ဒီဇင်ဘာ ၆ ၊ ၂၀၁၃
M-Media

ကမ္ဘာကျော် ကွန်ဖူးမင်းသား ဘရုစ်စလီ နောက်ဆုံးရိုက်ကူးခဲ့သည့် ဇာတ်ကားမှ ၀တ်စုံအား ဟောင်ကောင်တွင် ယမန်နေ့က လေလံတင်ရောင်းချခဲ့ရာ မျှော်မှန်းထားသည်ထက် ပိုမို၍ ဈေးရခဲ့သည်ဟုသိရသည်။
Game of Death ဇာတ်ကားတွင် ၀တ်ဆင်ခဲ့သည့် အဆိုပါဝတ်စုံအား ဘရုစ်လီ၏ ခန္တာကိုယ်နှင့် အံဝင်ခွင်ကျဖြစ်အောင် အထူးဒီဇိုင်းထုတ် ချုပ် လုပ်ထားခြင်းဖြစ်ပြီး ယမန်နေ့က လေလံပွဲတွင် ဟောင်ကောင်ဒေါ်လာ ၇၈ သိန်း (ကန်ဒေါ်လာ ၁၀၀၅၉၅) ရရှိခဲ့သည်။ ထိုဇာတ်ကားတွင် ထိုဝတ်စုံနှင့်အတူ ကိုင်ဆောင်အသုံးပြုခဲ့သည့် နန်ချက်ကူကိုလည်း ရောင်းချခဲ့ပြီး ဟောင်ကောင်ဒေါ်လာ ၅ သိန်း ၄ သောင်းရရှိခဲ့သည်။
Ref: CNA