News @ M-Media

Tag: boxing

  • ပက္ကြီအုိအား အနိုင်ရမည်ဟု အမီးရ်ခန်း ယုံကြည်နေ

    ပက်ကွီအိုအား အနိုင်ရမည်ဟု အမီးရ်ခန်း ယုံကြည်နေ

    အောက်တိုဘာ ၁၊ ၂၀၁၅
    M-Media

    – မိမိနှင့် ပက်ကွီအိုတို့ ထိုးသတ်ဖြစ်ပါက မိမိက အနိုင်ယူနိုင်မည်ဟု ယုံကြည်နေကြောင်း ဗြိတိန်လက်ဝှေ့ကျော် အမီရ်းခန်းက ပြောကြားလိုက်သည်။

    ပုခုံးဒဏ်ရာကြောင့် အနားယူနေရပြီး လာမည့်နှစ်ဆန်းတွင် ကြိုးဝိုင်းအတွင်းသို့ ၀င်ရောက်ဖွယ်ရှိနေသည့် ဖိလစ်ပိုင်လက်ဝှေ့ကျော်မှာ အမီးရ်ခန်းနှင့်ထိုးသတ်ရန်အတွက် ဆွေးနွေးမှုများပြုလုပ်နေသည်ဟု ပက်ကွီအို၏ ပွဲစီစဉ်သူက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြောကြားခဲ့သည်။

    “ကျွန်တော် ပက်ကွီအိုနဲ့ ထိုးသတ်ချင်ပါတယ်။ ကျွန်တော်နဲ့ မန်နီ(ပက်ကွီအို)တို့ဟာ သူငယ်ချင်းဖြစ်တာကြာပါပြီ၊ ဒါပေမယ့် တစ်ခါတစ်ရံမှာ သူငယ်ချင်းဆိုတဲ့ ပတ်သက်မှုကို ဘေးဖယ်ထားရပါတယ်။ ကြိုးဝိုင်းအတွင်းမှာ လေ့ကျင့်ဖက်အဖြစ် ကျွန်တော်တို့ တော်တော်များများ ထိုးသတ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီထိုးသတ်မှုတွေကို ဘယ်သူမှ မမြင်ပါဘူး။ ကျွန်တော်ဟာ ဗီဒီယိုတွေကို
    မထုတ်ပြန်ခဲ့ပါဘူး။ ကျွန်တော်တို့ဟာ နည်းပြတူခဲ့ပြီး ဇာတ်လမ်းတွေလည်း တူခဲ့ပါတယ်။ ကြီးကျယ်တဲ့ပွဲတစ်ခု ဖြစ်လာမှာပါ။ ပြီးခဲ့တဲ့နှစ်တွေမှာ ရခဲ့တဲ့အတွေ့အကြုံတွေနဲ့အတူ ကျွန်တော်ဟာ ပက်ကွီအိုကို ထိုးသတ်သွားမှာဖြစ်ပြီး နိုင်လည်း နိုင်မှာပါ” ဟု အမီးရ်ခန်းက ပြောကြားခဲ့သည်။

    ၎င်းတို့နှစ်ဦး၏ ပွဲအတွက် ဆွေးနွေးမှုများ အောင်မြင်ပါက လာမည့် ဖေဖော်ဝါရီသို့မဟုတ် ဧပြီလတို့တွင် ပွဲဖြစ်လာနိုင်ဖွယ် ရှိနေသည်။

    Ref: Dailymail

  • ပက်ကွီအိုနှင့် အမီးရ်ခန်းတို့ လာမည့်နှစ်တွင် ထိုးသတ်ရန် အလားအလာရှိနေ

    ပက်ကွီအိုနှင့် အမီးရ်ခန်းတို့ လာမည့်နှစ်တွင် ထိုးသတ်ရန် အလားအလာရှိနေ

    စက်တင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    – လာမည့်နှစ်ဆန်းတွင် လက်ဝှေ့ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်မည့် ပက်ကွီအို၏ ပြိုင်ဘက်မှာ အမီးရ်ခန်းဖြစ်လိမ့်မည်ဟု ပက်ကွီအို၏ ပွဲစီစဉ်သူ ဘော့ဘ် အေရမ်က ပြောကြားလိုက်သည်။

    မေ၀ယ်သာအား ရှုံးနိမ့်ခဲ့ပြီးကတည်းက ပက်ကွီအိုမှာ အမီးရ်ခန်းအား ၎င်း၏ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဗြိတိန်လက်ဝှေ့ကျော်၏ ဦးလေး၊ ရှေ့နေတို့နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟု အေရမ်က ထည့်သွင်းပြောကြားခဲ့သည်။

    ခန်းမှာ မေ၀ယ်သာ၏ လက်ဝှေ့သမားဘ၀ နောက်ဆုံးပွဲတွင် ထိုးသတ်ရန် ဆန္ဒရှိခဲ့သော်လည်း မေ၀ယ်သာက လက်မခံဘဲ အန်ဒရေဘာတိုကိုသာ ရွေးချယ်ကာ အနိုင်ထိုးသက်ခဲ့သည်။ ပုခုံးဒဏ်ရာမှ ပြန်ကောင်းလာမည့် ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုနှင့် အမီးရ်ခန်းတို့ ထိုးသတ်ဖြစ်ပါက လာမည့်နှစ် ဖေဖော်ဝါရီ သို့မဟုတ် ဧပြီလတွင် ဖြစ်လာနိုင်ဖွယ်ရှိနေသည်။

    ပက်ကွီအိုအတွက် ထိုပွဲမှာ နောက်ဆုံးဖြစ်မည်ဖြစ်ပြီး ထို့နောက်ပိုင်းတွင် နိုင်ငံရေးလောကထဲသို့ ၀င်ရောက်တော့မည်ဖြစ်သည်။

    Ref: Dailymail

  • လင်းနို့လူသား ၀တ်စုံနဲ့ စတန့်ထွင်ခဲ့တဲ့ တိုင်ဆန်ဖျူရီ

    လင်းနို့လူသား ၀တ်စုံနဲ့ စတန့်ထွင်ခဲ့တဲ့ တိုင်ဆန်ဖျူရီ

    စက်တင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    box

    – ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီမှာ အောက်တိုဘာလတွင် ကလစ်ရှ်ုကိုနှင့် ထိုးသတ်မည့် လက်ဝှေ့ပွဲအတွက် သတင်းစာရှင်းလင်းပွဲတွင် လင်းနို့လူသားဝတ်စုံဖြင့် စတန့်ထွင်ခဲ့သည်ဟု သိရသည်။

    ဗြိတိန် လက်ဝှေ့ချန်ပီယံဖြစ်သည့် ဖျူရီမှာ WBA၊ WBO နှင့် IBF ဟဲဗီးဝိတ်ချန်ပီယံ ယူကရိန်းနိုင်ငံသား ဗလာဒီမီရ် ကလစ်ရှ်ကိုအား စိန်ခေါ်သူဖြစ်ပြီး လာမည့် အောက်တိုဘာ ၂၄ ရက်တွင် ဂျာမနီနိုင်ငံ၌ ၎င်းတို့နှစ်ဦး ထိုးသတ်သွားမည်ဖြစ်သည်။

    ယမန်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် တိုင်ဆန်ဖျူရီမှာ လင်းနို့လူသားဝတ်စုံဖြင့် တက်ရောက်လာခဲ့ပြီး ကလစ်ရှ်ကိုထိုင်နေရာသို့ သွားရောက်ကာ လက်ညှိုးထိုး၍ “နောက်တစ်ခါ ခင်းဗျားအလှည့်” ဟု သုံးကြိမ်တိုင်တိုင် ဒေါသတစ်ကြီး ပြောကြားခဲ့သည်။

    ထို့နောက် သတင်းစာရှင်းလင်းပွဲလုပ်မည့်နေရာတွင် ၀င်ထိုင်ခဲ့ပြီး ရုပ်ရှင်ထဲမှ လင်းနို့လူသား၏ ရန်သူဖြစ်သူ ဂျိုကာမျက်နှာဖုံး ၀တ်ထားသည့် လူတစ်ဦး အရှေ့သို့ ထွက်လာသည့်အခါ ဖျူရီက စားပွဲပေါ်မှ ခုန်ကျော်ကာ ဂျိုကာအား ကြမ်းပြင်ပေါ်သို့ လှဲချခဲ့၍ ကလစ်ရှ်ကို၏ ချန်ပီယံ ခါးပတ်အချို့ကိုလည်း ကြမ်းပြင်ပေါ်သို့ ပစ်ချခဲ့သည်။

    ထိုစတန့်ထွင်မှုအပြီးတွင် ဖျူရီက ကလစ်ရှ်ကိုအား ဒေါသဖြစ်စေမည့် စကားအချို့ကို ပြောင်လှောင်သည့် သဘောဖြင့် ပြောကြားခဲ့ပြီး ကလစ်ရှ်ကိုကလည်း ဖျူရီကို လူရွှင်တော်ဟု သမုတ်ခဲ့သည်။

    နောက်ပိုင်းတွင် ဖျူရီမှာ ပုံမှန် ပွဲတက်အ၀တ်အစားဖြင့် သတင်းစာရှင်လင်းပွဲသို့ ပြန်လည် တက်ရောက်ခဲ့သည်။ ဖျူရီမှာ သတင်းစာရှင်းလင်းပွဲကို သတ်မှတ်ချိန်ထက် ၁၅ မိနစ်နောက်ကျပြီးမှ ရောက်ရှိလာခဲ့သည်။

    သတင်းစာရှင်းလင်းပွဲမစခင် ၎င်းတို့နှစ်ဦးမှာ အပြန်အလှန် စကားစစ်ထိုးခဲ့ကြပြီး နောက်ဆုံးတွင် နွေထွေးစွာ လက်ဆွဲနှုတ်ဆက်ခဲ့ကြသည်။

    Ref: Dailymail

  • နိုင်ငံရေးသာ ဇောက်ချလုပ်တော့မည်ဟု ပက်ကွီအိုပြော

    နိုင်ငံရေးသာ ဇောက်ချလုပ်တော့မည်ဟု ပက်ကွီအိုပြော

    စက်တင်ဘာ ၁၈၊ ၂၀၁၅
    M-Media

    paq

    – မေ၀ယ်သာနှင့် တစ်ကျော့ပြန်ထိုးသတ်ရေး မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်ပြီး မိမိအနေဖြင့် နိုင်ငံရေးကိုသာ ဇောက်ချလုပ်ကိုင်သွားတော့မည်ဟု ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုက ပြောကြားလိုက်သည်။

    ရာစုနှစ်၏ အကောင်းဆုံးပွဲအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည့် မေလက ၎င်းတို့နှစ်ဦး၏ပွဲတွင် မေ၀ယ်သာက အမှတ်ဖြင့်နိုင်ခဲ့ပြီး၊ ပြီးခဲ့သည့်တစ်ပတ်ကလည်း ဘာတိုကို မေ၀ယ်သာက အမှတ်ဖြင့် နိုင်ခဲ့ကာ လက်ဝှေ့သမားဘ၀ ၄၉ ပွဲထိုးသတ်ခဲ့ပြီး ရှုံးပွဲမရှိခဲ့ပေ။

    ဘာတိုနှင့်ပွဲအပြီးတွင် လက်ဝှေ့လောကမှ အနားယူတော့မည်ဟု မေ၀ယ်သာက စောစောပိုင်းကတည်းက ပြောကြားခဲ့ပြီး ပွဲအပြီးတွင်လည်း ထပ်မံအတည်ပြုခဲ့သည်။

    ပက်ကွီအိုမှာ မေ၀ယ်သာနှင့်ပွဲတွင် ရရှိခဲ့သည့် ပုခုံးဒဏ်ရာကြောင့် အနားယူနေရပြီး ဒဏ်ရာပျောက်သည့်အချိန် လာမည့် ၂၀၁၆ ခုနှစ်တွင် တစ်ပွဲထိုးသတ်ကာ လက်ဝှေ့လောကမှ အနားယူတော့မည်ဟု ၎င်း၏ ပွဲစီစဉ်သူက ပြောကြားခဲ့သည်။

    ထို့ပြင် မေ၀ယ်သာနှင့် ပြန်လည်ထိုးသတ်ဖွယ်ရှိနေသည်ဟု သတင်းများလည်း ထွက်ပေါ်နေပြီး ပက်ကွီအိုကမူ ထိုမျှော်လင့်ချက်ကို စွန့်လွှတ်ကာ နိုင်ငံရေးကိုသာ အာရုံစိုက်တော့မည်ဟု ပြောကြားခဲ့သည်။

    “အခုအချိန်မှာ လက်ဝှေ့ကို ကျွန်တော် အာရုံမစိုက်တော့ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ပုခုံးဒဏ်ရာကောင်းတဲ့အခါ နောက်နှစ်မှာ တစ်ပွဲလောက်ပဲ ထိုးတော့မှာပါ” ဟု ဗုဒ္ဓဟူးနေ့တွင် ပက်ကွီအိုက ပြောကြားခဲ့သည်။

    “ကျွန်တော် အေးဆေးပါပဲ။ (မေ၀ယ်သာနဲ့) ဒုတိယအကြိမ်ဖြစ်လာမလားဆိုတာ ပြဿနာမဟုတ်ပါဘူး။ သူအနားယူသွားတာကို ကျွန်တော်ကြားတယ်။ ဒါ့ကြောင့် ကိစ္စမရှိတော့ပါဘူး”

    နောက်ထပ်ထိုးသတ်မည့်သူကိုမူ ၎င်းက မရွေးချယ်ဘဲ စိန်ခေါ်သူကိုသာ ထိုးသတ်သွားမည်ဟု ဆိုသည်။ လာမည့်နှစ်တွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် သမ္မတအဖြစ် ၀င်အရွေးခံမည်လား သို့မဟုတ် ၎င်း၏ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ၀င်ပြိုင်မည်လားဆိုသည်ကို မကြာမီ ကြေငြာသွားမည်ဟု ပက်ကွီအိုက သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref: Dailymail

  • စံချိန်ကောင်းဖြင့် မေ၀ယ်သာ လက်ဝှေ့လောကကို နှုတ်ဆက်

    စံချိန်ကောင်းဖြင့် မေ၀ယ်သာ လက်ဝှေ့လောကကို နှုတ်ဆက်

    စက်တင်ဘာ ၁၃၊ ၂၀၁၅
    M-Media

    may 1

    – အမေရိကန်လက်ဝှေ့ကျော် မေ၀ယ်သာမှာ ယနေ့ထိုးသတ်သည့်ပွဲတွင် တစ်နိုင်ငံတည်းသား အန်ဒရေဘာတိုအား အနိုင်ရကာ ရှုံးပွဲမရှိစံချိန်ဖြင့် လက်ဝှေ့လောကကို လက်ပြနှုတ်ဆက်ခဲ့ပြီဖြစ်သည်။

    လက်စ်ဗီးဂက်စ်ရှိ MGM Grand တွင် ထိုးသတ်ခဲ့သည့် အဆိုပါပွဲတွင် ဒိုင်လူကြီးများ၏ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက်ဖြင့် မေ၀ယ်သာက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    ၁၂ ချီအပြည့် ထိုးသတ်ခဲ့ရပြီး မေ၀ယ်သာမှာ တတိယအချီနှင့် သတ္တမအချီတွင်သာ အားနည်းခဲ့ကာ ကျန်အချီများတွင် ကမ္ဘာ့ချန်ပီယံဟောင်း ဘာတိုအား အသာစီး ထိုးသတ်နိုင်ခဲ့သည်။

    ယခုပွဲအနိုင်ကြောင့် မေ၀ယ်သာမှာ ကစားသမားဘ၀သက်တမ်းတစ်လျှောက် ၄၉ ပွဲထိုးသတ်ရာတွင် ရှုံးပွဲမရှိခဲ့ဘဲ ဂန္တ၀င် ဟဲဗီးဝိတ်ချန်ပီယံ ရော့ကီ မာစီယာနိုတင်ထားသည့် စံချိန်နှင့် တူညီခဲ့ပြီဖြစ်သည်။ မေ၀ယ်သာမှာ ယခုပွဲပြီးပါက လက်ဝှေ့လောကမှ အနားယူတော့မည်ဟု စောစောပိုင်းကတည်းက ပြောကြားထားသည်။

    “ဘယ်အချိန် ဘာလုပ်ရမလဲဆိုတာ၊ ဘယ်အချိန် အနားယူရမလဲဆိုတာ သိရမှာပါ။ ကျွန်တော် ၄၀ နား ကပ်နေပါပြီ။ ကျွန်တော် ၁၉ နှစ်လုံးလုံး နိုင်လာခဲ့တယ်။ ကမ္ဘာ့ချန်ပီယံအဖြစ် ၁၅ နှစ်ရှိခဲ့တယ်။ နောက်ထပ် အောင်မြင်ဖို့ ဘာမှမရှိတော့ပါဘူး။ စံချိန်တွေအားလုံးကို ကျွန်တော် ချိုးပြီးပါပြီ” ဟု မေ၀ယ်သာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Dailymail