News @ M-Media

Tag: Anti Labour

  • ၁၉၈၉-ခုနှစ် သာယာဝတီထောင် Anti Labour တိုက်ပွဲ အထိမ်းအမှတ် အခမ်းအနားကျင်းပ

    ဖေဖော်ဝါရီ ၄၊ ၂၀၁၃
    M-Media
    သတင်း – အမ်တူးအေ

    DSCN0133

    ရန်ကုန် ။     ။     ၁၉၈၉-ခုနှစ် သာယာဝတီအကျဉ်းထောင်၊ Anti Labour တိုက်ပွဲ အထိမ်းအမှတ် အခမ်းအနားတစ်ရပ်ကို ၂၀၁၃-ခု၊ ဖေဖော်ဝါရီလ ၁-ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် နေ့လည် ၂-နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    ယင်းအခမ်းအနားကို Anti Labour အဖွဲ့မှ ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး နိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်းများမှ လူအင်အား ၆၀၀ ၀န်းကျင်တက်ရောက်ခဲ့ကြသည်။

    “ကိုလိုနီဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေး သမိုင်း၌ဤကဲ့သို့ လှုပ်ရှားသည့် ရဟန်းရှင်လူ၊ကျောင်းသား ပြည်သူတို့အား မျိုးချစ်စိတ်ရှိသော သူများဟု ချီးမွမ်းခံရသော်လည်း ကိုယ့်တိုင်းပြည် ကိုယ့်အမျိုးသားအစိုးရ လက်ထက်များ၌ အလားတူ လှုပ်ရှားမှုများကို ဆူပူဆန့်ကျင်သူများဟု ကင်ပွန်းတပ်ခံရခြင်းမှာ ရင်နာဖွယ် အကောင်းဆုံး ဖြစ်ရပ်ဖြစ်ကြောင်း၊ ဤအချက်ကို အကောင်းဘက်သို့ ဦးတည်ပြောင်းလဲနေပါပြီဆိုသော လက်ရှိအစိုးရအနေဖြင့် အကောင်းဆုံး ရှုမြင်သုံးသပ်ပြီး ဒီမိုကရေစီစိန်ခေါ်တုန့်ပြန်မှု ဆန္ဒပြခြင်းများအပေါ် စဉ်းစားဆုံးဖြတ်ခြင်းဖြင့် အစိုးရကောင်းအဖွဲ့အဖြစ် ရပ်တည်ပေးပါ။” ဟု Anti Labour မှ ကိုတင်သန်းဦးမှ ပြောကြားသွားပါတယ်။