News @ M-Media

Tag: ALIENS

  • ဂြိုလ်သားများ ဒုက္ခပေးမည်ဆိုး၍ အာကာသသို့ အသံပို့လွှတ် စမ်းသပ်မှုကို သိပ္ပံပညာရှင် အချို့ ဆန့်ကျင့်

    ဂြိုလ်သားများ ဒုက္ခပေးမည်ဆိုး၍ အာကာသသို့ အသံပို့လွှတ် စမ်းသပ်မှုကို သိပ္ပံပညာရှင် အချို့ ဆန့်ကျင့်

    ဖေဖော်ဝါရီ ၁၇ ၊ ၂၀၁၅
    M-Media
    fe461972-4fd9-45f9-95d8-8686a9358e04_16x9_600x338
    – တစ်ခြားဂြိုလ်က ဂြိုလ်သားတွေ ဆက်သွယ်လို့ရအောင် ကမ္ဘာကနေ အာကာသထဲကို အသံတွေပို့လွှတ်မယ်ဆိုတဲ့ အဆိုပြုချက်ကို စိုးရိမ်မိပြီး ဒီလို ပို့လွှတ်မှုကြောင့် ရန်လိုတတ်တဲ့ ဂြိုဟ်သားတွေက အခွင့်ကောင်းယူ၊ ကမ္ဘာကြီးကို ဖျက်ဆီးနိုင်တယ်လို့ သိပ္ပံညာရှင်တစ်ချို့က ပြောလိုက်ပါတယ်။

    ကမ္ဘာ့အပြင်ဘက် အခြားဂြိုလ်တွေနဲ့ပတ်သက်ပြီး လေ့လာစူးစမ်းနေတဲ့ Search for Extraterrestrial Intelligence (Seti) အဖွဲ့က သိပ္ပံပညာရှင်တွေဟာ မကြာသေးမီကမှ အာကသထဲကို အင်အားကောင်းတဲ့ အသံတွေပို့လွှတ်ဖို့ စီစဉ်ခဲ့တာပါ။

    ပြင်ပကမ္ဘာသို့ သတင်းစကားများ ပို့လွှတ်စုံစမ်းခြင်းနည်းလမ်း Meti ကို အသုံးပြုပြီး အာကာသထဲက ကမ္ဘာလိုဂြိုဟ်မျိုးတွေကို ရေဒီယို သတင်းစကားတွေ ပို့လွှတ်ခြင်းက ဂြိုဟ်သားတွေနဲ့ ကမ္ဘာကြီး ဆက်သွယ်မှုအတွက် အခွင့်အရေးတွေကို တိုးပွားစေလိမ့်မယ်လို့ သုတေသနပညာရှင်တွေက မျှော်လင့်နေကြပါတယ်။

    ဒါပေမယ့် အချို့ပညာရှင်တွေကတော့ ဒီအစဉ်အစဉ်ဟာ နုနယ်သေးပြီး လူသားတွေကို အန္တရာယ် ကျရောက်စေနိုင် တယ်လို့ ထောက်ပြပြောဆိုခဲ့ကြပါတယ်။

    အာကာသသိပ္ပံပညာရှင်နဲ့ စာရေးဆရာ တစ်ယောက်ဖြစ်သူ ဒေးဗစ် ဘရင်က “ကျွန်တော်တို့တည်ရှိတယ်ဆိုတဲ့ အကြောင်း စကြ၀ဠာထဲကို အသံတွေ ပို့လွှတ်ခြင်းဆိုတဲ့ ပြင်လို့မရတဲ့ လုပ်ငန်းတွေကို လူတွေက မဆောင်ရွက်ခင် Seti က ရေဒီယိုဆိုင်ရာ နက္ခတဗေဒ ပညာရှင်အချို့ဟာ နိုင်ငံတကာ အကြံပေးတွေရဲ့ ယူဆချက်ကို ခုခံချေပခဲ့ကြပါတယ်။ တစ်ဦးတစ်ယောက်က သူကိုယ်တိုင်အတွက် အန္တရာယ်ဖြစ်စေတယ်ဆိုရင်တော့ ဒါက ကိစ္စမရှိပါဘူး။ ဒါပေမယ့် ဒီအန္တရာယ်ဟာ ကျွန်တော်တို့ရဲ့ သားသမီးတွေ ကမ္ဘာပေါ်က လူသားအားလုံး အတွက် ဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့မှာ မေးစရာတွေ အများကြီးရှိလာပြီး ဆွေးနွေးမှုတွေ လုပ်ရပါတော့မယ်” လို့ သူ့ရဲ့ စိုးရိမ်ပူပန်မှုကို ဖွင့်ဟခဲ့ပါတယ်။

    ၂၀၁၀ ခုနှစ်ကလည်း နာမည်ကျော် ဗြိတိန် သိပ္ပံပညာရှင် စတီဖင်ဟော့ကင်းက အေလီယန် ဂြိုဟ်သားတွေဟာ ကျွန်တော်တို့ရဲ့ ရင်းမြစ်တွေကို ခေါင်းပုံဖြတ် အမြတ်ထုတ်ကြလိ့မ်မယ်လို့ သတိပေးခဲ့ပါတယ်။

    “တကယ်လို့များ အေလီယန်တွေဟာ ကျွန်တော်တို့ဆီကို လာလည်ပြီဆိုရင် ရလဒ်က အမေရိကတိုက်ကို ကိုလံဘတ်စ်က တွေ့တဲ့အခါ ဌာနေ အမေရိကန်တွေ ခံစားရသလောက်ကို ဖြစ်သွားပါလိမ့်မယ်” လို့ ဟော့ကင်းက ဆိုပါတယ်။

    Seti အဖွဲ့က ဒေါက်တာ ရှော့တက်စ်က သိပ္ပံပညာရှင်တွေရဲ့ ဒီလိုစိုးရိမ်မှုတွေကို ပယ်ချခဲ့ပြီး ပြင်ပကမ္ဘာက သူတွေ ရန်စမယ်ဆိုရင် ဖြစ်တောင်ဖြစ်ပြီးလောက်ပြီလို့ ပြောခဲ့ပါတယ်။

    “အေလီယံ အဖွဲ့အစည်းတစ်ခုဟာ ကမ္ဘာကြီးကို တိုက်ခိုက်ဖို့၊ အမှုန့်ချေဖို့ လုံလောက်တဲ့ အစွမ်းရှိမယ်ဆိုရင် ဒုတိယကမ္ဘာ စစ်လောက်ကတည်းက အာကာသထဲကို ကျွန်တော်တို့လွှင့်နေတဲ့ အသံတွေကို အလွယ်တကူ ဖမ်းယူရရှိနိုင်မှာပေါ့”

    အဲဒီ့အဖွဲ့က ဒေါက်တာ ဒေါက်ဂလက်စ် ဗိုကော့ခ်ျဆိုသူကလည်း အဲဒီလို အသံတွေပေးပို့တာနဲ့ ပတ်သက်ပြီး ငြင်းခုံပြောဆိုခဲ့ပါတယ်။

    “အခြားသော နေအဖွဲ့အစည်းတွေရဲ့ သမဇုန်မှာ တည်ရှိတဲ့ ကမ္ဘာလိုဂြိုဟ်တွေကို မကြာသေးခင်က တွေ့ရှိခဲ့တာနဲ့အတူ ဒီလိုအသံလွှင်ဖို့ စီမံကိန်းအတွေ အတွက် ကျွန်တော်တို့မှာ သဘာဝကျတဲ့ ရည်ရွယ်ချက်တွေ ရှိပါတယ်။ တစ်ချို့တွေကတော့ အေလီယန်တွေရဲ့ ကျူးကျော်မှုကို ကြောက်ရတာကြောင့် ကျွန်တော်တို့အနေနဲ့ ဒီလို အားကောင်းတဲ့ အသံလွှင်မှုကို ရှောင်ရှားသင့် တယ်လို့ ပြောဆိုကြပါတယ်။ တကယ်လို့ ဒီလိုအတွေးအခေါ်မျိုးဟာ အမြစ်တွယ်နေမယ်ဆိုရင် စွန့်စားရှာဖွေမှုကို ရှောင်ရှား ရင်း၊ ဘေးအန္တရာယ်တွေကို လျှော့ချဖို့ကြိုးစားရင်း လူသားထုအတွက် အထီးကျန်သူတွေဖြစ်လာစေတဲ့ အယူအဆတစ်ခုကို အချက်ပြလိုက်တာလည်း ဖြစ်ပါတယ်”

    Ref: alarabiya