News @ M-Media
Tag: American Muslims
  • မွတ်စလင်ရပ်ကွက်ကို အကြမ်းဖက်ရန်ကြံစည်သည့် လူ ၄ ဦးကို အမေရိကန် ဖမ်းဆီး
    မွတ်စလင်ရပ်ကွက်ကို အကြမ်းဖက်ရန်ကြံစည်သည့် လူ ၄ ဦးကို အမေရိကန် ဖမ်းဆီး
    ဇန်န၀ါရီ ၂၃၊ ၂၀၁၉
    M-Media
    – နယူးယောက်မြို့အထက်ပိုင်းက အစ္စလာမ်ဘာသာဝင်အများစု နေထိုင်တဲ့ ရပ်ကွပ်တစ်ခုကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြုံစည်မှုနဲ့ အမျိုးသား ၄ ဦးကို အမေရိကန်ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့တစ်ပတ်မှာ ဖမ်းဆီးလိုက်ပါတယ်။
    ဖမ်းဆီးခံရသူ ၄ ဦးဟာ အသက် ၂၀၊ ၁၉၊ ၁၈ နှစ်နဲ့ ၁၆ နှစ်အရွယ်တွေဖြစ်ပြီး ဖောက်ခွဲရေးပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ အသက် ၁၆ နှစ်အရွယ် လူငယ်ဟာ သေနတ် ၂၃ လက် ပိုင်ဆိုင်ထားပါတယ်။ ရဲတပ်ဖွဲ့က သူတို့ ၄ ဦးကို အန္တရာယ်ရှိစေတဲ့ လက်နက်တွေ လက်ဝယ်ထားရှိမှု စွဲချက် ၃ ခု၊ ပူးပေါင်း ကြံစည်မှု စွဲချက်တစ်ခုနဲ့ တရားစွဲဆိုထားပါတယ်။
    သူတို့ ၄ ဦးဟာ နယူးယောက်မြို့ အထက်ပိုင်းက အစ္စလာမ်ဘာ့ဂ် ရပ်ကွက်ကို တိုက်ခိုက်ဖို့ ကြံစည်ထားတာဖြစ်ပြီး အဲဒီနေရာနဲ့ သိပ်မဝေးတဲ့ အထက်တန်းကျောင်းမှာ ကျောင်းသားတစ်ဦးက သူ့သူငယ်ချင်းကို တိုက်ခိုက်မှုကိစ္စ ပြောပြရာကနေ ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
    အစ္စလာမ့်ဘာ့ဂ်ရပ်ကွက်ဟာ တောင်တန်းတွေပေါ်မှာ တည်ရှိတဲ့ ရပ်ကွက်ငယ်လေးတစ်ခုဖြစ်ပြီး ပါကစ္စတန် အစ္စလာမ်ဓမ္မဆရာ ရှိခ် မူဘာရစ် ဂီလာနီက ၁၉၈၀ ပြည့်နှစ်တွေမှာ စတင် တည်ထောင်ခဲ့တာပါ။ လက်ရှိမှာ အစ္စလာမ်ဘာသာဝင် ရာနဲ့ချီ နေထိုင်နေပြီး အများစုက လူမည်းတွေဖြစ်ပါတယ်။
    ဂီလာနီ စတင်တည်ထောင်ကတည်းက အစ္စလာမ်ဘာ့ဂ်ရပ်ကွက်ကို အစွန်းရောက်ဝါဒ၊ အကြမ်းဖက်ဝါဒတွေနဲ့ ချိတ်ဆက် ပြောဆိုမှုတွေ ရှိခဲ့ပြီး အရင်ကလည်း လူဖြူအစွန်းရောက်တွေက အကြမ်းဖက်ဖို့ ကြံစည်ဖူးပါတယ်။
    အစ္စလာမ်ဘာ့ဂ်ရပ်ကွက်ထဲက ဗလီကို မီးရှို့ပြီး၊ ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်ဖို့အတွက် လူစုခဲ့တဲ့ တက်နက်ဆီပြည်နယ်သား တစ်ဦးကို ၂၀၁၅ ခုနှစ်မှာ အမေရိကန်တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပါတယ်။
    ဂီလာနီတည်ထောင်ထားတဲ့ ‘အမေရိကန် မွတ်စလင်အဖွဲ့’ ဟာ လက်ရှိ အမေရိကန်အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ ‘ဂျမာအသ် အွလ်-ဖွတ်က္ကရာ’ နဲ့ ဆက်စပ်မှုရှိတယ်လို့ သတင်းတွေ ထွက်ပေမယ့် ခိုင်မာတဲ့ သက်သေအထောက်အထားမျိုးတော့ မထွက်လာပါဘူး။
    ဒေသတွင်း ရဲတပ်ဖွဲ့က သူတို့ဟာ အစ္စလာမ်ဘာ့ဂ်က ပြည်သူတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး ဂီလာနီ သက်ရှိထင်ရှား ရှိခဲ့တဲ့ သမိုင်းတစ်လျှောက်မှာလည်း အကြမ်းဖက်အဖြစ် စိုးရိမ်ရတဲ့လက္ခဏာမျိုးကို မတွေ့ခဲ့ရဘူးလို့ AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
    Ref: RT
  • အကြမ်းဖက်ဆန့်ကျင်ရေး အမေရိကန်မွတ်စလင်များ ဆန္ဒပြ
    အကြမ်းဖက်ဆန့်ကျင်ရေး အမေရိကန်မွတ်စလင်များ ဆန္ဒပြ
    ဒီဇင်ဘာ ၇၊ ၂၀၁၅
    M-Media
    al kha
    – အမေရိကန်ပြည်ထောင်စု ကန်ဆက်စ်မြို့ အရှေ့မြောက်ဖက်တွင် မွတ်စလင် ဒါဇင်ပေါင်းများစွာမှာ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် အကြမ်းဖက်ဝါဒကို ရှုတ်ချကြောင်း စနေနေ့က လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
    ၎င်းတို့မှာ Not in my Name ခေါင်းစဉ်ဖြင့် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ မွတ်စလင်များကလည်း လူမှုကွန်ရက်များပေါ်တွင် အစ္စလာမ်သာသနာသည် ငြိမ်းချမ်းသောသာသနာဖြစ်သည်ဆိုသော သတင်းစကားကို ပျံ့နှံ့စေမည့် ကမ်ပိန်းတစ်ခု စတင်ပြုလုပ်ခဲ့ကြသည်။
    “ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးအတွက် ဒီရောက်နေကြတာပါ၊ ကျွန်တော်တို့ IS ကို ဆန့်ကျင်ပါတယ်။ ကျွန်တော်တို့ဟာ ပန်းပျိုးလက်တွေပါ။ ဗုံးထုတ်တဲ့လက်တွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ ငြိမ်းချမ်းမှုကို မြတ်နိုးပါတယ်။ ကျွန်တော်တို့ဟာ အမေရိကန်နိုင်ငံသားကောင်းတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ အလုပ်လုပ်ပြီး အခွန်ဆောင်ပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ အီရတ်နဲ့ ဆော်ဒီနွယ်ဖွားတွေပါဝင်တဲ့ အဖွဲ့အစည်း သေးသေးလေးတစ်ခု သာဖြစ်ပါတယ်။ အပြစ်မဲ့ အသတ်ခံရတဲ့ လူတိုင်းအတွက် ကျွန်တော်တို့ ဒီရောက်နေခြင်းဖြစ်ပါတယ်’ ဟု မူကြိုကျောင်းဆရာဖြစ်သူ ဟူဒါအလီဆာဝီက ပြောကြားခဲ့သည်။
    လမ်းလျှောက်မှုကို ကက်ဆလာဥယျာဉ်တွင် စတင်ခဲ့ပြီး အလ်ကာ့ဖ်အစ္စလာမ့်စင်တာတွင် အဆုံးသတ်ခဲ့သည်။
    အမေရိကန်တွင် လူဖြူအစွန်းရောက်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူများမှာ IS နှင့် အလ်ကိုင်းဒါးတို့ကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် သေဆုံးမှုများထက် ပိုမိုများပြားသည်ဟု စစ်တမ်းများအရ သိရသည်။
    Ref: IINA News
  • IS မှာ အစ္စလာမ်ကို ကိုယ်စားမပြုဘဲ၊ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးတွင် မွတ်စလင်များ ပါဝင်မှသာ အောင်မြင်မည်ဟု အိုဘားမားပြော
    IS မှာ အစ္စလာမ်ကို ကိုယ်စားမပြုဘဲ၊ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးတွင် မွတ်စလင်များ ပါဝင်မှသာ အောင်မြင်မည်ဟု အိုဘားမားပြော
    ဒီဇင်ဘာ ၇၊ ၂၀၁၅
    M-Media
    obama
    – IS အဖွဲ့၏ “တစ်ဘ၀စံ ၀ါဒ” က နိုင်ငံအား သွေးကွဲခွင့် ပေး၍မရဘဲ အမေရိကန်မွတ်စလင်များကို အမုန်းတရားများဖြင့် ဘေးဖယ်ခြင်းထက် IS အား အမြတ်ပြတ်သုတ်သင်ရေး ကြိုးပမ်းမှုတွင် ထည့်သွင်းရန် လိုအပ်သည်ဟု မေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်သည်။
    ယမန်နေ့ညက ရုပ်မြင်သံကြားမှတစ်ဆင့် တိုင်းပြည်အား ပြောကြားသည့်မိန့်ခွန်းတွင် အိုဘားမားက ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်တစ်ပတ်က ကယ်လီဖိုးနီးယားတွင် ဖြစ်ပွားခဲ့သည့် သေနတ်ဖြင့် ပစ်ခတ်မှုကို ထောက်ပြ၍ IS ၏ သြဇာလွှမ်းမိုးမှုကို ဆက်စပ် ပြောကြားခဲ့သည်။
    လေ့လာသူများကမူ နိုင်ငံတကာတွင် မကြာသေးမီကာလအတွင်းက တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်ပြည်သူများအား စိတ်သက်သာရာ ရစေရန် ထိုကဲ့သို့ မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်ကြသည်။
    “အီရတ်နဲ့ ဆီးရီးယားတို့မှာ စစ်ပွဲကြောင့် ၀ရုန်းသုန်းကားဖြစ်မှုတွေ ဖြစ်လာစဉ်အတွင်း IS လိုအဖွဲ့မျိုးတွေဟာ ကြီးထွား တောင့်တင်းလာကြတဲ့အချိန်၊ မွတ်စလင်နိုင်ငံတွေရဲ့ ဝေးကွာမှုကို အင်တာနက်က ကျုံ့ပေးလိုက်တဲ့အချိန်မှာ ဘော်စတွန်မာရသွန် ဗုံးခွဲသမားလိုမျိုး၊ ဆန်ဘာရ်နာဒီနို လူသတ်သမားတွေလိုမျိုး လူတွေရဲ့ စိတ်ဓာတ်တွေကို အကြမ်းဖက်သမားတွေက အဆိပ်ခပ်ပေးမှုဟာလည်း ကြီးထွားလာပါတယ်” ဟု အိုဘားမားက ပြောကြားခဲ့သည်။
    ပြီးခဲ့သည့် အင်္ဂါနေ့က ဖြစ်ပွားခဲ့သော ဆန်ဘာရ်နာဒီနို ပစ်ခတ်မှုမှာ IS ၏ နောက်လိုက်များက ပြုလုပ်ခြင်း ဟုတ်၊ မဟုတ်ကိုမူ FBI က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။
    မကြာသေးမီက ပြုလုပ်ခဲ့သည့် စစ်တမ်းများအရ သမ္မတအိုဘားမား၏ IS အဖွဲ့အား ကိုင်တွယ်မှုကို အမေရိကန်ပြည်သူ ၅၇ ရာခိုင်နှုန်းက မကျေနပ်ကြဘဲ ၇၂ ရာခိုင်နှုန်းကမူ ထိုဆောင်ရွက်မှုမှာ ဆိုးရွားသည်ဟု ပြောကြားခဲ့ကြသည်။ အခြား ၆၀ ရာခိုင်နှုန်းက IS အဖွဲ့အား တိုက်ခိုက်ရန်အတွက် အီရတ်နှင့် ဆီးရီးယားတို့တွင် အမေရိကန်က စစ်တပ်များကို ပိုမို စေလွှတ်ချိန်တန်ပြီဟု ပြောကြားခဲ့သည်။
    အိုဘားမားကမူ IS ၏ ရည်ရွယ်ချက်မှာ ယဉ်ကျေးမှုများ ထိပ်တိုက်တွေ့မှုကို အသုံးပြု၍ မီးမွှေးရန်ဖြစ်သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။
    “ဒီတိုက်ခိုက်မှုဟာ အမေရိကန်နဲ့ အစ္စလာမ်ကြားက စစ်ပွဲလို့ အဓိပ္ပါယ်သတ်မှတ်တာမျိုးကို ခွင့်ပြုပြီး တစ်ယောက်နဲ့တစ်ယောက် လက်ညှိုးထိုးလို့ မရပါဘူး။ ဒါမျိုးကို IS က လိုချင်နေတာပါ။ IS ဟာ အစ္စလာမ်သာသနာကို ကိုယ်စားမပြုပါဘူး။ သူတို့ဟာ ရာဇ၀တ်သားတွေ၊ လူသတ်သမားတွေ၊ တစ်ဘ၀စံတွေပါပဲ။ ပြီးတော့ တိုင်းပြည်ကို ချစ်မြတ်နိုးပြီး၊ IS ရဲ့ အမုန်းဝါဒကို ဆန့်ကျင်ကြတဲ့ အမေရိကန်မွတ်စလင်တွေ အပါအ၀င် ကမ္ဘာ့တစ်ဝှမ်းက သန်းတစ်ထောင်ကျော်သော မွတ်စလင်တွေထဲကမှ IS ဟာ သေးသေးကွေးကွေး အုပ်စုလေးပါပဲ”
    “နောက်ပြီး ကမ္ဘာတစ်ဝှမ်းမှာ အကြမ်းဖက်သမားတွေရဲ့ သားကောင်ဖြစ်နေရသူ အများစုဟာလည်း မွတ်စလင်တွေပါပဲ။ တကယ်လို့ ကျွန်တော်တို့ဟာ အကြမ်းဖက်ဝါဒ တိုက်ဖျက်မှုကို အောင်မြင်လိုတယ်ဆိုရင်တော့ မွတ်စလင်လူ့အဖွဲ့အစည်းတွေကို သံသယတွေ၊ အမုန်းတွေနဲ့ ဘေးဖယ်ထားတာထက် ကျွန်တော်တို့ရဲ့ အခိုင်အမြဲဆုံး မဟာမိတ်တွေအဖြစ် မဖြစ်မနေ ထည့်သွင်းရပါလိမ့်ယ်” ဟု အိုဘားမားက ထည့်သွင်းပြောကြားခဲ့သည်။
    “ကမ္ဘာကြီးကို နားလည်အောင်လုပ်ရမယ့် အဓိကအချက်တစ်ခုက နိုင်ငံတစ်ခု၊ ဒေသတစ်ခုတည်းမဟုတ်ဘဲ တစ်ကမ္ဘာလုံးနဲ့ ဆိုင်နေတယ်လို့ သူတို့ရှုမြင်နေကြတဲ့ အကြမ်းဖက်ဝါဒဟာ အစ္စလာမ်ကို ကိုယ်စားမပြုဘူးဆိုတာပါပဲ”
    Ref: Aljazeera
  • အာရဗီဘာသာစကားနဲ့ ယဉ်ကျေးမှုကို လေ့လာနေတဲ့ လင်ဆေးလိုဟန်
    အာရဗီဘာသာစကားနဲ့ ယဉ်ကျေးမှုကို လေ့လာနေတဲ့ လင်ဆေးလိုဟန်
    မေ ၁၅၊ ၂၀၁၅
    M-Media
    lohan
    – ဟော်လီးဝုဒ်က ကမ္ဘာကျော်မင်းသမီး လင်ဆေးလိုဟန်တစ်ယောက် နယူးယောက်က ဘရွတ်ကလင်းမြို့မှာရှိတဲ့ ကလေးများစင်တာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက သူရဲ့ ပထမဆုံး လူမှုရေးလုပ်ငန်းတွေ ဆောင်ရွက်ပြီး အပြန်မှာ လယ်သာအဖုံးနဲ့ ကုရ်အာန်ကျမ်းတစ်အုပ်
    ကိုင်လာတာကို တွေ့ခဲ့ရပြီးတဲ့နောက် သူဟာ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်လိုက်ပြီဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်လာခဲ့ပါတယ်။
    ဒါပေမယ့် တစ်ကယ်တော့ မဟုတ်ပါဘူး။ သူဟာ ကုရ်အာန်ကျမ်းတော်မြတ်ကို ဖတ်ကြည့်နေပေမယ့် အစ္စလာမ်ထဲကို လုံးလုံးလျားလျား ၀င်ရောက်ခြင်းတော့ မရှိသေးပါဘူး။
    လိုဟန်ရဲ့ ပြောရေးဆိုခွင့်ရှိသူက “ကျွန်တော်သိသလောက်ဆိုရင် သူဟာ အစ္စလာမ်ထဲကို အပြည့်အ၀၀င်ဖို့ မစဉ်းစားသေးပါဘူး။ ဒါပေမယ့် အခုတစ်လော သူဟာ အာရပ်ယဉ်ကျေးမှုကို တော်တော်လေး စိတ်ဝင်စားနေတယ်ဆိုတာကိုတော့ ကျွန်တော်သိပါတယ်” လို့ The Independent ကို ပြောခဲ့ပါတယ်။
    နောက်ပြီး လာမယ့်ပရောဂျက်တွေအတွက် လိုဟန်တစ်ယောက် အရှေ့အလယ်ပိုင်းကို သွားဖို့ရှိနေပြီး အဲဒီမှာ အာရဗီဘာသာစကားကိုလည်း သင်ယူဖို့ စိတ်အားထက်သန်နေတယ်လို့ ဆိုပါတယ်။
    လိုဟန်ဟာ မကြာသေးမီးက သူ့ရဲ့ Instagram အကောင့်မှာ “အသင်လှတယ်” ဆိုတဲ့စကားလုံးကို အာရဗီလိုရေးခဲ့ရာမှာ “အသင်ဟာ မြည်းဖြစ်တယ်” လို့ မှားသွားခဲ့တဲ့အတွက်ကြောင့် ရယ်စရာ ဖြစ်ခဲ့ပါသေးတယ်။
    သူမကတော့ ဒါဟာ အာရဗီဘာသာစကားကို သူငယ်ချင်းတစ်ယောက်နဲ့ သင်နေတဲ့အချိန်အတွင်း မှားခဲ့တာကို ပြန်တင်ခြင်းသာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ နောက်ပြီးသူ့ရဲ့ အာရဗီဘာသာစကား ပိုကျွမ်းကျင်လာမှုနဲ့ပတ်သက်ပြီး ဓာတ်ပုံတွေလည်း တင်ခဲ့ပါသေးတယ်။
    အခုနှစ်အစောပိုင်းက Instagram မှာပဲ လိုဟန်ဟာ ကုရ်အာန်ကျမ်းတော်မြတ်ထဲက ပါဒတော်အချို့ကိုလည်း တင်ခဲ့ပါတယ်။
    ခရစ်ယာန်ကက်သလစ် ဘာသာဝင်တစ်ယောက်အဖြစ် မွေးဖွားကြီးပြင်းခဲ့တဲ့ လိုဟန်ဟာ အခြားအယူဝါဒကို စိတ်ဝင်စားမှုပြတာ ဒါ ပထမဆုံးတော့ မဟုတ်ပါဘူး။ သူ့ရဲ့ အကျော်ကြားဆုံး ဆယ်ကျော်သက်အချိန်တွေမှာ ဂျူးအယူဝါဒက လက်ခွဲဖြစ်တဲ့ ကာဘာလာဟ် အယူဝါဒကို လေ့လာခဲ့ဖူးပြီး ၂၀၁၂ ခုနှစ်က ဗုဒ္ဓဘာသာအသင်းအဖွဲ့တစ်ခုနဲ့ ဆက်သွယ်ခဲ့ပါသေးတယ်။
    ပြီးခဲ့တဲ့နှစ်မှာတော့ လိုဟန်က သူဟာ နာမ်ပိုင်ဆိုင်ရာကို နှစ်သက်တဲ့သူဖြစ်နေပြီး အသက်ကြီးလာတာနဲ့အမျှ နာမ်ပိုင်းဆိုင်ရာ ငြိမ်းအေးမှုအတွက် ပိုပြီး စိတ်ဝင်စားလာတယ်လို့ ပြောခဲ့ပါတယ်။ ပြီးတော့ သူဟာ ဆုတောင်းတာ၊ တရားထိုင်တာတွေကိုလည်း နှစ်သက်မိနေပြီလို့ ဆိုပါတယ်။
    လက်ဝှေ့ကျော် မိုဟာမက်အလီနဲ့ မိုက်တိုင်ဆန်၊ အဆိုကျော် ကတ်စတီဗင်ဆင်၊ ဂျာနယ်လစ် ဂျမီမာ ဂိုးလ်ဒ်စမစ်တို့ အပါအ၀င် အနောက်နိုင်ငံ အနုပညာနဲ့ အားကစားအသိုင်းအ၀ိုင်းက နာမည်ကျော် တော်တော်များများ အစ္စလာမ်ကို ပြောင်းလက်သက်ဝင်ယုံကြည်တာဟာ အရင်တုန်းကလည်း ရှိခဲ့ဖူးပါတယ်။
    လင်ဆေးလိုဟန်ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ထောင်ဒဏ်ကျခံခဲ့ရတာ၊ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးခဲ့ရတာနဲ့ အရက်စွဲရောဂါရခဲ့တာတို့ အပါအ၀င် အခက်အခဲ အကျပ်အတည်းတွေ တော်တော်များများနဲ့ ရင်ဆိုင်ခဲ့ရသူတစ်ဦး ဖြစ်ပါတယ်။ အခုလူမှုရေးလုပ်ငန်း ဆောင်ရွက်ရတာဟာလည်း တရားရုံးရဲ့အမိန့်နဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။
    Ref: The Independent
  • အမုန်းကို အပြုံးဖြင့်တုန့်ပြန်မည့် အမေရိကန်မှ မွတ်စလင်များ
    အမုန်းကို အပြုံးဖြင့်တုန့်ပြန်မည့် အမေရိကန်မှ မွတ်စလင်များ
    မတ် ၂၃၊ ၂၀၁၅
    M-Media
    23-3-15_Muslims-Food-Drive-Goes-Viral
    – အမုန်းတရားကို မေတ္တာဖြင့် တုံ့ပြန်သည့် လှုပ်ရှားမှုအဖြစ် အမေရိကန် မွတ်စလင်များမှာ နိုင်ငံတစ်ဝှမ်း အစားသောက် လှူဒါန်းဝေငှမှု လှုပ်ရှားမှုတစ်ခုကို စတင်လိုက်ပြီး ထိုအစီအစဉ်တွင် နိုင်ငံတစ်ဝှမ်းရှိ ဗလီဝတ်ကျောင်းတော်များနှင့် အမေရိကန်မွတ်စလင် ထောင်ပေါင်းများစွာတို့ ပူးပေါင်းပါဝင်ကြမည်ဖြစ်သည်။
    အဆိုပါအစီအစဉ်ကို FeedTheirLegacy ဟု အမည်ပေးထားပြီး နိုင်ငံအတွင်း အိမ်ယာမဲ့ ချို့တဲ့သူများအား စည်သွပ်ဘူး အစားသောက်များ ဝေငှသွားမည်ဖြစ်ကာ ဖေဖော်ဝါရီလက မြောက်ကိုရိုလိုင်းနားတွင် အသတ်ခံခဲ့ရသည့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်နေသူ မွတ်စလင်လူငယ်သုံးဦး (ဒီယာ၊ ယူဆိုးရ်နှင့် ရာဇန်) တို့အား ဂုဏ်ပြုသည့်အနေဖြင့် ဆောင်ရွက်ခြင်းလည်းဖြစ်သည်။
    “ငယ်ရွယ်ပြီး ထူးခြားတဲ့ အမေရိကန် မွတ်စလင်လူငယ် ၃ ဦးကို ဆုံးရှုံးခဲ့ရတာနဲ့ သူတို့ ရက်ရက်စက်စက် အသတ်ခံခဲ့ရလို့ ၀မ်းနည်းနေပေမယ့်လည်း ကုန်အာန်ကျမ်းတော်မြတ်က ‘မကောင်းမှုကို အကောင်းဖြင့်သာ တုံ့ပြန်လော့’ လို့ ကျွန်တော်တို့ကို သွန်သင်ထားပါတယ်။ IS တို့လို အစွန်းရောက်အဖွဲ့တွေက နေ့စဉ် သတင်းစာတွေမှာ လွှမ်းမိုးနေတဲ့အချိန် ဒီယာ၊ ယူဆိုးရ်နဲ့ ရာဇန်တို့လို မွတ်စလင်တွေကသာ ကျွန်တော်တို့ကို အမှန်တစ်ကယ် ကိုယ်စားပြုတယ်ဆိုတာ အမေရိကကို ကျွန်တော်တို့ မြင်စေချင်ပါတယ် ” ဟု အဆိုပါ FeedTheirLegacy အစီအစဉ်၏ နိုင်ငံလုံးဆိုင်ရာ စီမံခန့်ခွဲရေးမှူး တာရစ်က် အလ်-မက်ဆီဒီက ပြောကြားခဲ့သည်။
    အမေရိကန်နိုင်ငံတစ်ဝှမ်း စည်သွပ်ဘူး အစားအေသာက်များ ဝေငှလှူဒါန်းမည့် အဆိုပါ စိတ်ကူးကို မက်ဆီဒီတို့အဖွဲ့က ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့တွင် စတင်ဆော်သြခဲ့ခြင်းဖြစ်ပြီး FeedTheirLegacy အမည်ဖြင့် ၀ဘ်ဆိုက်တစ်ခုကိုလည်း လွှင့်တင်ခဲ့သည်။ ထို့နောက် အမေရိကန်တစ်ဝှမ်းမှ မွတ်စလင်များက ပါဝင်လာခဲ့ကြသည်။
    အဆိုပါလှုပ်ရှားမှုမှာ ဒီယာ၊ ယူဆိုးရ်နှင့် ရာဇန်တို့၏ အခြားသူများကို ကူညီဖေးမသော လုပ်ရပ်များကို ပြန်လည်အမှတ်ရစေရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။
    “သူတို့သုံးယောက်ဟာ အိမ်နီးချင်းရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတာပါ။ ဒါပေမယ့် ကျွန်တော်တို့ကတော့ အမေရိကန်တစ်ဝှမ်းက ကျွန်တော်တို့ရဲ့ အိမ်နီးချင်းတွေကို လှူဒါန်းကျွေးမွေးခြင်းနဲ့ တုန့်ပြန်သွားပါမယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်တော်တို့ဟာ သူတို့ရဲ့ ပရဟိတအမွေအနှစ်ကို အသက်သွင်းတာလည်း ဖြစ်ပါတယ်” ဟု မက်ဆီဒီက ထပ်လောင်းပြောကြားခဲ့သည်။
ုမွတ်စလင်လူ့အဖွဲ့အစည်းမှ နိုင်ငံတစ်ဝှမ်းရှိ ချို့တဲ့သူများအား စည်သွပ်ဘူးအစားသောက်များ ဝေငှမည့် FeedTheirLegacy လှုပ်ရှားမှုတွင် ဒီယာ၊ ယူဆိုးရ်နှင့် ရာဇန်တို့၏ မိသားစုဝင်များကလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။
    “တစ်လကြာသွားပေမယ့်လည်း ကျွန်မတို့မိသားစုရဲ့ ဆုံးရှုံးမှုအတွက် ပူဆွေး ၀မ်းနည်းနေရတုန်းပါပဲ။ FeedTheirLegacy လို အားထုတ်မှုတွေကတော့ ဒီဖြစ်ရပ်ဆိုးထဲက ဖြေသိမ့်စရာလေးတွေပါ။ သူတို့ရဲ့ လုပ်ရပ်တွေကို အောက်မေ့သတိရတဲ့အနေနဲ့ အစားအသောက်တွေ ဝေငှတာမျိုးဟာ ကျွန်မတို့ကို အတော်လေး စိတ်သက်သာရာ ရစေပြီး သူတို့ရဲ့ဘ၀မှာ မွန်မြတ်တဲ့အလုပ်တွေ အများကြီးလုပ်ခဲ့ပါလားဆိုတာ ကျွန်မတို့ကို သိရှိစေပါတယ်” ဟု ဒီယာ၏ ညီမဖြစ်သူ ဆူဇန်နီ ဘရကသ်က ပြောကြားခဲ့သည်။
    မတ်လ ၁၀ ရက်နေ့က စတင်ဆော်သြခဲ့ပြီး ၂ ပတ်တာကြာခဲ့ပြီးနောက် FeedTheirLegacy လှုပ်ရှားမှုတွင် အမေရိကန်နိုင်ငံတစ်ဝှမ်းမှ ဗလီဝတ်ကျောင်းတော်များ၊ မွတ်စလင်ကျောင်းသားအသင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများနှင့် စာသင်ကျောင်း စုစုပေါင်း ၂၃၀ ကျော်က ပါဝင်မည်ဟု စာရင်းပေးသွင်းခဲ့ကြသည်။
    ဗလီဝတ်ကျောင်းတော်များကလည်း ၀တ်ပြုရန်လာရောက်ကြသူများအား ထိုလှုပ်ရှားမှုတွင် ပါဝင်ရန် တိုက်တွန်းနှိုးဆော်ခဲ့ပြီး အလှူရှင်များထံမှ စည်သွပ်ဘူးများ စုဆောင်းမှုကိုလည်း လုပ်ဆောင်နေကြသည်။
    ယခုအချိန်အထိ အလှူရှင်များက လှူဒါန်းထားသည့် စည်သွပ်ဘူး ၆၀၀၀၀ ခန့်ကို ရရှိထားပြီး ထိုပမာဏမှာ မြောက်ကယ်ရိုလိုင်းနားရှိ အိမ်ယာမဲ့ချို့တဲ့သူများကို ၅ ခါပြန် ကျွေးမွေးနိုင်သည့် ပမာဏလည်း ဖြစ်သည်။
    Ref: Onislam