ တရားဥပဒေစိုးမိုးမှု  ပပျောက်နေ၍လည်းကောင်း၊ အင်ဂျီအိုဝန်ထမ်းများကို အကာအကွယ်ပေးမှုများ၊ အကြမ်းဖက်မှုပျံ့နှံ့ နေသည့်ကိစ္စများ အတွက်လည်းကောင်း အလွန်အမင်းစိုးရိမ်ကြောင်း တင်ပြထားသည်။

    မြန်မာအစိုးရကိုလည်း လိုက်လျောညီထွေဖြစ်သည့် အဖြေတစ်ခုကို ထုတ်ပေးပြီး ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများအား ကိုင်တွယ်ဖြေရှင်းရေးသာမက တာရှည်ခံသည့် ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့ကိုပါ လုပ်ဆောင်သွားရန် အဆိုပါကြေညာချက်က တိုက်တွန်းထားသည်။

    ကြေညာချက်အပြည့်အစုံဖတ်ရှုရန် (အင်္ဂလိပ်ဘာသာဖြင့်)
    goo.gl/Cbsvyd

  • ရခိုင်များနှင့် ရိုဟင်ဂျာ သို့မဟုတ် ဘင်္ဂလီများအကြား တင်းမာမှုအရှိန် မြင့်မားနေဆဲ

    M-Media
    မတ်လ ၂၅ ရက်၊ ၂၀၁၄

    ဆိပ်ကမ်းအနား ချက်ပြုတ်နေသည့် ရခိုင်ပြည်နယ်မှ အမျိုးသမီး တစ်ဦး
    ဆိပ်ကမ်းအနား ချက်ပြုတ်နေသည့် ရခိုင်ပြည်နယ်မှ အမျိုးသမီး တစ်ဦး

    ရခိုင်ပြည်နယ်တွင် ရခိုင်များနှင့် ရိုဟင်ဂျာ သို့မဟုတ် ဘင်္ဂလီများအကြား တင်းမာမှုအရှိန် မြင့်မားနေဆဲဖြစ်သည်ဟု စီအင်အေသတင်းဌာနက ယနေ့တင်ပြသည်။ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ကုလကိုယ်စားလှယ်အဖွဲ့က အခြေအနေအရပ်ရပ်ကို ပိုမိုသိရှိနားလည်ဖို့  ရခိုင်သို့သွားရောက်ခဲ့သည်ဟု ဖော်ပြသည်။

    ထိုသို့သွားရောက်ရာ၌ ယခင်ပုံစံများ အတိုင်း ကုလ ကိုယ်စားလှယ်များနှင့် အတူ မြန်မာအစိုးရတာဝန်ရှိသူများလည်း လိုက်ပါသွားကြောင်း သိရသည်။ ကုလကိုယ်စားလှယ် အဖွဲ့အနေဖြင့် အဓိကရုဏ်း များအပြီး ရခိုင်ပြည်နယ် အခြေအနေကို အတွင်းကျကျ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

    မြန်မာအစိုးရကမူ ရခိုင်ပြည်နယ်အား အကူအညီပေးရေး လမ်းပြမြေပုံတွင် ပြန်လည်နေရာချထားရေးနှင့် ပညာရေးလုပ်ငန်များ အရေးကြီး အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ပြောသည်။ မြန်မာနယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းကမူ ရခိုင်ပြည်နယ်ပြဿနာများမှာ နှစ်ဖက်အုပ်စု အကြား မုန်းတီးမှုများကြောင့်ဖြစ်ကြောင်း၊ ထိုမုန်းတီးမှုကို ကုစားရန် အရေးကြီးကြောင်း၊ ရေရှည်စီမံကိန်းဖြင့် တည်ငြိမ်မှုနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့ကို ဆောင်ရွက်ရမည့်အကြောင်း ပြောပြသည်။

    ရခိုင်များနှင့် နိုင်ငံတကာကူညီထောက်ပံ့ရေး အဖွဲ့များအကြား ဆက်ဆံရေးမှာလည်း အစွန်းအထင်း များစွာရှိနေကြောင်း စီအင်အေက တင်ပြသည်။ ရခိုင်များက နိုင်ငံခြားအဖွဲ့အစည်းများသည် ဘက်လိုက်နေကြောင်း ထင်မြင်ယူဆနေသည်။

    ကုလ၏ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာထောက်ထားရေး အဖွဲ့ခေါင်းဆောင် မားက်ကတ်ကမူ ကုလအနေဖြင့် လူမျိုးတစ်ခုအပေါ် အခြားလူမျိုး တစ်ခုထက် ပို၍ မျက်နှာပေးဖို့ ဤနေရာသို့ လာရောက်နေခြင်း မဟုတ်ကြောင်း ပြတ်ပြတ်သားသားပြောဆိုခဲ့သည်။

    ရိုဟင်ဂျာများအပေါ်ထားရှိသည့် မြန်မာအစိုးရသဘောထားကို နိုင်ငံတကာက လက်သင့်မခံသည့် အကြောင်းကိုလည်း မြန်မာအစိုးရက သိရှိထားကြောင်း စီအင်အေက ဖော်ပြသည်။ သို့သော် ဗိုလ်ချုပ်မောင်မောင်အုန်းကမူ ထုံးစံအတိုင်း နိုင်ငံတကာ၏ ဝေဖန်မှုများ မှားယွင်းကြောင်းကိုသာ ပြောဆိုခဲ့သည်။ ၄င်းတို့အစိုးရက ယခုကုလ အဖွဲ့များကို ရခိုင် ဒုက္ခသည် စခန်းများသို့ လာရောက်လေ့လာခွင့်ပေးခြင်းကပင် နိုင်ငံတကာ စွပ်စွဲချက်များ မှားယွင်းသည့် သက်သေဖြစ်သည်ဟု ဗိုလ်ချုပ်မောင်မောင်အုန်းက ဆိုသည်။

    CNA