News @ M-Media

Tag: 2018 World Cup

  • ကြာသာပတေးနေ့ ဘောလုံးသတင်းတို

    ကြာသာပတေးနေ့ ဘောလုံးသတင်းတို

    ဧပြီ ၁၉၊ ၂၀၁၈
    M-Media

    ဗီဒီယိုအကူဒိုင်

    – မန်ယူနည်းပြ မော်ရင်ဟိုမှာ ကမ္ဘာ့အကောင်းဆုံး နည်းပြတစ်ယောက်ဖြစ်ကြောင်း သက်သေထပ်ပြရန်မလိုဘဲ ယခုရာသီတွင် အသင်းအတွက် အကောင်းဆုံး ဆောင်ရွက်ပေးနိုင်ခဲ့သည်ဟု စပါးနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်သည်။ စပါးနှင့် မန်ယူတို့မှာ စနေနေ့တွင် FA ဖလား ဆီမီးဖိုင်နယ်ပွဲကို ကစားရမည်ဖြစ်သည်။

    – စပိန်ဘုရင့်ဖလားဖိုင်နယ် ဘာစီလိုနာနှင့်ပွဲတွင် မက်ဆီကို ကြမ်းကြမ်းတမ်းတမ်း ဟန့်တားမိပါက မိမိအနေဖြင့် အာဂျင်နီးနားသို့ ပြန်၍ရတော့မည်မဟုတ်ဟု ဆီးဗီးလား နောက်ခံလူ ဂါဘရီယဲလ် မာကာဒိုက ပြောကြားလိုက်သည်။ မက်ဆီနှင့် မာကာဒိုတို့မှာ အဂျင်တီးနားလက်ရွေးစင်အသင်းမှ အသင်းဖော်များဖြစ်သည်။

    – အသင်းရှိ အင်္ဂလန်ကွင်းလယ်လူ ၀ီလ်ရှိုင်းယားနှင့် နှစ်ရှည်စာချုပ် ချုပ်ဆိုနိုင်မည်ဟု ယုံကြည်ကြောင်း အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။ အခုနှစ်ကုန်တွင် အာဆင်နယ်နှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည့် ၀ီလ်ရှိုင်းယားမှာ သက်တမ်းတိုးရန် တုံ့ဆိုင်းနေပြီး လီဗာပူးလ်၊ အဲဗာတန်၊ မန်စီးတီးနှင့် ၀ု လ်ဗ်အသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေသည်။

    – ယခုနှစ်အတွင်း ကျင်းပမည့် ရုရှားကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ဗီဒီယိုအကူဒိုင်က ပြန်လည်ကြည့်ရှုသုံးသပ်သည့် မြင်ကွင်းများကို ပထမဆုံးအဖြစ် ကွင်းအတွင်း စခရင်ကြီးများနှင့် ပြသသွားရန် စီစဉ်နေသည်။ လက်ရှိတွင် အဆိုပါ ဗီဒီယိုအကူဒိုင်နည်းလမ်းမှာ ဝေဖန်မှုများ ခံနေရပြီး အထူးသဖြင့် ပြန်လည်သုံးသပ်မှုများကို ပရိတ်သတ်က မမြင်ရသည့်အတွက်ကြောင့် ဖြစ်သည်။

    Ref: Goal,BBC

  • ရုရှားကမ္ဘာ့ဖလားတွင် ဗီဒီယိုအကူဒိုင်အသုံးပြုရန် ဖီဖာ ဆုံးဖြတ်

    ရုရှားကမ္ဘာ့ဖလားတွင် ဗီဒီယိုအကူဒိုင်အသုံးပြုရန် ဖီဖာ ဆုံးဖြတ်

    မတ် ၁၇၊ ၂၀၁၈
    M-Media

    – အခုနှစ်အတွင်း ရုရှားမှာ ကျင်းပမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗီဒီယိုအကူဒိုင်စနစ် (VAR) အသုံးပြုဖို့အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက မနေ့မှာ အပြည့်အ၀ အတည်ပြုလိုက်ပါတယ်။

    “ဒီဆုံးဖြတ်ချက်အတွက် ကျွန်တော်တို့ အလွန်အမင်း ပျော်ရွှင်မိပါတယ်။ ဒါဟာ ပိုမို ပွင့်လင်းမြင်သာမှုရှိပြီး၊ မျှတတဲ့ အားကစားပြိုင်ပွဲတစ်ခုကို ဖြစ်စေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ခေတ်နဲ့အညီ ဆောင်ရွက်ဖို့ လိုပါတယ်” လို့ ဖီဖာဥက္ကဌဖြစ်တဲ့ ဂီယန်နီ အင်ဖန်တီနိုက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    ကမ္ဘာဖလားပြိုင်ပွဲကို ဇွန်လ ၁၄ ရက်နေ့ကနေ ဇူလိုင်လ ၁၅ ရက်နေ့အထိ ကျင်းပပြုမှာဖြစ်ပြီး ဗီဒီယိုအကူဒိုင် နည်းပညာအတွက် ဖီဖာဟာ စပွန်ဆာ ရှာနေပါတယ်။

    ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အိမ်ရှင်ရွေးချယ်ပွဲကို ဇွန်လ ၁၃ ရက်နေ့ မော်စကိုမှာ ပြုလုပ်မယ်လို့လည်း ဖီဖာက ကြေငြာခဲ့ပါတယ်။

    ပထမဆုံး နိုင်ငံပေါင်း ၄၈ နိုင်ငံ ပါဝင်မယ့် ပြိုင်ပွဲဖြစ်တဲ့ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာဖရိကက မော်ရိုကို၊ မြောက်အမေရိကက အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို ၃ နိုင်ငံပေါင်းတို့က အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရေး စာရင်းသွင်းထားပါတယ်။

    လက်ရှိ ရုရှားနဲ့ ဗြိတိန်တို့အကြား ဖြစ်ပွားနေတဲ့ သံခင်းတမန်ခင်း တင်းမာမှုတွေက ကမ္ဘာ့ဖလားပြိုင်ပွဲကို ထိခိုက်စေမလားဆိုတဲ့ မေးမြန်းမှုကို ဖီဖာဥက္ကဌ အင်ဖန်တီနိုက ‘မထိခိုက်ဘူး’ လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေကို အထောက်အကူဖြစ်စေမယ့် ဗီဒီယိုအကူဒိုင် နည်းပညာကို ၂၀၁၇ ခုနှစ် ရုရှား ကွန်ဖက်ဒရေးရှင်းဖလား၊ ဘွန်ဒစ်လီဂါနဲ့ စီးရီးအေတို့အပါအ၀င် ကမ္ဘာတစ်ဝှမ်း ပြိုင်ပွဲတွေမှာ ၁၈ လကြာ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Alarabiya

  • ရုရှားကမ္ဘာ့ဖလားတွင် ဗီဒီယိုအကူဒိုင်အသုံးပြုရန် ဖီဖာ ဆုံးဖြတ

    ရုရှားကမ္ဘာ့ဖလားတွင် ဗီဒီယိုအကူဒိုင်အသုံးပြုရန် ဖီဖာ ဆုံးဖြတ

  • ၂၀၁၈ ကမ္ဘာ့ဖလားတွင် ပါကစ္စတန်ထုတ်ဘောလုံးကို အသုံးပြုမည်

    ၂၀၁၈ ကမ္ဘာ့ဖလားတွင် ပါကစ္စတန်ထုတ်ဘောလုံးကို အသုံးပြုမည်

    ဖေဖော်ဝါရီ ၃၊ ၂၀၁၈
    M-Media

    – အခုနှစ်အတွင်းမှာ ကျင်းပမယ့် ရုရှား ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါကစ္စတန်ထုတ် ဘောလုံးတွေကို အသုံးပြုသွားမယ်လို့ သိရပါတယ်။

    နာမည်ကျော် အားကစားပစ္စည်းအမှတ်တံဆိပ် Adidas နဲ့ စာချုပ်ချုပ်ထားတဲ့ ပါကစ္စတန် အနောက်မြောက်ပိုင်း ဆီယာလ်ကော့မြို့က Forward Sports ကုမ္ပဏီကနေ ထုတ်လုပ်တဲ့ ဘောလုံးတွေကို အသုံးပြုမှာဖြစ်ပြီး ဒီသတင်းကို ပါကစ္စတန်ဆိုင်ရာ ရုရှားသံအမတ် အလက်ဇေး ဒီဒေါ့ဗ်က အခုတစ်ပတ်အစောပိုင်းမှာ အတည်ပြုခဲ့ပါတယ်။

    ဘောလုံးအဆင့်အတန်းမှာ ပါကစ္စတန်ဟာ ကမ္ဘာ့အဆင့် ၁၉၈ သာရှိပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င်ရောက်ခွင့်မရပေမယ့် အခု သတင်းကတော့ သန်းပေါင်း ၂၀၀ သော ပါကစ္စတန်ပြည်သူတွေကို ပျော်ရွှင်စေမှာပါ။

    အိန္ဒိယနဲ့ ကပ်နေတဲ့ ဆီယာလ်ကော့မြို့ဟာ ကမ္ဘာ့ ထိပ်တန်း အားကစားပစ္စည်းတွေ ထုတ်လုပ်နိုင်မှုကြောင့် ကျော်ကြားပြီး အဓိကဘောလုံးပြိုင်ပွဲတွေမှာ အသုံးပြုမယ့် ဘောလုံးတွေကို အဆက်မပြတ် ထောက်ပံ့ပေးနေပါတယ်။

    Forward Sports ဟာ ဂျာမန် ဘွန်ဒစ်လီဂါ၊ ပြင်သစ်လိဂ်ဝမ်း၊ ဥရောပချန်ပီယံလိဂ်တွေမှာ အသုံးပြုမယ့် ဘောလုံးတွေကို တင်ပို့ပေးနေသလို ၂၀၁၄ ဘရာဇီးလ် ကမ္ဘာ့ဖလားမှာ သူတို့ရဲ့ဘောလုံးတွေကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

    “ဒါဟာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါ။ ကမ္ဘာ့ဖလားအတွက် ကျွန်တော်တို့ ဘောလုံးတွေ ထပ်ပို့ပေးရမယ်။ ဒီစိန်ခေါ်မှုကို ကျော်လွှားနိုင်ဖို့အတွက် ကျွန်တော်တို့ အရမ်းကို စိတ်လှုပ်ရှားနေပါတယ်” လို့ ကုမ္ပဏီဥက္ကဌ ခွာဂျာ မာဆူဒ်က ပြောကြားခဲ့ပါတယ်။

    Adidas ရဲ့ မေတ္တာရပ်ခံမှုကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပေးပို့ရမယ့် ဘောလုံးအရေအတွက်အတိအကျကို မာဆူဒ်က မပြောခဲ့ပေမယ့် သူတို့ကုမ္ပဏီဟာ တစ်လကို ဘောလုံး ၇ သိန်းလောက် ထုတ်တယ်လို့ ဆိုပါတယ်။

    Ref: Aljazeera

  • ကမ္ဘာ့ဖလာခြေစစ်ပွဲအောင်မြင်သည့် လက်ရွေးစင်အသင်းကို အီဂျစ်သမ္မတ ဆုချမည်

    ကမ္ဘာ့ဖလာခြေစစ်ပွဲအောင်မြင်သည့် လက်ရွေးစင်အသင်းကို အီဂျစ်သမ္မတ ဆုချမည်

    အောက်တိုဘာ ၉၊ ၂၀၁၇
    M-Media

    – ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့သည့် အီဂျစ်ဘောလုံးအသင်း၏ အသင်းသားတိုင်းကို တစ်ဦးလျှင် အီဂျစ်ပေါင် ၁.၅ သန်း (ကန် ၈၄၉၀၀ ဒေါ်လာ) ချီးမြှင့်သွားမည်ဟု အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာ အလ်-စီစီက ပြောကြားလိုက်သည်။

    အီဂျစ်အသင်းမှာ ယမန်နေ့က ကွန်ဂိုအသင်းနှင့် ကစားခဲ့သည့်ပွဲတွင် ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခဲ့သည်။

    အလ်-စီစီက ထိုအောင်မြင်မှုအတွက် ပျော်ရွှင်မိသည်ဟု ပြောကြားခဲ့ပြီး အီဂျစ်ဘောလုံးအသင်းနှင့် ပြည်သူများကိုလည်း ချီးကျူးခဲ့ကာ ယနေ့တွင် ဘောလုံးအသင်းကို တွေ့ဆုံဂုဏ်ပြုရန် ရှိနေသည်။

    “သူရဲကောင်းဆန်ဆန် စွမ်းဆောင်ရည်နဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်တဲ့အတွက် လက်ရွေးစင်အသင်းကို ကျွန်တော် ဂုဏ်ပြုချင်ပါတယ်။ ‘အီဂျစ်တည်တံ့ပါစေ’ ဆိုတဲ့ သူတို့ရဲ့ ဟစ်အော်အားပေးမှုနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ဒီအောင်မြင်မှုအတွက် အီဂျစ်ပြည်သူတွေကိုလည်း ကျွန်တော် ဂုဏ်ပြုပါတယ်” ဟု အလ်-စီစီက ၎င်း၏ ဆိုရှယ်မီဒီယာ စာမျက်နှာတွင် ရေးသားခဲ့သည်။

    အီဂျစ်သမ္မတမှာ လက်ရွေးစင်အသင်း ကစားသမား တစ်ဦးစီတိုင်းကို အီဂျစ်ပေါင် ၁.၅ သန်း (ကန် ၈၄၉၀၀) ချီးမြှင့်မည်ဟုလည်း ပြောကြားခဲ့သည်။

    Ref: Alarabiya