News @ M-Media

Tag: burmese monk

  • မျိုးစောင့်ဥပဒေ နှင့် ပတ်သက်၍ ကိုယ့်တာဝန် ကိုယ်ယူရမည်ဟု သာသနာရေးဝန်ကြီးပြောကြား

    နိုဝင်ဘာ ၆၊ ၂၀၁၃
    M-Media

    myo sount
    ရန်ကုန် ။            ။        အမျိုးစောင့်ဥပဒေတွင်ပါရှိသည့် ကျင့်ဝတ်များသည် နိုင်ငံတကာတွင် အမျိုးဘာသာ၊ သာသနာအတွက် ကျင့်သုံးလျက်ရှိသော ကျင့်ဝတ်တစ်ခုခုနှင့် ငြိစွန်းနေပါက ကိုယ့်တာဝန်ကိုယ်ယူရမည်ဖြစ်ကြောင်း သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က နိုဝင်ဘာ ၂-ရက်တွင် ကျင်းပ ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲ၌ပြောကြားလိုက်ကြောင်း သိရသည်။

    အမျိုးစောင့်ဥပဒေကြမ်းထွက်ပေါ်လာပြီးနောက်ပိုင်းတွင် ပြည်တွင်းရှိ အမျိုးသမီးအခွင့်အရေးလှုပ်ရှားနေသော အဖွဲ့အစည်းများမှ အမျိုးစောင့်ဥပဒေအပေါ် ဝေဖန်ကန့်ကွက်မှုများရှိခဲ့ပါသည်။

    ၎င်း အမျိုးစောင့်ဥပဒေအား အင်းစိန်ရွာမ ဆရာတော်မှလည်း အပြည့်အ၀ တာဝန်ယူပြီး ဘာသာခြားများကို ထိခိုက်စေရန်မဟုတ်ပဲ အမျိုးဘာသာ သာသနာကို စောင့်ရှောက်ရန်သာဖြစ်ကြောင်းလည်း ရွှေည၀ါဆရာတော်က မိန့်ကြားခဲ့ကြောင်းလည်း သိရပါသည်။

    အမျိုးဘာသာ၊ သာသနာအတွက် မိမိကိုယ်တိုင်သာ ထိန်းကျောင်းရန်လိုကြောင်း၊ မိမိအမျိုးဘာသာသနာကို ထိန်းကျောင်းခြင်းဖြင့် တဖက်သားကို ထိခိုက်သည်မျိုး မဖြစ်စေပဲ နေရာတိုင်းတွင် မိမိကျင့်ဝတ်နဲ့သာ ထိန်းသိမ်းခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု သံဃာတော်များ ရေးဆွဲလျက် ရှိသော မျိုးစောင့်ဥပဒေနှင့်ပတ်သက်၍ မြန်မာပို့စ်ဂျာနယ်၏ မေးမြန်းခြင်းကို ပြန်လည် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်က ဖြေကြားခဲ့သည်။

    ကိုးကား- ၆-၁၁-၂၀၁၃ ထုတ် မြန်မာပို့စ်ဂျာနယ်၊ အတွဲ ၅၊ အမှတ် ၄၄

    ဓါတ်ပုံအညွှန်း- မျိုးစောင့်ဥပဒေ လက်မှတ်ကောက်ခံပွဲ  ပြုလုပ်ခဲ့စဉ်က (Photo-Internet)

    Myanmar Post (Nov 6 2013)

  • ကားနဲ့တိုက်မိတယ်လို့ လုပ်ကြံပြောဆိုပြီး ငွေ ၅ သိန်း ညစ်တဲ့ ဦးတေဇနိယ

    ကားနဲ့တိုက်မိတယ်လို့ လုပ်ကြံပြောဆိုပြီး ငွေ ၅ သိန်း ညစ်တဲ့ ဦးတေဇနိယ

    အောက်တိုဘာ ၂၈၊ ၂၀၁၂
    M-Media
    သတင်း – အေးမောင်

    အောက်တိုဘာလ ၂၄-ရက်နေ့ မနက် ၈-နာရီခွဲအချိန်ခန့်မှာ ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် လမ်း-၃၀ အနီးမှာ ယာဉ်ကြောပိတ်ဆိုမှုကြောင့် ယာဉ်ရပ်တန့်စောင့်ဆိုင်းနေတဲ့ ကား၏ ကားမောင်းသူမှ ကားဖြင့်တိုက်မိပါသည်ဟု လုပ်ကြံပြောဆိုပြီး ဦးတေဇနိယဘွဲခံ ဘုန်းကြီးတစ်ပါးမှ ငွေညစ်ယူမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

    ဖြစ်စဉ်မှာ အောက်တိုဘာ ၂၄-ရက်နေ့ မနက် ၈-နာရီခွဲခန့်မှာ ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် လမ်း-၃၀ အနီးမှာ ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေတာကြောင့် မောင်းနှင်လာသော ကားအား ရပ်တန့်ပြီး သွားလာရန်စောင့်ဆိုင်းနေစဉ် ယာဉ်မောင်း၏ ညာဘက် ကားဘေးတံခါးအား ဘုန်းကြီးတစ်ပါးမှ လာခေါက်ပြီး တံခါးဖွင့်ခိုင်းကြောင်း၊ ယာဉ်မောင်းမှ ကားတံခါး ဖွင့်ပေးလိုက်စဉ် ဘုန်းကြီးမှာ ကားထဲသို့ဝင်ထိုင်ပြီး ကားသော့ကို ဆွဲဖြုတ်ယူကာ “မင်းကားနဲ့ ငါ့ကို တိုက်တာ၊ မင်း ကုလား၊ မင်းလူပါးဝတာ”ဟု ဆိုကာ ဆဲဆိုကြောင်း၊ ကားမောင်းသူမှ ဦးဇင်းအား တပည့်တော်ကားနှင့်မတိုက်မိပါဟု အတန်တန်ပြောသော်လည်း မရသောကြောင့် ဒါဆို ဘာလုပ်ပေးရမလဲဟု မေးလိုက်စဉ် ဘုန်းကြီးမှ “ခြေထောက်ကိုင်တောင်းပန်ခိုင်း”တဲ့အတွက် အစ္စလာမ်သာသနာဝင် တစ်ဦးဖြစ်သူ ယာဉ်မောင်းမှ ဘုန်းကြီးအား ခြေထောက်ကိုင် တောင်းပန်ခဲ့သည်ကို အနီးဝန်းကျင်တွင် မျက်မြင် ၁၀၀-ခန့်ရှိကြောင်း သိရသည်။ ယင်းဘုန်းကြီးသည် မနက်ပိုင်းအာရုဏ် ဆွမ်းခံချိန်တွင် အမြဲတစေ ၎င်းနေရာဝန်းကျင် တ၀ိုက်တွင် ရှိနေတတ်သော ဘုန်းကြီးဖြစ်ကြောင်း သိရသည်။

    ယင်းသို့ တောင်းပန်ခဲ့ပြီးသည့်နောက် ၂၆-ရက်ညနေတွင် ယာဉ်ထိန်းရုံးမှ ယာဉ်မှုစစ်က ယာဉ်မောင်းအား ခေါ်ပြီး ဘုန်းကြီးကို ကားတိုက်ထားတဲ့အတွက်ခေါ်ကြောင်းပြောခဲ့ပြီး ဘုန်းကြီးနှင့် အပြေအလည်ညှိနှိုင်းရန် ပြောကြားခဲ့သည်။ ယင်းကိစ္စအတွက် ယာဉ်မောင်း၏မိတ်ဆွေ ဗုဒ္ဓဘာသာတစ်ဦးမှ လိုက်လံကူညီ ဆွေးနွေးညှိနှိုင်းပေးခဲ့သည်။ ယာဉ်မောင်းသူဘက်မှ မတိုက်မိခဲ့ကြောင်းပြောဆိုပြီး ဘုန်းကြီးအားပြေလည်စွာ တောင်းပန်သော်လည်း ဘုန်းကြီးမှ ခြိမ်းခြောက်ခဲ့ကြောင်း၊ ‘အခုလိုအချိန်မှာ မင်းတို့ဘာဖြစ်သွားမယ်မှတ်လဲ၊ အခု အခြေအနေကို မသိဘူးလား၊ ငါက NLD နဲ့ နီးစပ်သူတစ်ဦးဖြစ်တယ်၊ ငါက တစ်ခြားဘာမှမလိုချင်ဘူး ငွေပဲလိုချင်တယ်’ စသဖြင့် ခြိမ်းခြောက်ပြီး ငွေ သိန်း-၂၀ လျော်ကြေးတောင်းခဲ့သည်။ ယာဉ်မောင်းသူမှ အဲလိုပေးစွမ်းနိုင်မှု မရှိကြောင်းပြောဆို တောင်းပန်သောကြောင့် ငွေ ၅-သိန်း ပေးလိုက်ရသည်။ ယင်းကိစ္စအတွက် ၂၆-ရက်နေ့ ညနေ ၅-နာရီခန့်မှ စတင်ဆွေးနွေးခဲ့ပြီး ည ၇-နာရီခန့်တွင် ယာဉ်ထိန်းရုံး ယာဉ်မှုစစ်များရှေ့၌ပင် ဆွေးနွေးမှုပြီးဆုံးသွားပြီးနောက် စာချုပ်တွင် လက်မှတ်ရေးထိုးပေးခဲ့ရာ၌ ယာဉ်မောင်းသူမှ မိမိသဘောဆန္ဒအလျောက် ဘုန်းကြီးအား ငွေ ၅-သိန်း ပေးလှူပါသည်ဟု ရေးသားခဲ့ရကြောင်း သိရသည်။ ဘုန်းကြီးဦးတေဇနိယ တစ်ဦးတည်းပြန်သွားခဲ့ကြောင်း သိရသည်။

    ဦးတေဇနိယသည် အင်လျားကန်ပြား တိုက်သစ်တွင် သီတင်းသုံးနေထိုင်သည့် ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး သံဃာမှတ်ပုံတင်အမှတ် ၁၂/ဗဟန(သ)၀၀၂၇၆၃ ကိုင်ဆောင်ထားကြောင်းလည်း သိရသည်။

    ယင်းကိစ္စအား လိုက်ပါကူညီပေးသူ ဗုဒ္ဓဘာသာဝင် မိတ်ဆွေမှ “ဒီကိစ္စက သက်သက်မဲ့ ညစ်တာ။ ခင်ဗျားတို့ကို မွတ်စလင်မ်မှန်းသိလို့။ ကျုပ်တို့ အချင်းချင်းသာဆို သူမလုပ်ရဲဘူး။ ကျုပ်တို့သာဆို ငါးသိန်းမပြောနဲ့ ငါးပြားတောင် မပေးဘူး”ဟု ပြောကြားခဲ့ကြောင်း M-Media မှ စုံစမ်းသိရှိရပါသည်။