News @ M-Media

Tag: 8888_25th_anniversary

  • ရှစ်လေးလုံး အရေးတော်ပုံ ငွေရတုအခမ်းအနား ကျင်းပရေးတွေ့ဆုံ ညှိနှိုင်းဆွေးနွေးပွဲ

    ဇူလိုင် ၁၁၊ ၂၀၁၃
    M-Media
    သုတ

    88 25th

    ရန်ကုန် ။ ။ ၂၀၁၃-ခု၊ သြဂုတ်လ (၈)ရက်နေ့တွင်ကျရောက်သော ၂၅-နှစ်မြောက် ရှစ်လေးလုံးနှစ်ပတ်လည်နေ့ ငွေရတုအခမ်းအနား ကျင်းပရေး တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို သြဂုတ်လ (၆-၇-၈)ရက်များတွင် ရန်ကုန်မြို့၌ MCC ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

    အဆိုပါ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနားကြီးကို ပြည်တွင်း၊ ပြည်ပရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၊ ဒီမိုကရေစီအင်အားစုများ အားလုံး တွေ့ဆုံ ညှိနှိုင်းဆွေးနွေးခြင်းဖြင့် နိုင်ငံရေး အနှစ်သာရ ပြည့်ဝစွာ ကျင်းပသွားရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပြီး၊ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ၊ မြန်မာကွန်ဗန်းရှင်းစင်တာ(MCC)တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းလည်း သိရသည်။