News @ M-Media

Tag: ALP

  • ရခိုင်ပြည် လွတ်မြောက်ရေးပါတီမှ ရခိုင်ပို့မည့် လက်နက်များ ဘားအံမှာ မိ

    ရခိုင်ပြည် လွတ်မြောက်ရေးပါတီမှ ရခိုင်ပို့မည့် လက်နက်များ ဘားအံမှာ မိ

    ဒီဇင်ဘာ ၁၀ ၊ ၂၀၁၆
    M-Media
    alp
    ဘားအံမြို့ရှိ လှိုင်းဘွဲ့-ဘားအံမြို့အ၀င်ဂိတ် မှာ ရခိုင်ပြည်နယ်သို့ ပို့ဆောင်မယ့် လက်နက်တွေ နဲ့အတူ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

    ကရင်ပြည်နယ် ဘားအံမြို့၊ လှိုင်းဘွဲ့-ဘားအံမြို့အ၀င်ဂိတ်၌ လုံခြုံရေးပူးပေါင်း အဖွဲ့ များက မော်တော်ယာဉ်များအား ရှောင်တခင် စစ်ဆေးရာ ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် လှိုင်းဘွဲ့မှ ဘားအံဘက်သို့ မောင်းနှင်လာသည့် ယာဉ်အမှတ် YGN 2G/——- ပါကျဲရိုးအမျိုးအစား ခဲရောင် မော်တော် ယာဉ်ပေါ်မှ AK-47 (ခေါက်ဒင်) ၁၅ လက်၊ AK-47 (ဒင်ရှည်) ၄ လက်၊ ၎င်းကျည်အိမ် အတို/အရှည် ၁၉ ခု၊ ၎င်းကျည် ၃၀၀ တောင့်နှင့် ငွေကျပ် သိန်း ၆၀ တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဖမ်းဆီးရမိသူများတွင် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)မှ ဗိုလ်မှူးကြီး အဆင့်ရှိ ခိုင်မိုးချမ်း(ခ) မောင်သာမြင့်၊ စီးပွားရေးတာဝန်ခံ ခိုင်သိန်းဦး ပါဝင်ပြီး ၎င်းတို့၏ထွက်ဆိုချက်အရ ခိုင်မိုးချမ်း(ခ)မောင်သာမြင့် သည် မြ၀တီ-မဲဆောက်သို့ ဒီဇင်ဘာ ၇ ရက်တွင်ရောက်ရှိခဲ့ပြီး ခိုင်သိန်းဦးအား ဒီဇင်ဘာ ၈ ရက်တွင် ရန်ကုန်-မြ၀တီ-လှိုင်းဘွဲ့မှတစ်ဆင့် လော်ခီးလာ သို့ ခေါ်ဆောင်ခဲ့ကြောင်း၊ လော်ခီးလာရှိ ရခိုင်အဖွဲ့ ထံမှ အဆိုပါ လက်နက်ခဲယမ်းများအား ယူဆောင်ပြီး ရခိုင်ပြည်နယ်သို့ပို့ဆောင်ရန် ထွက်ခွာလာစဉ် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းသိရပါတယ်။

    ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) မှာ ပြည်ထောင်စုအစိုးရ အဆင့် အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး စာချုပ်ချုပ်ကို  ယခင် အစိုးရ သမ္မတဦးသိန်းစိန်လက်ထက်တွင် လက်မှတ်ရေးထိုးထားသော အဖွဲ့ တစ်ဖွဲ့ဖြစ်ပါတယ်။

    ref: ဧရာဝတီ

  • ရခိုင်လက်နက်ကိုင် အဖွဲ့အစည်း ALP ဆက်ဆံရေးရုံး ချင်းပြည်နယ် ပလက်ဝမြို့တွင် ဖွင့်လှစ်မည်ကို ချင်းပြည်သူများ လုံးဝ လက်မခံ

    စက်တင်ဘာ၊ ၁၆
    M-Media

    ALP

    ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ALP (Arakan Liberty Party) ၏ ဆက်ဆံရေးစခန်း ဖွင့်မည်ဟူသော တောင်းဆိုချက်ကို ပလက်ဝဒေသခံ ပြည်သူများ လုံးဝ လက်မခံကြောင်း ကို Chin သတင်းဌာန ဖော်ပြချက်အရ သိရှိရပါသည်။

    ပြည်ထောင်စုအစိုးရနှင့်ALP တို့ နှစ်ဦး နှစ်ဖက် အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုချက် အရ အဓိကအားဖြင့် ALP တို့၏ ဆက်ဆံရေးရုံးကို ချင်းပြည်နယ် ပလက်ဝမြို့၌ ဖွင့်လှစ်ထားရန်အချက် ပါရှိကြောင်း သိရသည်။

    ALP တို့၏ ဆက်ဆံရေးရုံးသည် ရခိုင်ပြည်နယ်ထဲသာရှိ သင့်ကြောင်းသော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ချင်းပြည်နယ်အတွင်းရှိ ပလက်ဝမြို့၌ သူတို့၏ ဆက်ဆံရေးရုံး ဖွင့်လှစ်နိုင်ရန် မကြာခဏတောင်းဆိုနေကြောင်း၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့၏ ဆက်ဆံရေးရုံးများသည် ချင်းပြည်နယ်ထဲတွင်သာ တည်ရှိပြီး မိမိတို့၏ ပြည်နယ် မဟုတ်သော ရခိုင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီးများတွင် ဆက်ဆံရေးရုံးများ မရှိကြောင်း၊ ဖွင့်လှစ်ရန်လည်း တောင်းဆိုခြင်းမရှိကြောင်း ၊ ရခိုင်အမျိုးသားများနှင့်သာ သက်ဆိုင်သော ALP တို့၏ ဆက်ဆံရေးရုံးကို ၄င်းတို့၏ နယ်မြေ၊ ပြည်နယ် မဟုတ် သော ချင်းပြည်နယ်အတွင်းရှိ ပလက်ဝမြို့၌ ရုံးဖွင့်နိုင်ရန် အစိုးရထံ အကြိမ်ကြိမ် တင်ပြတောင်းဆိုရသည် ကို နားမလည် နိုင်အောင်ဖြစ်ရကြောင်း ဒေသခံ ခူမီးအမျိုးသား အိုက်မောင်ညိုမှ ပြောသည်။

    ပီချောင်းဘက် နှင့် ဘင်္ဂလားဒေးရ် နယ်စပ်ဘက်က ခူမီးရွာတွေမှာ ALP တွေကို ဆက်ကြေးပေးကြောင်း၊ မပေးနိုင်ရင် အမျိုးမျိုး ခြိမ်းခြောက်ကြောင်း ၊ ALP ကြောင့် အပြစ်မဲ့  ခူမီးပြည်သူတွေ သေတဲ့သူတွေလဲ မနည်းတော့ကြောင်း၊ ပလက်ဝမှာ ရုံးဖွင့်ခွင့်ပေးလိုက်ရင် ပိုဆိုးတော့မှာဖြစ်ကြောင်း၊ သူတို့ ရုံးဖွင့်ချင်ရင် ရခိုင်ပြည်နယ်မှာသာ ဖွင့်သင့်ကြောင်း  ခူမီးအမျိုးသား အိုက်မောင်ညို ရဲ့ ပြောကြားချက်ကို ချင်းသတင်းဌာနမှာ ဖော်ပြထားပါသည်။

    ၂၀၁၂  ဧပြီလ ၇က်နေ့ မှာ ALP နှင့် ရခိုင်ပြည်နယ်အစိုးရ အကြား ပြည်နယ်အဆင့် ဆွေးနွေးပွဲမှာ ချင်းပြည်နယ် ပလက်ဝ မှာ ဆက်ဆံရေးရုံးဖွင့်ဖို့ သဘောတူခဲ့ပြီး  ၂၀၁၂ ဒီဇင်ဘာ (၉) မှာ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲမှာတော့ Chin National Front (CNF) က ချင်းပြည်နယ်ထဲမှာ ချင်းပြည်နယ်အတွင်း မြန်မာ့တပ်မတော်၊ အစိုးရ လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ချင်းအမျိုးသား တပ်မတော်တို့ သာ နေရာချထားခွင့်ပြုရန် သဘောတူ လက်ခံခဲ့ကြောင်းသိရပါသည်။

    Ref: http://chinworld.info
    ဓါတ်ပုံ အညွှန်း- ရခိုင်လက်နက်ကိုင် အဖွဲ့အစည်း ALP စစ်သင်တန်း ဆင်းပွဲတစ်ခု  (Photo-www.arakanalp.com )