News @ M-Media

Tag: Anti Isrel Activists

  • အစ္စရေး၏ တက္ကသိုလ်များအား သပိတ်မှောက်မည် အစီအစဉ်တွင် တိုင်းရင်း အမေရိကန်လေ့လာမှု အသင်း NAISA ပူးပေါင်း

    ဒီဇင်ဘာ ၂၀၊ ၂၀၁၃
    M-Media

    ASA-logo
    – သောင်းချီပါဝင်သော အမေရိကန် အဆင့်မြင့် ပညာရှင်များ အဖွဲ့ တစ်ခုဖြစ်သည့် အမေရိကန်လေ့လာမှုအသင်း ASA က အစ္စရေး၏ တက္ကသိုလ်နှင့်ကောလိပ်များအား သပိတ်မှောက်မည့် အစီအစဉ်ကို  ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကြေညာခဲ့ရာ  အခြားသော အမေရိကန် ပညာရှင် အဖွဲ့တစ်ခုလည်း ပူးပေါင်းပါဝင်လာခဲ့သည်ဟု သိရသည်။

    ထိုအဖွဲ့မှာ တိုင်းရင်း အမေရိကန်လေ့လာမှု အသင်း NAISA ဖြစ်ပြီး အစ္စရေး၏ နိုင်ငံတကာ ဥပဒေနှင့် ကုလ၏ ဆုံးဖြတ်ချက်များအား ချိုးဖောက်မှုအတွက် အစ္စရေးပညာရေး အသိုင်းအ၀ိုင်းအား သပိတ်မှောက်ရန် အသင်း၏ ၀ဘ်ဆိုဒ်တွင် ဥက္ကဌဖြစ်သူ အိုဟိုင်းယိုးပြည်နယ် အင်္ဂလိပ်စာ ပါမောက္ခ ချက်ဒ်ဝစ် အလန်က အသင်းဝင်များအား တိုက်တွန်းထားသည်။

    NAISA အမှုဆောင်ကောင်စီမှ ထုတ်ပြန်သော အစီရင်ခံစာတွင် အစရေးက မတရားသိမ်းပိုက်ထားသော ပါလက်စတိုင်းဒေသများရှိ တိုင်းရင်းသားများ၏ ပညာရေး ကဏ္ဍနှင့် ဥာဏ စွမ်းအားများ လွတ်မြောက်မှုအတွက် အသင်းအနေဖြင့် အစ္စရေး၏ ချိုးဖောက်မှုများကို ဆန့်ကျင်ကြောင်း၊ ကျွန်ုပ်တို့ အသိအမှတ်ပြုထားသည့် လွတ်လပ်စွာလုပ်ရှားမှု၊ ဖော်ပြမှုနှင့် စုဝေးမှုများကို အစ္စရေးက ငြင်းဆန်ကြောင်း စသဖြင့် အစ္စရေး၏ လူ့အခွင်အရေး ချိုးဖောက်မှုများအား ထည့်သွင်းဖော်ပြထားသည်။

    Ref: Press TV

  • ၂၁ နှစ်အောက် ဥပရောဖလားပွဲ အစ္စရေးအား ကျင်းပခွင့်ပေးသည့် UEFA ကို အစ္စရေးအား ဆန့်ကျင်သူများ ဆန္ဒပြမည်။

    မေ-၂၀၊၂၀၁၃
    M-Media

    U21_israel_2013_logo

    ယခုသီတင်းပတ်အတွင်း လန်ဒန်ရှိ Grosvenor House hotel တွင်ပြုလုပ်မည့် UEFA အစည်းအဝေးတွင် အသက် ၂၁ နှစ်အောက် နွေရာသီ ဥရောပချန်ပီယံဖလားပြိုင်ပွဲကို အစ္စရေး၌ ကျင်းပမည့် ဆုံးဖြတ်ချက်အား ကန့်ကွက်သောအားဖြင့် ဥရောပနိုင်ငံ အများအပြားမှ လူမှုလှုပ်ရှားသူတို့ ဆန္ဒပြကြရန် စီစဉ်လျက်ရှိသည်။

    Red Card Israeli Racism campaign မှ ဆန္ဒပြသပိတ်မှောက်မှုကို ဦးဆောင်သွားမည်ဖြစ်သည်။ အစ္စရေးတို့သည် ပါလက်စတိုင်းတို့၏လူ့အခွင့်အရေးများကို စံနစ်တကျ စီမံရိုက်ချိုး ဖျက်ဆီးနေကြကြောင်း၊ အစ္စရေးနိုင်ငံသည် ပထ၀ီဝင်အနေအထားအရ ဥရောပပြင်ပတွင် ရှိနေကြောင်း၊ အစ္စရေးအား လိုက်လျောခြင်းသည် ခွဲခြားနှိမ့်ချဆက်ဆံမှုကို သွတ်သွင်းလိုက်ခြင်းသာဖြစ်ကြောင်း၊ “ ဥရောပမှာရှိတဲ့ လူမည်းကစားသမားတွေအပေါ် လူမျိုးခွဲခြားဆက်ဆံမှုကိုတောင် ဆန့်ကျင်နေကြသေးတာဘဲ။ အစ္စရေးအစိုးရကနေ ပါလက်စတိုင်းတွေအပေါ် တစိုက်မတ်မတ် တစ်ဖက်သတ်ဖန်တီးဖော်ဆောင်ထားတဲ့  လူမျိုးခွဲခြားရေးစနစ်ကို ကျွန်တော်တို့က ဘာလို့ မဆန့်ကျင်ဘဲ နေရမလဲဗျ ” ဟူ၍ Red Card Israeli Racism campaign ၏ စည်းရုံးရေးမှူး Geoffrey Lee မှ ပြောကြားသည်။

    အမ်စတာဒန်တွင် ကျင်းပသော ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်မတိုင်မီတွင်လည်း အလားတူဆန္ဒပြမှုကို လွန်ခဲ့သည့်အပတ်၌ ဒတ်ခ်ျများက ပြုလုပ်ခဲ့ကြပြီး၊ အခြားနိုင်ငံများအတွက် စံပြဖြစ်အောင် ဒတ်ခ်ျဘောလုံးအသင်းအနေနှင့် U 21  နောက်ဆုံးပွဲစဉ်များမှ နှုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။

    ယင်းလှုပ်ရှားမှု၌ တစ်နှစ်မက အားပေးကူညီဆောင်ရွက်လာသူ Filmmaker Ken Loach က “ ပါလက်စတိုင်းဘောလုံးအသင်းနဲ့အခြားဘောလုံးအသင်းတွေရဲ့ အဆိုပြုချက်တွေ၊ ဥရောပတစ်ခွင်က လူမျိုးခွဲခြားမှုကို ဆန့်ကျင်တိုက်ပွဲဝင်သူများရဲ့ လူ့အခွင့်အရေးဆိုင်ရာ တိုက်တွန်းချက်တွေကို UEFA က ဥပေက္ခာပြုနေတာဟာ မယုံကြည်စရာကောင်းနေပါတယ်။ သူတို့ရဲ့ အဆိပ်သင့်ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ဖို့လိုတယ်။ အစ္စရေးတွေဖက်က တရားမ၀င်စွက်ဖက် ဖော်ဆောင်ထားတဲ့ ပါလက်စတိုင်း ဘောလုံးသမားတွေရဲ့အခက်အခဲတွေ အခြေအနေတွေအပေါ် UEFA အနေနဲ့ အသိအမှတ်ပြုသင့်တယ် ” ဟူ၍ ပြောကြားလိုက်သည်။

    အစ္စရေး၌ သုံးနှစ်ကြာထိန်းသိမ်းခံနေရသော ပါလက်စတိုင်းဘောလုံးသမား ၀ါရင့်ရှေ့တန်းတိုက်စစ်မှူး Mahmoud Sarsak အား ယင်း ကွန်ကရက်အစီအစဉ်တွင် တက်ရောက်ခွင့်ပေးရန် ဆန္ဒပြသူများမှ UEFA ကွန်ကရက်ကိုယ်စားလှယ်များထံ တောင်းဆိုနေကြသည်။