News @ M-Media

Tag: Australian-Myanmar

  • အတွေ့အကြုံဖလှယ်ရန် သြစတေးလျ စစ်သင်္ဘော တစ်စီး မြန်မာနိုင်ငံသို့ ရောက်ရှိ

    ဇန်နဝါရီ ၂၁၊ ၂၀၁၄
    M-Media

    images_cms-image-000001708
    – နှစ်နိုင်ငံ ရေတပ်များ၏ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန်နှင့် အတွေ့အကြုံများဖလှယ်ရန်အတွက် သြစတေးလျ စစ်သင်္ဘော တစ်စီးမှာ သန်လျင်မြို့ရှိ သီလ၀ါဆိပ်ကမ်းသို့ ယမန်နေ့က ဆိုက်ရောက်လာသည်ဟု နိုင်ငံပိုင် မီဒီယာများက ယနေ့တွင် ဖော်ပြခဲ့သည်။

    HMAS Childers ဟု အမည်ရသည့် ထိုသင်္ဘောတွင် အမှုထမ်း ၂၄ ဦးပါဝင်ပြီး မြန်မာနိုင်ငံတွင် လေးရပ်ကြာ ရပ်နားမည်ဖြစ်ကာ မြန်မာရေတပ်မှ တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ၊ အတွေ့အကြုံ ဖလှယ်မှုများပြုလုပ် သွားမည်ဖြစ်သည်။

    ထိုကဲ့သို့ လာရောက်မှုမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း သြစတေးလျ စစ်သင်္ဘော ပထမဆုံးလာရောက်မှုဖြစ်ပြီး ပြီးခဲ့သည့်နှစ် စက်တင်ဘာလကလည်း ဂျပန်စစ်သင်္ဘောတစ်စီး မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။

    အဆိုပါ သြစတေးလျ စစ်သင်္ဘောမှာ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ဘင်္ဂလား ပင်လယ်အော်တွင်ပြုလုပ်မည့် ရေတပ်စစ်ရေးလေ့ကျင့်မှုတွင် ပူးပေါင်းပါဝင်ရန် အိန္ဒိယနိုင်ငံသို့ ဆက်လက်သွားရောက်မည်ဟု သိရသည်။ ထိုစစ်သင်္ဘောမှာ သြစတေးလျနိုင်ငံမြောက်ပိုင်း ရေပိုင်နက်တွင် ကင်းလှည့်ခြင်း၊ လူကုန်ကူးမှုများကို တားဆီးခြင်း စသည့်လုပ်ငန်းများကို လုပ်ဆောင်နေသည့် သင်္ဘောလည်းဖြစ်သည်။

    ဓါတ်ပုံအညွှန်း- နှစ်နိုင်ငံ ရေတပ်အရာရှိများ တွေ့ဆုံ နှုတ်ဆက်နေကြစဉ်

    Ref: ဆင်ဟွာ
    Photo- Australian Navy