News @ M-Media
Tag: Bashin
  • သမိုင်းပညာရှင် ဗိုလ်မှူးကြီးဘရှင် ရာပြည့်ပွဲမှာ ဘယ်သူတွေ ဘာပြောခဲ့ကြလဲ
    သမိုင်းပညာရှင် ဗိုလ်မှူးကြီးဘရှင် ရာပြည့်ပွဲမှာ ဘယ်သူတွေ ဘာပြောခဲ့ကြလဲ
    ဒီဇင်ဘာ ၂၈၊ ၂၀၁၅
    M-Media
    မိုးစက်
    1
    ရန်ကုန်။     ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးအပါအဝင် ပြည်သူတွေဘက်က ရပ်တည်ခဲ့တဲ့ သမိုင်းတစ်လျှောက်မှာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ပါဝင်ခဲ့တယ်ဆိုတာ အထင်အရှား ရှိနေတယ်လို့ ၈၈မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ၈၈မျိုးဆက်ကျောင်းသာခေါင်းဆောင် ကိုမြအေးက ပြောပါတယ်။
    ကိုမြအေးသည် ဒီဇင်ဘာလ ၂၇ ရက်နေ့ တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပပြုလုပ်သော စာရေးဆရာနှင့် ကမ္ဘာသိမြန်မာ့သမိုင်းပညာရှင်  ဇေယျကျော်ထင်  ဗိုလ်မှူးကြီးဘရှင်၏ ရာပြည့်နေ့ ဂုဏ်ပြုအခမ်းအနားတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။
    ထိုကဲ့သို့ပါဝင်ခဲ့ခြင်းမှာ အထင်အရှားရှိသော်ငြားလည်း အာဇာနည်ခေါင်းဆောင်ကြီးထဲမှာပါတဲ့ ဆရာကြီးဦးရာဇတ်နဲ့ ရဲဘော်ကိုထွေး ကိုတောင်မှ ဖယ်ရှားချင်တဲ့ အခြေအနေမျိုးရောက်ခဲ့ရတဲ့ အင်မတန်ဝမ်းနည်းစရာကောင်းတဲ့အချက်ဖြစ်ပါတယ်။ အင်မတန်လဲ စိတ်ပျက်မိပါတယ်၊စိတ်အားငယ်ခဲ့ပါတယ် လို့ ပြောဆိုခဲ့ပါတယ်။
    မည်သည့်ဘာသာကိုပဲ ကိုးကွယ်ကိုးကွယ် မြန်မာပြည်မှာနေထိုင်သော နိုင်ငံသား စိတ်ဓာတ်ရှိသူတိုင်းဟာ နိုင်ငံအပေါ်သစ္စာရှိမှုနှင့် အတူ နိုင်ငံတော်မှာတာဝန်တွေကို ဆက်လက် ထမ်းဆောင်သွားဖို့ ဆိုတာဖြစ်တယ်ဆိုတာကို သူ့အနေနှင့်ယုံကြည်ကြောင်း ထပ်လောင်းပြောပါတယ်။
    15
    ဗိုလ်မှူးကြီးရဲ့ သမိုင်းတစ်လျှောက်တာဝန်ကျေပွန်ခဲ့ပုံများကိုတော့ ကိုမြအေးက “မြန်မ့ာသမိုင်းကို အစ္စလာမ်ဘာသာဝင် တစ်ယောက်အနေနဲ့ ထဲထဲဝင်ဝင်နှံ့နှံ့စပ်စပ်လေ့လာပြီး ရေးသားခဲ့တဲ့  ဗိုလ်မှူးကြီးရဲ့ တိုင်းပြည်အပေါ်ကျေပွန်ခဲ့တဲ့ ခေတ်ကာလ ကပေးတဲ့တာဝန်ကို ဘယ်လောက်ကျေပွန်ခဲ့လဲဆိုတာ ဒီနေ့လုပ်တဲ့ပွဲက  သက်သေပြနေပါတယ်။” ဟု ဆရာကြီးရဲ့ သမိုင်းတစ်လျှောက် ဆောင်ရွက်ချက်များကို ထင်သာမြင်သာရှိလာအောင် ပြောဆိုခဲ့ပါတယ်။
    စာရေးဆရာ မောင်ဇေယျကလည်း ဗိုလ်မှူးကြီး သမိုင်းများနှင့် ပတ်သတ်ပြီး “ဗိုလ်မှူး ဘရှင်ရဲ့ ဘဝက များပြားလွန်းလှပါတယ်။ ကျွန်တော်တို့က သူ့ကို သမိုင်းပညာအနေနဲ့ သိကြတယ်ဆိုတာက သူရဲ့လုပ်ရပ်တွေထဲက ဒါက အထင်ပေါ်ဆုံး ဖြစ်လို့ပါ။ ဗိုလ်မှူးရဲ့ အခမ်းအနားမှာ ကျွန်တော်တို့က ဗိုလ်မှူးအကြောင်းပြောရုံ ချီးကျူးနေရုံမျှနဲ့ မပြီးပါဘူး။ ကျွန်တော်တို့ရဲ့ သားတွေသမီးတွေကို ဗိုလ်မှူးရဲ့ သမိုင်းစာအုပ်တွေ ဖတ်ခွင့်ရအောင် လက်ဆင့်ကမ်းဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်” ဟု ပြောဆိုခဲ့ပါတယ်။
    “ကျွန်တော်တို့ရဲဘော်တွေဖြစ်တဲ့ ဦးတင်ဦးတို့ ကိုမြအေးတို့က ဆရာကြီးကို ဂုဏ်ပြုချင်တယ်ဆိုပြီး ကျွန်တော်တို့တွေကလည်း ဆရာကြီးကို ဂုဏ်ပြုချင်လို့ ကျွန်တော်တို့ စာရေးဆရာများ သမဂနဲ့ ကော်မတီဖွဲ့ပြီး ဒီပွဲလေးကို ကျင်းပဖြစ်တာပါ။ ဆရာကြီးကို စာပေပညာရှင်၊ သမိုင်းပညာရှင်၊ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့တဲ့ ဆရာကြီးအဖြစ် ကျွန်တော်တို့ ဂုဏ်ပြုရခြင်း ဖြစ်ပါတယ်။ ဆရာကြီးက အပင်ပန်းခံပြီး စေတနာနဲ့ သမိုင်းတွေကို မျိုးချစ်စိတ်နဲ့ ပြုစုခဲ့ခြင်း ဖြစ်တဲ့အတွက် ဒီနေ့အထိ ဆရာကြီးကို လေးစားရိုသေနေသူတွေ ရှိနေတယ်လို့ ကျွန်တော်တော့ ယူဆမိပါတယ်” လို့ မြန်မာနိုင်ငံ စာရေးဆရာများသမဂ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ဇော်က ရာပြည့်အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောဆိုခဲ့ပါသည်။
    5
    ကမ္ဘာသိမြန်မာ့သမိုင်းပညာရှင် ဗိုလ်မှူးကြီးဘရှင်၏ ရာပြည့်နေ့ ဂုဏ်ပြုအခမ်းအနားကို ဆရာကြီး၏မိသားစုဝင်များ၊ ဆရာကြီးရဲဘော်များ၊ စာရေးဆရာများ၊ သမိုင်းဆရာများ၊ ဆရာကြီးကို ချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြပါတယ်။
    ဗိုလ်မှူးကြီး ဘရှင်သည် ခေတ်ဟောင်းမွန်မြန်မာ ကျောက်စာမင်စာနှင့် မြန်မာ့တိုင်းရင်းသားလူမျိုးစုရေးရာများတွင် နှံစပ်ကျွမ်းဝင်သည့် သမိုင်းပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဗိုလ်မှူးကြီးဘရှင်၏ သမိုင်းလက်ရာများတွင် မြန်မာနိုင်ငံသမိုင်းကော်မရှင်က ထုတ်ဝေခဲ့သည့် လောကထိပန်သည် အထင်ရှားဆုံးဖြစ်ပါတယ်။
    ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘရှင်သည် ကွယ်လွန်ချိန်ထိ မြန်မာနိုင်ငံ သမိုင်းကော်မရှင်နှင့် အစ္စလာမ် သာသနာရေးရာကောင်စီ တို့တွင် တာဝန်များထမ်းရွက်ခဲ့ပြီး တိုင်းကျိုးပြည်ကျိုး သာသနာ့ အကျိုးကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူအဖြစ် မှတ်တမ်းပြုရမည် ဖြစ်ပါတယ်။ အထင်ကရလုပ်ဆောင်ချက်တစ်ခုမှာ ကျမ်းတော်မြတ်ကုရ်အာန် နှစ် ၁၄၀၀ ပြည့်ကို ဦးစီးဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ ဗိုလ်မှူးကြီး ဘရှင်သည် သမိုင်းစာအုပ်များစွာကို ပြုစုခဲ့သူတစ်ဦးပါတယ်။
    4
  • အစ္စလာမ်ကောင်စီ နှစ်(၆၀)ပြည့်နှင့် ဗိုလ်မှူးကြီးဘရှင် ရာပြည့် အခမ်းအနား မန္တလေးမှာ ပြုလုပ်
    အစ္စလာမ်ကောင်စီ နှစ်(၆၀)ပြည့်နှင့် ဗိုလ်မှူးကြီးဘရှင် ရာပြည့် အခမ်းအနား မန္တလေးမှာ ပြုလုပ်
    ဇန်နဝါရီ ၂၅ ၊ ၂၀၁၅
    M-Media
    သတင်း/ဓါတ်ပုံ- မောင်ကောင်းမြတ် (M-Media CJ)
    10952368_867806516592198_1613778183241352430_n
    အစ္စလာမ်သာသနာရေးရာကောင်စီ နှစ် (၆၀) ပြည့် နှင့် ဇေယျကျော်ထင် ဗိုလ်မှုးကြီးဘရှင် မွေးနေ့ ရာပြည့် အထိမ်းအမှတ် အခမ်းအနား တရပ်ကို မန္တလေးမြို့ လမ်း၈၀ရှိ ပန်းသေးခန်းမတွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်တနင်္ဂနွေနေ့ မှာကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
    အဆိုပါအခမ်းအနားတွင် အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ ဥက္ကဌ အလ်ဟဂ်ျ ဦးညွန့်မောင်ရှိန်၊ မန္တလေးတိုင်းဒေသကြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ဥက္ကဌ သီဟသုဓမ္မမဏိဇောတဓရ ဦးကျော်ဝင်း၊ မန္တလေးတိုင်းဒေသကြီး အစ္စလာမ် သာသနာရေးရာ ကောင်စီဥက္ကဌ ဦးအေးကြူ တို့မှ အမှာစကား အသီးသီးပြောကြားခဲ့ပါတယ်။
    အစ္စလာမ်သာသနာရေးရာ ကောင်စီရဲ့ သမိုင်းကြောင်း အကျဉ်းနဲ့ အစ္စလာမ်ကောင်စီတွင် အတွင်းရေးမှူးချူပ် ရာထူး ထမ်းဆောင် ခဲ့ဖူးသူ ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘရှင်ရဲ့ အတ္ထုပတ္တိ အကျဉ်းကို မန္တလေးတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ပညာဌာန တွဲဘက် ပါမောက္ခ(ငြိမ်း)  အလ်ဟဂ်ျ ဆရာကြီးဦးမောင်မောင်လေး က ဖတ်ကြားခဲ့ပါတယ်။
    10942833_382969178530530_643541490_n 10943550_382965598530888_1376902515_n
    အခမ်းအနားသို့ တက်ရောက်လာကြသော မန္တလေးတိုင်းမှဘာသာပေါင်းစုံအဖွဲ့၊ ဘာသာအသီးသီးမှ ဆရာတော်များ၊ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး (၇)ဖွဲ့မှ ကိုယ်စားတက်ရောက်သူမျာကို ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရပါတယ်။
    အဲဒီနောက်မှာတော့ ဘုန်းအိုး အာရဗီသိပ္ပံ ကျောင်းအုပ်ဆရာကြီးအလ်ဟဂ်ျ မောင်လာနာဟာကင်ဆပ်မှ ဒိုအာဆုမွန်တောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါတယ်။
    အလားတူ အစ္စလာမ်ကောင်စီနှစ်၆၀ပြည့်နှင့် ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် ရာပြည့် အခမ်းအနားများကို
    (၈-၁၁-၂၀၁၄)ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့  ၊ ပြည်နယ် အစ္စလာမ်ကောင်စီရုံး ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် ခန်းမ၌ လည်းကောင်း၊
    (၂၄-၁၁-၂၀၁၄)ရက်နေ့တွင် ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့  ၊ ချင်းကြိန်း ခန်းမ၌ လည်းကောင်း၊
    (၃၀-၁၁-၂၀၁၄)ရက်နေ့တွင်ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူမြို့  ၊ ဟုတ်ဝမ် ခန်းမ၌ လည်းကောင်း ၊
    (၇-၁၂-၂၀၁၄)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့  ၊ အစ္စလာမ်ကောင်စီရုံး ခန်းမ၌ လည်းကောင်း၊
    (၁၃-၁၂-၂၀၁၄)ရက်နေ့တွင် ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့၊ သီတာအေး ခန်းမ၌ လည်းကောင်း ၊
    (၁၇-၁၂-၂၀၁၄)ရက်နေ့တွင် ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့  ၊ ဃာဇီအောက်မေ့ဖွယ်ကျောင်း ခန်းမ၌ လည်းကောင်း၊
    (၂၀-၁၂-၂၀၁၄)ရက်နေ့တွင် ရန်ကုန်မြို့  ၊ STRAND HOTEL၌ လည်းကောင်း ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရှိရပါတယ်။
    ဓါတ်ပုံများ ကြည့်ရန် =>http://goo.gl/hO4eQu
  • သမိုင်းပညာရှင် ဗိုလ်မှူးကြီးဘရှင် ရာပြည့်အကြို  အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ
    သမိုင်းပညာရှင် ဗိုလ်မှူးကြီးဘရှင် ရာပြည့်အကြို အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ
    ဇန်နဝါရီ ၂၅ ၊ ၂၀၁၅
    M-Media
    သတင်း- ဇေယျာ
    10409581_833348086707663_4074723361386009507_n
    ကမ္ဘာသိ မြန်မာ့သမိုင်းပညာရှင် တစ်ဦးဖြစ်သော မြန်မာနိုင်ငံ သမိုင်းကော်မရှင်မှ ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင်၏ ရာပြည့်အကြို အခမ်းအနားတစ်ရပ်ကို ရန်ကုန်မြို့တော်ဝင်နှင်းဆီ သီရိခန်းမတွင် ဇန်နဝါရီလ၂၄ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
    အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ နာယကကြီး ဦးတင်ဦး၊ ဝါရင့်သမိုင်းပါမောက္ခ ဆရာကြီး ဒေါက်တာခင်မောင်ညွန့် ၊ ရခိုင်တိုင်းရင်းသားခေါင်းဆောင် ဦးအေးသာအောင်၊ ကယန်းပြည်သစ်ပါတီမှ ဦးဌေးအောင် (ခ) ဗိုလ်မှူးကြီးစောလွင်၊ ၈၈ ငြိမ်း/ပွင်အဖွှဲ့ မှ ဦးမင်းဇေယျ၊ Pen Myanmar ဥက္ကဌ စာရေးဆရာမ ဒေါက်တာ မသီတာ(စမ်းချောင်း)၊ ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဆရာမ ဒေါ်ခွန်ဂျာ၊ ရွှေမင်းသား ဖောင်ဒေးရှင်း ဥက္ကဌ ဦးမြတ်သူဝင်း၊ တော်ဝင်နှင်းဆီပိုင်ရှင် ဦးစိုးညွှန့်  စသည့် ပညာရှင်များနှင့် နိုင်ငံရေးမှ အထင်ကရ ပုဂ္ဂိုလ်များက ဆရာကြီး ဗိုလ်မှူးကြီးဘရှင်နှင့် ပတ်သက်၍ အမှတ်တရ စကားများပြောကြားခဲ့ကြသည်။
    10937708_10200339714171691_1475251659_n
    ထိုပြင် ရွှေဝါရောင် ဦးဆောင် ဆရာတော်များ ဖြစ်ကြသည့် ဆရာတော် အရှင်စန္ဒာသီရိ၊ အရှင် ဥူးသြဘာသ၊ ခရစ်ယာန် အသင်းတော်များကောင်စီ အတွင်းရေးမှူး ဦးစောရွှေလင်း၊ ဟိန္ဒူဘာသာရေးခေါင်းဆောင် ဦးဆန်းမင်းနိုင် နှင့် အစ္စလာမ်ဘာသာမှ  အစ္စလာမ့် ဓမ္မဗိမာန် ဦးဆောင် ဆော်သြရေးမှူး နှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့မှ အလ်ဟာဂ်ျ ဦးအေးလွင်နှင့် ဒေါက်တာမြင့်သိန်းတို့က ဗိုလ်မှူးဘရှင် အပေါ် အောက်မေ့ဖွယ် စကားများ မိန့်ကြားခဲ့ကြသည်။
    ဗိုလ်မှူးကြီးဘရှင် ရာပြည့်အခမ်းအနားကို တိုင်းရင်းသား တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရရှိရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ ရေရှည်တည်တံ့ခိုင်မြဲမယ့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဘာသာပေါင်းစုံ အပြန်အလှန် လေးစားချစ်ခင်ရေးနဲ့ သဟဇာတဖြစ်ရေး၊ လူနည်းစု ဘာသာဝင်များကို ဖိနှိပ်မှုများ၊ အမုန်းတရားများ ခွဲခြားဆက်ဆံမှုများအား ဆန့်ကျင်တိုက်ဖျက်ရေးနဲ့ လူ့အခွင့်အရေး အပြည့်အဝ ရရှိရေး ဦးတည်ချက် (၈) ရပ်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်းကို အခမ်းအနား ကျင်းပရေးကော်မတီမှ  နိုင်ငံရေး အကျဉ်း သားဟောင်းများအဖွဲ့က ကိုထွန်းကြည် မှ ရှင်းလင်းတင်ပြခဲ့ပါသည်။
    ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘရှင်သည် ၁၉၁၅ခုနှစ်တွင် မွေးဖွားခဲ့သူဖြစ်ပြီး သမိုင်းသုတေသနပညာရှင် တစ်ဦးဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင် ကိုယ်တိုင်ပါဝင်ခဲ့သူလည်းဖြစ်သည်။
    ဗိုလ်မှူးကြီး ဘရှင်သည် တပ်မတော်တွင် ဗိုလ်မှူး အင်္ဂလန်နိုင်ငံတွင် စစ်သံမှူး ဒုတိယဗိုလ်မှူးကြီး အဆင့်ရာထူးများဖြင့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင်လည်း လက်ထောက်ကထိက တာဝန်များဖြင့် ထမ်းဆောင်ခဲ့သည်။
    ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘရှင်သည် ကွယ်လွန်ချိန်ထိ မြန်မာနိုင်ငံ သမိုင်းကော်မရှင်နှင့် အစ္စလာမ် သာသနာရေးရာကောင်စီ တို့တွင် တာဝန်များထမ်းရွက်ခဲ့ပြီး တိုင်းကျိုးပြည်ကျိုး သာသနာ့ အကျိုးကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူအဖြစ် မှတ်တမ်းပြုရမည် ဖြစ်သည်။
    အစီအစဉ်တွင် ဗိုလ်မှူးကြီးဘရှင် ရာပြည့်အကြို အခမ်းအနား ကျင်းပရေး ကော်မတီမှ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အခမ်းအနားသို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးတင်ဦးမှ လက်ခံရယူခဲ့ကြောင်း သတင်းရှိသည်။
    ဓါတ်ပုံများ FB တွင် ကြည့်ရန် Click Here
    10947597_10200339712731655_696631550_n
  • ဗိုလ်မှူးကြိး ဘရှင် ရာပြည့်အကြို အခမ်းအနားပြုလုပ်မည်။
    ဗိုလ်မှူးကြိး ဘရှင် ရာပြည့်အကြို အခမ်းအနားပြုလုပ်မည်။
    ဇန်နဝါရီ ၁၇ ၊ ၂၀၁၅
    M-Media
    သီဟ
    2
    သမိုင်းပညာရှင် ဇေယျာကျော်ထင် ဗိုလ်မှူးကြီးဘရှင် ရာပြည့်အကြို အခမ်းအနားတရပ်ကို ဇန်နဝါရီလ ၂၄ ရက်နေ့ တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါတယ်။
    ဗိုလ်မှူးကြီးဘရှင်ကို ၁၉၁၅ ခု ဒီဇင်ဘာ ၂၇ ရက် တွင် ဖွားမြင်ခဲ့တာဖြစ်ပြီး  ၁၉၃၃-၃၈ တွင် ရန်ကုန်တက္ကသိုလ် ယုဒသန်ကောလိပ်ပညာသင်ကြားကာ ၁၉၃၈ ခုနှစ်တွင် အရှေ့တိုင်းရာဇ၀င် ဂုဏ်ထူးတန်းအောင်မြင်ပြီး ၀ိဇ္ဇာဂုဏ်ထူးဘွဲ့ကာ ရန်ကုန်တက္ကသိုလ်တွင် အရှေ့တိုင်းရာဇ၀င်ဌာနတွင် နည်းပြအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။
    ၁၉၄၂-၄၃ တွင် ဂျပန်ခေတ် အာရှလူငယ်အစည်းအရုံး၊ ဥာဏဗလတာဝန်ခံ၊ ၁၉၃၄ ခုနှစ်တွင်ဗမာ့ကာကွယ်ရေးတပ်မတော်၌ ဗိုလ်ကြီး၊ တပ်မတော်ပညာရေးအရာရှိ၊ ပဲခူးစံပြတပ်မတော်သမိုင်းနည်းပြနှင့် ဂျပန်တော်လှန်ရေးတွင် တိုင်း(၄) မှပါဝင်ခဲ့သည်။ ၁၉၄၅-၅၆ တွင် မြန်မာ့တပ်မတော်၌ ဗိုလ်မှူး၊ အင်္ဂလန်တွင် စစ်သံမှူး၊ ဒုတိယဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၀ မှ ၇၀ တွင် မြန်မာနိုင်ငံသမိုင်းကော်မရှင် ဆပ်ကော်မရှင်(ခ)အလယ်ခေတ်(အေဒီ၁၃၆-၁၇၅၂) ကျမ်းပြုအရာရှိအဖြစ် ဆောင်ရွက်ခဲ့သည်။ ဗိုလ်မှူးကြီး ဘရှင်သည် မြန်မာနိုင်ငံသုတေသနအသင်း အမှုဆောင်ကော်မတီ (၁၉၆၅-၆၉)၊ မြန်မာစာ ကော်မရှင်အဖွဲ့ဝင်၊ ရန်ကုန် တက္ကသိုလ် ဘွဲ့လွန်သင်တန်းများတွင် အထူးကထိက တာဝန်များကို ထမ်းဆောင်ခဲ့သည်။ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် အထွေထွေ အတွင်းရေးမှူးချုပ်(၁၉၅၆-၁၉၇၀)အဖြစ် ဆောင်ရွက်ခဲ့သည်။
    သမိုင်းစာပေများစွာ ရေးသား ပြုစုခဲ့သူပြိး မြန်မာရာဇ၀င်ဟူသော ဝေါဟာရအစား မြန်မာသမိုင်းဟူသော စကားကို ပထမဆုံးအသုံးပြုသည့် သမိုင်းပညာရပ်စာအုပ် ပြုစု နှင့် လောကထိပ်ပန်မင်စာကို ရှာဖွေဖော်ထုတ် သုတေသနပြုတင်ပြသူ ခဲ့သူဖြစ်သည်။
    ဆက်စပ်ပိုစ်များ ဖတ်လိုလျှင်
    http://www.m-mediagroup.com/news/tag/bashin