ဇူလိုင် ၁၇၊ ၂၀၁၅
ဆရာတော် ဒေါက်တာ ပညာသီဟလကာင်္ရ 
ဥပုသ်ကာလဆိုတော့ အကျင့်တစ်ခုနဲ့ကျင့်နေတယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ အဲတော့ မုဟမ္မဒ်ရဲ့ မက္ကာဟ်ကနေ မဒီနာကိုသွားတဲ့ ဒုတိယမြောက်နှစ်ကနေစပြီးတော့ ဝါတွင်းကာလလို့ အစ္စလာမ်ဘာသာကိုယုံကြကိုးကွယ်ကြတဲ့ မွတ်စလင် ပုဂ္ဂိုလ်များဟာ ရမဇာန်ကိုတိတိကျကျ ကျင့်သုံးခဲ့ကြတယ်။
VIDEO 
ဥပုသ်သီတင်း သီလဆောက်ထိန်းကြတဲ့ အတွက်ကြောင့် ဦးဇင်းအနေနဲ့တော့ သူတို့ အထူးတလည် ဆုပေးစရာတော့မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကျင့်သုံးနေတဲ့ ကျင့်စဉ်ကိုက အင်မတန်မွန်မြတ်နေတဲ့ အတွက်ကြောင့်ပါ။ မဖြစ်မနေပေးရမယ်ဆိုရင်လည်း ဦးဇင်းတို့ ဒီအလ္လာဟ်အရှင်မြတ်ရဲ့ မေတ္တာတွေ၊ ဂရုဏတွေ အသဲထဲနှလုံးသားထဲထိ စိမ့်ဝင်နိုင်ပါစေ ဆိုပြီးတော့တော့ ပြောချင်တယ်လေ။
XXXXXXXXXXXXXXXXXXXXXXXXXXXXX
အလ်ဟာဂ်ျ မောင်လာနာ မုဖ်သီနူရ်မုဟမ္မဒ်(ခ) ဦးကိုလေး 
VIDEO 
XXXXXXXXXXXXXXXXXXXXXX
ဖာသာဂျိုးဆက်ပ် မောင်ဝင်း (စိန့်ဂျွန် ကက်သလစ်ဘုရားရှိခိုးကျောင်း) 
မွတ်စလင်ညီအစ်ကိုမောင်နှမများအတွက် ရမာဇာန်လကုန်ပြီး ဝါကျွတ်အိဒ်းပွဲတော်အတွက် ကက်သလစ်အသင်းတော်မှ ဖာသာဂျိုးဆက်ပ် မောင်ဝင်း၏ နှုတ်ခွန်းဆက် ဆုတောင်းမေတ္တာ။VIDEO 
ရဟန်းနာ ဒုတိယမြောက် ဂျွန်ပေါမင်းကြီး၏ မိန့်မှာချက်တွင် ခရစ်ယာန်များနှင့် မွတ်စလင်များသည် ဆုတောင်းမေတ္တာတော်ကို အထူးအားကိုးသူများဖြစ်သည့် အားလျော်စွာ ကမ္ဘာလူသားများအတွင်း တရားမျှတမှု၊ ငြိမ်းချမ်းသာယာမှု၊ လုံခြုံစိတ်ချစွာနေထိုင်နိုင်မှုနှင့် မတရားအကြမ်းဖက်မှုများ ကင်းရှင်စေရေးအတွက် အတူလက်တွဲဆုတောင်းကြိုးစားကြရန်လည်း တိုက်တွန်းထားပါသည်။
 XXXXXXXXXXXXXXXXXXXXXXX
အလ်ဟာဂ်ျ ခလီဖွာ ဦးအေးလွင် VIDEO 
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX
 ဦးမြင့်ဆွေ  ဥက္ကဌ (ရတနာ့မေတ္တာ ဖောင်ဒေးရှင်း)
ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့ ဥက္ကဌအနေနဲ့ဒီအစ္စလာမ်ဘာသာဝင်တွေရဲ့ ရမဇန်ဥပုသ်ကာလနဲ့ပတ်သတ်လို့ သဘောထားအမြင်ပြောပါဆိုရင် ကျွန်တောတို့ ဗုဒ္ဒဘာသာအနေနဲ့သော်လည်းကောင်း၊ ဘာသာပေါင်းစုံငြိမ်းချမ်းရေး အဖွဲ့ မြန်မာနိုင်ငံရဲ့ဥက္ကဌ အနေနဲ့သော် လည်းကောင်း ပြောရရင် အင်မတန်ကောင်းမွန်တဲ့ ဆောင်ရွက်ချက်တွေ လုပ်ရပ်တွေ။ သီလသမာဓိစင်ကြယ်အောင် အစ္စလာမ် ဘာသာဝင်များက ဒီလအတွင်းမှာ ဥပုသ် သီတင်းဆောက်တည်တယ်ဆိုတာက ကျွန်တော်တို့အနေနဲ့ များစွာမှ ဝမ်းမြောက်ပါတယ်၊ ဂုဏ်ယူပါတယ်၊ ပီတိလည်းဖြစ်ရပါတယ်။
အဲတော့တစ်ခုတော့ရှိတယ်။ လုပ်ဆောင်ပုံ လုပ်ဆောင်နည်း ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာလည်း  သီလဆောက်တည်တာရှိပါတယ်။ ရှစ်ပါးသီလ၊ ကိုးပါးသီလ၊ ငါးပါးသီလ။ အဲတော့ဆောက်တည်ပုံဆောက်တည်တဲ့ လုပ်နည်း လုပ်ဟန်လေးတွေကွဲပြားပေမယ့်လည်း ဦးတည်ချက်ကတော့ ကျွန်တော်တို့လူသားတွေကောင်းကျိုးချမ်းသာရဖို့အတွက် လေ့ကျင့်တဲ့နည်းတွေပါပဲ။
VIDEO 
အဲဒါကြောင့် ဒါနဲ့ပတ်သတ်လို့ပြောရရင် ကျွန်တော်တို့ဘာသာခြားပေမယ့် သဘောတူတယ်။ နောက်ပြီးတော့ ဒီလိုလုပ်ငန်းစဉ်မျိုးတွေ ဘာသာရေး လုပ်ငန်းစဉ်မျိုးတွေ များများဖော်ဆောင်ဖို့လိုတယ်။
ဒါကြောင့်ဒီလိုဥပုသ်သီတင်းဆောက်တည်ခြင်းက ကျွန်တော်တို့ဗုဒ္ဒဘာသာဝင်တွေမှာလည်း ရှိပါတယ်။အဲတော့ ထပ်တူထပ်မျှ မဟုတ်ပေမယ့်လည်း ရည်ရွယ်ချက်တွေ ကျွန်တော်တို့သီလသမာဓိ ဆောက်တည်တဲ့ လုပ်ငန်းတွေဟာ ကျွန်တော်တို့အားပေးရမယ်။ လက်ခံရမယ်။ နောက်ဒီလို ဘာသာတစ်ခုနဲ့ တစ်ခုမတူကွဲပြားခြင်းရဲ့ အရည်အသွေးကို အခွင့်အရေးကိုလက်တွဲရယူပြီး ကျွန်တော်တို့ကမ္ဘာကြီး ကျွန်တော်တို့ရဲ့တိုင်းပြည် ငြိမ်းချမ်းသာယာဖို့ ပဋိပက္ခတွေမဖြစ်ပွားဖို့ စစ်မက်တွေလျော့နည်းဖို့ လက်တွဲပြီးကြိုးစားရမယ်လို့ ယုံကြည်ပါတယ်။
ကျွန်တော်တို့ဒီဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့( Religion for Peace Myanmar) မှလည်း ဒီမူဝါဒနဲ့ ဘာသာကြီးတွေ လက်တွဲပြီးဆောင်ရွက်နေပါတယ်ဆိုတဲ့ အကြောင်းပြောကြားရင်း နိဂုံးချုပ်ပါတယ်။
ကျွန်တော်တို့ဒီရမဇာန် ဥပုသ်ကာလ ရက် ၃၀ ပြီးတဲ့နောက်မှာ အိးဒ်ကာလပေါ့နော်။ ဥပုသ်ကာလထွက်ပြီးတဲ့အခါမှာ မုန့်ပဲသရေစာတွေကို ဘာသာတူကြတဲ့သူတွေကိုရော မတူကြတဲ့သူ ကျွန်တော်တို့ကိုလည်း ဝေဌ ကုသိုလ်ယူကြတဲ့ အိးဒ်မျိုးလုပ်တာတွေ့ရပါတယ်။ အဲတော့ မုန့်ပဲသရေစာတွေ အားလုံးမျှတပြီးတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ စုပေါင်းစားသောက်ကြတဲ့ ရည်ရွယ်ချက် အဲဒါတွေလည်း ကျွန်တော်တို့က သဘောကြတယ်။
နောက်ပြီးတော့ ဒီလိုဆုတောင်းပွဲတွေ၊ လူသားတွေအားလုံးတန်းတူညီမျှ အတူစားကြသောက်ကြတယ်၊ အာဟာရပြည့်ဝဖို့အတွက် ကုသိုလ်ယူကြတယ်ဆိုတာကလည်း ကျွန်တောတို့ဗုဒ္ဓဘသာနဲ့မတိမ်းမယိမ်း လုပ်နည်းလုပ်ဟန်မတူသော်လည်း ရည်ရွယ်ချက်တွေကတူတယ်။ ကျွန်တော်တို့လူသားတွေအစာရေဆာဝလင်ဖို့၊  ကျန်းမာရေးန့ပြည့်စုံဖို့ မုန့်ပဲသရေစာတွေကို မျှတပြီးကုသိုလ်ရယူတယ်လို့ သိရပါတယ်။ ဘာကြောင့်လဲ ကျွန်တော်တို့လူသားတွေရဲ့အကျိုးစီးပွား ကောင်းတဲ့ စိတ်ဆန္ဒစိတ်ဓာတ်နဲ့ ကိုယ်ချင်းစာနာမှုတွေဦးတည်ပြီးတော့ ဒီအခမ်းအနားတွေကိုကျင်းပတာကို ဒီထက်ဒီ ကမ္ဘာံလူသားတွေ အထူးသဖြင့် မြန်မာနိုင်ငံမှာရှိတဲ့ လူသားတွေငြိမ်းချမ်းရေး၊ ငြိမ်းချမ်းစွာအသက်ရှည်ရပ်တည်နိုင်ဖို့၊ တိုင်းပြည်ကောင်းရာကောင်းကျိုး တိုးတက်ရာတိုးတက်ကြောင်းအတွက် ကျွန်တော်တို့အစ္စလာမ်ဘာသာဝင်များသာ မဟုတ် အခြားဘာသာဝင်များလည်း အတူလက်တွဲပြီး ဒီထက်ဒီကောင်းသောစိတ်ဓာတ်နဲ့ သတ္တဝါတွေလူသားတွေအတွက် ကောင်းသောစိတ်ဓာတ်နဲ့ဆောင်ရွက်နိုင်ပါစေလို့ ကျွန်တော်ဆုတောင်းမေတ္တာပို့သပါတယ်။ အားလုံးကျန်းမာချမ်းသာကြပါစေ။
XXXXXXXXXXXXXXXXXXXXXXXXX
ဒေါက်တာစောလှိုင်ဘွား 
အခုလိုအင်မတန်ထူးမြတ်လှတဲ့ ရမဇာန်လအခါသမယမှာ ကျွန်တော့်အနေနဲ့ နှုတ်ခွန်းဆက်သခွင့် မေတ္တာပို့သခွင့် ရတဲ့အတွက်ပေါ့လေ အထူးပဲဝမ်းမြှောက်ဝမ်းသာဖြစ်ရပါတယ်။
ပရိတ်သတ်အပေါင်းကိုလည်း ဘုရားရှင်ရဲ့ ငြိမ်းချမ်းတဲ့ မေတ္တာဂရုဏ ငြိမ်သက်ခြင်းသက်ရောက်ပါစေလို့ ပထမဆုံးဆုမွန်တောင်းပေးပါတယ်။ ဒီရမဇာန်လဟာ အင်မတန်မှ ထူးမြတ်လှတဲ့လဖြစ်ပါတယ်။ နေ့စဉ်သွားလာလုပ်ကိုင်ဆောင်ရွက်နေကြတဲ့အခါမှာ ကျင့်ဆောင်ရမဲ့ တရားတော်တွေကိုပိုပြီးတော့မှ  နက်နက်ရှိုင်းရှိုင်း အလေးအနက်ထားပြီးတော့မှ ကျင့်သုံးနိုင်ဖို့အတွက် သတိပေးတဲ့ ဒီဥပုသ်လ အခါသမယဖြစ်ပါတယ်။
ဒါဟာ အစ္စလာမ် တစ်ဘာသာတည်းမှာပဲရှိတဲ့ ဥပုသ်မျိုးမဟုတ်ပါဘူး။ ဘာသာတိုင်းမှာထဲမှာရှိပါတယ်။ ခရစ်ယာန်ဘာသာမှာလည်းရှိတယ်။  ခရစ်ယာန်ဘာသာက မြစ်ဖျားခံခဲ့တဲ့ ဂျူးဘာသာမှာလည်းပဲရှိပါတယ်။
ဒီဥပုသ်အခါသမယမှာ အထူးသဖြင့် အစာရှောင်ပြီးတော့မှ မိမိကိုယ်ကိုမိမိပြန်လည်ဆင်ခြင်ပြီး ဘုရားသခင်ရဲ့ သြဝါဒတွေကို တရားတော်တွေကိုပြန်လည်အောက်မေ့ သတိရပြီးတော့မှ နှလုံးသွင်းရတဲ့ အခွင့်အရေးဟာ အင်မတန်မှ ထူးမြတ်လှပါတယ်။ အစာရှောင်ခြင်းအားဖြင့် မိမိရဲ့စိတ်နှလုံးကို စင်ကြယ်စေရာရောက်သလို တည်ငြိမ်အောင်ပြုလုပ်ရာရောက်သလို ဘုရားရှင်နှင့်ပိုပြီး ရင်နှီးခွင့် နီးကပ်ခွင့်ကိုပေးတဲ့အပြင်ကို လူသားအချင်းချင်းစာနထောက်ထားတဲ့ မေတ္တာဂရုဏပွားနိုင်ဖို့အတွက် ကူညီမစနိုင်ဖို့အတွက် အခွင့်အရေးတွေကိုလည်းပဲ ဒီဥပုသ်ကနေပြီးပေးတဲ့အနှစ်သာရတွေဖြစ်ပါတယ်။
ဒါကြောင့်မို့ ကျွန်တော်တို့သမ္မာကျမ်းစာထဲမှာ ပရောဖက်တစ်ပါးက အထူးသဖြင့်ပရောဖက် အေရှာကပေါ့နော် ဘာပြောလဲဆိုတော့ ဘုရားသခင်နှစ်သက်တော်မှုတဲ့ အကောင်ဆုံး အစာရှောင်ခြင်းကတဲ့ မုဆိုးမတွေ မရှိဆင်းရဲတွေကို ပြုစုစောင့်ရှောက်ကျွေးမွေးခြင်း ၊ ကူညီမစခြင်းလို့ ပြောခဲ့တာရှိပါတယ်။
ကျွန်တော်သိရသလောက် အစ္စလာမ်မှာလည်း ဒီသွန်သင်ချက်ရှိပါတယ်။  အစာရှောင်ခြင်းရဲ့ အနှစ်သာရတစ်ခုက အထူးသဖြင့် မိမိနဲ့ဘုရားကြားမှာရှိတဲ့ ဆက်ဆံရေးကို တည်ဆောက်ရုံသာမကပေါ့ မိမိအသက်ရှင်နေတဲ့ လူ့အသိုက်အဝန်းထဲမှာရော အထူးသဖြင့် နိမ့်ကျနေရတဲ့သူတွေ ဆင်းရဲနေတဲ့သူတွေကို ပြန်ပီးတော့ သတိရပြီးတော့မှ ကိုယ်စားမဲ့အစာတစ်လုတ်ကို သူတို့ကိုဝေမျှပေးလိုက်တာဆိုတဲ့ သဘောအများကြီး ပါပါတယ်။VIDEO 
ဒါဟာအင်မတန်တရားမျှတတဲ့ လူ့အဖွဲ့အစည်း တည်ဆောက်တဲ့နေရာမှာ အင်မတန်အရေးပါတဲ့ ဘာသာရေးပွဲ တစ်ခုဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။
နောက်တစ်ချက်က ငြိမ်းချမ်းတဲ့ တရားမျှတတဲ့ လူ့အသိုက်အဝန်း တည်ဆောက်ဖို့အတွက် ဘာသာရေးဘက်က ဒီလိုမျိုးပွဲတွေကို ချမှတ်ပြီးတော့မှ သတ်မှတ်ထားတာဟာ လူသားအချင်းချင်းကြားထဲမှာ မေတ္တာ၊စေတနာ၊ ဂရုဏ၊ မုဒိတာပွားနိုင်ဖို့ ဒီအနှစ်သာရနဲ့ ဒီဝတ်တွေကိုပြုကြဖို့ဖြစ်ပါတယ်။
ဒါကြောင့်ကျွန်တော် ဒီမှာပြောချင်တာကတော့ အထူးသဖြင့် ဒီရမဇာန်ပွဲမှာ မွတ်စလင် ညီအစ်ကိုများရဲ့ ဝတ်ဆောင့်ခြင်း အနှစ်သာရကနေ အများကြီးသင်ခန်းစာယူဖို့ရှိပါတယ်။ ဒီရမဇာန်ပွဲမှာ ဗုဒ္ဓဘာသာ ညီအစ်ကိုများကိုရော၊ သံဃာတော်များကိုရော၊ ခရစ်ယာန် ဆရာတော်များကိုရော ဟိန္ဒူဆရာတော်များကိုရော ဖိတ်ကြားပြီး အတူတကွ ငြိမ်းချမ်းရေး အတွက် တစ်ဘာသာနှင့် တစ်ဘာသာ ချစ်ခင်လေးစား ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် ဒီအခြေခံကို ဒီရမဇာန်ပွဲအားဖြင့် တည်ဆောက်နိုင်ကြတာဟာ အင်မတန်မှ ချီးကျူးစရာ ဂုဏ်ယူစရာကောင်းတယ်လို့ ကျွန်တော်မြင်ပါတယ်။
အထူးသဖြင့် အစ္စလာမ်ညီအစ်ကိုများအနေနှင့် အခုလိုကမ္ဘာ့အခြေအနေ မြန်မာနိုင်ငံ အခြေအနေ၊ နေရထိုင်ရကျပ်တဲ့ အခြေအနေထဲမှာ အခုလို ဒီရမဇာန်ပွဲကိုလည်း အခက်အခဲ အမျိုးမျိုးကြားကနေထဲမှ မိမိတို့ပြုရမဲ့ဝတ်ကို မပျက်စီးစေဘဲ စောင့်ထိန်းနိုင်ကြသလို နောက်ဆုံး ဝါကျွတ် အီးဒ်ပွဲတော်ကို ကျင်းပနိုင်တဲ့ထိ အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ကြဖို့အတွက် ကျွန်တော့်အနေနဲ့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။
XXXXXXXXXXXXXXXXXXXXXXX
ဒေါက်တာလှထွန်း 
.VIDEO 
အဲတော့ဘာသာပေါင်းစုံသည် အင်မတန်မှအရေးကြီးတယ်လို့ တွေးမိပါတယ်။ နောက် အီးဒ်နဲ့ပတ်သတ်ပြီးတော့လည်း အီးဒ်ဆိုတာအမှန်တကယ်က ဟိန္ဒူဘာသာ အရပြောရမယ်ဆိုရင် အမှန်တရား။ အမှန်တရားကိုလိုက်နာပြီးတော့ သစ္စာဆိုပါတယ် ဆိုတဲ့နေ့တစ်နေ့လို့ပြောလည်း ရပါတယ်။