News @ M-Media

Tag: BBC

  • Genocide အသုံးအနှုန်းကို ကမ္ဘာ့ရှေ့နေများနှင့် တိုင်ပင်ပြီးမှ သုံးခဲ့တာဟု Hidden Genocide ရိုက်ကူးခဲ့သူ Mr.Phil Rees ပြော

    Genocide အသုံးအနှုန်းကို ကမ္ဘာ့ရှေ့နေများနှင့် တိုင်ပင်ပြီးမှ သုံးခဲ့တာဟု Hidden Genocide ရိုက်ကူးခဲ့သူ Mr.Phil Rees ပြော

    ဒီဇင်ဘာ ၁၀ ၊ ၂၀၁၂
    M-Media

    Hidden Genocide ဖုံးကွယ်ထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုလို့ အမည်ပေးထားတဲ့ ရခိုင်ပြည်နယ် ပဋ္ဋိပက္ခဆိုင်ရာသတင်း မှတ်တမ်းကားကို ဒီကနေ့ကစလို့ အယ်လ်ဂျာဇီယာ ရုပ်မြင်သံကြားက နေထုတ်လွင့်ပြသနေပါပြီ။

    အယ်လ်ဂျာဇီယာ ရုပ်မြင်သံကြားဌာနရဲ့ အဆိုအရ ရခိုင်ဒေသမှာ ရိုဟင်ဂျာဆိုတဲ့ ဘင်္ဂလီ မွတ်ဆလင်တွေကို လူမျိုးတုန်း သတ်ဖြတ်မှုတွေ ရှိနေတယ်ဆိုတဲ့ အဲ့ဒီသတင်း မှတ်တမ်းကားနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မြန်မာအစိုးက ပြင်းပြင်းထန်ထန်ကန့်ကွက်ထားပါတယ်။ ဒီတော့ ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဒီ သတင်းမှတ်တမ်းတင်ကားကို ရိုက်ကူးခဲ့သူ  Phil Rees ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ ….

    Phil Rees  ။     ။ ဂျီနိုဆိုက်ဆိုတဲ့ အသုံးအနှုန်း ကို သုံးရတာကတော့ လူမျိုးတစ်ခုပျက်စီးရာ ပျက်စီးကြောင်း အသေချာစီစဉ်ပြီး ဆောင်ရွက်တဲ့ ကိစ္စဆိုလို့ရှိရင် ဒီသဘော အဓိပ္ပာယ် သက်ရောက်တယ်ဆိုပြီးတော့ ဂျီနိုဆိုက်ကွန်ဗင်းရှင်း သဘောတူစာချုပ်တွေမှာ ပါသလို ရှေ့နေရှေ့ရပ်တွေနဲ့လည်းပဲ တိုင်ပင်ပြီးတော့မှ ဒီလိုသုံးရတာဖြစ်ပါတယ်။ လူတွေကို အစုလိုက်အပြုံလိုက်သတ်တဲ့ ကိစ္စမျိုး ဥပမာ ဂျာမဏီမှာ ဂျူးတွေကိုသတ်တဲ့ ကိစ္စမျိုးကျမှ ဂျီနိုဆိုက်လို့ပြောတာမဟုတ်ပါဘူး။ ရခိုင်ပြည်ရဲ့ ပြသနာကိုကြည့်မယ်ဆိုရင် ရိုဟင်ဂျာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လူဦးရေမတိုးအောင်လို့၊ လူသားအဖြစ်ရည်တည်မှု မရအောင်လို့ ၊ခရီးသွားလာခွင့် ကန့်ကွက်တာတွေ၊ ပညာရေးအရ ဖိနှိပ်တာတွေ ဒါတွေဟာသူတို့ရဲ့ ရှင်သန်ခွင့်ကို ပိတ်ပင်တားမြစ်တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ရှေ့နေတွေကလည်းပဲဂျီနိုဆိုက်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ကိုက်ညီတယ်  ဒီအခု ကျွန်တော်တို့တင်ပြတဲ့ documentary ထဲမှာလည်း ကျွန်တော်မေးတဲ့ ရှေ့နေကရှင်းပြထားပါတယ်။

    ဇွန်လ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခသည် စခန်းရောက်ခဲ့ရတဲ့ ရိုဟင်ဂျာ ကလေးငယ် ကူလ်ဆွမ်း ဘီဘီဟာ ပြိးခဲ့ စက်တင်ဘာလအတွင်းမှာ ကွယ်လွန်ခဲ့ပြီ ဖြစ်ပါတယ်။

    BBC ။   ။ ဒါပေမယ့် ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရဖက်က ပြင်းပြင်းထန်ထန် ငြင်းဆိုထားပါတယ်။ ဒီတော့ ဒီကားရိုက်ကူးစဉ်တုန်းကရောဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဖက်ကို မေးမြန်းတာတွေ လုပ်ခဲ့သေးလားရှင့် ။

    Phil Rees  ။     ။ ကျွန်တော့အနေနဲ့ ၇ခိုင်အစိုးရဖက်က အာဏာပိုင်တွေနဲ့ စကားပြောဖြစ်ပါတယ်။ အခုတကယ်ဖြစ်နေတာက ၁၉၈၂ ခုနှစ်နိုင်ငံသားဥပေဒေအရ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်မပြုတဲ့ကိစ္စက နေ စတယ်လို့ပြောနိုင်ပါတယ်။ ပြီးတော့ ရခိုင်ပြည်မှာလက်ရှိအာဏာရနေတဲ့ ပါတီတွေကလဲပဲ အမျိုးသားရေးပါတီတွေဖြစ်သလို သူတို့ကလဲ ဒီကိစ္စတွေကြီးထွားလာအောင် တစ်ဖက်တစ်လမ်းကနေ ဆောင်ရွက်နေပါတယ်။ အစိုးရကလဲပဲ ရိုဟင်ဂျာတွေကို သတ်ဖြတ်မှုတွေကို အကာအကွယ်မပေးပါဘူး။ အခုရိုဟင်ဂျာတွေထွက်ပြေးတဲ့အတွက် ပင်လယ်ထဲမှာ သေဆုံးတာတွေအများအပြားရှိတယ် ။ဘယ်လောက်သေတယ်ဆိုတာ အတိအကျမပြောနိုင်သလို အစိုးရရဲ့ ကိန်းဂဏန်းတွေကိုလဲပဲ အတည်ယူလို့မရပါဘူး။ ဘင်္ဂလားဒေရှ့် နိုင်ငံမှာကိုပဲ ဒီဒုက္ခသည်ပေါင်း လေးသောင်းလောက်ရောက်နေတဲ့အတွက် ဒီနေရာမှာ ပြသနာမရှိပဲသူတို့ဘယ်လိုမှ ထွက်ပြေးမှာမဟုတ်ပါဘူး။ ကျွန်တော့အနေနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံကို ထွက်ပြေးရောက်ရှိလာတဲ့ မျက်မြင်သက်သေဆယ့်နှစ်ယောက်ကို မေးမြန်းပြီးတော့ ဒီဇာတ်လမ်းတွဲထဲမှာ သူတို့ရဲ့ ဖြစ်စဉ်တွေကို ဖော်ပြထားတာဖြစ်ပါတယ်။

    BBC ။   ။  ရခိုင်ဒေသကို ကုလသမဂ္ဂ၊ အိုအိုင်စီ စတဲ့ နိုင်ငံတကာအဖွဲ့တွေကိုလဲ လွတ်လွတ်လပ်လပ် ၀င်ခွင့်ပြုခဲ့တာမျိုးတွေ့ရပါတယ်။ ဒီတော့ သူတို့ကရော ရခိုင်ဒေသမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ရှိနေတယ်ဆိုပြီးတော့ ဘာကြောင့်စွပ်စွဲပြောဆိုတာမျိုးမတွေ့ရတာပါလဲရှင့်။

    ကျွန်တော် ယူအန် ကတာဝန်ရှိတဲ့ အကြီးအကဲ တစ်ယောက်နဲ့ စကားပြောကြည့်ပါတယ်။ သူကတော့ ဘယ်သူဆိုတာ အမည်ဖော်လိုတဲ့ သဘောမရှိပါဘူး။ သူ့အနေနဲ့ ဒီမျိုးနွယ်စုတွေကို ဖယ်ရှားစေလိုတဲ့ စစ်ရာဇ၀တ်မှုသဘောလို့သူမြင်တယ်တဲ့။ နောက်တခါ အန်ဂျီအိုလို့ခေါ်တဲ့ ရခိုင်ဒေသမှာသွားရောက်အလုပ်လုပ်ကိုင်နေတဲ့ တာဝန်ရှိသူအချို့ကို မေးမြန်းတဲ့အခါမှာလဲ ကျွန်တော်ပြောသလို ဂျီနိုဆိုက်လို့တော့ သူတို့ကမသုံးချင်ဘူး။ ဘာကြောင့်လဲဆိုတော့ အခုမြန်မာပြည်မှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေကို ကမ္ဘာကစောင့်ကြည့်နေတယ်။ အဲ့ဒီအပြောင်းအလဲတွေကို ထိခိုက်ပျက်စီးမှာကိုလဲ မလိုလားဘူး။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုဟာဆိုလို့ရှိရင် ဒီအာရှ ပစိဖိတ်ဒေသထဲမှာ သူတို့ကွန်ယက်ကိုချဲ့ထွင်နေတဲ အချိန်မှာ မြန်မာကလဲ အရေးကြီးတဲ့ မဟာမိတ် အဖြစ်သူတို့ ရှုမြင်ကျတယ်။ ဒါကြောင့်မို့လို့ ပွင့်ပွင့်လင်းလင်း ဂျီနိုဆိုက်ဆိုပြီး ဝေဖန်စွပ်စွဲမှုတွေ မလုပ်ဖူးလို့ ကျွန်တော်ထင်ပါတယ်။

    အဲ့ဒါကတော့ Hidden Genosce သတင်းမှတ်တမ်းကား ရုပ်ရှင်ရိုက်ကူးခဲ့သူ Phil Rees ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

    BBC ။   ။   တခါ ရခိုင်ဒေသမှာရှိတဲ့ ဘင်္ဂလီမွတ်စလင်တွေဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား မျိုးနွယ်ထဲမှာ မပါကြောင်း သမိုင်း အထောက်အထားတွေနဲ့အတူ အဲ့ဒီသတင်း မှတ်တမ်းကားထဲမှာ ထောက်ပြပြောဆိုခဲ့သူ ဂျပန်နိုင်ငံ ခန်းဒ တက္ကသိုလ်က သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာအေးချမ်းကတော့ ဒီမှတ်တမ်းကားနဲ့ ပတ်သက်လို့ အခုလို ဝေဖန်ထောက်ပြထားပါတယ်။

    ဒေါက်တာအေးချမ်း။    ။ သူတို့ရိုက်ပြတဲ့ အချက်ပေါ့လေ။ ကျွန်တော် အားနည်းချက်တွေ အများကြီးတွေ့ပါတယ်။ ဥပမာအားဖြင့် ကျောက်နီမော်မှာ မသီတာထွေး မုဒိမ်းကျင့်ခံရတဲ့ ကိစ္စ၊ တောင်ကုတ်မှာ မွတ်စလင် တွေအသတ်ခံရတဲ့ ကိစ္စ ပေါ့လေ။ ဒါပေမယ့် ဒါတွေက တကယ်တမ်း ဟိုဟာဖြစ်မယ်ဆိုလို့ရှိရင် ရာဇ၀တ်မှုတွေပါပဲ။ မောင်းတောမှာ စပြီးတော့ ဖြစ်တဲကိစ္စကို သူတို့ကအပေါ်ယံရှပ်ပြီးတော့ ပြောသွားတယ်လေ။ မောင်းတောမှာက တကယ်တော့ အဲ့ဒီမှာ ဗလီဆင်းတဲ့ အချိန်နဲ့ မြို့ထဲမှာ တစ်ခါထဲ အကုန်လုံး လူတွေစုပြီးတော့ ပေါက်ကွဲပြီးတော့ ရခိုင်အိမ်တွေကို တိုက်ခိုက်၊ ဒီရပ်ကွက်တွေကို တိုက်ခိုက်၊ ရခိုင်တွေကို သတ် အဲ့ဒလို လုပ်တာပေါ့။ နောက်တစ်ချက်က အဲ့မှာ ပြောသွားတဲ့ အချက်က ဒီရခိုင်တွေကပဲ မောင်းတောဆေးရုံကို တိုက်ခိုက်သလိုလို အဲ့လိုပြောသွားတယ်လေ။ အဲ့ဒါလုံးဝမှားတယ်။ အဲ့ဒီမောင်းတော ဆေးရုံကို ၀င်ပြီးတော့ တိုက်ခိုက်တာဟာ ဘင်္ဂလီတွေက ၀င်ပြီးတော့ တိုက်ခိုက်တာ။     အဲ့ဒီမှာ ဘင်္ဂလီ အမျိုးသမီးက သူဆေးရုံတက်နေတဲ့ အချိန်မှာ ရခိုင်တွေက ၀င်တိုက်တယ်လို့ပြောတယ်ဆိုတာ မဟုတ်ဖူးလေ ကျွန်တော်တို့ ကြားရသလောက်။ နောက်တစ်ချက်က ဘာလဲဆိုရင် သူရိုက်ပြနေတဲ့ဟာက မိသားစု တစ်ခုထဲကိုပဲ ရိုက်ပြနေတာ ဖြစ်နေတယ်လေ။ ဖြစ်နေတဲ့ အခါကျတော့ ဒီမိသားစုက ဘယ်မှာနေတာလဲ။ မောင်းတောမှာ နေတာလား၊ စစ်တွေမှာ နေတာလား၊ နောက်တစ်ခု အဲ့ဒီ ဘင်္ဂလီ စင်တာ ပရိုဂရမ်လို ဖြစ်နေတာ ။ ဒီဘင်္ဂလီတွေကိုပဲ ဗဟိုပြုပြီးတော့ ရိုက်ပြတဲ့အစီစဉ်လိုဖြစ်နေတယ်။

    BBC ။   ။   ဟုတ်ကဲ့ရှင့်။ အဲ့တော့ သူ့ရဲ့ အဓိကခေါင်းစဉ်ကိုက ဒီဘင်္ဂလီ မွတ်စလင်တွေကို လူမျိုးတုန်းသတ်ဖြတ်ခံနေရတယ်ဆိုတဲ့ အကြောင်းကို မှတ်တမ်းတင် ရိုက်ပြသွားပါတယ်။ အဲ့တော့ အဲ့သလို သူတို့ စွတ်စွဲပြောဆိုထားသလိုပေါ့လေ လူမျိုးတုန်းသတ်ဖြတ်တဲ့ အခြေအနေမျိုးရော တွေ့ရပါသလား။ အဲ့ဒါကရော ဘယ်လောက် အဖြစ်မှန်နဲ့ နီးစပ်တယ်လို့ တွေ့ရပါလဲရှင့်။

    ဒေါက်တာအေးချမ်း။    ။ ကျွန်တော်တောက်လျှောက်ကြည့်လာတာ ဒီရဲအဖွဲ့ကပဲ ထိန်းသိမ်းသွားတာကို သိရတယ်ပေါ့လေ။ တောက်လျောက် . ပထမအကြိမ်ဖြစ်တဲ့ အခါမှာရော ။ ဒီ န.စ.က က နောက်ကမှ ရံပြီးတော့ ဒီလူကို ရဲအဖွဲ့ကမနိုင်မှ ၀င်တဲ့ အနေထားရှိတယ်ပေါ့လေ။ သူတို့က ဒီ န.စ.က ကပဲ ၀င်ပြီးတော့ ဘင်္ဂလီတွေကို သတ်ဖြတ်နေတယ်ဆိုတဲ့ ပုံစံမျိုး အဲ့လိုရိုက်ပြတယ်ဆိုတဲ့ဟာ တကယ်တမ်း one sided version တဖက်သတ်စကား၊ တဖက်သတ်စွတ်စွဲချက်လိုပဲ ဖြစ်နေတယ်လို့ ကျွန်တော်ယူဆပါတယ်။ အဲ့တော့ ဒီအပေါ်မှာပြောနေတာကလဲ အကုန်လုံးက ဘင်္ဂလီတွေကပဲ ပြောနေတယ်။ တခြားရခိုင် အရပ်သားတွေ၊ ခံစားနေရတဲ့ ရခိုင် ဒုက္ခသည်တွေကိုကျတော့ သူက ဘာဖြစ်လို့ မမေးနိုင်ရတာလဲ။ အဲ့ဒီဟာက သိပ်ပြီးတော့ ရိုးသားမှုမရှိဘူးလို့ ကျွန်တော်ထင်တယ်။

    ဂျပန်နိုင်ငံ ခန်းဒ တက္ကသိုလ်က သမိုင်းပညာရှင် ဒေါက်တာအေးချမ်းကို ဆက်သွယ်မေးခဲ့တာပါ။

  • စစ်တွေ ဟိန္ဒူ တွေ မြို့ထဲ ပြန်ခွင့်ရ

    စစ်တွေ ဟိန္ဒူ တွေ မြို့ထဲ ပြန်ခွင့်ရ

    သြဂုတ်၊ ၁၆၊ ၂၀၁၂၊
    ဘီဘီစီ မြန်မာပိုင်း

    စစ်တွေ မြို့ပြင် ဒုက္ခသည်စခန်းမှ မွတ်စလင်မ်များ

    ရခိုင်ပြည်နယ် စစ်တွေမြို့ သဲချောင်း ဒုက္ခသည် စခန်းက ဟိန္ဒူ မိသားစု ၁၈ စု လူ ၁၀ဝ နီးပါးကို မနေ့က မြို့ထဲ ပြန်ရွှေ့ ပေးခဲ့တယ်လို့ သိရပါတယ်။စစ်တွေမြို့ အခြေအနေ တည်ငြိမ်လာလို့ ဒုက္ခသည် စခန်းမှာ နေကြတဲ့ ရခိုင်မိသားစု တချို့လည်း အိမ်ပြန်နေ ကြတယ်လို့ သိရပါတယ်။

    အဲဒီ ဟိန္ဒူ မိသားစုတွေဟာ အရင်က စစ်တွေ နာဇီရွာ မှာ ရခိုင်၊ မရမာကြီး၊ မွတ်ဆလင် တွေနဲ့ ရောနှော နေထိုင်ခဲ့ကြပြီး ရပ်ကွက် မီးရှို့ ခံရပြီးနောက် မြို့ပြင်က ဒုက္ခသည် စခန်းတွေကို ပြောင်းရွှေ့ ခံရပါတယ်။

    မွတ်ဆလင် ဒုက္ခသည်တွေ ခုချိန်ထိ သဲချောင်း ဒုက္ခသည် စခန်းမှာ နေနေကြတုန်း ဖြစ်ပေမယ့် သူတို့အတွက်လည်း အစိုးရ က အစီအစဉ်တွေ လုပ်နေတယ်လို့ ဆိုပါတယ်။

    စစ်တွေမှာ အရင်က ညနေ ၆ နာရီက နံနက် ၆ နာရီထိ မထွက်ရ အမိန့် ထုတ်ထားရာ ကနေ အခု ညနေ ၇ နာရီက မနက် ၅ နာရီ ထိ ၂ နာရီ လျှော့ချလိုက် ပါတယ်။

    စစ်တွေ အခြေအနေ တည်ငြိမ်လာတဲ့ အတွက် ကျောင်းတွေ၊ ဈေးတွေလည်း ပြန်ဖွင့်နိုင် ခဲ့ပါတယ် ။

  • ကျောက်တော်တွင် အရေးပေါ်ပုဒ်မထုတ်

    ကျောက်တော်တွင် အရေးပေါ်ပုဒ်မထုတ်

    သြဂုတ်လ၊ ၈ ရက်၊ ၂၀၁၂

    BBC မြန်မာပိုင်း

    ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အမ်ဘာရီရွာ အင်္ဂါနေ့ မနက်က မီးရှို့ခံရတာဖြစ်ပြီး အနီးအနားက ရွာသားတွေပြောပြချက်အရ အိမ်ခြေ ၃ဝဝ ကျော်လောက် လောင်ကျွမ်းတယ်လို့ ပြောပါတယ်။

    လူမျိုးရေး အဓိကရုဏ်းကြောင့် ပြာကျ သွားရတဲ့ အိမ်တွေ

    ရခိုင်ပြည်နယ်သတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ အိမ် ၁ဝဝ ကျော်လောက်ရှိတယ်လို့ ပြောပါတယ်။

    မောင်းတောမှာ ဗုံးခွဲမှာကို စိုးရိမ်တဲ့ အတွက် လုံခြုံရေးတွေ ပိုချထားတယ်ဆိုတဲ့ သတင်းဟာ မမှန်ကန်ကြောင်း နဲ့ ဘတ်စ်ကားလိုင်းတွေလည်း ပုံမှန်ပြန်လည် ပြေးဆွဲပေးနေပြီလို့ ရခိုင်ပြည်နယ် သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဦးဝင်းမြိုင်က ဘီဘီစီကို ပြောပါတယ်။

    ရခိုင်ပြည်နယ်မှာ ရခိုင်ဒေသခံတွေနဲ့ မွတ်ဆလင်မ်တွေ အခင်းဖြစ်ပွားနေတာက တော်ရုံနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်သေးတဲ့အတွက် နိုင်ငံတကာ စိုးရိမ်မှု အသံတွေလည်း ထွက်နေပါတယ်။

    တူရကီနိုင်ငံခြားရေး ဝန်ကြီးနဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ်က အခြေအနေကို သိရှိနိုင်ဖို့ မြန်မာနိုင်ငံကို လာရောက်နေပြီးလို့သိရပါတယ်။

    အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာဆူရင် ပစ်ဆူဝမ်ကလည်း အာဆီယံအနေနဲ့ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခရောက်နေသူတွေကို လူသားချင်းစာနာတဲ့ အကူအညီတွေပေးဖို့ စဉ်းစားနေတယ်လို့ပြောပါတယ်။

    ကျောက်တော် မှာ အရေးပေါ်ပုဒ်မ ထုတ်ပြန်

    လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်နေတဲ့ ကျောက်တော် မှာ အစိုးရ က အရေးပေါ် အခြေအနေ ကြေညာ ထားရပြီး နေဝင်မီးငြိမ်း ညမထွက်ရ ပုဒ်မ ၁၄၄ ထုတ်ပြန် ထားပါတယ်။
    အရေးပေါ်ပုဒ်မ ကို ဗုဒ္ဓဟူးနေ့ က စတင်ပြီး ထုတ်ပြန် ခဲ့တာ လို့ ကျောက်တော် ဒေသခံတွေ က ပြော ပါတယ်။

    ဇွန်လ ဆန်းပိုင်း က စတင်ခဲ့တဲ့ မငြိမ်သက်မှု တွေ ကြောင့် ရခိုင်ပြည်နယ် မှာ အရေးပေါ် အခြေ အနေ ကြေညာခဲ့ရပြီး မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ရသေ့တောင် ၊ ကျောက်ဖြူ စတဲ့ မြို့နယ် တွေ မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထား ပါတယ်။ အခုတော့ လူအုပ်စု လိုက် ဆူပူ အကြမ်းဖက် မှု တွေ ဖြစ်လာ တဲ့ ကျောက်တော်မြို့မှာ လည်း ပုဒ်မ ၁၄၄ ကြေညာ ခဲ့ရ ပါတယ်။

    ကျောက်တော် က ရခိုင်လူမျိုးတွေ နဲ့ မွတ်ဆလင် တွေကြား ဖြစ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှု တွေ အတွင်း လူတွေ အသေအပျောက် ရှိတယ် ဆိုတဲ့ သတင်း တွေ လည်း ထွက်လာသလို အနည်းဆုံး မွတ်ဆလင် ကျေးရွာ ၅ ရွာ မီးရှို့ခံရပြီး တောင်ပေါက်ရွာ က ရခိုင် လူမျိုးပိုင် ဆန်စက် တလုံး လည်း မီးရှို့ခံရပါတယ်။

    ရခိုင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ ကိုယ်စား ဝင်ရောက်ယှဉ်ပြိုင်ပြီး ကျောက်တော် မြို့နယ် ကနေ ရွေးချယ် တင်မြှောက်ခံရတဲ့ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဉီးစောငြိမ်းက မြို့ထဲမှာတော့ ငြိမ်သက်နေပြီး မြို့ပြင် တောနယ် တွေ မှာတော့ ၂ ဘက် အကြား တင်းမာမှုတွေ ရှိတယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

    အရင်လပိုင်း က မောင်တော မှာ ဆူပူ အကြမ်းဖက်မှု ဖြစ်ပွားခဲ့ပြီးနောက် ကျောက်တော်မှာ လည်း အကြမ်းဖက်မှု တွေ ဖြစ်ခဲ့ပေမယ့် အခုတခေါက် ဖြစ်တာ ကတော့ အရင်ကထက် ပိုပြင်းထန် နေတယ် လို့ ဒေသခံတွေ က ပြောပါတယ်။