News @ M-Media

Tag: Byern Munich

  • ဖလား ၃ လုံးအိပ်မက် ရှင်သန်လာမှုအတွက် ဘိုင်ယန်နည်းပြ ကျေနပ်နေ

    ဖလား ၃ လုံးအိပ်မက် ရှင်သန်လာမှုအတွက် ဘိုင်ယန်နည်းပြ ကျေနပ်နေ

    ဧပြီ ၂၀၊ ၂၀၁၆
    M-Media

    uga

    – ပြည်တွင်းရှုံးထွက်ဖလား DFB-Pockal တွင် နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီး ဖလား ၃ လုံးအိပ်မက် ရှင်သန်လာခဲ့သည့်အတွက် မိမိအနေဖြင့် ကျေနပ်မိသည်ဟု ဘိုင်ယန်နည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် ၀ါဒါဘရီမင်နှင့် ဆီမီးဖိုင်နယ်ပွဲတွင် ဘိုင်ယန်မှာ ၂ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဘိုင်ယန်မှာ ဘွန်ဒစ်လီဂါတွင် ရာသီပြီးဆုံးရန် ၄ ပွဲသာလိုတော့သည့်အချိန် ဒုတိယနေရာမှ ဒေါ့မွန်အား ၇ မှတ်ဖြတ်ထားကာ လက်ကျန် ၂ ပွဲ အနိုင်ရရုံဖြင့် ချန်ပီယံဖြစ်မည်ဖြစ်သည်။

    ထို့ပြင် ချန်ပီယံလိဂ်တွင်လည်း ဆီမီးဖိုင်နယ်သို့ ရောက်ရှိနေပြီး ဖလား ၃ လုံးအိပ်မက်နှင့် လက်တစ်ကမ်းအကွာတွင် ရှိနေသည်။

    “တကယ့်ကို ကျေနပ်ပါတယ်ဗျာ။ ဘာလင်က (ရှုံထွက်ဖလား) ဖိုင်နယ်ပွဲဟာ ကြီးကျယ်တဲ့ပွဲ ဖြစ်လာမှာပါ။ ဘရီမင်က မိုချန်ဂလာဘတ်ခ်ျနဲ့ လေဗာကူဆင်တို့ကို အနိုင်ယူခဲ့ပါတယ်။ သူရသတ္တိနဲ့ ပြည်စုံတဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်ရမယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ပါတယ်” ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ဂွါဒီယိုလာမှာ ရာသီကုန်တွင် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့မည်ဟု ကြေငြာထားသူဖြစ်သည်။

    Ref: Goal

  • ရော်နယ်ဒိုအတွက် မိမိဝမ်းနည်းမိသည်ဟု ဘိုင်ယန်နည်းပြ အရွှန်းဖောက်

    ရော်နယ်ဒိုအတွက် မိမိဝမ်းနည်းမိသည်ဟု ဘိုင်ယန်နည်းပြ အရွှန်းဖောက်

    ဧပြီ ၁၄၊ ၂၀၁၆
    M-Media

    byern

    – ဆီမီးဖိုင်နယ်တွင် ဘင်ဖီကာအသင်းနှင့် တွေ့ဆုံချင်သည့် ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒို၏ အိပ်မက်အား ဖျက်ဆီးမိခဲ့သည့်အတွက် မိမိအနေဖြင့် ၀မ်းနည်းမိသည်ဟု ဘိုင်ယန်မြူးနစ်နည်းပြ ပက် ဂွာဒီယိုလာက အရွှန်းဖောက် ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွင် ဘိုင်ယန်မှာ ဘင်ဖီကာအား ၂ ဂိုးစီသရေကစားခဲ့ပြီး နှစ်ကျော့ပေါင်း ၃ ဂိုး ၂ ဂိုးဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။

    ရီးယဲလ်မှာလည်း ဗုဒ္ဓဟူးနေ့မနက်ပိုင်းတွင် ၀ုလ်ဖ်ဘာ့ဂ်အသင်းအား ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိကာ နှစ်ကျော့ပေါင်း ၃ ဂိုး ၂ ဂိုးဖြင့် ဆီမီးတက်သွားခဲ့ပြီး ထိုပွဲ၏ ဟက်ထရစ်ရှင် ရော်နယ်ဒိုကမူ ဆီမီးဖိုင်နယ်တွင် ဘင်ဖီကာနှင့် တွေ့ဆုံချင်သည်ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ဂွာဒီယိုလာကမူ ရော်နယ်ဒို၏ ဆန္ဒကို မဖြည့်ဆည်းနိုင်ခဲ့သည့်အတွက် ၀မ်းနည်းမိသည်ဟု ဆိုသည်။

    “ရော်နယ်ဒိုက ဆီးမီးဖိုင်နယ်မှာ ဘင်ဖီကာနဲ့ တွေ့ချင်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ သူ့အတွက် ကျွန်တော်ဝမ်းနည်းမိပါတယ်” ဟု ဂွာဒီယိုလာက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် ရာသီကုန်တွင် မန်စီးတီးသို့ ပြောင်းရွှေ့မည်ဖြစ်သည့်အတွက် ယခုနှစ် ချန်ပီယံလိဂ်တွင် ဗိုလ်စွဲနိုင်ခဲ့ပါကလည်း ဘိုင်ယန်ပရိတ်သတ်များ၏ ကျေနပ်မှုကို ရရှိမည်မဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ဂျူဗင်တပ်စ်နှင့်ပွဲတွင် ဘိုင်ယန်၏ စွမ်းဆောင်ရည်ကို နည်းပြ ဂွါဒီယိုလာ ချီးကျူး

    ဂျူဗင်တပ်စ်နှင့်ပွဲတွင် ဘိုင်ယန်၏ စွမ်းဆောင်ရည်ကို နည်းပြ ဂွါဒီယိုလာ ချီးကျူး

    မတ် ၁၇၊ ၂၀၁၆
    M-Media

    gua

    – ဂျူဗင်တပ်စ်အသင်းအား နောက်မှလိုက်ကစားကာ ချန်ပီယံလိဂ် ကွတားဖိုင်နယ်သို့ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် အသင်းအား ဘိုင်ယန်နည်းပြ ဂွါဒီယိုလာက ချီးကျူးလိုက်သည်။

    ပထမအကျော့ တူရင်တွင် ၂ ဂိုးစီ သရေကျခဲ့ပြီးနောက် ယနေ့မနက်က ကစားခဲ့သည့် ဒုတိယအကျော့တွင် ဂျူဗင်တပ်စ်မှာ ပေါ့ဘာ၏ ပွဲအစ ၅ မိနစ်ဂိုး၊ ကူအာဒရာဒို၏ ၂၈ မိနစ်ဂိုးများဖြင့် မိနစ် ၇၀ ကျော်အထိ ဦးဆောင်နေခဲ့ပြီး လီဝန်ဒေါ့စကီးက ၇၃ မိနစ်တွင်လည်းကောင်း၊ သောမတ်စ်မူလာက နာကျင်အချိန်ပိုတွင်လည်းကောင်း ၁ ဂိုးစီသွင်းယူခဲ့သောကြောင့် သရေကျကာ အချိန်ပို ဆက်ကစားခဲ့ရသည်။

    အချိန်ပိုတွင် အလ်ကန်တာရာနှင့် ကိုမန်တို့က ဘိုင်ယန်အတွက် ၂ ဂိုး ထပ်မံသွင်းယူနိုင်ခဲ့သောကြောင့် နှစ်ကျော့ပေါင်း ၆ ဂိုး ၄ ဂိုးဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ ဂွါဒီယိုလာကမူ အသင်း၏စွမ်းဆောင်ရည်ကို ချီးကျူးခဲ့သည်။

    “ဒီပွဲဟာ ပရိတ်သတ်တွေအတွက် ကြီးကျယ်တဲ့ ပွဲတစ်ခုပါပဲ။ မနှစ်ကဒုတိယရတဲ့အသင်းနဲ့ ကျွန်တော်တို့ ကစားခဲ့ရပြီး သူတို့ဟာ အသင်းကောင်းတစ်သင်းဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ အသင်းကိုတော့ တော့်တော့်ကို ချီးကျူးရမှာပါ။ အီတလီအသင်းတစ်သင်းကို ၂ ဂိုးပြတ်နဲ့အရှုံးကနေ ပြန်နိုင်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စပါ” ဟု ဂွာဒီယိုလာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • ဘွန်ဒစ်လီဂါရယူကာ ဂွါဒီယိုလာကို နှုတ်ဆက်ချင်သည်ဟု လီဝန်ဒေါ့စကီးပြော

    ဘွန်ဒစ်လီဂါရယူကာ ဂွါဒီယိုလာကို နှုတ်ဆက်ချင်သည်ဟု လီဝန်ဒေါ့စကီးပြော

    မတ် ၄၊ ၂၀၁၆
    M-Media

    lewan

    – ရာသီကုန်တွင် အသင်းမှထွက်ခွာတော့မည့် နည်းပြ ပက်ပ်ဂွါဒီယိုလာအတွက် ဘွန်ဒစ်လီဂါ ၄ ကြိမ်ဆက် ရရှိသည့် မှတ်တမ်းတစ်ခုကို ရယူပေးချင်သည်ဟု ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါ့စကီးက ပြောကြားလိုက်သည်။

    ဘိုင်ယန်မြူးနစ်မှာ ပြီးခဲ့သည့် ၃ နှစ်စလုံးတွင် ဘွန်ဒစ်လီဂါကို ဆွတ်ခူးထားနိုင်ပြီး ဂွါဒီယိုလာက နောက်ဆုံး ၂ နှစ်ဆက်တိုက် ရယူပေးထားနိုင်သည်။ ယခုလက်ရှိ ကစားရန် ၁၀ ပွဲ ကျန်ရှိချိန်တွင် ဒုတိယနေရာမှ ဒေါ့မွန်အသင်းအား ၅ မှတ်ဖြတ်ထားနိုင်သည့် ဘိုင်ယန်မှာ ယခုနှစ် ဘွန်ဒစ်လီဂါကို ရရှိပါက ဂျာမနီတွင် ဘွန်ဒစ်လီဂါ အမှတ်ပေးဖလားကို ၄ နှစ်ဆက်တိုက်ရရှိသည့်အသင်း ဖြစ်လာမည်ဖြစ်သည်။

    ဂွါဒီယိုလာမှာမူ ယခုနှစ်အကုန်တွင် မန်စီးတီးသို့ ပြောင်းရွှေ့နည်းပြတော့မည်ဖြစ်ပြီး တိုက်စစ်မှူး လီဝန်ဒေါ့စကီးက ထူးခြားသည့် အခြေအနေတစ်ခုကို ဖန်တီးပေးချင်နေသည်။

    “ကျွန်တော်တို့ ၅ မှတ်ဖြတ် ဦးဆောင်နေတယ်။ ကျွန်တော်တို့အတွက် အရေးအကြီးဆုံးက ဘွန်ဒစ်လီဂါဖလားကို ရရှိဖို့ပါပဲ။ ဘယ်သူမှ လေးနှစ်ဆက်တိုက် မရဖူးသေးဘဲ ကျွန်တော်တို့က ဒါမျိုး ရချင်ပါတယ်။ ကြီးမားတဲ့ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်မှာပါ။ ဖလားရဖို့ဆိုရင် ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ဖို့ လိုပါတယ်။ ရာသီပြီးဆုံးဖို့တော့ တော်တော် လိုပါသေးတယ်။ ကျွန်တော်တို့ လုပ်စရာရှိတာလုပ်ဖို့ပဲ လိုပါတယ်။ ပက်ပ် (ဂွါဒီယိုလာ) အတွက်လည်း ထူးခြားတဲ့ အခြေအနေ ဖြစ်မှာပါ။ ပြီးတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်နဲ့ ဂျာမန်ရှုံးထွက်ဖလား နောက်ဆုံး ဗိုလ်လုပွဲကိုလည်း ကျွန်တော်တို့ ရောက်ချင်ပါတယ်” ဟု လီဝန်ဒေါ့စကီးက ပြောကြားခဲ့သည်။

    Ref: Goal

  • ဂွာဒီယိုလာမှာ မည်သည့်နေရာ၌မဆို အောင်မြင်နိုင်သည်ဟု ရော်နယ်ဒင်ဟိုပြော

    ဂွာဒီယိုလာမှာ မည်သည့်နေရာ၌မဆို အောင်မြင်နိုင်သည်ဟု ရော်နယ်ဒင်ဟိုပြော

    ဒီဇင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    pep

    – ဘိုင်ယန်မြူးနစ်နည်းပြ ဂွာဒီယိုလာမှာ ကမ္ဘာ့မည်သည့်နေရာ၌မဆို နည်းပြနိုင်သည့် စွမ်းရည်ရှိပြီး မည်သည့်အသင်းတွင်မဆို အောင်မြင်နိုင်သည်ဟု ဘရာဇီးလ်တိုက်စစ်မှူးဟောင်း ရော်နယ်ဒင်ဟိုက ပြောကြားလိုက်သည်။

    ဂွာဒီယိုလာမှာ ယခုနှစ်ကုန်တွင် အသင်းနှင့် သက်တမ်းမတိုးတော့ဟု ဘိုင်ယန်မြူးနစ်က ယခုတစ်ပတ်တွင် ကြေငြာခဲ့ပြီး မန်စီးတီး၊ မန်ယူနှင့် ချယ်ဆီးတို့က လာမည့်နွေရာသီတွင် ခေါ်ယူရန် ကြိုးပမ်းနေကြသည်။ ၂၀၀၈ ခုနှစ်တွင် ဂွာဒီယိုလာအား ခန့်အပ်ပြီး သိပ်မကြာခင် ဘာစီလိုနာမှ ထွက်ခွာခဲ့သည့် ရော်နယ်ဒင်ဟိုကမူ ဂွာဒီယိုလာမှာ ဘောလုံးလောကကို ဆက်လက်လွှမ်းနိုင်မည်ဟု မျှော်လင့်နေသည်။

    “ပက်ပ် (ဂွာဒီယိုလာ) ဟာ ကမ္ဘာပေါ်က ဘယ်အသင်းကိုမဆို စီမံနိုင်တဲ့ ကြီးကျယ်တဲ့နည်းပြတစ်ဦးပါ။ ပြီးတော့ သူဟာ သူငယ်ချင်းကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။” ဟု ရော်နယ်ဒင်ဟိုက Omnisport သို့ ပြောကြားခဲ့သည်။ ထို့ပြင် ဘာကာတိုက်စစ်အတွဲဖြစ်သည့် မက်ဆီ၊ နေးမာနှင့် ဆွာရက်ဇ်တို့ကိုလည် ၎င်းက ချီးကျူးခဲ့သည်။

    Ref: Goal