News @ M-Media

Tag: Anti_muslim

  • ရန်ကုန်ြမို့ ဆင်ခြေဖုံးတွင် အစ္စလာမ် ဆန့်ကျင်ရေးစာများ ဖြန့်ဝေလျက်ရှိ

    ရန်ကုန်ြမို့ ဆင်ခြေဖုံးတွင် အစ္စလာမ် ဆန့်ကျင်ရေးစာများ ဖြန့်ဝေလျက်ရှိ

    အောက်တိုဘာ၊ ၂၄ ၊ ၂၀၁၂
    M-Media
    သတင်း- နတ်တော်သူရိန်

    ရန်ကုန်ြမို့ ဆင်ခြေဖုံးနှင့် မြို့ပြင်ရပ်ကွက်များတွင်  “အနာဂါတ်မြန်မာပြည် နှင့် ဘင်္ဂါလီ ခေါင်းစဉ်ဖြင့်” ရေးသားထားသော အစ္စလာမ်ဆန်ကျင်ရေး၊ မုန်းတီးရေးစာရွက် မိတ္တူများ ဖြန့်ဝေလျက်ရှိကြောင်းသိရပါတယ်။

    အဆိုပါ အစ္စလာမ်ဆန့်ကျင်ရေး စာရွက်များ ဖြန့်ဝေရာ ရန်ကုန်မြို့ ဆင်ခြေဖုံး ဒလ၊လှိုင်သာယာ၊ကမာရွတ် မြို့နယ်များ၏ ရပ်ကွက်များတွင် ဖြန့်ဝေခဲ့ကြကြောင်း သိရပါသည်။

    အဆိုပါစာကို “ မျိုးချစ်လူငယ်များ” အကျိုးဆောင်ကွန်ယက်မှ ဖြန့်ဝေနေကြောင်းသိရသည်။

    ဒါအပြင် Internet Blogs များWebsitesများ Facebook Social Network များတွင်ပါ အဆိုပါစာကိုဖြန့်ချီ နေကြောင်းသိရှိရသည်။

    ရခိုင်ပြည်နယ်ဖြစ်စဉ်များအပြီး အစ္စလာမ်ဘာသာအပေါ်စော်ကားသောစာများBlogs များကိုInternet websitesများ၊facebook Social Network များတွင် ပေါ်ပေါ်ထင်ထင်လုပ်ဆောင်လာတာကို တွေရပါတယ်။

    ယခုကဲ့သို့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားစေရန် လှုံ့ဆော်သည့် အစ္စလာမ်ဆန့်ကျင်ရေး၊ မုန်းတီးရေး လုပ်ဆောင်ချက်များကို အာဏာပိုင်အဖွဲ့စည်းများမှ မည့်သည့်အရေးယူ တားဆီးမှု့ ဆောင်ရွက်ချက်များကို သတင်းမရရှိပါ။

    ရခိုင်ပဋိပက္ခစတင်ဖြစ်ပွားချိန်မှ စပြီး အစ္စလာမ့်ဆန့်ကျင်ရေး လှုံ့ဆော်မှုများကို ယခင်က အွန်လိုင်းတွင် လုပ်ဆောင်လာရာမှ ယခု ပြင်ပတွင်ပါ ဗြောင်ကျကျ လုပ်ဆောင်မှုများကြောင့် ပြည်မတွင်ပါ ဘာသာရေးပဋိပက္ခများ ဖြစ်ပွားလာမည်ကို  မြန်မာမွတ်စလင်မ် ပြည်သူများမှာ စိုးရိမ်ပူပန်နေရကြောင်း သိရှိရပါတယ်။

    အနာဂါတ်မြန်မာပြည် နှင့် ဘင်္ဂါလီ ခေါင်းစဉ်ဖြင့် အစ္စလာမ့်ဆန့်ကျင်ရေးလှုံ့ဆော်စာ
    အနာဂါတ်မြန်မာပြည် နှင့် ဘင်္ဂါလီ ခေါင်းစဉ်ဖြင့် အစ္စလာမ့်ဆန့်ကျင်ရေးလှုံ့ဆော်စာ
  • လူမျိုးရေး ဘာသာရေး အစွန်းရောက် လှုံ့ဆော်မှုများကို B-M-A မှ ရှုံ့ချသည့် ကြေငြာချက်ထုတ်ပြန်

    လူမျိုးရေး ဘာသာရေး အစွန်းရောက် လှုံ့ဆော်မှုများကို B-M-A မှ ရှုံ့ချသည့် ကြေငြာချက်ထုတ်ပြန်

    အာက်တိုဘာ၊ ၂၁၊ ၂၀၁၂
    M-Media
    မောင်ပုည

    မြန်မာနိုင်ငံ အနှံ့တွင် လက်ရှိဖြစ်ပေါ်လက်ရှိသော အစ္စလာမ်သာသနာဝင် မြန်မာမွတ်စလင်များကို တဘက်သက်မုန်းတီးရေး လှုံဆော်မှု့များနှင့်ပတ်သက်ပြီး  မြန်မာမွတ်စလင်မ် အစည်းအရုံး (B-M-A) မှ ရှုံ့ချသည့် ကြေငြာချက်တစ်စောင် ကို အောက်တိုဘာလ၊(၂၁) ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာလိုက်ကြောင်း သိရှိရပါသည်။ အဆိုပါကြေငြာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

    လူမျိုးရေး ဘာသာရေး အစွန်းရောက် လှုံ့ဆော်မှုများကို ပြင်းထန်စွာ ရှုံ့ချခြင်း

    ၁။ အောက်တိုဘာ(၁၄) ၂၀၁၂ခုတွင် ဖါးအံမြို့ ဇွဲကပင်တောင်ဆရာတော် ဦးကဝိဓဇက ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ဆင့်ခေါ်ပြီး အစ္စလာမ်ဘာသာဝင် မြန်မာတိုင်းရင်းသားများ မုန်းတီးဆန့်ကျင်ရေး ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ပြီးနောက် တစ်မြို့လုံးသို့ လိုက်နာဆောင်ရွက်ရန်နှင့် မလိုက်နာပါက ထိရောက်စွာ ပြစ်ဒါဏ်ခတ်မည်ဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်ဟု သိရှိရသည်။

    ၂။ ဖြစ်စဉ်ကြီးတစ်ခုလုံးကို ခြုံငုံသုံးသပ်ပါက မေလ(၂၈)ရက် ၂၀၁၂ခု သပြေချောင်းရွာသူ ရခိုင်အမျိုးသမီးငယ် အသတ်ခံရမှုနှင့် မည်သို့မှ မသက်ဆိုင်သော မြန်မာမွတ်စလင် ခရီးသွား(၁၀)ဦးကို နေ့ခင်းကြောင်တောင် ဇွန်လ(၃)ရက်နေ့ တောင်ကုတ်မြို့လည်တွင် ကားပေါ်မှ ဆွဲချပြီး သွေးအေးအေးနှင့် သတ်ဖြတ်မှုမှ စတင်ခဲ့သည်။ ထိုလူသတ်ပွဲကြီးကို သက်ဆိုင်ရာ ဒေသအာဏာပိုင်များက လစ်လျှူရှုခဲ့ခြင်း၊ အစိုးရပိုင် သတင်းစာများတွင် အသတ်ခံရသူများကို မွတ်စလင်ကုလားဟူ၍ နှိမ့်ချခေါ်ဝေါ်ခြင်းတို့ဖြင့် မြန်မာမွတ်စလင် မုန်းတီးရေး ပထမခြေလှမ်း စတင်ခဲ့သည်ဟု သုံးသပ်သည်။

    ၃။ ဒုတိယအဆင့်အဖြစ် ဆက်တိုက်ဆိုသလိုပင် မြန်မာအစိုးရအဖွဲ့ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်) က တစ်ဖက်နိုင်ငံမှ အကြမ်းဖက်သမားများ လက်နက်ကိုင် ကျူးကျော်ဝင်ရောက်လာပြီဟု သူ၏ Facebookမှ တစ်ဆင့် လှုံ့ဆော်ခဲ့သည်။ ရခိုင်ပြည်နယ်ရှိ မွတ်စလင် နှိပ်ကွပ်ရေး အထိကရုဏ်းကြီးကို ရခိုင်အစွန်းရောက်များနှင့် ဒေသဆိုင်ရာ အာဏာပိုင်အချို့ ပူးပေါင်း၍ ဖန်တီး အကောင်အထည်ဖေါ်ခဲ့သည်ဟု ယူဆနိုင်စရာ အထောက်အထားများကို အထင်အရှား တွေ့ရှိရသည်။

    ၄။ ဖားအံလှုံ့ဆော်မှုသည် မွတ်စလင်မုန်းတီးရေး လက်တွေ့ကွင်းဆင်း စမ်းသပ် အကောင်အထည်ဖေါ်ခြင်း(Pilot Project) တတိယခြေလှမ်းဟု ယုံကြည်သည်။ လူမျိုးရေး အထိကရုဏ်း(Communal Violence)တစ်ခုကို စနစ်တကျ အကောင်အထည် ဖေါ်နိုင်ရေးအတွက် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာကို လူတစ်စုက လက်ဝယ်အပိုင် ရယူ ကျင့်သုံးကြည့်ခြင်းဖြင့် တစ်ဆင့်မြှင့် သွေးတိုးစမ်းလိုက်ခြင်းလည်းဖြစ်၏။

    ၅။ ဖားအံလှုံ့ဆော်မှု တတိယဆင့် အောင်မြင်ပါက မြန်မာမွတ်စလင်ဆန့်ကျင်ရေး အထိကရုဏ်းကြီးကို အမြို့မြို့အနယ်နယ်တွင် တစ်နိုင်လုံး အတိုင်းအတာဖြင့် အကောင်အထည်ဖေါ်ခြင်း စတုတ္ထအဆင့် မလွဲမသွေ ရောက်ရှိလာမည့် အရိပ်လက္ခဏာများကို တွေ့နေရသည်။

    ၆။ အနော်ရထာမင်း ပထမနိုင်ငံတော် တည်ထောင်စဉ်ကပင် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော အစ္စလာမ်သာသနာကို အစဉ်အဆက် ကိုးကွယ်လာကြပြီး မြန်မာတိုင်းရင်းသားဘုရင် အဆက်ဆက်နှင့် လွတ်လပ်ရေးတိုက်ပွဲ အဆင့်ဆင့်တွင် သာမက ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး တည်ထောင်ရာတွင်လည်း အစ္စလာမ်သာသနာဝင် မြန်မာ တိုင်းရင်းသားများက တာဝန်ကြေစွာ အသက်၊သွေး၊ချွေး ပေးဆပ်ခဲ့ကြသည်။ ထို့ကြောင့် ၁၉၄၇၊ ၁၉၇၄နှင့် ၂၀၀၈ခုနှစ်များတွင် ပြဋ္ဌာန်း အတည်ပြုထားခဲ့သည့် နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံများတွင် မြန်မာနိုင်ငံတော် အတွင်း အစ္စလာမ်သာသနာအား ယုံကြည် ကိုးကွယ်ကြသည့် မြန်မာတိုင်းရင်းသားများလည်း မှီတင်းနေထိုင်ကြသည်ဟု အတိအလင်း အသိအမှတ်ပြု ထည့်သွင်းရေးဆွဲခဲ့သည်။

    ရ။ နိုင်ငံသားများ၏ လူမျိုး ဇာတိ၊ ယုံကြည်ကိုးကွယ်ရာ ဘာသာ သာသနာကို အကြောင်းပြု၍ ခွဲခြား နှိမ့်ချမှုမှန်သမျှသည် အခြေခံဥပဒေကို ဖေါက်ဖျက်မှုဖြစ်သည်။ လူ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသော ရာဇဝတ်မှုမြောက်သည်။ နိုင်ငံတကာ ရာဇဝတ်တရားရုံးတွင် ရာဇဝတ်ကောင်များအဖြစ် တရားစွဲဆိုနိုင်သော နိုင်ငံတကာဆိုင်ရာ ရာဇဝတ်မှုလည်းဖြစ်၏။

    ၈။ လူတစ်စုက လူအုပ်စုတစ်ခုလုံးကို ပစ်မှတ်ထား၍ အစီစဉ်ရှိရှိ ရာဇဝတ်မှု ကျူးလွန်ကြရန် အတိအလင်း ကြေညာချက်ထုတ်ပြန်ပြီး လူသိရှင်ကြား လှုံ့ဆော်ပြလိုက်နိုင်ခြင်းသည် မြန်မာပြည်တွင် မင်းမဲ့စရိုက်များ ထွန်းကားနေပြီး တရားဥပဒေ စိုးမိုးမှု လုံးဝ မရှိကြောင်း အခိုင်အမာ သက်သေပြလိုက်ခြင်းဖြစ်သည်။

    ၉။ နိုင်ငံသား လူနည်းစုအုပ်စု တစ်ခုလုံးအပေါ် ထိုးနှက်တိုက်ခိုက်ရန် လူသိရှင်ကြား လှုံ့ဆော်မှုများကို မသိကြိုးကျွန်ပြုနေသော မြန်မာ့နိုင်ငံရေးပါတီအဖွဲ့အစည်းများနှင့် လူမှုရေး အသင်းအဖွဲ့များကို ပြင်းထန်စွာ ရှုံ့ချသည်။

    ၁၀။ နိုင်ငံသားများ၏ အသက် စည်းစိမ် အိုးအိမ်များကို လူမျိုး၊ ဘာသာ မခွဲခြားဘဲ တရားဥပဒေအရ အကာအကွယ်ပေးရန် ပျက်ကွက်မှုကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများအတွက် သမ္မတကြီး ဦးသိန်းစိန်အစိုးရတွင် တိုက်ရိုက် တာဝန်ရှိကြောင်းနှင့် တာဝန်ခံရမည်ဖြစ်ကြောင်းကို ပြင်းထန်စွာ သတိပေးလိုက်သည်။

    ၁၁။ ကျွန်ုပ်တို့ မျိုးဆက်သစ် မြန်မာမွတ်စလင်များသည် ရှေးမြန်မာမွတ်စလင်များ၏ ဂုဏ်ပြောင်သော တိုင်းပြုပြည်ပြု၊ တိုင်းချစ်ပြည်ချစ် အစဉ်အလာကောင်းများကို လက်ဆင့်ကမ်း သယ်ဆောင်ကာ ငြိမ်းချမ်းရေးကို မြတ်နိုးသော ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ တိုင်းရင်းသား ပြည်သူလူထုကြီးနှင့် ခိုင်မြဲစွာ လက်တွဲ၍ တည်ငြိမ်အေးချမ်းသော ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်သစ်ကြီး တည်ဆောက်ရေးကို အနှောက်အယှက် အတားအဆီး မှန်သမျှ ကျော်လွှားပြီး မဖြစ်မနေ တည်ဆောက်သွားမည်ဖြစ်ကြောင်း ထပ်လောင်း အတည်ပြု ကြေညာလိုက်သည်။

    မြန်မာမွတ်စလင် အစည်းအရုံး
    အောက်တိုဘာ (၂၁) ၂၀၁၂

     

    Media Contact

    ကိုကျော်စွာ +44 782 842 6801(UK)  [email protected]

    ဒေါ်မော်လီ +1 416 516 7383 Canada  [email protected];

    Ma Yasmin +1 408 250 6227(USA)  [email protected]

     

    ကြေငြာချက်အား PDF ဖိုင် Download ယူရန်။

  • အစ္စလာမ်ကို မုန်းတီးမှုများ အီဂျစ်သမ္မတမော်စီ UN မိန်းခွန်းတွင် ထည့်သွင်း ဝေဖန်

    အစ္စလာမ်ကို မုန်းတီးမှုများ အီဂျစ်သမ္မတမော်စီ UN မိန်းခွန်းတွင် ထည့်သွင်း ဝေဖန်

    စက်တင်ဘာ၊ ၂၇ ၊ ၂၀၁၂

    Source: BBC

    Photo http://www.washingtonpost.com

    မွတ်ဆလင် တွေကို ကြောက်စရာ ရွံ့စရာလို သဘောထား ထင်မြင်ချက်တွေ ကမ္ဘာ တဝှမ်း ကူးစက် ပျံ့နှံ နေတာကို လက်မခံနိုင်ဘူးလို့ အီဂျစ် သမ္မတသစ် မုဟမ္မဒ်မော်စီက ပြောကြား လိုက်ပါတယ်။

    ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အီဂျစ်ပြည်ရဲ့ ပထမဆုံး ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ ရတဲ့ သမ္မတ အဖြစ် ပွဲဦးထွက် မိန့်ခွန်း ပေးရာမှာ မစ္စတာ မော်စီက စံချိန် ၂ မျိုးနဲ့ ဆက်ဆံတာတွေ အဆုံးသတ်ဖို့ တိုက်တွန်း ခဲ့ပါတယ်။

    ဘာသာတိုင်း ယဉ်ကျေးမှု တိုင်းကို လေးစားရမယ်လို့လဲ သူက ဆိုပါတယ်။သမ္မတ မော်စီက အီဂျစ်နိုင်ငံက လွတ်လပ်စွာ ပြောဆိုခွင့်ကို ထောက်ခံ ပေမယ့် ဘာသာရေး အမုန်းပွားစေမယ့် ကိစ္စ မျိုးကိုတော့ လက်မခံ ကြောင်း၊ အစွန်းရောက် ဝါဒနဲ့ ဆူပူမှု တွေကို ကိုင်တွယ် ဖြေရှင်းနိုင်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့် သာ ဖြစ်သင့်ပြီး မသိ နားမလည်မှု၊ သူတပါးကို မလေးမစား လုပ်တာတွေ အားပေးတဲ့ ပြောဆိုခွင့်မျိုး မဟုတ်သင့် ကြောင်း၊ ဒီလို စော်ကား ပုတ်ခတ် တာတွေကို ဆူပူ မှုနဲ့ ဖြေရှင်း တာကိုတော့ ပြင်းထန်စွာ ဆန့်ကျင်ကြောင်း မွတ်ဆလင် တွေကို ဒေါသ ထွက်စေတဲ့ အစ္စလာမ် ဆန့်ကျင်ရေး ဗီဒီယို ကို ရည်ညွှန်း ပြောကြား ခဲ့ပါတယ်။

    အစ္စလာမ် ဘာသာ ကြောက်ရွံ့မုန်းတီးမှုတွေကို ကုလ သမဂ္ဂ က ထုတ်ပြောရမယ် လို့ သူက ဆိုပါတယ်။

  • တမန်တော်ကို စော်ကားတဲ့ အစ္စလာမ်ဆန့်ကျင်ရေး ရုပ်ရှင်-ဘာကြောင့်? ဘယ်လို? (၁)

    တမန်တော်ကို စော်ကားတဲ့ အစ္စလာမ်ဆန့်ကျင်ရေး ရုပ်ရှင်-ဘာကြောင့်? ဘယ်လို? (၁)

    စက်တင်ဘာ၊ ၁၇ ၊ ၂၀၁၂

    M-Media

    Source : http://www.onislam.net/

    မူရင်းတင်ပြသူ –Wael Hamza

     

    လျှပ်တပြက် နောက်ခံအကြောင်း

    ယခုအထိ ဆက်လက်ဖြစ်ပွါးနေသော သတင်းများအား ခြေရာမခံမိသော သူတို့ အတွက် ဤ အကျဉ်းချုပ်အား ကျွန်တော်ရေးသားနေခြင်းဖြစ်ပါသည်။ တမန်တော်မြတ် (ငြိမ်းချမ်းသာယာမှုအဖြာဖြာကျရောက်ပါစေသား) အားအလွန်စော်ကားစွာ ရိုက်ကူးပုံဖော်ထားသော ရုပ်ရှင်ကားအား အမည်မသိသူ တဦးမှ ရိုက်ကူး ပြုလုပ်ခဲ့သည်။ အဆိုပါ ရုပ်ရှင်ကားသည် မည်မျှ ရိုင်းပြစွာ စော်ကားထားသည်ဆိုမူ ပြန်ပြောပြရန်ပင်မသင့်ပေ။ မကြာခင် က ယင်းရုပ်ရှင်ကား အား အရပ်သုံးအီဂျစ်အာရဗီ ဘာသာစကားဖြင့်အသံသွင်းခဲ့ပြီး ၉/၁၁ နှစ်ပတ်လည်နေ့တွင် ပြသမည်ဟု (အီဂျစ်တွင်) ကြေညာခဲ့သည်။ ပုံမှန်အတိုင်းပင်၊ စိတ်ဆိုးဒေါသထွက်မှုများသည် အရှေ့အလယ်ပိုင်း၊ အထူးသဖြင့် အီဂျစ်၊ လစ်ဗျား နှင့် ယီမင် တို့တွင် ပြန့်နှံ့ခဲ့ပြီး နောက်ပိုင်းတွင် တူနီးရှား နှင့် ဆူဒန် နိုင်ငံများသို့  ပြန့်နှံ့ခဲ့သည်။

    ဤနိုင်ငံများ ရှိ အမေရိကန်သံရုံးရှေ့၌ ဆန္ဒပြကြရန် ဆော်ဩမှုများနှင့်ဆန္ဒပြပွဲများရှိခဲ့ပြီး များစွာသော သူတို့သည် ဆန္ဒပြပွဲများအား ပါဝင်ခဲ့ကြသည်။ များစွာသောသူတို့သည် ၎င်းတို့၏ ကန့်ကွက်ဆန္ဒထုတ်ဖော်ခြင်းများကို ငြိမ်းချမ်းစွာပြုကြရန် ပါဝင်ခဲ့ကြသော်လည်း လူစုလူဝေးကြီးများသည် ပြင်းထန်သော လှုပ်ရှားမှုများအဖြစ်ပြောင်းလဲသွားပြီး သံရုံးအဆောက်အအုံများ စီးနင်းခံရခြင်း၊ အလံများ၊ ကားများ မီးရှို့ခံရခြင်းနှင့် လစ်ဗျားရှိ အမေရိကန် သံအမတ်အပါအဝင် သံဝန်ထမ်းလေးဦး အသတ်ခံခဲ့ရသည်။

    မျဉ်းသားထားသော စကားလုံးများသည် ရှေ့ဆက်ရေးသားမည့်အကြောင်းအရာများအတွက် အရေးပါသည်ဖြစ်သောကြောင့်၎င်းစကားလုံးများအား သတိပြုထားကြပါရန် ပြောကြားအပ်ပါသည်။ အဆိုပါဖြစ်ရပ်များနှင့် ဆက်စပ်ပြီး အချက် (၆) ချက်အားကျွန်တော် ၏ ညီအကိုမောင်နှမများ သိစေရန် တင်ပြလိုပါသည်။

    ၁။ တမန်တော်မြတ် အားချစ်မြတ်နိုးခြင်းသည် ကျွန်တော်တို့၏ ယုံကြည်ချက်တွင် မရှိမဖြစ်သော အချက်ဖြစ်ခြင်း။

    -တမန်တော်မြတ် မိန့်တော်မူခဲ့သည်မှာ-လူတဦး တယောက်သည် ငါကိုယ်တော် အား ၎င်း၏ ဖခင်၊သားနှင့် လူသားတရပ်လုံး ထက်ပိုချစ်မြတ်နိုးခြင်း မရှိသရွေ့ ယုံကြည်သူ မမည်ပေ။
    (ဤဩဝါဒ အား အိဗ်နု ဒကီးက် က မှန်ကန်ကြောင်းစီစစ်ထားသည်။)

    -တဦးတယောက်သည် အလ္လာဟ်အရှင်မြတ် နှင့် အလ္လာဟ်အရှင်မြတ်၏ တမန်တော် အား အခြား မည်သည့်အရာထက်မဆို ပိုမိုချစ်မြတ်နိုးခြင်း မရှိသရွေ့ ယုံကြည်မှု ၏ အနှစ်သာရ နှင့် သာယာမှုကို တွေ့ရှိမည် မဟုတ်ဟု လည်း တမန်တော်မြတ် က မိန့်ကြားတော်မူခဲ့ပါသေးသည်။
    (ဤဩဝါဒ အား အိဗ်နု အလ်အရဗီ က  မှန်ကန်ကြောင်းစီစစ်ထားသည်။)

    -တမန်တော်မြတ် ၏ တပည့်ရင်းများ ၏ ပြောဆိုချက်များတွင်လဲအဆိုပါ ခံယူချက် အား ကျွန်တော်တို့တွေ့ရှိရပါသည်။ “အို-အလ္လာဟ် ၏ တမန်တော်၊ ကျွန်တော် / ကျွန်မ ၏ မိဘနှစ်ပါးအား ကိုယ်တော်မြတ် အတွက် စွန့်လှုတော်မူပါ၏။” ဟူသော ပြောဆို ခံယူချက် သည် ၎င်းတို့နှင့် အနီးစပ်ဆုံး၊၎င်းတို့၏ အချစ်မြတ်နိုးဆုံးသူများ ဖြစ်ကြသည့် ၎င်းတို့ ၏ မိဘများထက်ပင် ကိုယ်တော်မြတ် အပေါ်ထားရှိသော ချစ်မြတ်နိုးမှု က ပိုမိုအလေးသာကြောင်း ဖော်ပြနေပေသည်။

    -တမန်တော်မြတ် အား အခြားအရာများထက် ပိုမိုချစ်မြတ်နိုးခြင်းဟူသော ခံယူချက်ဖြင့် မွတ်စ်လင်မ်များသည် ကြီးပြင်းလာခဲ့ကြသည်။

    -ကျွန်တော်သည်လည်း တမန်တော်မြတ် အား အခြားအရာများထက် ပိုမိုချစ်မြတ်နိုးကြောင်း၊ အလ္လာဟ်အရှင်မြတ်သည် ဤချစ်ခြင်းအား စစ်မှန်သောချစ်ခြင်းအဖြစ် ပြုပေးပါရန် အလ္လာဟ်အရှင်မြတ်ထံတောင်းခံပါကြောင်း ဤပရိသတ်ကြီးရှေ့မှောက်တွင် ကြေညာလိုပါသည်။

    ၂။ တမန်တော်မြတ် အား မည်သည့်နည်းဖြင့်ရိုင်းပြ စော်ကားသည်ဖြစ်စေ၊ မွတ်စ်လင်မ် များအား အလွန်အမင်း စော်ကားသည်မည်၏။

    တမန်တော်မြတ် နှင့် တမန်တော်မြတ် ၏ ဂုဏ်သိက္ခာ အား ကာကွယ် ခြင်းအား တာဝန်တရပ်အဖြစ် မွတ်စ်လင်မ်တိုင်း က ကတိသစ္စာပြုထားကြသည်။ တမန်တော်မြတ် အားကာကွယ်ခြင်းသည် အစ္စလာမ် သာသနာအား ကာကွယ်သည့် အမြင့်ဆုံး အဆင့်ဖြစ်သည်။ ဤအတွက်ဥပမာအား တမန်တော်မြတ် ၏ တပည့်ရင်း တဦးဖြစ်သူ စအဒ် အိဗ်နု အလ်ရဗီး  ၏ နောက်ဆုံးထွက်သက်များတွင် တွေ့ရှိရသည်။

    စအဒ် အိဗ်နု အလ်ရဗီး သည် မဒီနဟ်မြို့အားကျူးကျော်တိုက်ခိုက်လာသည့် အင်အား ၃၀၀၀ ရှိသောစစ်တပ် အား ခုခံကာကွယ်သည့် အုဟုဒ် စစ်ပွဲတွင် တမန်တော်မြတ် အား ကာကွယ်ရင်း ရှဟီးဒ်ဖြစ်ခဲ့သည်။ သူသည် သူ၏ နောက်ဆုံးထွက်သက်၌ ဤသို့မေးမြန်း ပြောဆိုခဲ့သည်။ “ကိုယ်တော်မြတ် ကြီး ဘာများဖြစ်သွားသနည်း?” ကျန်တပည့်ရင်းများ က “ကိုယ်တော်မြတ်ကြီး သည် ဘေးမသီရန်မခ ရှိနေပါသည်။ အသင်၏ အခြေအနေ အား စုံစမ်းရန် ကိုယ်တော်မြတ် က ကျွန်ုပ်တို့အား စေလွှတ်ခြင်းဖြစ်ပါသည်” ဟုပြန်ကြားခဲ့ရာ၊ စအဒ် က “ကျွန်ုပ် ၏ စလာမ် ဆို ဂါရဝ ပြုမှု အား ကိုယ်တော်မြတ်ထံပို့ဆက်ပေးပါလေ၊ အလ္လာဟ် အရှင်မြတ် ၏ သတင်းစကားတော် အား ကျွန်ုပ်တို့ထံ ဆောင်ယူဖြန့်ချီခဲ့သည့် အတွက် အလ္လာဟ်အရှင်မြတ်သည်ကိုယ်တော်မြတ် အား အကောင်းဆုံးသော အကျိုးခံစားမှု ချီးမြှင့်တော်မူပါစေဟု ကျွန်ုပ် ဆိုကြောင်း ကိုယ်တော်မြတ် အား ပြောကြားပါလေ။

    ၎င်းပြင် ကျွန်ုပ် ၏ ရောင်းရင်းများအား (မွတ်စ်လင်မ်များအား) ဤသို့ပြောကြားပါလေ၊ အကယ်၍ အသင်တို့၏ မျက်မှောက်တွင် တမန်တော်မြတ်အပေါ် တစုံတရာ ဖြစ်တည်နေပါလျှင် ရှောင်လွှဲရန် အသင်တို့ ၌ မည်သည့် အကြောင်းပြချက်မျှ မရှိပေ။”

    ၃။ ယုံကြည်သူ မွတ်စ်လင်မ် သည် အတွေးအခေါ် ထက်သန် ရမည်ဖြစ်ပြီး အကွက်ချစီမံထားမှုအားသိသင့်သည်။

    အတွေးအခေါ်ထက်သန် ခြင်း ၏ အစိတ်အပိုင်းတရပ် သည် “ဘာကြောင့်” ဟူသော မေးခွန်းအားမေးမြန်းခြင်းပင်။
    -လူများသည် ဘာကြောင့် ထိုသို့သော အမှုတို့အား ပြုပါသနည်း? ဥပမာ- တမန်တော်မြတ် အား ဆိုးရွားစွာ ပုံဖော်ထားသည့် ကာတွန်း၊ ရိုင်းပြစော်ကားသည့် ရုပ်ရှင်၊ မီးတောက်စေသောဆောင်းပါး၊ စသည်တို့။ ထိုလူများ သည် တမန်တော်မြတ်အား မြင်ဖူးခဲ့သည်လဲ မဟုတ်၊ တမန်တော်မြတ်နှင့် ဆုံဖူးခဲ့သည်လဲ မဟုတ်ပေ။
    -စင်စစ် တမန်တော်မြတ်သည် ကွယ်လွန်သေဆုံးခဲ့ပြီဖြစ်ပြီး စော်ကားခြင်းအပေါင်းတို့သည်တမန်တော်မြတ် ထံရောက်ရှိသည်လဲ မဟုတ်ပေ။ ပမာဆိုရမူ၊ တဦးတယောက် က တဦး တယောက် ၏ဖခင်အား ဆဲရေးနေသည့် အလားပင်။

    -ဘာကြောင့် ဤ အချိန်တွင်မှ? ဘာကြောင့် ၉/၁၁ နှစ်ပတ်လည်တွင် ထိုရုပ်ရှင်အား ပြသသနည်း?
    -အဘယ်ကြောင့် အရပ်သုံး အီဂျစ် အာရဗီစကားဖြင့် အသံသွင်းရသနည်း? အဘယ်ကြောင့် အီဂျစ်၌ အထူးသဖြင့် ကြော်ငြာ ရသနည်း? အထူးသဖြင့် ပရိုမိုးရှင်း လုပ်ရသနည်း?

    -၎င်း သတင်းသည် အမှန်တရားထက် ၉၀% ကျော်သော ကောလဟာလတို့ဖြင့် အဘယ်ကြောင့် အလွန်ပြန့်နှံ့လူသိများခဲ့ပါသနည်း?

    -အဘယ်ကြောင့် လူများသည် ထိုသို့သော အမှုများကို အချိန်ပြည့်ပြုလုပ်နေကြသနည်း? တမန်တော်မြတ်သည် အာရပ်တို့အား အစ္စလာမ် တရားတော်ဖက်သို့ ဖိတ်ခေါ်ခြင်းမပြုခင် က အာရပ်တို့သည် တမန်တော်မြတ်အား လွန်စွာ ချီးမွမ်းထောမနာ ပြုခဲ့ကြသော်လဲ အစ္စလာမ် တရားတော် အားဟောကြားသည့် အခါတွင်မှ ထိုအာရပ်တို့သည် အဘယ်ကြောင့် တမန်တော်မြတ် အား (အထက်ပါဗီဒီယိုနည်းတူ) စော်ကားခဲ့ကြသနည်း?

    အဆိုပါ “ဘာကြောင့်” မေးခွန်းများ ၏ အဖြေသည် သာမန် (တိုက်ဆိုင်မှု) မဖြစ်နိုင်ပေ။ ၎င်းသူတို့သည် မုန်းတီးရေးဝါဒီ များဖြစ်ကြပြီး ၎င်းတို့၏ မုန်းတီးရေးကို ပြင်ပသို့ထုတ်အန် ပြသလိုကြပေသည်။ ယင်းသူတို့သည် ခိုက်ရန်ဖြစ်ပွါးမှု တခုကြောင့်စိတ်လှုပ်ရှားပြီး တိုင်းထွာစော်ကားခြင်းပြုလောက်သည့် ကလေးသူငယ်များမဟုတ်ပေ။ သမိုင်းတလျှောက် တွင် ဤသူများ သည် ထိုသို့သော စော်ကားမှုတို့အား ရံဖန်ရံခါတိုက်ဆိုင်စွာ ပြုလုပ်နေလျှက် ရှိသည် မဟုတ်ပေ။ စင်စစ် ယင်းစော်ကားခြင်း အမှုတို့အား စနစ်တကျ စီမံ ၍အင်တိုက်အားတိုက် ပြုလုပ်နေခြင်းသာဖြစ်ပေသည်။

    အောက်ပါတို့သည် အလွယ်တကူမြင်သာရုံမက ကြောင်းကျိုးခိုင်လုံလှသော အဖြေများပင် ဖြစ်ပေသည်။

    – ထို အကြောင်းတရားများအနက် တခုမှာ အစ္စလာမ် နှင့်ပတ်သက်သော မဟုတ်မမှန် ကောလဟာလများကို ဖြန့်ချီပြီးလူများအား အစ္စလာမ် နှင့် ဝေးကွာစေရန်ဖြစ်သည်။ ဤအပြုအမူသည် မယုံကြည်သူ မက္ကာသားတို့၏အပြုအမူ နှင့် သဏ္ဍာန်တူသည်။ မက္ကာသားတို့သည်လဲ ၎င်းတို့မြို့သို့ လာရောက်သော သူများ တမန်တော် မုဟမ္မဒ်၏ တရား အား နားမထောင်ကြစေရန် နှင့် တမန်တော် မုဟမ္မဒ် အားမယုံကြည်ကြစေရန် လီဆယ် ပြောဆိုခဲ့ကြသည်။

    -အခြား အကြောင်းတရား တခုမှာ ထင်ပေါ် ကျော်ကြား လို၍ ဖြစ်သည်။ မထင်ရှား သူများသည် ယခု အခါ အလွန်ကျော်ကြား လျှက်ရှိနေကြသည်။ ၎င်းတို့သည် သန်းပေါင်းများစွာသော လူတို့၏ ပြောစမှတ်အဖြစ်တွင် လေ့ရှိပြီး၊ ထိပ်တန်း အရာရှိကြီးများထံမှ ဖုန်းခေါ်ဆို မှုများကို လက်ခံရရှိနေပြီဖြစ်သည်။
    ( ကုရ်အာန် ကို မီးရှို့ခြင်း မပြုနှင့် ဟူသည့်ဖုန်းခေါ်ဆိုမှု အား သမ္မတ ထံမှ Terry Jones လက်ခံရရှိခဲ့ သကဲ့သို့ပင်)

    -တတိယ အကြောင်းတရားမှာ ငွေရှာခြင်းဖြစ်သည်။ လူတဦးတယောက်သည် ဒေါ်လာ ထောင်ဂဏန်းအနည်းငယ်မျှသာ ကုန်ကျသည့် တတိယတန်းစား (အညံ့စား) ရုပ်ရှင်ကား တခုကို ထုတ်လုပ်ပြီး ဒေါ်လာသန်းပေါင်းများစွာ ရရှိသည် မဟုတ်ပါလော?

    -အလွန် အရေးကြီးသည့် အကြောင်းတရား တခုမှာ နိုင်ငံရေးအကျိုးအမြတ် ရယူရန်ဖြစ်ပြီးဦးတည်ချက်တစုံတရာ  အတွက်  မူဝါဒ ချမှတ် လို၍ ဖြစ်သည်။ တမန်တော်မြတ် ကွယ်လွန်ပြီးနောက်တွင် မိမိကိုယ်ကို တမန်တော်အဖြစ် ကြေငြာခဲ့သူ များအနက် တဦးအားအဘယ်ကြောင့်ထိုသို့ ပြုလုပ်ရသနည်း ဟုမေးမြန်းခဲ့ရာ၊ ၎င်း က ဖြေကြားခဲ့သည် မှာထိုသို့ပြုလုပ်ခြင်းသည် ခေါင်းဆောင်အဖြစ်ကို ရရှိရန်ထိရောက်သော နည်းလမ်းဖြစ်သောကြောင့်ပင်ဟူ၍။  လူတို့၏ ဆောင်ရွက်ချက် များတွင် နိုင်ငံရေး (သို့) မူဝါဒရေးရာ သည်အလွန်အရေးပါသော အခန်းကဏ္ဍ မှ ပါဝင်လျှက်ရှိသည်။

    -နောက်ဆုံးအကြောင်းတရားမှာ မွတ်စ်လင်မ်များ (အစ္စလာမ်) သည် ရက်စက်ကြမ်းကြုတ်ရိုင်းစိုင်းသောသူများ၊ ခေတ်မမှီသူများ ဖြစ်ကြသည် ဟူသော သရုပ်ကို ဖော်ဆောင်ရန်ဖြစ်သည်။

    ၎င်းအပြင်၊ ထိုသို့သော စော်ကားမှုတို့ကြောင့် ထိခိုက် မီးတောက်ခဲ့ရသော နိုင်ငံအများစုမှာ ဒီမိုကရေစီ နှင့် လွတ်လပ်မှု ဖက်သို့ ရွေ့လျားပြောင်းလဲနေသည့် အာရပ်နွေဦးရာသီနိုင်ငံများဖြစ်နေသောကြောင့် ချိန်ကိုက်လုပ် ဆောင်မှု ဖြစ်၏ ဟူသောအချက်သည် မငြင်းသာပေ။ ထို အာရပ်နိုင်ငံ များသည် ပိုမိုသန်စွမ်းခိုင်မာသောကမ္ဘာ့ဆက်ဆံရေးအလို့ငှါ အပြန်အလှန်လေးစားမှု အပြန်အလှန်အကျိုးအမြတ်ရရှိမှု တို့ကို အခြေခံပြီး ၎င်းတို့၏ အုပ်ချုပ်ရေးစနစ်အား တည်ဆောက်နေခြင်း ဖြစ်သည်။

    -မြောက်များစွာသော အမေရိကန်အခြေစိုက် စီးပွါးရေးသမားများပါဝင်သောကိုယ်စားလှယ်အဖွဲ့သည် အီဂျစ် နိုင်ငံသို့ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများရှာဖွေရန် ရောက်ရှိနေစဉ်တွင်ထို အဖြစ်အပျက် ဖြစ်ပေါ်ခဲ့သည်မှာ မထူးဆန်းလှပါ။

    -အီဂျစ် သမ္မတ သည် အီးယူ (EU) နိုင်ငံများသို့စီးပွါးရေး ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရှာဖွေရန် မသွားရောက် မီ ဤ အဖြစ်အပျက် ဖြစ်ပေါ်ခဲ့သည်မှာ မထူးဆန်းပါ။

    -လစ်ဗျား နိုင်ငံသည် ၎င်း၏ နိုင်ငံရေးခေါင်းဆောင် ရွေးကောက်ပွဲ ပြုလုပ်နေစဉ်တွင်ဤအဖြစ်အပျက် ဖြစ်ပွါးခဲ့သည် မှာလဲ မထူးဆန်းပေ။

    ကျန်ရှိနေသေးသော ဆွေးနွေးမှု မပြုလုပ်မီ အထက်တွင် တင်ပြထားသည့် ရည်ရွယ်ချက် များ နှင့် အကြောင်းတရားများ အားကျေးဇူးပြု၍ သေချာစွာ မှတ်သားထားရန်။

    အပိုင်း ၂ ဆက်လက်ဖော်ပြပါမည်။

     

    http://www.onislam.net/english/shariah/contemporary-issues/islamic-themes/459061-the-offensive-film-and-questions-of-why-and-how.htmlအား မှီငြမ်းမြန်မာမှုပြု ပါသည်

     

  • အစ္စရေးနိုင်ငံသား အာရပ်များ အစ္စလာမ်ဆန့်ကျင်ရေး ဗီဒီယို ဖယ်ရှားရန် Google အားတရားစွဲ

    အစ္စရေးနိုင်ငံသား အာရပ်များ အစ္စလာမ်ဆန့်ကျင်ရေး ဗီဒီယို ဖယ်ရှားရန် Google အားတရားစွဲ

    စက်တင်ဘာ၊ ၂၀၊ ၂၀၁၂

    M-Media

    ဂျေရုဆလင်(ဆင်ဟွာ)။  အစ္စရေးပါလီမန်အမတ်တစ်ယောက် ဦးဆောင်ပြီး အစ္စရေးနိုင်ငံသား အာရပ် အရာရှိများနှင့် ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေပါဝင်တဲ့အဖွဲ့တစ်ခုဟာ ဗုဒ္ဓဟူးနေ့မှာ ဂူဂဲလ်(Google) ကပိုင်ဆိုင်သည့် ယူကျူ့(YouTube)ဆိုဒ်တင်ထားတဲ့  ပြဿနာဖြစ်စေတဲ့ ဗီဒီယိုကို ဖယ်ရှားပေးဖို့တရားစွဲဆိုခဲ့ပါတယ်။ အဆိုပါဗီဒီယိုကို အမေရိကန်နိုင်ငံသား တယောက်ဖန်တီးခဲ့ပြီး တမန်တော် မုဟမ္မဒ်ကို လှောင်ပြောင်ထားသည့် ဗီဒီယိုဖြစ်ပါတယ်။

    အဲဒီလိုတရားစွဲဖို့တင်သွင်းသူတွေထဲမှာ အပါအ၀င်ဖြစ်တဲ့ ပါလီမန်အမတ် Taleb a-Sanaa ကလည်း Innocence of Muslims လို့ အမည်ရတဲ့ ဗီဒီယိုကို အစ္စရေးနိုင်ငံမှာ ကြည့်ရှုခြင်းနှင့် Download လုပ်ခြင်းစတာတွေကို ပိတ်ပင်တားမြစ်ဖို့တောင်းဆိုခဲ့တာပါ။ စွဲချက် တင်တာကတော့.. အဲဒီဗီဒီယိုဟာ လူမျိုးရေးခွဲခြားမှုနှင့် အသေရေပျက်ပျားစေရန် လှုံဆော်ပြီး ဘာသာရေး အဖွဲ့အစည်းတစ်ခုကိုစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုပြုလုပ်ခြင်းစတဲ့ အစ္စရေးနိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်မှုတွေနဲ့ စွဲချက် တင်ခဲ့တာဖြစ်တယ်လို့ ဂျေရုဆလင်ပိုစ် (Jerusalem Post) သတင်းမှာဖော်ပြထားပါတယ်။

    အဲဒီဗီဒီယိုအပေါ်မှာ နိုင်ငံပေါင်း ၃၀ လောက်က မွတ်စလင်မ်တွေကြားမှာ အမေရိကန်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဒါဇင်နဲ့ပေါင်းများစွာအသေအပျောက်ရှိခဲ့တယ်။  အီဂျစ်၊အိန္ဒိယ၊အင်ဒိုနီးရှားနဲ့ လစ်ဗျားနိုင်ငံတွေမှာတော့ ဂူဂဲလ်(Google) ဗီဒီယိုကိုပိတ်ပင်ထားဆဲပါ။ မည်သို့ပင်ဆိုစေကာမူ ဂူဂဲလ်(Google) ကတော့ အိမ်ဖြူတော်ရဲ့ ဗီဒီယိုကိုဖယ်ရှားပေးဖို့ မေတ္တာရပ်ခံချက်ကိုငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

    လွန်ခဲ့တဲ့အပတ်က တီအဲဗစ်မြို့ရဲ့ အမေရိကန်သံရုံးရှေ့မှာ အစ္စရေးနိုင်ငံသား အာရပ်တွေ လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ပေမယ့် အေးအေးချမ်းချမ်းနဲ့ပဲ ဆန္ဒပြပွဲတစ်ခုကိုလုပ်ခဲ့ပါသေးတယ်။ ပါလက်စတိုင်း အာရပ်တွေကလည်း အဲဒီဗီဒီယိုကိုဆန့်ကျင်ခဲ့ကြပါတယ်။

    electric

    Source: http://news.xinhuanet.com/english/world/2012-09/20/c_131861230.htmကို ဆီလျော်အောင်ဘာသာပြန်ဆိုသည်။