News @ M-Media

Tag: cambodia-muslim

  • ကမ္ဘောဒီးယားက ကမ္ဘာ့အဆင့် ဟာလာလ်အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေး ကြိုးစားနေ

    ကမ္ဘောဒီးယားက ကမ္ဘာ့အဆင့် ဟာလာလ်အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေး ကြိုးစားနေ

    ဒီဇင်ဘာ ၅၊ ၂၀၁၆
    M-Media

    cam-1
    အသားရောင်းနေသည့် ကမ္ဘောဒီးယားမွတ်စလင်အမျိုးသမီး တစ်ဦး

    – နိုင်ငံအတွင်းက စားသောက်ဆိုင်တွေ၊ အစားသောက် ထုတ်လုပ်တဲ့လုပ်ငန်းတွေကို တရားဝင် ဟာလာလ်အသိအမှတ်ပြု လတ်မှတ်ထုတ်ပေးဖို့ ကမ္ဘောဒီးယားနိုင်ငံက စီစဉ်နေပြီး မွတ်စလင်ခရီးသွားတွေ ပိုမိုဝင်ရောက်လာရေး ဆွဲဆောင်မှုတစ်ခုလည်း ဖြစ်ပါတယ်။

    လက်ရှိ ကမ္ဘောဒီးယားမှာ နိုင်ငံတကာအသိအမှတ်ပြု ဟာလာလ်စံနှုန်းတွေ မရှိသေးဘဲ၊ ကမ္ဘောဒီးယားမွတ်စလင်တွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေက အစားအသောက်ထုတ်လုပ်မှုလုပ်ငန်းမှာ ပွင့်လင်းမြင်သာ မရှိမှုအပေါ် စိတ်ပျက်နေကြပါတယ်။

    နိုင်ငံအတွင်းမှာ ဟာလာလ်စံနှုန်းတွေကို သတ်မှတ်ရမယ်ဆိုတဲ့ အမြင်တွေ ရှိနေပေမယ့် မွတ်စလင်အများစုကတော့ အစ္စလာမ့်နည်းကျ လှီးဖြတ်ပြင်ဆင်ထားတဲ့ အသားတွေအတွက် ယုံကြည်မှုတစ်ခုတည်းကိုသာ မှီခိုနေရပါတယ်။

    “ဟာလာလ်စားသောက်ဆိုင်တွေနဲ့ပတ်သက်ပြီး သိပ်စိတ်တိုင်းမကျတဲ့ ခရီးသွားတွေ တော်တော်များပါတယ်။ ဟာလာလ်တံဆိပ်ကပ်ထားတဲ့ စားသောက်ဆိုင်အချို့ ရှိပေမယ့် အစားအသောက်တွေက ဟာလာလ် မဖြစ်ပါဘူး” လို့ မွတ်စလင် ခရီးသွားတွေအတွက် အဓိက ၀န်ဆောင်မှုပေးနေတဲ့ CamTours ခရီးသွားလုပ်ငန်းက မာအို ဟာဆန်က ပြောကြားခဲ့ပါတယ်။

    ကမ္ဘောဒီးယားနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်ကို သက်ဝင်ယုံကြည်သူအရေအတွက်ဟာ ၂ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး အားလပ်ရက်မှာ ကမ္ဘောဒီးယားကို လာရောက်ကြတဲ့ မွတ်စလင်တွေအနေနဲ့ ဘယ်နေရာမှာ အစားအသောက်ရမလဲ၊ ၀တ်ပြုရမလဲဆိုတာက အခက်အခဲတစ်ခု ဖြစ်နေပါတယ်။

    cam-4
    ကမ္ဘောဒီးယားမှ ဈေးမြင်ကွင်းတစ်ခု

    ကမ္ဘောဒီးယားအစိုးရက ခရီးသွားတွေရဲ့ ဒီလိုစိတ်တိုင်းမကျမှုကို ဖြေရှင်းဖို့၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ ရရှိနိုင်ဖို့အတွက် ဟာလာလ်စံနှုန်း သတ်မှတ်ကျင့်သုံးရေး မေးလရှားက ကျွမ်းကျင်သူတွေရဲ့ ကူအညီတွေ နည်းပညာအထောက်အပံ့တွေကို ရယူဖို့ ကြိုးစားနေပါတယ်။ ပထမဆုံး ဟာလာလ်အသိအမှတ်ပြုလက်မှတ် ထုတ်ပေးမှုဟာ ၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ ဖြစ်လိမ့်မယ်လို့ ကမ္ဘောဒီးယား ကုန်သွယ်ရေးဝန်ကြီး ဆိုအွန် ဆိုဖရီက ဆိုပါတယ်။

    “ဟာလာလ် စံနှုန်းတွေ သတ်မှတ်ပြီး၊ ကောင်းကောင်းမွန်မွန် ကျင့်သုံးပြီဆိုရင်တော့ ခရီးသွားလာရေး ကဏ္ဍအတွက် အထောက်အကူပြု၊ အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်” လို့ ၀န်ကြီးက ပြောကြားခဲ့ပါတယ်။

    ဟာလာလ်အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးအတွက် အထူးကော်မတီတစ်ရပ်ကိုလည်း ကမ္ဘောဒီးယားက ဖွဲ့စည်းခဲ့ပြီး ၀န်ကြီးဌာန ၁၂ ခုနဲ့ ဥပဒေပညာရှင်များ ကောင်စီတို့က တာဝန်ရှိသူတွေ ပါဝင်ကာ ဒီနည်းစနစ်အသစ်ကို ကြီးကြပ်မှာ ဖြစ်ပါတယ်။

    ကမ္ဘောဒီးယားရဲ့ အသားထုတ်လုပ်မှုလုပ်ငန်း SLN Meat Supplies ကလည်း နိုင်ငံရဲ့ ပထမဆုံး ဟာလာလ်အသား တင်ပို့သူဖြစ်လာဖို့ မျက်စပစ်နေပါတယ်။ လက်ရှိမှာ အဲဒီကုမ္ပဏီဟာ သြစတေးလျကတင်သွင်းလာတဲ့ သားကောင်တွေကနေ အသားထုတ်လုပ်နေပြီး ဟာလာလ်လက်မှတ်နဲ့ မလေးရှား၊ အရှေ့အလယ်ပိုင်းတို့က ဒေါ်လာသန်းရှိတဲ့ ဈေးကွက်တွေကို ထိုးဖောက်ဖို့ စီစဉ်နေတာပါ။

    မွတ်စလင်နိုင်ငံတွေက ကမ္ဘောဒီးယားကို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေဟာ နည်းပါးပေမယ့် မြင့်တက်လာနေပါတယ်။ အခုနှစ် စက်တင်ဘာလအတွင်း မလေးရှားက ခရီးသွား တစ်သိန်းကျော်လောက်ဟာ ကမ္ဘောဒီးယားကို လာရောက်လည်ပတ်ခဲ့ပြီး ၂၀၁၅ ခုနှစ်ကထက်စာရင် ၂.၉ ရာခိုင်နှုန်း တက်လာတာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားက လာရောက်ဖို့ စာရင်းပေးထားသူတွေကတော့ ၂၀၀၀၀ လောက် ရှိနေပါတယ်။

    ဂျော်ဒန်၊ ဆီးရီးယားနဲ့ ယီမင်တို့အပါအ၀င် အရှေ့အလယ်ပိုင်းက ခရီးသွားတွေ ကမ္ဘောဒီးယားကို လာရောက်မှုကလည်း မြင့်တက်လာနေပြီး ၂၀၁၆ ခုနှစ်အတွင်းမှာ ၄၀၀၀ လောက် ရှိခဲ့ပါတယ်။ ကမ္ဘောဒီးယားရဲ့ ခရီးသွားလုပ်ငန်းဟာ ပြည့်စုံမှု မရှိသေးပါဘူး။

    အပြစ်ဖြစ်တယ်

    မြို့တော် ဖနွမ်ပင်မြောက်ဖက် ချမ်လူမျိုး အစ္စလာမ်ဘာသာဝင်များစု စုစည်းနေထိုင်ရာ ဒေသလေးက အသားထုတ်လုပ်မှုလုပ်ငန်းလေးဟာ သန့်ရှင်းသပ်ရပ်ပြီး ၀င်ငွေကောင်းတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ လီအာရှီတစ်ယောက် ရက်ဆေကီအိုက သူ့ရဲ့ ဆိုင်ခန်းလေးမှာ တစ်နေ့ကို ဟာလာလ်အမဲသား ၇၀ ကီလိုဂရမ်လောက် ပုံမှန် ရောင်းနေရပါတယ်။

    cam-3
    ဖနွမ်းပင်ရှိ စားသောက်ဆိုင်တစ်ခုမှ ဟာလာလ်အစားသောက် ပြင်ဆင်ထားမှု

    ဒေသခံ စားသုံးသူတွေနဲ့ မြို့ပေါ်က စားသောက်ဆိုင်တွေကို အဓိကထား ရောင်းချတာဖြစ်ပြီး၊ ကမ္ဘောဒီယားမှာ ၀ယ်ယူတဲ့ အသားတွေဟာ သေသေချာချာပြင်ဆင်ထားသလားဆိုတာကို သိရှိဖို့ ခက်ခဲတယ်လို့ သူမက ဆိုပါတယ်။

    “စိစိစပ်စပ် လိုက်ကြည့်ရင်တော့ ဟာလာလ်အသားစစ်စစ်ကို ရှာတွေ့မှာ မဟုတ်ပါဘူး။ သိပ် ဂရုမထားရင်တော့ လွယ်ပါတယ်”

    လီအာရှီက သူမအနေဖြင့် အသားယူသည့်နေရာကို ယုံကြည်စိတ်ချသည်ဟု ဆိုပြီး၊ အစိုးရက ဟာလာလ် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးမယ်ဆိုရင် အသားထုတ်လုပ်မှုလုပ်ငန်းကို အထောက်အကူဖြစ်စေလိမ့်မယ်လို့ ဆိုပါတယ်။

    အဲဒီဒေသက သားသတ်ရုံတွေဟာ နိုင်ငံရပ်ခြားအထိ တင်ပို့မယ့် ရည်မှန်းချက်မျိုးမရှိတဲ့ လုပ်ငန်းသေးသေးလေးတွေဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာ စံနှုန်းနဲ့အညီ ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတဲ့ အတွေးတွေလည်း ရှိနေပါတယ်။

    ကြက်အူချောင်း ထုတ်လုပ်သူ လီ ရိုမေဟ်ကတော့ ဟာလာလ်အစားအသောက်နဲ့ပတ်သက်ပြီး စားသုံးသူတွေကို လှည့်ဖျားတာဟာ ကြီးလေးတဲ့အပြစ်ဖြစ်ပြီး သူ့အနေနဲ့ကတော့ ကိုယ့်ရဲ့လုပ်ငန်းအတွက် ကိုယ်ပိုင် စည်းမျဉ်းစည်းကမ်းတွေက လုံလောက်တယ်လို့ ဆိုပါတယ်။

    ကမ္ဘောဒီးယားမွတ်စလင်တွေ အပြင်ထွက်ပြီး စားသောက်ဆိုင်တွေမှာ စားသုံးဖို့ဆိုတာဟာ စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်။ ဒါပေမယ့် စားသုံးသူတစ်ချို့က ဟာလာလ် အသိအမှတ်ပြုလက်မှတ်ထက် စားသောက်ဆိုင်ရဲ့ပိုင်ရှင်ကို သိရေး ပိုပြီး အလေးထားကြပါတယ်။

    “စာဖိုမှူးက မွတ်စလင်ဆိုရင် ဟာလာလ် ဟုတ်လား၊ မဟုတ်လား စိုးရိမ်မနေတော့ပါဘူး။ မွတ်စလင်စာဖိုးမှူး ချက်တယ်လို့ သိပြီဆိုတာနဲ့ ကျွန်တော် ထပ်ပေးစရာ မလိုတော့ပါဘူး” လို့ ပနွမ်ပင်က ဟာလာလ်စားသောက်ဆိုင်တစ်ခုမှာ စားသောက်နေတဲ့ အွန်မလီက ဆိုပါတယ်။

    “အေးဆေးပဲဗျ။ မွတ်စလင်စားဖိုမှူးကို ကျွန်တော်တို့ယုံတာကြောင့် လက်မှတ်တွေဘာတွေ၊ တံဆိပ်တွေဘာတွေ မလိုတော့ပါဘူး” လို့ အတူတူစားနေတဲ့ လီအေမင်ကလည်း ထောက်ခံခဲ့ပါတယ်။

    ဟာလာလ်စားသောက်ဆိုင်က စားဖိုမှူး မတ်ဆေးနင်ကတော့ သူ့ရဲ့ ဖောက်သည်အများစုဟာ နိုင်ငံရပ်ခြား ခရီးသွားတွေ ဖြစ်ပြီး၊ ဒါ့ကြောင့်ပဲ ဟာလာလ်အသိအမှတ်ပြုလက်မှတ်က သူ့အတွက် အထောက်အကူဖြစ်စေမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်မယ့် မရှိမဖြစ်အရာလို့တော့ သူက မထင်ပါဘူး။

    “ကျွန်တော်ကိုယ်တိုင်က မွတ်စလင်ဖြစ်နေတာကြောင့် လက်မှတ်တွေဘာတွေက သိပ်အရေးမကြီးပါဘူး။ ကျွန်တော်က ဟာလာလ်အစားအသောက်ပဲ ချက်တယ်ဆိုတာ လူတွေကသိတယ်။ ဒီအလုပ်ကို ကျွန်တော်လုပ်လာတာ ကြာပါပြီး။ ဖောက်သည်လျော့သွားတယ်ဆိုတာ မရှိပါဘူး”

    ဒေသခံများက ဒီလိုအခြေအနေမျိုးနဲ့ အဆင်ေပြေမယ့် ကမ္ဘာလှည့်ခရီးသွားတွေအကြား ရှိနေတဲ့ လစ်ဟာမှုတစ်ခုကိုတော့ ဟာလာလ်အသိအမှတ်ပြုလက်မှတ်က ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။

    Ref: Channelnewsasia

  • ကမ္ဘောဒီးယား၏ အကြီးဆုံးဗလီကို ၀န်ကြီးချုပ်ဟန်ဆန် တက်ရောက် ဖွင့်လှစ်ပေး

    ကမ္ဘောဒီးယား၏ အကြီးဆုံးဗလီကို ၀န်ကြီးချုပ်ဟန်ဆန် တက်ရောက် ဖွင့်လှစ်ပေး

    မတ် ၂၈၊ ၂၀၁၅
    M-Media
    1241
    – ကမ္ဘောဒီးယားနိုင်ငံ မြို့တော်ဖနွမ်းပင်မှာရှိတဲ့ နိုင်ငံရဲ့ အကြီးဆုံးဗလီဖြစ်တဲ့ အလ်ဆာကဲလ် ဗလီဝတ်ကျောင်းတော်ကြီး ဖွင့်ပွဲအခမ်းအနားမှာ ၀န်ကြီးချုပ် ဟန်ဆန်ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။

    အဲဒီဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီဗလီဝတ်ကျောင်းကြီးဟာ နိုင်ငံအတွင်း ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်မှုကို ဖော်ကျူးနေတာဖြစ်တယ်လို့ ၀န်ကြီးချုပ်က ဆိုပါတယ်။

    “ကမ္ဘောဒီးယားမှာ အယူဝါဒပေါင်းစုံ၊ ဘာသာပေါင်းစုံက လူတွေဟာ ငြိမ်းချမ်းစွာနဲ့ သဟဇာတဖြစ်စွာ အတူတကွ နေထိုင်ကြတယ် ဆိုတဲ့ ကောင်းမွန်တဲ့ သမိုင်းကြောင်း ရှိပါတယ်။ ဘာသာရေးနဲ့ပတ်သက်လို့ ပဋိပက္ခတွေ ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။ ကမ္ဘောဒီယားဟာ မွတ်စလင်ပြည်သူတွေကို လူမှုလုပ်ငန်းတွေမှာ မျှမျှတတ ဆက်ဆံပါတယ်” လို့ ၀န်ကြီးချုပ် ဟန်ဆန်က ဖွင့်ပွဲအခမ်းအနားမှာ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
    129
    ယဉ်ကျေးမှုနဲ့ သာသနာရေးဝန်ကြီး မင်ခင်က နှစ်ထပ်ဆောင်ဖြစ်တဲ့ ဒီဗလီဝတ်ကျောင်းတော် ဆောက်လုပ်မှုအတွက် ကန်ဒေါ်လာ ၂.၉ သန်းလောက် ကုန်ကျတယ်လို့ ဆိုပါတယ်။

    “ဒီဗလီဝတ်ကျောင်းတော် ဖွင့်လှစ်နိုင်ခြင်းဟာ ကမ္ဘောဒီးယားမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှု ရှိတယ်ဆိုတာကို ပြသလိုက်တာပါပဲ။ ပြီးတော့ ဒီလွတ်လပ်ခွင့်ဟာ အခြားသော ယုံကြည်ချက်တွေနဲ့ ဘာသာတရားတွေကို မထိခိုက်ဘူးဆိုရင် ဘာသာရေးလှုပ်ရှားဆောင်ရွက်မှုအားလုံးကို နိုင်ငံတော်က အာမခံပေးထားပါတယ်” လို့ မင်ခင်က ပြောကြားခဲ့ပါတယ်။

    ကမ္ဘောဒီးယားမွတ်စလင်လူ့အဖွဲ့အစည်းရဲ့ နာမ်ပိုင်းဆိုင်ရာ ခေါင်းဆောင်ဖြစ်တဲ့ အွတ်စ်မန် ဟာဆန်က ၀န်ကြီးချုပ်ကိုယ်တိုင် တက်ရောက်လာတာဟာ နိုင်ငံတော်ရဲ့ ဗုဒ္ဓဘာသာအပြင် အခြားသော ဘာသာတရားတွေအပေါ်မှာ ကမ္ဘောဒီယားအစိုးရက မျှမျှတတ ဆက်ဆံတယ်ဆိုတာ ပြသလိုက်တာပဲလို့ ပြောကြားခဲ့ပါတယ်။

    ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ခမာမွတ်စလင် အရေအတွက်ဟာ ၆ သိန်းလောက်ရှိတယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။

    ref:Xinhua
    Photo: Chim Nary

    1251 126 127 128