News @ M-Media

Tag: BEHS4

  • တောင်ကြီး အထက(၄) အာစရိယပူဇော်ပွဲနှင့် ကွယ်လွန်သွားတဲ့ ဆရာ/မ များအတွက် ဆုတောင်းပွဲပြုလုပ်

    တောင်ကြီး အထက(၄) အာစရိယပူဇော်ပွဲနှင့် ကွယ်လွန်သွားတဲ့ ဆရာ/မ များအတွက် ဆုတောင်းပွဲပြုလုပ်

    နိုဝင်ဘာ ၂၅၊ ၂၀၁၂
    M-Media

    အထက(၄) တောင်ကြီး ဒုတိယအကြိမ် အာစရိယ ပူဇော်ပွဲအခမ်းအနား
    (ဓါတ်ပုံ အထက(၄) တောင်ကြီး FB )
    ဆရာမ ဒေါ်ကေသီဝင်း (အငြိမ်းစား) မှ ကျောင်းသူ တစ်ဥိးကို ပညာရည်ချွန်ဆု ချီးမြှင့်စဉ်

    ရှမ်းပြည်နယ်၏ အောင်ချက် အကောင်းဆုံးကျောင်း တစ်ကျောင်းဖြစ်တဲ့ တောင်ကြီးမြို့ အ.ထ.က (၄) ရဲ့ ဒုတိယအကြိမ်မြောက် အာစရိယ ပူဇော်ပွဲနှင့် ကွယ်လွန်သွားတဲ့ ဆရာ/ဆရာမဟောင်းများ အတွက် ဘာသာပေါင်းစုံ ဆုတောင်းမေတ္တာပို့သတဲ့ အခမ်းအနားကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ၂၅ ရက်နေ့ က ကျင်းပခဲ့ကြပါတယ်။

    အဲဒီနေ့ မနက်(၅) နာရီခန့်မှာ စတင်ပြီး ကွယ်လွန်သွားပြီးဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် ဆရာ/ဆရာမများအား ရည်စူး၍ သံဃာတော်များကို ဆွမ်းကပ်ခြင်း၊ ကွယ်လွန်သွားပြီဖြစ်တဲ့ ခရစ်ယျာန်ဘာသာဝင် ဆရာ/ဆရာမများအား ရည်စူးပြီး ခရစ်ယျာန် ချာခ်ျကျောင်းမှ ဆရာများ ဖိတ်ခေါ်ပြီး ဆုတောင်းခြင်း၊ ကွယ်လွန်သွားပြီဖြစ်တဲ့ မွတ်စလင်မ် ဆရာ/ဆရာမများအတွက် ရည်စူး၍ မြို့ဦး ဗလီဝတ်ကျောင်းမှ ဗလီရှေ့ဆောင်ဆရာအား ဖိတ်ခေါ်ပြီး ဆုတောင်းမှု့ များ ပြုလုပ်ခဲ့ကြပါတယ်။

    ကွယ်လွန်သွားပြီးဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် ဆရာ/ဆရာမများအား ရည်စူး၍ သံဃာတော်များကို ဆွမ်းကပ်နေစဉ်
    (ဓါတ်ပုံ အထက ၄ တောင်ကြီး FB)
    ကွယ်လွန်သွားပြီးဖြစ်တဲ့ ခရစ်ယျာန် ဘာသာဝင် ဆရာ/ဆရာမများအား ရည်စူး၍ ဆုတောင်းမှုပြုလုပ်စဉ်
    (ဓါတ်ပုံ အထက ၄ တောင်ကြီး FB)
    ကွယ်လွန်သွားပြီးဖြစ်တဲ့ အစ္စလာမ်ဘာသာဝင် ဆရာ/ဆရာမများအား ရည်စူး၍ ဆုတောင်းမှုပြုလုပ်စဉ်
    (ဓါတ်ပုံ အထက ၄ တောင်ကြီး FB)

    အဲဒီနောက် မနက်(၉) နာရီတွင် အာစရိယပူဇော်ပွဲကို ပြုလုပ်ခဲ့ကြပြီး ကျောင်းရဲ့ နှစ်ပတ်လည် ဆုပေးပွဲအစီအစဉ်ကို ဆက်လက်ပြုခဲ့ကြကြောင်း သိရိရပါတယ်။

    အ.ထ.က (၄) တောင်ကြီးရဲ့ ပထမအကြိမ်အာစရိယပူဇော်ပွဲကို လွန်ခဲ့တဲ့ နှစ် (၂၀) ခန့်က ကျင်းပခဲ့ပြီး ယခုမှသာပြန်လည် ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

    ဆရာမ ဒေါ်ခင်လေးမှ ကျောင်းသူတစ်ဦးကို ပညာရည်ထူးချွန်ဆု ချီးမြင့်စဉ် (ဓါတ်ပုံ အထက(၄) တောင်ကြီး FB စာမျက်နှာ)