ဇန်န၀ါရီ ၂၈၊ ၂၀၁၆
M-Media
– အေစီမီလန်အသင်း၏ တိုက်စစ်မှူဟောင်း အလက်ဇန်ဒရို ပါတိုအား ချယ်ဆီးအသင်းက ၆ လ အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်သည်ဟု သိရသည်။
လူငယ်ဘ၀က အေစီမီလန်အသင်းတွင် အောင်မြင်ခဲ့သည့် ဘရာဇီးလ်တိုက်စစ်မှူး ပါတိုမှာ နောက်ပိုင်းတွင် ခြေစွမ်းကျဆင်းမှုကြောင့် ဘရာဇီးကလပ် ကိုရင်သီယန်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး လက်ရှိအချိန်တွင် ဆော်ပေါ်လိုအသင်းတွင်ကစားကာ ခြေစွမ်း ကောင်းများကို ပြန်လည်ပြသနေသည်။
အသက် ၂၆ နှစ်အရွယ်ရှိ ပါတိုမှာ ယမန်နေ့က လန်ဒန်သို့ ရောက်ရှိလာခဲ့ပြီး ဆေးစစ်မှုများ ပြုလုပ်နေကာ ယနေ့တွင် ချယ်ဆီးအသင်းနှင့် အပြီးသတ်စာချုပ် ချုပ်ဆိုသွားမည်ဖြစ်သည်။
“သိပ်ပျော်ပါတယ်။ ဒီကို ကျွန်တော့်ရဲ့ အိပ်မက်အတွက် ရောက်လာတာပါ။ ချယ်ဆီးဟာ ကျွန်တော့်ရဲ့ အိုးသစ်အိမ်သစ်ပါပဲ။ ချယ်ဆီးပရိတ်သတ်တွေကို ကျေးဇူးတင်ပါတယ်။ Instagram၊ Twitter နဲ့ Facebook က ကျွန်တော့်ရဲ့ ပရိတ်သတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု လန်ဒန်သို့ရောက်ရှိပြီးနောက် ပါတိုက ပြောကြားခဲ့သည်။
ပါတိုမှာ ချယ်ဆီးနည်းပြ ဂူဟစ်ဒင့်၏ ဇန်န၀ါရီတွင် ပထမဆုံးခေါ်ယူသော ကစားသမားလည်းဖြစ်သည်။
Ref: ESPN