News @ M-Media

Tag: Black Eagle

  • ရခိုင်ပြည် အဓိကရုန်းအရေး ဗြိတိန်ပါလီမန်၌ ဆွေးနွေး

    ရခိုင်ပြည် အဓိကရုန်းအရေး ဗြိတိန်ပါလီမန်၌ ဆွေးနွေး

    ဇွန်လ ၂၇-ရက် ၂၀၁၂-ခုနှစ်

    ဗြိတိန်ပါလီမန်၌ ပြုလုပ်သော အစည်းအဝေးတွင် လက်ရှိမြန်မာပြည်အနောက်ပိုင်းဒေသ ရခိုင်ပြည်နယ်၌ ဖြစ်ပွါးလျက်ရှိသော ပဋိပက္ခများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အထူးတင်ပြသွားပါတယ်။ အစည်းအဝေးကို မြန်မာပြည်ဒီမိုကရေစီရေးရာအထူးပြု ပါလီမန် ပါတီပေါင်းစုံအဖွဲ့ ဥက္ကဌ Baroness Kinnock မှ ဦးစီးကျင်းပသွားတာပါ။ Christian Solidarity Worldwide  (ကမ္ဘာ့ခရစ်ယာန် သွေးစည်းညီညွတ်ရေးအဖွဲ့) အရှေ့အာရှခေါင်းဆောင် Benedict Rogers  နဲ့ Arakan Project မှ Chris Lewa တို့ တက်ရောက် မိန့်ခွန်းပြောဆွေးနွေးကြပါတယ်။

    People shift through damaged buildings in Sittwe, capital of Rakhine state in western Myanmar, Saturday, June 16, 2012. (AP Photo/Khin Maung Win)

    Benedict Rogers  က ရှင်းလင်းပြောကြားရာမှာ –

    “ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်မှုများ ချက်ချင်းလက်ငင်းရပ်တန့်ဖို့၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ကြိုးစားလုပ်ကိုင်ဖို့၊ လူမျိုးဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေး အဖြေရှာဖို့။ ဗြိတိန်အစိုးရ၊ ဥရောပ သမဂ္ဂ၊ အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းမှ လူမျိုးဘာသာခွဲခြားမှုမရှိဘဲ အဓိကရုန်းကြောင့် ဒုက္ခရောက်ရှိနေကြသူအားလုံးတို့အား လိုအပ်သည့်အကူအညီများပေးဖို့” အစရှိသည်များ တိုက်တွန်းပြောကြားသွားပါတယ်။

    ဆက်လက်ပြီး ၄င်းက – “မြန်မာအစိုးရနဲ့တကွ NLD ပါတီအပါအဝင် အခြားပါတီပေါင်းစုံတို့အတူတကွ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေအား သာတူညီမျှ လူ့အခွင့်အရေးပေး နိုင်ငံတကာ စံနှုန်းနှင့် အညီ ပြုပြင်သွားဖို့၊ မြန်မာအစိုးရအား လွတ်လပ်စွာကိုးကွယ် ယုံကြည်ခွင့်နှင့် ပြည်သူအားလုံးရဲ့ အခွင့်အရေးများအားလုံးကို ကာကွယ်စောင့်ရှောက် လေးစား လိုက်နာဖို့” များလည်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

     

    လင်းယုန်နက် (ခြင်္သေ့မြို့တော်)


    References:

    http://dynamic.csw.org.uk/article.asp?t=press&id=1393

    http://www.asiantribune.com/news/2012/06/27/burma-crisis-arakan-state-highlighted-british-parliament

    http://www.rfa.org/burmese/news/rohingya-british-parliament-06282012002012.html

     

  • ထိုင်းနိုင်ငံ နှင့် ထိုင်းမွတ်စလင်မ်များ

    ထိုင်းနိုင်ငံ နှင့် ထိုင်းမွတ်စလင်မ်များ

    မြန်မာပြည်မှာ ရိုဟင်ဂျာဘန်းပြပြီး မြန်မာမွတ်စလင်များအား တိုက်ခိုက်နေကြတဲ့ Islamophobic ဖြစ်နေကြသူတွေဟာ သမိုင်းအမှန်ကို မလေ့လာဘဲ ထိုင်းတောင်ပိုင်း မွတ်စလင်မ်အရေးကိုလည်း ဥပမာ တလွဲကောက် ယူသုံးလေ့ရှိပါတယ်။

    Pattani Central Mosque
    Photo-wikalenda.com

    ထိုင်းတောင်ပိုင်းသား မွတ်စလင်မ်တွေဟာ လွန်ခဲ့တဲ့နှစ်တစ်ရာခန့်ထိ သူတို့ကိုယ်ပိုင်ထီးနန်းရှိခဲ့ကြောင်း သိဖို့လိုပါတယ်။ ရခိုင်ပြည်ကို ကုန်းဘောင်ခေတ်နှောင်း ဗမာနိုင်ငံထဲတိုက်ခိုက်သိမ်းယူခဲ့သလိုပါပဲ။

    ထိုင်းနိုင်ငံမှာ မွတ်စလင်မ်လူဦးရေ ၄-သန်းမှ ၅-သန်းအထိရှိပြီး အများစုဟာ ‘ဆွန်နီမွတ်စလင်မ်’တွေဖြစ်ပါတယ်။

    မွတ်စလင်မ်အများစုကို တောင်ပိုင်းဒေသမှာတွေ့ရပြီး ‘ယာလာ’၊ ‘ပတ္တာနီ’ နဲ့ ‘နာရာသိဝပ်’ပြည်နယ်များဟာ မွတ်စလင်မ်ပြည်နယ်တွေဖြစ်၍ မွတ်စလင်မ် ၃-ပုံ ၂-ပုံခန့်ဟာ ‘မလေးလူမျိုး’တွေဖြစ်ကြပါတယ်။ သူတို့ကို ‘ယာဝီ’လူးမျိုးလို့ခေါ်လေ့ရှိပြီး ထိုင်းစကားနဲ့မတူတဲ့ ‘မလေးစကား’ တစ်မျိုးကိုပြောကြပါတယ်။

    ၁၉-ရာစုအစောပိုင်းမှာ ဤဒေသမှာ ‘မလေးမွတ်စလင်မ် ပတ္တာနီဘုရင့်နိုင်ငံတော်’ ရှိခဲ့တာဖြစ်ပြီး နှောင်းပိုင်းမှာ ထိုင်းဘုရင်များက သိမ်းပိုက်ခဲ့ကြတာပါ။ ‘ထိုင်းလူမျိုး မွတ်စလင်မ်’များကိုတော့ နိုင်ငံအလယ်ပိုင်းမှာ အတွေ့ရများပါတယ်။ ထိုင်းနိုင်ငံအနှံ့အပြားမှာ ထိုင်းမျိုးနွယ် မွတ်စလင်မ်များသာမက မြောက်ပိုင်းနဲ့အလယ်ပိုင်းဒေသတွေမှာ တရုတ်’ဟွေ့’မွတ်စလင်မ်များ၊ အလယ်ပိုင်းနဲ့တောင်ပိုင်းဒေသ တစ်ချို့မှာ ခမာနွယ် (ကမ်ဘောဒီးယား) ‘ချမ်မွတ်စလင်မ်’များလည်းရှိပါတယ်။ ဘင်္ဂလီများ၊ ပါကစ္စတန်နီများ၊ အင်ဒိုနီရှား မွတ်စလင်မ်များလည်း အများအပြားရှိပါတယ်။

    ၂၀၀၇-ခုနှစ် စစ်တမ်းအရ နိုင်ငံအဝှမ်း ‘ဗလီဝတ်ကျောင်းတော်’ ၃၄၉၄-ကျောင်းရှိပြီး ၆၃၆-ကျောင်းဟာ ‘ပတ္တာနီ’ပြည်နယ်မှာ တည်ရှိပါတယ်။

    အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဟောင်း မစ္စတာစူရင်ပစ်ဆူဝမ်’
    Photo-http://ed_lead.pn.psu.ac.th
    စစ်ဦးစီးချုပ်ဟောင်း ‘ဗိုလ်ချုပ်ကြီး ဆွန်သီ’

    ထင်ရှားတဲ့ ထိုင်းမွတ်စလင်မ်များကတော့ ယခင်နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့ပြီး  အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ဟောင်း မစ္စတာစူရင်ပစ်ဆူဝမ် ‘နဲ့ စစ်ဦးစီးချုပ်ဟောင်း ‘ဗိုလ်ချုပ်ကြီး ဆွန်သီ’တို့ဖြစ်ပါတယ်။

    ရှာဖွေတင်ပြသူ – လင်းယုန်နက် (ခြင်္သေ့မြို့တော်)

  • Online, Burmese Attack a Minority (ဘာသာပြန်)

    Online, Burmese Attack a Minority (ဘာသာပြန်)

    ၂၃ ဇွန်လ ၂၀၁၂ စနေနေ့ ‘စင်္ကာပူနိုင်ငံ’ နေ့စဉ်ထုတ် ‘တူဒေး’ သတင်းစာမှ ဆောင်းပါးဖြစ်ပါတယ်။
    ‘အမေရိကနိုင်ငံထုတ် နိုင်ငံတကာသိ ထင်ရှားကြော်ကြားတဲ့ ‘နယူးရော့တိုင်း’ သတင်းစာမှတဆင့် ပူးတွဲဖော်ပြထားခြင်းဖြစ်ပါတယ်။

    Saturday, June 23 2012
    ရေးသားသူ – Thomas Fuller
    ဆောင်းပါးအမည် – Online, Burmese Attack a Minority
    ရည်ညွှန်: – http://www.todayonline.com/PDFViewer/PDF/20120623/2306NYP061.pdf

    ရခိုင်ပဋိပက္ခကြောင့် စစ်တွေမြို့တွင် မီးလောင်နေသည့် မြင်ကွင်း
    Photo-AFP
    မြန်မာအစိုးရသစ်ဟာ ပြီ:ခဲ့တဲ့နှစ်အတွင်း တင်းကျပ်တဲ့ စာပေစိစစ်ရေး ဆင်ဆာမူဝါဒများ လျှော့ပေါ့ဖျက်သိမ်:ပေးခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသားများဟာ ယခင်စစ်အစိုးရအောက် ပိတ်ပင်တားမြစ်ထားခဲ့တဲ့ အမြောက်အမြားသော ဝက်ဘ်ဆိုက်များနှင့် အခြားအွန်လိုင်း အရင်းအမြစ်များကို လွတ်လပ်စွာအသုံးပြုခွင့် ရရှိလာကြပါတယ်။

    ဆင်းရဲမွဲတေမှုနက်ရှိုင်းပြီး လူဦးရေ ၅၅- သန်းခန့် ရှိတဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းစဉ်သို့ တဖြည်းဖြည်းပြောင်းလဲလာသော်လည်: လူနည်းစုဖြစ်တဲ့ မွတ်စလင်တို့(အထူးသဖြင့် ‘ရိုဟင်ဂျာ’လို့ခေါ်တဲ့ အနောက်ဘက်ဒေသနေ တိုင်းရင်းသားမွတ်စလင်လူမျိုးစု) အပေါ် ခက်ထန်စွာ အမုန်းပွါး တိုက်ခိုက် ရေးသားမှုများရှိလာပြီး မကြာသေးမီက အနောက်ဘက်ဒေသမှာ ဖြစ်ပွါးခဲ့တဲ့ လူဦးရေ ၂-ဒါဇင်မက ထိခိုက်သေဆုံးခဲ့ရတဲ့ လူမျိုးရေး အဓိကရုန်းကို ပိုမိုရှုပ်ထွေးစေခဲ့ပါတယ်။အောင်မြင်ထင်ရှားတဲ့ မီဒီယာလုပ်ငန်းတစ်ခုဖြစ်တဲ့ Eleven Media Group ရဲ့ FaceBook စာမျက်နှာပေါ် မကြာသေးမီက ရိုဟင်ဂျာလူမျိုး အလောင်းတစ်ခုတွေ့ရှိကြောင်း သတင်းပါလာတဲ့အခါ ‘ပြည့်ဖြိုးအောင်’ အမည်ရတဲ့ စာရှုသူတစ်ဦးက ‘ဒီလိုသတင်းမျိုး စောင့်နေတာ အတော်ကြာပြီ’ လို့ ကွန်မန့်ရေးပါတယ်။ အခြားတစ်ဦး ‘ကိုညီ’ဆိုသူက ‘သူသေရုံနဲ့ မလုံလောက်သေးဘူး’ လို့ရေးခဲ့တဲ့အပြင် ရိုင်းစိုင်းစွာလဲ ဆဲဆိုသွားပါတယ်။

    အင်တာနက်ပေါ်မှာ ရိုဟင်ဂျာမွတ်စလင်လူမျိုးများကို ခွေး၊ သူခိုး၊ အကြမ်းဖက်သမား စတာတွေအပြင် အခြားသေး နုပ်ရင့်သီးတဲ့ အသုံးအနှုန်းများနဲ့လည်: တိုင်းထွာကြပါတယ်။ ကွန်မန့်ရေးသူများက ‘ဒီလူမျိုးတွေကို အမြစ်ပြတ်ရှင်းပြစ်ဖို့ အစိုးရသစ်ကို တိုက်တွန်:တဲ့ရေးသားမှုများအပြင် ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံများကိုတောင် မကျေနပ်မှုများကို ထုတ်ဖော်ပြခဲ့ကြပါတယ်။ အစိုးရသတင်းဖော်ပြချက်အရ ရခိုင်ပြည်နယ်မှာဖြစ်ပွါးခဲ့တဲ့ အဓိကရုန်းကြောင့် လူ ၂၉-ဦး သေဆုံးခဲ့ပြီး အိုးအိမ်ပေါင်း ၂၅၀၀-ကျော် ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ကုလသမဂ္ဂအစီရင်ခံချက်အရ လူဦးရေ ၃၀၀၀၀-ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့လည်: သိရပါတယ်။ ဖြစ်ပွါးခဲ့တဲ့ အဓိကရုန်းဟာ ရခိုင်ပြည်နယ်မှာသာ ဖြစ်ခဲ့တာဆိုသည့်တိုင် အင်တာနက်ပေါ်ရှိ ရေးသားမှုများ၊ ကွန်မန့်များနဲ့ ဘလော့ဂ်များမှာ ရိုဟင်ဂျာလူနည်:စုကိုသာမက နိုင်ငံအနှံ့အပြားရှိနေတဲ့ မွတ်စလင်အားလုံးအပေါ် မုန်းတီးတိုက်ခိုက်စော်ကားကြတာကို အထင်အရှားတွေ့ရပါတယ်။ ဦးသိန်:စိန်အစိုးရသစ်ဟာ အခြေအနေ ပိုမိုဆိုးရွားပြန့်နှံ့ မသွားအောင် ထိန်းသိမ်းခဲ့ပါတယ်။ အသင့်လျော်တဲ့ ဓာတ်ပုံဖော်ပြခဲ့တဲ့အတွက် လျှပ်တပြတ်ဂျာနယ်ကိုလည်: အရေးယူပိတ်ပင်ခဲ့ပါတယ်။ သို့သော်လည်: အင်တာနက်ပေါ်မှာတော့ဖြင့် အဓိကရုန်းဟာ ရိုဟင်ဂျာလူမျိုးများကိုသာမက အစ္စလာမ် ဘာသာဝင်များအပေါ် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရေးသားကြပါတယ်။ အခြားဘာသာဝင်များ၊ အခြားဘာသာစကားစာပေများ၊ အသားအရောင်ကွဲပြားမှုကအစ ရှုံ့ချရေးသားကြပါတယ်။
    ရိုဟင်ဂျာများကို ‘ဘင်္ဂါလီ’လို့လည်: သူတို့ကခေါ်ဆိုကြပါတယ်။ ရိုဟင်ဂျာများ နိုင်ငံသားအဖြစ် အသိအမှတ်မပြုတဲ့အပြင် နေထိုင်ခွင့်၊ ခရီးသွားခွင့်၊ မြေယာပိုင်ဆိုင်ခွင့်များသာမက လက်ထပ်ထိမ်းမြားခွင့်ကိုလည်: မတရားသဖြင့် ထိန်:ချုပ်ထားခြင်းခံရပါတယ်။ ဒီ့အပြင် ဥပဒေမဲ့ မတရား စေခိုင်းခြင်းနဲ့ အပြစ်မဲ့ ဖမ်းဆီးနှိပ်စက်ခံရခြင်းများလည်: ရှိပါတယ်။
    သူတို့ကို မြန်မာနိုင်ငံကဲ့သို့ပဲ ဘင်္ဂလားနိုင်ငံကလည်: အသိအမှတ်မပြုပါ။ ဇွန်က ၁၅-ရက် ဂျီနီဗာမြို့မှာ ကုလသမဂ္ဂအရာရှိများကပြောဆိုရာမှာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားနယ်စောင့်တပ်တွေက ပြန်မောင်းထုတ်ခဲ့တယ်လို့သိရပါတယ်။

    ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အထူးအဖွဲ့က အမျိုးသမီးများ၊ ကလေးငယ်များနဲ့ ဒဏ်ရာရရှိထားသူများပါရှိတဲ့ စားနပ်ရိက္ခာမဲ့ ဒီလှေသင်္ဘောတွေဟာ နိုင်ငံနှစ်ခုကြား ‘နဖ်’ မြစ်တလျောက် မျောလွင့်နေတယ်လို့ ပြောပါတယ်။ အင်တာနက်ပေါ်မှာတော့ မြန်မာလူမျိုးတွေဟာ ‘ဒီရိုဟင်ဂျာတွေကို အပြီးရှင်းပစ်၊ မောင်းထုတ်ပစ်’ လို့ ကြွေးကြော်နေကြပါတယ်။ ဒီထက်တောင်ပိုပြီး ဆိုးရွားစွာရေးကြပါတယ်။ ဇွန်လ ၁၄-ရက်နေ့မှာ EMG က မြစ်တလျောက်မျောပါလာတဲ့ အမျိုးသမီး လူသေအလောင်းကို ရေးသားဖော်ပြတဲ့အခါ စာရှုသူ အမျိုးသမီးတစ်ဦးက ”လူမျိုးဘာသာ’ မဖော်ပြတဲ့အတွက် ဘယ်လိုခံစားရမှန်း မသိ’ ကြောင်း၊ အခြားသူတစ်ဦးကလည်: ‘ဘာလူမျိုးမှန်းမသိတော့ ဝမ်းနည်းရမလား၊ ပျော်ရမလား မသိဘူး’ လို့ ပြောသွားကြပါတယ်။

    ဘန်ကောက်မြို့အခြေစိုက် ‘Poypiti Amatatham’ နှင့် ဂျီနီဗာအခြေစိုက် ‘Nick Cumming-Bruce’ တို့ရဲ့ သတင်းတင်ပြချက်ပါ။

     

    ဘာသာပြန် – လင်းယုန်နက် (ခြင်္သေ့မြို့တော်)