News @ M-Media
Tag: 2015ramadan
  • စင်ကာပူဝန်ကြီးချုပ် မွတ်စလင်များနှင့်အတူ စုပေါင်း ၀ါဖြေ
    စင်ကာပူဝန်ကြီးချုပ် မွတ်စလင်များနှင့်အတူ စုပေါင်း ၀ါဖြေ
    ဇူလိုင် ၇၊ ၂၀၁၅
    M-Media
    11036084_908713162504488_6427901087588714794_n
    – စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းမှာ Bedok North ဒေသရှိ အလ်-အန်ဆာရ် ဗလီဝတ်ကျောင်းတော်သို့ ဇူလိုင်လ ၅ ရက်နေ့က သွားရောက်လည်ပတ် ကြည့်ရှုခဲ့ပြီး အစ္စလာမ်ဘာသာဝင်များနှင့်အတူ ဥပုသ်အထွက် စုပေါင်းဝါဖြေခဲ့သည်ဟု သိရသည်။
    မကြာသေးမီက အဆင့်မြှင့်တင် တည်ဆောက်မှု ပြီးစီးခဲ့သည့် အဆိုပါဗလီဝတ်ကျောင်းတော်တွင် ပြုလုပ်သည့် စုပါင်းဝါဖြေပွဲသို့ မွတ်စလင်ရေးရာဝန်ကြီး ယာကွဘ် အီဗရာဟင်မ်၊ လူမှုရေးနှင့် မိသားစု ဖွံ့ဖြိုးရေးဝန်ကြီး တန် ချွမ်- ဂျင်၊ စင်ကာပူ အစ္စလာမ်သာသနာရေးကောင်စီမှ အမှုဆောင်အကြီးအကဲ အဘ်ဒူလ် ရာဇက် မာရီကာ၊ စင်ကာပူ မွဖ်သီ မိုဟာမက် ဖက်တရစ် ဘာကာရမ်တို့အပါအ၀င် အခြားသော လူမှုရေးခေါင်းဆောင်များ၊ ပြည်သူများ စုစုပေါင်း ၄၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
    အဆိုပါ အလ်-အန်ဆာရ် ဗလီဝတ်ကျောင်းတော်ကို ၂၀၁၂ ခုနှစ် ဇူလိုင်လက တိုးချဲ့ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ဧပြီ ၂၄ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။
    Ref: Todayonline
    11412289_908712939171177_1277595507839233717_n
    sg
    11049618_908713259171145_5674539557486748448_n
  • မလေးရှားရှိ ဘေးချင်းကပ် ဗလီနှင့် ခရစ်ယာန် ဘုရားကျောင်းတို့ စုပေါင်း ၀ါဖြေပွဲ ကျင်းပ
    မလေးရှားရှိ ဘေးချင်းကပ် ဗလီနှင့် ခရစ်ယာန် ဘုရားကျောင်းတို့ စုပေါင်း ၀ါဖြေပွဲ ကျင်းပ
    ဇူလိုင် ၆၊ ၂၀၁၅
    M-Media
    malay
    – လူ့အဖွဲ့အစည်းအတွင်း နားလည်မှုများကို မြှင့်တင်သည့်အနေဖြင့် မလေးရှား အရှေ့မြောက်ပိုင်း ဆာရာဝပ်ပြည်နယ် မီရီမြို့တွင် ခရစ်ယာန်ဘုရားကျောင်းတစ်ခုနှင့် ဗလီဝတ်ကျောင်းတော်တစ်ခုတို့ ပူးပေါင်း၍ အစ်ဖ်သာရ်ဝါဖြေပွဲကို ပြုလုပ်ခဲ့ကြပြီး နိုင်ငံအတွင်းရှိ ဘာသာရေးလူ့အဖွဲ့အစည်းများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို ပြသခဲ့ကြသည်။
    “ဘာသာရေးနဲ့ လူမျိုးရေးဆိုင်ရာ ဒီလို နားလည်လက်ခံမှုကို ခံစားရတာဟာ တန်ဖိုးမဖြတ်နိုင်ပါဘူး” ဟု ပြည်နယ်လွှတ်တော်အမတ်တစ်ဦးဖြစ်သည် ဒါတွတ် လီက The Strait Times သို့ ဇူလိုင်လ ၄ ရက်နေ့တွင် ပြောကြားခဲ့သည်။
    လီမှာ မီရီမြို့တွင် ဘေးချင်းကပ်လျက်တည်ရှိသော ဗလီဝတ်ကျောင်းတော်နှင့် ခရစ်ယာန်ဘရားကျောင်းတို့မှ ရမ်ဇာန်ဥပုသ်လကို ဂုဏ်ပြုသည့်အနေဖြင့် ပူးပေါင်းကျင်းပသည့် စုပေါင်းဝါဖြေပွဲကို ရည်ညွှန်း၍ ပြောကြားခဲ့ခြင်းဖြစ်သည်။
    သောကြာနေ့က ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ စုပေါင်းဝါဖြေပွဲသို့ အင်ဂလိကန်၊ ကက်သလစ်၊ ဘော်နီယို ဧ၀ံဂေလိနှင့် မက်သဒစ် စသည့် ခရစ်ယာန်အသင်းတော်ပေါင်းစုံမှ တာဝန်ရှိသူများ၊ ပြည်သူများနှင့် မွတ်စလင်များ တက်ရောက်ခဲ့ကြသည်။
    လူတောင်ဘဇားဒေသတွင် ရှိနေကြသည့် အန်နအီမ်း ဗလီဝတ်ကျောင်းတော်နှင့် Good Shepherd ဘုရားကျောင်းတို့မှာ မီတာ ၁၀၀ သာ ကွာဝေးပြီး ခရစ်ယာန်တို့၏ တနင်္ဂနွေ ၀တ်ပြုကိုးကွယ်သည့်အချိန်နှင့် မွတ်စလင်တို့၏ သောကြာနေ့ ၀တ်ပြုမှု အချိန်များတွင် လာရောက်သူများအတွက် တစ်ဖက်နှင့်တစ်ဖက် ကားပါကင်များကို မျှဝေသုံးစွဲကြသည်။
    “ကားပါကင်တွေ မျှဝေသုံးစွဲတာ၊ ပွဲတွေ အတူတူလုပ်ကြတာဟာ ကျွန်တော်တို့ရဲ့ ဘ၀တည်ဆောက်မှုနည်းလမ်း ဖြစ်လာခဲ့ပါပြီ။ ကျွန်တော်တို့အတွက်တော့ မွတ်စလင်နဲ့ ခရစ်ယာန်တွေဟာ မိသားစုကြီး တစ်ခုပါပဲ” ဟု ရှေ့ဆောင်အီမာမ်တစ်ပါးဖြစ်သူ မိုဟာမက် ဇူလ်ကီဖလီ မိုဟာမက် အဒ်နန်က ပြောကြားခဲ့သည်။
    အဆိုပါ စုပေါင်းဝါဖြေပွဲသို့ တက်ရောက်လာကြသူများမှာ ကိတ်မုန့်များ၊ သစ်သီးဝလံများကို အပြန်အလှန် မျှဝေခဲ့ကြပြီး နောက်ပိုင်းတွင် ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်းသို့ ၀င်ရောက်ကာ စုပေါင်း ၀ါဖြေခဲ့ကြသည်။
    “ဒီဒေသက ဒီလို အပြန်အလှန် နားလည်လက်ခံမှုဟာ သဘာဝအတိုင်း ဖြစ်လာတာပါ” ဟု သင်းအုပ်ဆရာ ဒေါ်နဲလ် ဂျူတီက ပြောကြားခဲ့သည်။
    မလေးရှားနိုင်ငံ၏ ၂၆ သန်းသော လူဦးရေတွင် ၆၀ ရာခိုင်နှုန်းခန့်မှာ အစ္စလာဘာသာဝင်များ ဖြစ်ပြီး၊ ခရစ်ယာန်ဘာသာဝင်များမှာ ၉.၁ ရာခိုင်နှုန်းရှိသည်။ ဗုဒ္ဓဘာသာဝင်မှာ ၁၉.၂ ရာခိုင်နှုန်း၊ ဟိန္ဒူ ၆.၃ ရာခိုင်နှုန်းနှင့် အခြားသော တရုတ်ရိုးရာ ဘာသာတရားများစွာလည်း ရှိနေသည်။
    Ref: Onislam
  • ဂျာမနီ အစိုးရက တည်ခင်းပြုလုပ်တဲ့ အစ်ဖ်သာရ် ၀ါဖြေပွဲ ၀န်ကြီးချုပ်မာကဲလ် တက်ရောက်
    ဂျာမနီ အစိုးရက တည်ခင်းပြုလုပ်တဲ့ အစ်ဖ်သာရ် ၀ါဖြေပွဲ ၀န်ကြီးချုပ်မာကဲလ် တက်ရောက်
    ဇူလိုင် ၃၊ ၂၀၁၅
    M-Media
    germany
    – အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဇာန် ဥပုသ်လကို ဂုဏ်ပြုသည့်အနေဖြင့် ဂျာမနီအစိုးရမှ ကြီးမှူး ကျင်းပသော အစ်ဖ်သာရ် ၀ါဖြေညစာစားပွဲတွင် ဂျာမနီ ၀န်ကြီးချုပ် အိန်ဂျလာမာကဲလ် ပထမဆုံး အကြိမ် တက်ရောက်ခဲ့ပြီး အစ္စလာမ် သာသနာမှာ ဂျာမနီ၏ အစိတ်အပိုင်းဖြစ်သည် ဟု ပြောကြားခဲ့သည်။
    .
    ဘာလင်ရှိ နိုင်ငံခြားရေး ၀န်ကြီးရုံး၏ ဧည့်ဂေဟာတွင် အင်္ဂါနေ့က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၀န်ကြီးချုပ် အပါအ၀င် အစိုးရအကြီးတန်း တာဝန်ရှိသူများ၊ ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များနှင့် အသင်းအဖွဲ့ ကိုယ်စားလှယ်များ၊ နိုင်ငံရေးနှင့် လူမှုရေးလောကမှ ထင်ရှားကျော်ကြား သူများ တက်ရောက်ခဲ့ကြသည်။
    .
    “အစ္စလာမ်ဟာ ဂျာမနီနဲ့ သက်ဆိုင်ပြီး ဒီအတိုင်းပဲ ဆက်ရှိသွားမှာပါ” ဟု ၀န်ကြီးချုပ် မာကဲလ်က အဆိုပါ အစ်ဖ်သာရ် ၀ါဖြေပွဲ ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
    .
    ဂျာမနီအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဆေးဘာ့တ်ကမူ ၀န်ကြီးချုပ်မှာ အစ်ဖ်သာရ် ၀ါဖြေပွဲအား နှစ်စဉ်နှစ်တိုင်း တက်ရောက်သွားရန် အစီအစဉ်ရှိနေသည်ဟု ပြောကြားခဲ့သည်။
    .
    မာကဲလ်က မွတ်စလင်များ ဥပုသ်သီလဆောက်တည်ကြသော ရမ်ဇာန်ဥပုသ်မှာ မွတ်စလင်များ ၎င်းတို့၏ဘ၀များကို ပြန်လည်သုံးသပ်စစ်ဆေးရန် အချိန်ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် ဂျာမနီရှိ မွတ်စလင် အများစုမှာ ဥပဒေကို လေးစား လိုက်နာသည့် နိုင်ငံသားများ ဖြစ်ကြသည် ဟု ပြောကြားခဲ့သည်။
    .
    နိုင်ငံရပ်ခြားမှ မွတ်စလင်အမည်ခံ အကြမ်းဖက်သမားများကြောင့် ဂျာမနီနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များနှင့် ဗလီဝတ်ကျောင်းတော်များမှာ ပစ်မှတ်ထားခြင်း ခံလာရသည်။ ပြီးခဲ့သည့်လများ အတွင်း PEGIDA ဟုခေါ်သည့် အဖွဲ့တစ်ခုက မွတ်စလင်ဆန့်ကျင်ရေး ချီတက် လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြသည်။
    .
    သို့သော်လည်း မာကဲလ်က အခြားသောသူ၏ လုပ်ရပ်များ အတွက်ကြောင့် မွတ်စလင်များ အပေါ် သံသယရှိခြင်း၊ ခွဲခြားဆက်ဆံခြင်းတို့ကို ပြုလုပ်သည်မှာ မှန်ကန်မှု မရှိဟု ပြောကြားခဲ့ကာ ဂျာမနီမှာ ခွဲခြားမှု မရှိဘဲ မတူညီသော ဘာသာတရားများ စုစည်းရာ ရိပ်မြုံ တစ်ခုဖြစ်ပြီး ၀တ်ပြုရာနေရာများအား အကြမ်းဖက်ဖျက်ဆီးခြင်းကိုလည်း ရှုတ်ချခဲ့သည်။
    .
    ဂျာမနီမွတ်စလင်များအပေါ် ခွဲခြားဆက်ဆံမှုများကို လက်ခံမည် မဟုတ်ဟုလည်း ၎င်းက ဆိုသည်။
    .
    “အမုန်းတရား၊ လူမျိုးရေးခွဲခြားမှုနဲ့ အစွန်းရောက်မှုတွေအတွက် ဒီတိုင်းပြည်မှာ နေရာ မရှိပါဘူး။ ကျွန်မတို့ တိုင်းပြည်ဟာ ဒီမိုကရေစီ၊ သည်းခံမှုနဲ့ ကမ္ဘာကြီးအတွက် ပွင့်ပွင့်လင်းလင်း ရှိမှုကို အခြေခံတဲ့ တိုင်းပြည်ပါပဲ”
    .
    ဂျာမနီနိုင်ငံတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများမှာ ၄ သန်းနီးပါးရှိပြီး မြို့တော် ဘာလင်တွင်ပင် ၂၂၀၀၀၀ ခန့်ရှိနေသည်။
    .
    “ကျွန်မတို့တိုင်းပြည်မှာ မွတ်စလင်လေးသန်းလောက် နေထိုင်နေကြပြီး အစ္စလာမ့် ဓမ္မသင်ခန်းစာတွေကိုလည်း စာသင်ကျောင်းတွေမှာ သင်ပေးနေပါတယ်”
    .
    Ref: Onislam
  • ရမ်ဇာန်ဥပုသ်လ အထောက်အကူပြု အက်ပလီကေးရှင်းသစ်တစ်ခုကို ဂူးဂဲလ် ဖြန့်ချီ
    ရမ်ဇာန်ဥပုသ်လ အထောက်အကူပြု အက်ပလီကေးရှင်းသစ်တစ်ခုကို ဂူးဂဲလ် ဖြန့်ချီ
    ဇွန် ၁၉၊ ၂၀၁၅
    M-Media
    rmd
    – ရမ်ဇာန်ဥပုသ်လအတွင်း အစ္စလာမ်ဘာသာဝင်များ ဥပုသ်သီလဆောက်တည်ရန်အတွက် လိုအပ်သည့် အချက်အလက်များကို အလွယ်တကူ ရရှိနိုင်ရန် Google က My Ramadan Companion ဟု အမည်ရသည့် အက်ပလီကေးရှင်းတစ်ခုကို ထုတ်လုပ်ဖြန့်ချီလိုက်သည်ဟု သိရသည်။
    “ရမ်ဇာန်မှာ အပြည့်ဝဆုံး ရရှိဖို့ ကျွန်တော်တို့ဟာ My Ramadan Companion ကို ထုတ်လုပ်ဖြန့်ချီခဲ့ပြီး အဲဒီ အက်ပလီကေးရှင်းက သက်ဆိုင်ရာ သတင်းအချက်အလက်တွေ၊ အကြံပြုချက်တွေ၊ ပြီးတော့ သင်တို့ထံ ရောက်နေတဲ့ ရမ်ဇာန်ကာလအတွင်းမှာ ၀ဘ်စာမျက်နှာက ရနိုင်တဲ့ အခြားကဏ္ဍတွေအားလုံးကို ပေးသွားမှာပါ” ဟု Google ၏ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဆိုင်ရာ ဈေးကွက်ရှာဖွေရေး မန်နေဂျာဖြစ်သူ ဇာအင် ကမာလ် မက်စ်ရီက ပြောကြားခဲ့သည်။
    အဆိုပါအက်ပလီကေးရှင်းတွင် ဥပုသ်သီလစောင့်ထိန်းရာ၌ လိုအပ်သည့် နေ၀င်နေထွက် အချိန်ဇယား၊ ရမ်ဇာန်ဥပုသ်လအတွင်း ဆောင်ရန်ရှောင်ရန်များ၊ အစ်ဖ်သာရ် ၀ါဖြေရာတွင် လွယ်ကူစေရန်အတွက် မိမိနေထိုင်ရာဒေသအလိုက် အနီးအနားရှိ စားသောက်ဆိုင်များ၊ အစားသောက်စာရင်းများ စသည်တို့ကို ဖော်ပြပေးမည်ဖြစ်သည်။
    ထို့ပြင် နံနက် ဆဲဟ်ရီ (၀ါထမင်း) စားချိန်အတွက် နိုးစက်ပေးနိုင်သည့် အက်ပလီကေးရှင်းအပါအ၀င် ရမ်ဇာန်နှင့်သက်ဆိုင်သည့် အက်ပလီကေးရှင်းများကိုလည်း အကြံပြုပေးမည် ဖြစ်သည်။ အဆိုပါ My Ramadan Companion ဖြင့် ရမ်ဇာန်နှုတ်ခွန်းဆက်ကဒ်များကိုလည်း မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းများထံသို့ ပေးပို့နိုင်မည်ဖြစ်သည်။
    “ခင်ဗျားနေတဲ့ နေရာရဲ့ နေ၀င်ချိန်ကို ရှာနိုင်မှာဖြစ်ပြီး တစ်နေ့တာအတွက်လည်း အစီအစဉ်ဆွဲနိုင်ပါလိမ့်မယ်။ နေရာတစ်ဝိုက် ယဉ်ကျောပိတ်ဆို့တာကို စစ်ဆေးနိုင်မယ်၊ အနီးဆုံးမှာရှိတဲ့ စုပေါင်းဝါဖြေတဲ့နေရာကို ရှာနိုင်မယ်၊ အစားသောက်တွေကို ရှာဖွေမျှဝေနိုင်မယ်။ ပြီးတော့ တစ်လတာလုံး ကျန်းကျန်းမာမာရှိဖို့ ကျန်းမာရေးအကြံပြုချက်တွေကို လမ်းညွှန်ပေးထားတာအပါအ၀င် ရမ်ဇာန်နဲ့သက်ဆိုင်တဲ့ YouTube က ဗီဒီယိုတွေကိုလည်း ကြည့်ရှုခံစားနိုင်ပါလိမ့်မယ်” ဟု မက်စ်ရီက ထည့်သွင်းပြောကြားခဲ့သည်။
    ထို့ပြင် အဆိုပါအက်ပလီကေးရှင်းအသစ်မှတစ်ဆင့် ရမ်ဇာန်နှင့်သက်ဆိုင်သည့် နောက်ဆုံးရသတင်းများ၊ အချက်အလက်များနှင့် အကြံပြုချက်များကို ရရှိနိုင်မည်ဟု ဆိုသည်။
    ရမ်ဇာန်ဥပုသ်လမှာ အစ္စလာမ်ပြက္ခဒိန်တွင် အမြင့်မြတ်ဆုံးလဖြစ်ပြီး ထိုလတွင် အရွယ်ရောက်ပြီးသော အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတိုင်း ဥပုသ်သီလဆောက်တည်ရန် မလုပ်မနေရအဖြစ် သတ်မှတ်ထားသည်။
    သို့သော်လည်း ကျန်းမာရေးမကောင်းသောသူများ၊ ခရီးဝေးသွားသူများနှင့် ဥပုသ်သီလ ဆောက်တည်ခြင်းကြောင့် ကျန်းမာရေးဆိုးရွားနိုင်သည့် အန္တရာယ်ရှိသူများအတွက်မူ ပလပ်ခွင့်ရှိသည်။
    Ref: Onislam
  • အစ္စလာမ် ဘာသာဝင်တွေရဲ့ ရမသွာန် ဥပုသ်လ စတင်ပြီ။
    အစ္စလာမ် ဘာသာဝင်တွေရဲ့ ရမသွာန် ဥပုသ်လ စတင်ပြီ။
    ramadam
    အစ္စလာမ်ဘာသာဝင်တွေရဲ့ ရမသွာန် ဥပုသ်လ စတင်တော့မှာမို့ ကမ္ဘာတဝန်းက မူစလင်တွေဟာ ဥပုသ်စောင့်ဖို့ ပြင်ဆင်နေကြပါပြီ။
    ဥပုသ်လ စတင်ချိန်ဟာ လထွက်ချိန်ပေါ်မူတည်တာမို့ တနေရာနဲ့ တနေရာ ဥပုသ်လ စတင် သတ်မှတ်ချိန်တွေလည်း ကွာခြားပါတယ်။
    .
    Mike O’ Sullivan ရဲ့သတင်းလွှာကို ဒေါ်ခင်မျိုးသက်က တင်ပြထား ပါတယ်။
    .
    VOA Burmese မှ ကူးယူဖော်ပြပါသည်။
    **မြန်မာနိုင်ငံမှာတော့ ဇွန်လ ၁၉ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။
    http://burmese.voanews.com/media/video/2825930.html