News @ M-Media

Tag: အစွန်းရောက်

  • အလဲဗင်းနှင့် မြန်မာမီဒီယာများ ကိုလံဘို တယ်လီဂရပ်၏ တိုင်းမ်မဂ္ဂဇင်း ပိတ်ပင်သည့်သတင်းအား ကိုးကားတင်ပြကြသော်လည်း အစွန်းရောက်ဆိုသည့် စကားလုံးကိုမူ ပြည်သူအားချပြရန် ပျက်ကွက်ခဲ့ကြ

    ဇူလိုင်လ ၁ ရက်၊ ၂၀၁၃
    M-Media

    အလဲဗင်းနှင့် မြန်မာမီဒီယာများ ကိုလံဘို တယ်လီဂရပ်၏ တိုင်းမ်မဂ္ဂဇင်း ပိတ်ပင်သည့်သတင်းအား ကိုးကားတင်ပြကြသော်လည်း အစွန်းရောက်ဆိုသည့် စကားလုံးကိုမူ ပြည်သူအားချပြရန် ပျက်ကွက်ခဲ့ကြ

    မြန်မာပြည်၏ နာမည်ကြီးမီဒီယာ ကြီးများသည် မြန်မာနိုင်ငံနည်းတူ သီရိလင်္ကာ၌လည်း ဇူလိုင်လထုတ် တိုင်းမ်မဂ္ဂဇင်းကို ပိတ်ပင်ရန်ရှိကြောင်း သတင်း တင်ပြခဲ့ကြသည်။ ထိုသတင်းတွင် အလဲဗင်းမီဒီယာဂရုက Colombo Telegraph နှင့် Srilanka Mirror တို့၏ ဇွန်လ ၂၈ ရက်နှင့် ၂၉ ရက်သတင်း များကို ကိုးကား၍ သီရိလင်္ကာတွင်လည်း တိုင်းမ်ကို ပိတ်ပင်ဖို့ ရှိကြောင်းနှင့် ပိတ်ပင်လိုက်ကြောင်း ယနေ့ ဇူလိုင် ၁ တွင် သတင်းထုတ်ပြန်ခဲ့ရာ ထိုသတင်းစာ နှစ်ခုစလုံးတွင် “Myanmar’s extremist monk Wirathu” (အစွန်းရောက် မြန်မာဘုန်းကြီး ၀ီရသူ) ဟု ဦးဝီရသူအား ရည်ညွှန်း သုံးစွဲဖော်ပြထားသည်။

    srilankamirror
    srilankamirror ၏ သတင်း

    သီရိလင်္ကာသတင်းစာများ၏ အသုံးအနှုံးတွင် ဦးဝီရသူအတွက် အနောက်နိုင်ငံသတင်းစာများကဲ့သို့ “အရှင်” ပင်တပ်၍ ခေါ်ထားခြင်း မရှိကြောင်း တွေ့ရှိ ရ ပါသည်။

    colomboTelegraph
    ကိုလံဘို တယ်လီဂရပ်၏ သတင်း
    colombopage
    colombopage ၏ သတင်း

    ထို့ပြင် ဇွန်လ ၃၀ ရက်နေ့၌ Colombo Telegraph တွင် “The Marriage Made in Hell” (ငရဲ၌ ထိမ်းမြားခြင်း) ခေါင်းစဉ်ဖြင့် Bodu Bala Sena (BBS) အဖွဲ့အစည်းသည် လူနည်းစုများအား နှိပ်ကွပ်ဖို့ ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ ထိုဆောင်းပါးတွင် ဖော်ပြထားသည်မှာ

    “သီရိလင်္ကာ၏ ဗုဒ္ဓဘာသာအစွန်းရောက်များကို “Our own Wirathus” (ကျွန်ုပ်တို့၏ ၀ီရသူများ) ဟု ရည်ညွှန်းသုံးစွဲထားသလို သီရိလင်္ကာတွင်လည်း ကွန်ဆာဗေးတစ် ဗုဒ္ဓဘာသာအစိုးရ ကြီးစိုးနေသလို ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီများက မွတ်စလင်နှင့် ခရစ်ယာန်များ၏ ပိုင်ဆိုင်မှုများကို ခိုးယူဖျက်ဆီး ယူငင်ကြကာ နိုင်ငံ၏  ၉ ရာနှုန်းသော မွတ်စလင်များအပေါ် ပိတ်ပင်တားဆီးခြင်းများပြုလုပ် ဖို့ ဆော်သြနေသည့် နေကြကြောင်း ဖော်ပြ ထားသည်။”

    ထို့ပြင် ယင်းဆောင်းပါးက တိုင်းမ်၏ဆောင်းပါးသည် မြန်မာနှင့် သီရိလင်္ကာတို့ကို နှိုင်းယှဉ်ထားသဖြင့် သီရိလင်္ကာကလည်း မြန်မာအတိုင်း လိုက်၍ ပိတ်ပင်ခြင်းဖြစ်ကြောင်း သုံးသပ်ထားပါသည်။

    ယခုကဲ့သို့ မြန်မာပြည်၏ တံခါးဖွင့်ဝါဒ သက်တမ်းနုစဉ်အချိန်တွင် မြန်မာမီဒီယာများမှာ ၄င်းတို့အကျိုးစီးပွားကိုသာ ရည်စူးပြီး ပြည်သူများအား အမှန်မချပြ သည်မှာ အထူးစိုးရိမ်ဖွယ်ပင်ဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

    “သူတို့(သီရိလင်္ကာကို ရည်ညွှန်း) က စာဖတ်တတ်ပုံရတယ်။ ဆောင်းပါးက ဗုဒ္ဓဘာသာကို စော်ကားတာလား၊ ဗုဒ္ဓဘာသာကို အသုံးချတဲ့ လူတွေ ရှိတယ် ဆိုတာကို ပွင့်ပွင့်လင်းလင်းရေးတာလားဆိုတာ သိပုံရတယ်။ ” ဟု ဖေ့စ်ဘုတ် နာမည်ကြီး ကိုထိုက်က သုံးသပ်ဖော်ပြသည်။

    အလဲဗင်းက ယခင်အားကစားဂျာနယ်တစ်မျိုးတည်း ထုတ်ဝေစဉ်ကတည်းက မြန်မာဘောလုံးသမား စင်ကာပူ ပရိသတ်ဖက်လှည့်၍ မဖွယ်မရာပြုလုပ်ပြသည့် ကိစ္စအား ထိမ်ချန်ပြီး ထိုဘောလုံးပွဲအား ကြီးကြပ်သူ ဂျပန်ကွင်းလယ်ဒိုင်၏ ကိုယ်ရေးအချက်များ၊ ဆက်သွယ်ရန် မေးလ်များ ကို ဖော်ပြပေး ကာ မြန်မာ လူထုအား သွေးကြွစေခဲ့ဖူးသည်။ ထို့ကြောင့် မြန်မာဘောလုံးအသင်း စင်ကာပူသို့ လာရောက်တိုင်း စင်ကာပူပရိသတ်က “မြန်မာ ခရေဇီ” ဟု လှောင်ပြောင်လေ့ ရှိကြကြောင်း ဘောလုံးပရိသတ် တစ်ဦးက ဆိုပါသည်။

  • အလဲဗင်းမှ အမ်-မီဒီယာအား အစွန်းရောက်ဟု အခြေအမြစ်မဲ့တိုက်ခိုက်မှုအပေါ် အမ်-မီဒီယာ၏ တုန့်ပြန်ချက်

    M-Media
    ၂၀၁၃ ဇွန်လ ၂၉ ရက်

    ၂၇ ရက်ဇွန်လ၊ ၂၀၁၃ ထုတ်အလဲဗင်းမီဒီယာသည် သတင်းစာမျက်နှာဖုံးဆောင်းပါး “Facebook ပေါ်တွင် ဘာသာရေးသွေးထိုး လှုံဆော်မှုများ လုပ်ဆောင်နေသည့် လူထုမောင်ကာဠု၊ We Love True ကဲ့သို့ပင် မွတ်စလင်အစွန်းရောက်များလည်း ရှိနေ” ဟူသော ခေါင်းစဉ်ဖြင့် တင်ပြခဲ့သည်။

    11_2

    ယင်းဆောင်းပါးတွင် အလဲဗင်းက M-Media အား အစွန်းရောက်မွတ်စလင်မီဒီယာအဖြစ် ဖော်ပြခဲ့သည်မှာ အခြေအမြစ်မရှိသော တိုက်ခိုက် ရေးသား မှု သာဖြစ်ကြောင်း အမ်-မီဒီယာအကြီးတန်း တာဝန်ခံများက ဆိုပြီး အလဲဗင်း၏ ကျင့်ဝတ်သိက္ခာနှင့် အစွန်းရောက် (extremist) စကားလုံး အပေါ် သဘောပေါက် နားလည်မှုအား မေးခွန်းထုတ် ဝေဖန်လိုက်သည်

    “extremist ဆိုတဲ့နေရာမှာ ဒီစာလုံးကို အသုံးပြုဖို့ အင်မတန်မှ စဉ်းစားသင့်တယ်။ ကိုယ့်ကိုကိုယ် ပရိုမီဒီယာကြီးလို့ ကျွေးကြော်ပြီး Asia News Network က သူတို့သတင်းတင်တာလောက်ကို ကမ္ဘာကပဲ သူတို့ရေးတာ လက်ခံသယောင် အောင်ပွဲခံခဲ့တာမျိုး ရှိတဲ့ အလဲဗင်းက ဒီလိုမျိုး စကားလုံး သုံးတာ ထူးခြားတယ်လို့တော့ မထင်ဘူး။ ဥပမာပေါ့ဗျာ၊ အမေရိကန်သံအမတ်ကြီးကိုယ်တိုင် ဦးစီးဦးဆောင်ပြုပြီးတော့ လုပ်တဲ့ အင်တာဖိတ် (Interfaith) ဆွေးနွေးပွဲ သတင်းကို အလေးပြုဖော်ပြပြီးတော့ ပြည်သူကို ပညာပေး၊ အသိပေးလုပ်သင့်တဲ့အချိန်မှာပေါ့၊ သူတို့က Father Land နဲ့ ဒေါ်ဝါ၀ါဝင်းရွှေအမှုနဲ့ အလုပ်များနေတယ်။ ဒါမျိုးက hate incitement ဆိုတဲ့ သွယ်ဝိုက်ပြီးတော့ ကိုဝါဒဖြန့်တဲ့ နည်းမျိုး၊ မွတ်စလင်ပိုင် ကုမ္ပဏီတစ်ခုပါဝင်ပတ်သတ်နေတာနဲ့တင် သူတို့အတွက် တခြားအရေးကြီးသတင်းတွေကို လျစ်လျူရှုလိုက်တဲ့ လုပ်ရပ်မျိုးပဲ။ ဒါကြောင့် ဒီလိုမီဒီယာရဲ့ extremist ဆိုပြီး တိုက်ခိုက်ချက်ကို ကျွန်တော်တို့ဘာမှ အလေးပေး ဂရုစိုက်ဖို့ မလိုဘူးလို့ ထင်ပါတယ်။” ဟု အမ်မီဒီယာမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    အလဲဗင်းအနေဖြင့် အင်တာဖိတ်ဆွေးနွေးပွဲသတင်းများကို အရေးတယူလုပ်ဖော်ပြခြင်းမျိုးမရှိသော်လည်း အစ္စလာမ်သာသနာဝင်များပိုင်ဆိုင်သည့် စီးပွားရေး လုပ်ငန်းများနှင့် အစိုးရ၀န်ထမ်းများအကြား မသမာမှုများရှိနေသည်ဟူသည့် သတင်းစသည်များကိုသာ အသားပေး ဖော်ပြလေ့ရှိ သည်။ ဒေးလီးအလဲဗင်း သတင်းစာ၏ ဇွန်လ ၂၅ ရက်နေ့ထုတ် အယ်ဒီတာအာဘော်တွင် အမှန်တရားပင်ဖြစ်လင့်ကစား လူအများစု၏ သဘောထားကို လိုက်၍ သတင်းတင်ပြရလေ့ ရှိ သည်ဟူသော သဘောကို သွယ်ဝိုက်စွာ ရေးသားဖော်ပြထားပါသေးသည်။ ယင်းနှင့်ပတ်သတ်၍ အမ်မီဒီယာ အကြီးတန်းသတင်းသုံးသပ်သူတစ်ဦး က အောက်ပါအတိုင်း မှတ်ချက်ပေးပါသည်။

    M-Media ရဲ့ အင်တာဖိတ် tolerance နဲ့ပတ်သတ်ပြီး တင်တဲ့သတင်းကို ဦးရဲထွဋ်လို နိုင်ငံတော်အဆင့်တာဝန်ရှိသူတွေကိုယ်တိုင် ရှယ်တဲ့အခြေ အနေ မျိုးမှာ ရှိပါတယ်။ ကျွန်တော်တို့ မီဒီယာရဲ့ အဓိကရည်ရွယ်ရင်းကလည်း ဒါပါပဲ။ နောက်ပြီးတော့ ကျွန်တော်တို့ မီဒီယာရဲ့ အင်္ဂလိပ်ပိုင်းကို ဘန်ကောက် အေပီ ဗျူရို ချိဖ် (AP Bureau Chief) ဖြစ်တဲ့ Todd Pitman လို လူမျိုးက like လုပ်ထားတာမျိုးလည်း ရှိပါတယ်။ အလဲဗင်းရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ကတော့ဗျာ၊ ရှင်းပါတယ်၊ ဒါမျိုးကို အရင်က အာဏာရှင်အစိုးရလုပ်ခဲ့တာပဲ၊ ဥပဒေတွေ ချပြပြီး ခြိမ်းခြောက်မယ်။ ဥပမာ – အရင် exile media တွေဖြစ်တဲ့ ဧရာဝတီတို့ စတဲ့ မီဒီယာတွေကို အာဏာရှင်စစ်အစိုးရက ဒီလိုပဲ ခြိမ်းခြောက်ပြီး မိစ္ဆာမီဒီယာတွေလို့ သမုတ်ခဲ့တာပဲ။ အခု အလဲဗင်းကလည်း အာဏာရှင်ပုံစံဖမ်းပြီး ခြိမ်းခြောက်တာမျိုးပါ။ အမှန်ရေး သတင်းထောက်တွေကိုတောင် ရန်မူနေတဲ့တိုင်းပြည်မှာဗျာ၊ လူများစုနဲ့ ဆန့်ကျင်တဲ့အမှန်ကို တင်ပြရင်တော့ ဒါ အစွန်းရောက်လို့ ပြောခံရမှာပဲ။ သူတို့ကိုယ်သူတို့မှ မသုံးသပ် နိုင်ကြတာကိုး။ ”

    UYeHtut

    အလဲဗင်းမီဒီယာအနေဖြင့် အမ်-မီဒီယာအား အစွန်းရောက်အဖြစ် တိုက်ခိုက် ရေးသားထားရာ၌ အဓိကအကိုးအကားအဖြစ် “လမ်း ၂၀ ထိပ်တွင် သင်္ကန်း ၀တ်သံဃာတော်တစ်ပါးမှ ရိုက်နှက်ရန်စမှုဖြစ်ပွား” ဟူသည့် မမှန်သတင်းကို အသုံးချထားပါသည်။ ယင်းနှင့်ပတ်သတ်၍ အမ်-မီဒီယာအကြီးတန်း သတင်းထောက်တစ်ဦးက –

    “ဒါက သူတို့အဆင့်အတန်း ဘယ်လောက်ရှိသလဲဆိုတာ ဖော်ပြလိုက်တာပေါ့။ အမ်-မီဒီယာမှာ အဲလိုခေါင်းစဉ်နဲ့ ဘယ်တုန်းကမှ သတင်းမတင်ခဲ့ ဘူးဆိုတာ အတည်ပြုပြောချင်တယ်။ သူတို့မှာ အမ်မီဒီယာကို အစွန်းရောက်လို့ စွပ်စွဲဖို့ကို သက်သေ ဒီလောက်ထိရှားနေ တယ်ဆိုတာ ပေါ်လွင်နေ တယ်။ မရိုမသားလုပ် တယ်ဆိုတာလည်း ပေါ်လွင်နေတယ်။ အချက်အလက်တွေကို ထင်ရောင်ထင်မှားဖြစ်အောင်လိမ်တယ်ဆိုတာ ထင်ရှားနေတယ်။ ဘာကြောင့်လဲဆိုရင် သူတို့  ပြောသလို လမ်း ၂၀ ထိပ်မှာဖြစ်ခဲ့တာမှ မဟုတ်ဘဲ၊ ကျနော်တို့ သတင်းက လမ်း ၁၂၀ ထိပ်လို့ အတိအကျ မှန်မှန်ကန်ကန် ကို ရေးထားတာကိုး ဗျ။” ဟု ပြောပြခဲ့ပါသည်။ ၄င်းကပင် ဆက်လက်၍ “၂၇ ရက်နေ့ထုတ် သတင်းစာမှာတော့ အမ်မီဒီယာ အစွန်းရောက်ကြောင်း လမ်း ၂၀ သတင်းမှား ကို ထောက်ပြီး စွပ်စွဲတယ်။ အဲ – အင်္ဂလိပ်ပိုင်းမှာကျတော့ဗျာ၊ အမ်မီဒီယာအစွန်းရောက်ကြောင်း စွပ်စွဲပြီး အကြောင်းပြချက်ဖြစ်တဲ့ လမ်း ၂၀ ကိစ္စ ထည့်မရေးဘူး။ ဒါကို ကျနော်တို့ ဘယ်လိုပြောမလဲ၊ ကလေးကလားဆန်တဲ့ လုပ်ရပ်ထက်ကို ဒါကိုက အစွန်းရောက်ခြောက်တွန်းတဲ့ လုပ်ရပ်ဖြစ်နေ ပြီ။ နိုင်ငံတကာကိုကျ တစ်မျိုးလိမ်၊ ပြည်တွင်းကိုကျ တစ်မျိုးလိမ်ဆိုတော့ မကောင်းဘူးပေါ့ဗျာ။” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

     

    M11
    အလဲဗင်း၏ သတင်းစာတွင် အစွန်းရောက်စွပ်စွဲချက်အား ရေးသားထားပုံ

    Link => အလဲဗင်းမီဒီယာ၏ အမ်-မီဒီယာအပေါ်စွပ်စွဲချက် အင်္ဂလိပ်ပိုင်းသတင်း

     

    about true new st 120
    အမ်-မီဒီယာမှာ ဇွန် ၁၉ ရက်နေ့စွဲဖြင့် တင်ပြခဲ့သည့် လမ်း ၁၂၀ ထိပ်ဖြစ်ရပ် သတင်းမှန်

    (Link => http://www.m-mediagroup.com/news/15026)

    ထို့ပြင် အလဲဗင်းမီဒီယာ၏ မီဒီယာမဆန်သောလုပ်ရပ်ကို စင်ကာပူအခြေဆိုက် စီဂျေတစ်ဦးဖြစ်သည့် Chan Myae Khine ကလည်း Facebook ပေါ်တွင် အောက်ပါ အတိုင်း ထောက်ပြထားပါသည်။

    ChanMyaeKhineOn11

    အမ်-မီဒီယာ၏ ပြည်တွင်းသတင်းဆိုင်ရာ အကြီးတန်းအယ်ဒီတာတစ်ဦးကို ၂၇ ရက်နေ့ထုတ် အလဲဗင်းသတင်းနှင့်ပတ်သတ်၍ဆက်သွယ်မေးမြန်းခဲ့ ရာအောက် ပါအတိုင်း ဖြေကြားခဲ့ပါသည်။

    “၂၇-ရက်နေ့ အလဲဗင်းက M-Media က အစွန်းရောက်လို့ သုံးတာကို ဘယ်လိုမြင်သလဲဆိုက ပွင့်ပွင့်လင်းလင်း ပြောရရင် အလဲဗင်းကို ရခိုင် သီတာထွေးကိစ္စစဖြစ်ကတည်းက အယုံအကြည်မရှိတာဆိုတော့ နိုင်ငံရဲ့ နာမည်ကြီးမီဒီယာတစ်ခုက အခုလို တစ်ခြားမီဒီယာငယ်တွေကို အစွန်းရောက်လို့ပြောတာဟာ တခြားမီဒီယာ (M-Media)ကို တိုက်ရိုက်တိုက်ခိုက်မှု တစ်ခုပါ။ ပြီးတော့ M-Media က အခုထက်ထိ အမှန်တရားတွေ ကိုပဲ တင်ပြနေပါတယ်။ အဲဒါကြောင့် အလဲဗင်းရဲ့ လွဲမှားမှုတွေ၊ လိုအပ်ချက်တွေကို ထောက်ပြီးတင်ပြခဲ့တာတွေ ရှိခဲ့လို့ အဲဒီအပေါ် မီဒီယာကျင့်ဝတ်ကို မစောင့်ထိန်းပဲ အညှိုးအတေးနဲ့ အပုတ်ချတယ်လို့ မြင်ပါတယ်။ ကိုယ့်မီဒီယာကနေ အစွန်းရောက်မှုတွေ၊ ဘာသာရေးပဋိပက္ခတွေဖြစ်အောင် လုပ်ဆောင်နေတာကို ပြန်လည်သုံးသပ်ခြင်းမပြုပဲ တဘက်မှာ အမှန်တရားကို တင်ပြနေတဲ့ မီဒီယာတွေကို အစွန်းရောက်လို့သုံးနှုန်းလိုက်တာဟာ အလဲဗင်းရဲ့ခံယူချက်က ပဋိပက္ခတွေဖြစ်အောင် လှုံ့ဆော်နေတယ်ဆိုတာ ပိုပြီးမြင်သာသွားပါတယ်။ ချေပချင်တယ်ဆိုတာထက် အဖြစ်သင့်ဆုံးတစ် ခုပြောချင်တာကတော့ အလဲဗင်းအနေနဲ့ ကိုယ့်မီဒီယာက ဘယ်လိုပုံစံ ဘယ်အခြေအနေရောက်ပြီလဲဆိုတာ သုံးသပ်စေချင်ပါတယ်။ ကိုယ့်စီးပွားအကျိုး အမြတ်ကြောင့်ပဲဖြစ်ဖြစ်၊ တခြားကနေ ထောက်ပံ့မှုတွေ ရချင်လို့ပဲဖြစ်ဖြစ်၊ နောက်ကွယ်က ကြိုးကိုင်နေသူရှိလို့ ရှေ့ကနေ ကပြအသုံးတော်ခံနေတာ ပဲဖြစ်ဖြစ် အဲဒါတွေကနေ ရပ်တန့်သင့်ပြီလို့ ပြောချင်တယ်။ ကိုယ့်နိုင်ငံကို တကယ်ချစ်မြတ်နိုးပြီး နိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်ပီသအောင် ရပ်တည်မယ်ဆို ရင် နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြား လောင်ကျွမ်းစေမယ့် လောင်စာတွေထည့်ခြင်း၊ မီးမွှေးခြင်းကို မလုပ်ဖို့ အလဲဗင်းကို ပြောချင်တယ်။

    တဖန် အမ်-မီဒီယာ၏ အုပ်ချုပ်ရေးနှင့် အတိုင်ပင်ခံဖြစ်သူ တစ်ဦးကမူ –

    “ကျနော့တစ်ယောက်တည်းအမြင်အရတော့ အလဲဗင်းမီဒီယာဂရုပ်အနေနဲ့ သူအပါအဝင် ပြည်တွင်းမီဒီယာတွေကို M-media ကနေ ထောက်ပြပြော ဆိုတာလေ့ရှိတာကြောင့် ကိုယ့်အနေအထား ကိုယ့်အမှားတွေကို လူသိမှာစိုးလို့ Localized Press License ကိုသုံးချပြီး လူထုကို စာအဆိပ်သွပ် လိုက်တာလို့ပဲ မြင်ပါတယ်… မီဒီယာအချင်းချင်း စွပ်စွဲမှုအပေါ် ချက်နဲ့လက်နဲ့စွတ်စွဲထောက်ပြတာမျိုးကို လက်ခံနိုင်ပေမဲ့ အချက်အလက်လည်းမမှန် တိကျတဲ့ထောက်ပြဝေဖန်မှုမျိုးမပါပဲ လက်လွတ်စပါယ်စွတ်စွဲပြောဆိုတာကတော့ အလဲဗင်းမီဒီယာဂရုပ်အနေနဲ့ ကိုယ့်မီဒီယာဂရုပ်တစ်ခုလုံးရဲ့ သိက္ခာနဲ့ကျင့်ဝတ် ကို နင်းချပြတာပဲဗျ… မယုံရင် M-media အနေနဲ့လည်း အလဲဗင်းအပါအဝင် ပြည်တွင်းကမီဒီယာတွေရဲ့ သတင်းတင်ဆက် မှု ဆောင်းပါးတင်ဆက်မှု အမှားအယွင်းတွေရှိရင် ထောက်ပြခဲ့တာပဲ… ဒါပေမဲ့ မီဒီယာတစ်ခုခုကိုတော့ အစွန်းရောက်လိုမျိုး အကြမ်းဖက်လှုံ့ဆော်မီဒီယာလိုမျိုး စွတ်စွဲပြီး အပုပ်ချတာ မျိုး လုပ်တာမရှိခဲ့ဘူး… ပြောရရင်တော့ အဲ့ဒီအပိုင်းမျိုးအထိ လိုရာစွဲပြီး တန်ပြန်ထိုးနှက်မယ်ဆိုရင် လုပ်လို့ရတာတွေ အလဲဗင်းမီဒီယာဂရုပ်ရဲ့ လုပ်ရပ်တွေ ထဲမှာ အများကြီးထုတ်ပြနိုင်ပေမဲ့ မီဒီယာဆိုတာ အစွန်း၂ဖက်ကိုရှောင်ပြီး ဖြစ်သင့်ဖြစ်ထိုက်တာကို လူထုကိုချပြရတာမျိုးလို့ပဲ ထင်မြင်ယူဆထားတော့ M-media အနေနဲ့ ထောက်ပြဝေဖန်မှုထက်ပိုပြီး စွတ်စွဲတိုက်ခိုက်တာမျိုးရှောင်ကြဉ်တယ်… ”

    အမ်-မီဒီယာ၏ ပင်တိုင်ဆောင်းပါးရှင်တစ်ဦးကလည်း သူ့အနေဖြင့် “တစ်ကမ္ဘာလုံးနှင့် ၁၁” ဟူသော ခေါင်းစဉ်ဖြင့် တစ်ကမ္ဘာလုံးက မြန်မာပြည်တွင် အစွန်းရောက်မှုရှိနေပြီး ယင်းကို မြန်မာပြည်တွင်း မီဒီယာများ ၄င်းတို့နှင့် ဘာသာတူအစွန်းရောက်လူများစုကြီးကို မျက်ကွယ်ပြု ထောက်ပံ့ပေးနေသည့် အကြောင်း ကမ္ဘာ့မီဒီယာကြီးများ ၏ ထောက်ပြပြောဆိုမှုများ ကို အထောက်အထားများဖြင့် ရေးသားဖော်ပြသွားမည်ဖြစ်ကြောင်း၊ ပရိသတ်များ အနေဖြင့် စောင့်မျှော်ဖတ်ရှုစေ လိုကြောင်း မှတ် ချက်ပေး ပြောကြားပါသည်။

    အချုပ်ဆိုရပါမူ အမ်-မီဒီယာအနေဖြင့် အလဲဗင်း၏ အစွန်းရောက်ဟူသော အခြေအမြစ်မဲ့စွပ်စွဲချက်အား ပြင်းထန်စွာ ရှုံ့ချကန့်ကွက်ကြောင်း ဖော်ပြအပ် ပါသည်။

  • သီရိလင်္ကာမွတ်စ်လင်မ်များ ခြိမ်းခြောက်ခံနေရမှုကို ကုလသမဂ္ဂထံ အသိပေးအကြောင်းကြား

    သီရိလင်္ကာမွတ်စ်လင်မ်များ ခြိမ်းခြောက်ခံနေရမှုကို ကုလသမဂ္ဂထံ အသိပေးအကြောင်းကြား

    မတ်လ ၈ ရက်၊ ၂၀၁၃
    M-Media
    source: OnIslam & Newspapers

    ကိုင်ရို။ ။ ဗုဒ္ဓဘာသာဝင် အမျိုးသားရေးဝါဒီတို့၏ တိုက်ခိုက်မှု အရှိန်အဟုန်မြင့်လာခြင်းအား စိုးရိမ်လာ သည့်အပေါ် သီရိလင်္ကာမှ မွတ်စ်လင်မ်များသည် ကမ္ဘာ့ကုလသမဂ္ဂသို့ အကြောင်းကြား စာပို့လိုက်သည်။ ၄င်း၌ အစွန်းရောက်ဗုဒ္ဓဘာသာဝင်တို့မှ ဦးဆောင်နေသော မွတ်စ်လင်မ် ဆန့်ကျင်ရေး လှုပ်ရှားမှုများအကြောင်း၊ အစိုးရဖက်မှ မွတ်စ်လင်မ်တို့အား အကာအကွယ်ပေးမှု မရှိကြောင်း ဖော်ပြထားသည်။

    “ တမီလ်ကျားအဖွဲ့ ရှုံးနိမ့်သွားပြီးနောက် သီရိလင်္ကာ မွတ်စ်လင်မ်များအနေနဲ့ နိုင်ငံ အပြောင်းအလဲကာလမှာ အမျိုးသားညီညွတ်ရေးကို နည်းလမ်းပေါင်းစုံနဲ့ ဖော်ဆောင်လျက်ရှိ ပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေကို ထိန်းကွပ်ဖို့ပျက်ကွက်နေတာဟာ ကိုယ့်နိုင်ငံကို ကိုယ်တိုင် ဖျက်ဆီးရာရောက်ပါတယ်။ ဒီလို လက်လွှတ်ထားတဲ့ သီရိလင်္ကာ အစိုးရကို ကျွန်တော်တို့ နားလည်ရခက်နေပါတယ် ” ဟု မွတ်စ်လင်မ်-တမီလ် အမျိုးသား မိတ်သဟာယ အဖွဲ့မှ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ ပေးပို့သော စာ၌လည်းကောင်း၊ ကိုလံဘို ဂေဇက် သတင်းစာ၌လည်းကောင်း ရေးသားထားသည်။

    မွတ်စ်လင်မ်နိုင်ငံရေးခေါင်းဆောင် အာဇတ် ဆော်လီ ဦးဆောင်သော “ မွတ်စ်လင်မ်-တမီလ် အမျိုးသားမိတ်သဟာယအဖွဲ့ ” က ဗုဒ္ဓဘာသာအင်အားစု – Bodu Bala Sena ဟူသောအုပ်စု၏ ပြဿနာ ရှာမှု မြင့်မားလာခြင်းကို စိုးရိမ်ပူပန်လျက်ရှိသည်။ ထို Bodu Bala Sena အုပ်စုသည် မွတ်စ်လင်မ် တို့အား စွပ်စွဲဆန့်ကျင်တိုက်ခိုက်မှုများပြုလုပ်နေပြီး၊ သီရိလင်္ကာအစိုးရကို အာခံလျက် ဟလာလ်အသားများအား ပိတ်ပင်ရန် တိုက်ပွဲဝင်နေကြသည်။

    ဗုဒ္ဓဘာသာဝင်အုပ်စုအနေနှင့် ယင်းအဖွဲ့အသီးသီးတို့မှာ မိမိတို့အား ပုံမှားရိုက်ထားခြင်းသာဖြစ်ကြောင်း၊ မွတ်စ်လင်မ်တို့အားတိုက်ခိုက်ရာတွင် မည်သည့်အခန်းကဏ္ဍမှာမှ မပါဝင်ကြောင်း ငြင်းဆိုထားသည်။ အစွန်းရောက် ဗုဒ္ဓဘာသာဝင်တို့၏ မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုံ့ဆော်ချက်များကြောင့် သီရိလင်္ကာနိုင်ငံသည် ပြင်းထန်သော အကျိုးဆက်ဖြစ်လာရန် အခြေအနေ တင်းမာလျက်ရှိနေသည်။

    ပြီးခဲ့သည့် ဇွန်လက ဒါဇင်နှင့်ချီသော ဗုဒ္ဓဘာသာဝင်သံဃာများမှ လူ ၂၀၀ ခန့်ကို ဦးဆောင်စုရုံး၍ Dehiwala ရှိ ကိုလံဘိုဆင်ခြေဖုံးမှ အစ္စလာမ့် ၀တ်ကျောင်းငယ်လေးတစ်ခုအား ၀ိုင်းရံကာ၊ ဗလီဝင်းအတွင်းသို့ ကျောက်ခဲများ၊ အသားပုပ်များဖြင့် ပစ်ပေါက်ခဲ့ကြသည်။ ယင်းသူတို့မှ မွတ်စ်လင်မ် တို့၏၀တ်ပြုရာဌာနများကို ပိတ်ပင်ရန်ကိုလည်း ဟစ်အော်ကြွေးကြော်ခဲ့ကြသည်။

    ဧပြီလဆန်းပိုင်းကလည်း ဗုဒ္ဓဘာသာဝင် သံဃာအုပ်စုတစ်စုမှ သမ္ဗူလ Dambulla ရွာ၌ မွတ်စ်လင်မ်တို့ ၀တ်ပြုခြင်း မပြုနိုင်အောင် နှောင့်ယှက် ဟန့်တားခဲ့သည်။ ၁၉၆၂ ခုနှစ်က တည်ဆောက်ခဲ့သော ယင်းဗလီဝတ်ကျောင်းမှာ တရားမ၀င်ပါဟု အကြမ်းဖက်သမားများက အကြောင်းပြခဲ့ကြသည်။

    ရက်သတ္တပတ်အနည်းငယ် လွန်မြောက်ပြီးသော် သံဃာများသည် Kurunegala မြို့အနီးတစ်ဝိုက်ရှိမွတ်စ်လင်မ်များထံသို့ အစ္စလာမ်၏၀တ်ပြုခြင်းများ ရပ်တန့်လိုက်ကြရန် ခြိမ်းချောက်စာများ ပေးပို့ထုတ်ပြန်ခဲ့သည်။

    လူနည်းစုမွတ်စ်လင်မ်တို့၏ အခွင့်အရေးကို ကာကွယ်ဖော်ဆောင်ပေးစေရေးအတွက် သီရိလင်္ကာအစိုးရအား တွန်းအားပေးပါရန် ကုလသမဂ္ဂအကြီး အကဲထံပို့စာတွင် အောက်ပါ အတိုင်း တင်ပြထားသည်။

    “ သီရိလင်္ကာနိုင်ငံတွင်း လူ့အဖွဲ့အစည်းအသီးသီး၏ ဘာသာရေးယုံကြည်မှုများ၊ ဘာသာရေးလွတ်လပ်မှုနှင့်ကျင့်သုံးမှုဆိုင်ရာအခွင့်အရေးများအပေါ် အာမခံချက်ရှိလာအောင် – ယင်းအခွင့်အရေးအား အကာအကွယ်ပေးပြီး တန်ဖိုးထားလာအောင် လူကြီးမင်းမှ လိုအပ်သည့်အရေးယူမှု များ ဆောင် ရွက်ပေးရန်၊ ၄င်းပြင် ဤသို့လုပ်ရပ်များ ထပ်မံမပေါ်ပေါက်ရေးအတွက် သီရိလင်္ကာ အစိုးရအဖွဲ့ကိုလည်း ထိထိရောက်ရောက် သတိပေးခြင်းပြုလုပ်ပါ ရန် ကျွန်ုပ်တို့မှ တိုက်တွန်းပန်ကြားပါသည် ” ။

    The Friday Forum အမည်ရှိ အခြား မွတ်စ်လင်မ်အဖွဲ့အစည်းကလည်း လူမျိုးရေးဖက်ဆစ်ဝါဒီတို့၏အရှိန်အဟုန်မြှင့်တိုက်ခိုက်မှုများအား တားမြစ်ဆောင်ရွက်ဖို့လိုကြောင်း အစိုးရအား တောင်းဆိုထားသည်ဟု ကုလသမဂ္ဂထံ အကြောင်းကြားပေးပို့စာ၌ ပါရှိသည်။

    “ လူ့အဖွဲ့အစည်းတစ်ရပ်လုံးအား ကိုယ်စားပြုသည်ဟု ကြွေးကြော်လျက် အစွန်းရောက်အုပ်စုအချို့မှ ထိုးဖောက်ပြုလုပ်နေကြသည့် မွတ်စ်လင်မ်မုန်း တီးဆန့်ကျင်ရေးလှုပ်ရှာမှုတို့ကို ထိရောက်သော တုန့်ပြန်မှုများ ချက်ခြင်းဆောင်ရွက်ပေးရန် The Friday Forum မှ သက်ဆိုင်ရာအာဏာပိုင်များ အား တောင်းဆိုလိုက်ပါသည် ” ဟု သမ္မတ မဟင်းဒါး ရာဂျာပက်ဆာ ထံ လိပ်မူ၍ စာတင်ထားကြောင်း The Friday Forum မှ ပြောကြားသည်။ Lanka Business Online မှလည်း အောက်ပါကဲ့သို့ ထောက်ပြခဲ့သည်။

    “ ဗလီဝတ်ကျောင်းတော်များကို ထင်ထင်ရှားရှားတိုက်ခိုက်တာတွေ တိုင်းပြည်မှာ တစ်ကျော့ပြန် တွေ့နေရတယ်။ သာသနာ့ရေးရာယုံကြည် ချက်တွေကို ညစ်ညစ်ညမ်းညမ်း ဆဲရေးတိုင်းထွာ ပုတ်ခတ်စော်ကားနေတဲ့ အချက်အလက် အကြောင်းအရာတွေကိုသုံးပြီး လူထုမီဒီယာ၊ ပိုစတာ၊ ၀က်ဘ်ဆိုဒ်တွေပေါ် လှုံ့ဆော်ဖြန့်ချိနေကြတယ်။ မွတ်စ်လင်မ်တွေရဲ့စီးပွားရေး လုပ်ငန်းတွေကို သပိတ်မှောက်ခြင်း အပါအ၀င် မွတ်စ်လင်မ်လူထုရဲ့ စုရုံးမှု နဲ့ပိုင်ဆိုင်မှုတွေအပေါ်တိုက်ခိုက်နေတာ အထင်အရှားပါဘဲ ” ။

    ယင်းသို့တိုက်ခိုက်နေသော ဗုဒ္ဓအစွန်းရောက်အမျိုးသားရေးဝါဒီများကြောင့် နှစ် ၃၀ ကြာစစ်ပွဲ ဖြစ်ပွားခဲ့ရပြီး ၂၀၀၉ ခုနှစ်တွင်မှ အဆုံးသတ်နိုင်ခဲ့သည်။ Kristallnacht style ဟူသော အစီအစဉ်က လူမျိုးရေး အဓိကရုဏ်းဖြစ်လာအောင် ၁၉၈၃ ခုနှစ်တွင် တွန်းအားပေးလိုက်ခြင်းဖြစ်သည်။

    “ လူ့အဖွဲ့အစည်းတစ်ရပ်ကို အကြမ်းဖက် တိုက်ခိုက်ရာကနေ မျိုးတုံးသတ်ဖြတ်မှုအန္တရာယ် ဖြစ်လာဖို့ သေချာသလောက် ရှိနေပြီ။ ၁၉၈၃ လူမျိုးရေး အကြမ်းဖက်မှုအိပ်မက်ဆိုးက လူ့တန်ဖိုးနဲ့ လုံခြုံရေးကို အချည်းနှီးဖြစ်စေယုံ သာမက ၊ နှစ်ဦးနှစ်ဖက်လုံး ပျက်စီးမှုနဲ့အာဃာတတရားကို သာ ဖြစ်ထွန်းသွားစေခဲ့တယ်ဆိုတာ ကျွန်တော်တို့ကို သတိပေးခဲ့ပြီးပါပြီ။ အမုန်းပွားရေးလှုံ့ဆော် လှုပ်ရှားမှုတွေဟာ ဦးတည်ခံ အသိုင်းအ၀ိုင်းကို စိုးထိတ်မှုတွေ၊ မလုံခြုံမှုတွေ မလွဲမသွေ ဖြစ်ပေါ်လာစေပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှု မြင့်တက်သွားစေတယ်။ ဒီလိုအနေအထားက လူ့အဖွဲ့အစည်း တစ်ရပ်ထဲကိုသာ အန္တရာယ်ဖြစ်ဒုက္ခရောက်သွားစေတာ မဟုတ်ပါဘူး – လူ့အသိုက်အမြုံတစ်ရပ်လုံးအတွင်းထဲ အပြန်အလှန်သံသယစိတ် နဲ့ အပြစ်ရှာဖျက်ဆီးလိုစိတ် သွတ်သွင်းပစ်လိုက်တာပါဘဲ ” ဟူ၍ The Friday Forum မှ ဝေဖန်ရေးသားလိုက်သည်။

    မူးရ်စ် ဟု အမည်တွင်သော သီရိလင်္ကာမွတ်စ်လင်မ်များသည် သီရိလင်္ကာနိုင်ငံ၏ တတိယမြောက် လူဦးရေအများဆုံး အုပ်စုဖြစ်သည်။ ဆင်ဟာလီ တို့မှာ ၇၀ % လူဦးရေပမာဏဖြင့် အများဆုံး ဖြစ်ပြီး၊ တမီလ်များ ၁၂.၅ % ဖြင့် ဒုတိယနေရာ၌ ရှိနေသည်။

    လူ့အုပ်စုဆိုင်ရာ ပဋိပက္ခဖြစ်လာလေတိုင်း အစိုးရအစဉ်အဆက်တို့သည် လူများစု ဗုဒ္ဓဘာသာဝင်တို့၏ ဖိအားပေးခြင်းကို ခံနေကြရသည်ဟု သုတေသီ များက ဆိုသည်။

    ကာလရှည်ပြည်တွင်းစစ်ကာလအတွင်း၌လည်း မွတ်စ်လင်မ်လူ့အဖွဲ့အစည်းမှာ နှစ်ဖက်စစ်အုပ်စု၏ဖမ်းဆီးခြင်းကို မကြာခဏ ခံခဲ့ကြရသဖြင့် ၊ အစွန်းမရောက် မျှတသူများအဖြစ် လူကြိုက်များထင်ရှားခဲ့ကြသည်။

    မွတ်စ်လင်မ်တို့သည် တောင်ပိုင်း၊ ဂါလီ ရှိ ကျွန်းစု မှသည် တမီလ်များကြီးစိုးသော မြောက်ပိုင်းရှိ ဂျဖ်နာကျွန်းဆွယ်အထိ အနှံ့အပြား နေထိုင် လျက်ရှိ သည်။