News @ M-Media

Tag: CIA

  • ဆော်ဒီ၏ ဖုန်းခေါ်ဆိုမှုပေါင်းအကြိမ် သန်း (၇၈၀၀) ကို CIA မှ ဖြတ်ယူ နားထောင်ခဲ့

    အောက်တိုဘာ- ၂၈၊ ၂၀၁၃
    M-Media

    KSA-victimed-of-spy

    ဆော်ဒီအာရေဗျရှိ ဖုန်းခေါ်ဆိုပြောကြားမှုပေါင်း အကြိမ် သန်း(၇၈၀၀) ကို CIA မှ ကြားဖြတ် ထောက်လှမ်း နားထောင်ခဲ့သည်ဟု Cryptome မှ ထုတ်ဖော်ပြောကြားသဖြင့် အမေရိကန်ထောက်လှမ်းရေး အစီအစဉ် အပေါ် အငြင်းပွားဖွယ်ရာများ ဆက်လက်ဖြစ်ပေါ်နေသည်။ Cryptome သည် အမေရိကန်နိုင်ငံမှ ဖန်တီးထားသော လျှို့ဝှက်အချက်အလက်များ သိမ်းဆည်းသိုမှီးထားရာ ဒီဂျစ်တယ် ဘဏ်တိုက်ကြီးဖြစ်၏။

    ပြည်တွင်းရေးကိစ္စများကို ဦးတည်ပစ်မှတ်ထားခဲ့သည်မှာ ဆော်ဒီအာရေဗျသာမဟုတ်၊ အရှေ့အလယ်ပိုင်းနှင့်အာရှ နိုင်ငံအများအပြားလည်း ပါဝင်သည်ဟု Cryptome မှဆိုသည်။

    ဆော်ဒီအာရေဗျ၏ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာကော်မရှင် CITC – Communications & Information Technology Commission of Saudi Arabia ကမူ ထိုအကြောင်းနှင့်စပ်လျဉ်း၍ တရားဝင်ပြောကြားခြင်း မရှိသေးချေ။

    သို့သော် ဆက်သွယ်ရေးလုပ်ငန်း၌ အကြီးတန်း အိုင်တီပညာရှင်အဖြစ် ဆောင်ရွက်နေသူ R. K. Hussain က “ အဲ့ဒီလို ဖုန်းခေါ်ဆိုမှုကိုကြားဖြတ် နားထောင်စောင့်ကြည့်တာဟာ ကျင့်ဝတ်နဲ့ မညီသည့်တိုင် အမေရိကန်အပါအ၀င် နိုင်ငံတော်တော်များများရဲ့ ထောက်လှမ်းရေး အဖွဲ့တွေက ပုံမှန်ပြုလုပ်နေလေ့ ရှိပါတယ်။ အမေရိကန်ကိုဖြတ်သန်းတဲ့ နိုင်ငံတကာခေါ်ဆိုမှု လမ်းကြောင်းအများအပြား ဦးတည်ခံရတယ်။ ဘာကြောင့်လဲဆိုတော့ ဈေးနှုန်းချိုသာပြီး ဆက်သွယ်ရလွယ်ကူလို့ပါပဲ ” ဟု ပြောဆိုခဲ့သည်။

    ဖုန်းခေါ်ဆိုမှုများ၊ အီးမေးလ်များနှင့် ၀င်းဒိုး ချက်တင်များမှာ ဈေးချိုသာလွန်းသည့် အတွက် အေဂျင်စီအတွက် ထောက်လှမ်းစောင့်ကြည့်ရန် လွယ်ကူနေစေသည်။ “ ဒါပေမယ့် ဖုန်းပြောဆိုမှုစောင့်ကြည့်တာ၊ ကြားဖြတ် နားထောင်တာကို ကာကွယ်ပေးနိုင်တဲ့ ကိရိယာတွေရှိပါတယ်။ အဲ့ဒါနဲ့ ပေါက်ကြားမှု မဖြစ်အောင် အသုံးချနိုင်ပါတယ် ” ဟုလည်း ၄င်က ပြောပြသည်။

    ဆော်ဒီအာရေဗျ၊ ဂျော်ဒန်၊ အီရတ်၊ အီဂျစ်၊ အီရန်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန် အပါအ၀င် ကမ္ဘာတစ်ဝှန်းအတိုင်းအတာအရ ၂၀၁၃ ခုနှစ် ဇန္န၀ါလအတွင်း အမေရိကန်မှဖောက်ထွင်းထောက်လှမ်းမှုမှာ ၁၂၄.၉ ဘီလီယံဝန်းကျင် ရှိခဲ့ကြောင်း Cryptome ၀က်ဘ်ဆိုက်မှ ဆိုသည်။

    သတင်းများအရ အီဂျစ်ကိုဦးတည်သည့်အကြိမ်ရေပေါင်း ၁.၉ ဘီလီယံ၊ ဂျော်ဒန်ကို ၁.၆ ဘီလီယံ၊ အီရတ်ကို ၇.၈ ဘီလီယံ၊ အီရန်ကို ၁.၇၃ ဘီလီယံ၊ ပါကစ္စတန်ကို ၁၂.၇၆ ဘီလီယံ အသီးသီးရှိပြီး အကြီးမားဆုံးမှာ အာဖဂန်နစ္စတန် ဖြစ်ပြီး ၂၁.၉၈ ဘီလီယံ ရှိခဲ့သည်။

    ဖုန်းဆက်သွယ်မှုပေါင်း တစ်ဘီလီယံအထက် စောင့်ကြည့်ခံရသည့်နောက်ထပ်နိုင်ငံမှာ အိန္ဒိယဖြစ်ကြောင်း မှတ်တမ်းများကဖော်ပြနေသည်။

    CIA အမေရိကန်မှ အထူးမူဝါဒချမှတ်သူများအတွက် နိုင်ငံတော်လုံခြုံရေးကိုတာဝန်ယူထားရသည့် သီးခြားအဖွဲ့အစည်း တစ်ခုဖြစ်သည်။

    Ref:Arab News

    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြလိုသူများ M-Media  ၏ ခွင့်ပြုချက်လိုအပ်မည်ဖြစ်သည်။

    ဆက်သွယ်ရန် [email protected]

  • အမေရိကန် အစိုးရဲ့ လျို့ဝှက်သတင်းများကို ကမ္ဘာပြည်သူများကို ဖွင့်ပြလိုက်ကြသူ အချို့အကြောင်း

    ၂၃- ဇွန် ၂၀၁၃
    M-Media

    Edward Snowden

    Edward Snowden

    Snowden သည် အမေရိကန်နိုင်ငံ CIA(Central Intelligence Agency) နှင့် NSA(National Security Agency) တို့၏ နည်းပညာပိုင်းဆိုင်ရာ လက်ထောက် ဖြစ်ပါသည်။
    Snowden သည် NSA ၏ မိုဘိုင်းဖုန်းများ၊  အီးမေးလ်များ နှင့် google , facebook , Apple နှင့် အခြားသော အင်တာနက် company များအား စောင့်ကြည့်လေ့လာမှု များကို ပေါက်ကြားစေလိုက်သူဖြစ်ပါသည်။
    “ကျွန်တော်ကတော့ ကျွန်တော်ချစ်တဲ့ကမ္ဘာကို ဒီလို မျိုး လျှို့ဝှက်စွာ ကြံစည်မှုတွေ၊ မမျှတတဲ့ ပိုင်းခြားမှုတွေ နဲ့ လက်ဝါးကြီးအုပ်ချင်လွန်းနေတဲ့ အကြောင်းတွေကို ခဏဖြစ်ဖြစ်ဖော် ထုတ်လိုက်တာနဲ့တင် ကျေနပ်ပါတယ်”  ဟု Snowden က ပြောခဲ့ပါသည်။

    Bradley Manning

    Bradley Manning

    Bradley Manning သည် အီရတ်စစ်အခြေစိုက်စခန်း၏ အမေရိကန် စစ်ထောက် လှမ်းရေး တစ်ဦးဖြစ်သည်။
    Manning သည် လျှို့ဝှက် စာတမ်း ခုနှစ်သိန်းနှစ်သောင်းကို WikiLeaks ဆီ ဖွင့်ချလိုက်ပါသည်။ ယခုကဲ့သို့ပေါက်ကြားစေရာတွင် အမေရိကန် စစ်အာဏာပိုင်တို့၏ ရေးသား ထားသော ထိပ်တန်း data တွေပါရှိပါသည်။ သူသည် ယခုလို ပေါက်ကြားစေမှုဖြင့် အမှုများရင်ဆိုင်နေရပြီး အကယ်၍ ထောင် ကျမည်ဆိုပါက (၁၅၄) နှစ် ကျနိုင်ဖွယ်ရာရှိပါသည်။
    “ဒီမကောင်းတဲ့ Server တွေ၊ logging တွေ ၊ မကောင်းဆိုးဝါး physical security တွေ၊ ဒီလို စည်းကမ်းမရှိလေ့လာစောင့်ကြည့်တာတွေ ၊ ဒါတွေအားလုံးအတွက် ကျွန်တော့်လုပ်ရပ်ကတော့ ပြင်းထန် တဲ့ မုန်တိုင်းတစ်ခုလိုပါပဲ ” ဟု Manning က ဆိုပါသည်။

    Joe Darby

    Joe Darbyတပ်ကြပ် Joe Darby သည် အမေရိကန် လက်နက်ကိုင်စစ်သားတစ်ဦးဖြစ်သည်။

    Darby သည် အီရတ်နိုင်ငံ ဘဂ္ဂဒါတ်မြို့ အနီး Abu Ghraib အကျဉ်းထောင် အတွင်း အမေရိကန်စစ်သားများက အီရတ်အကျဉ်းသားများအား လူသားချင်းမစာနာ မတရား ညှင်းပန်းနှိပ်စက်နေသော ဓါတ်ပုံများကို ဖော်ထုတ် ပြသလိုက်သူဖြစ်သည်။

    ” ကျွန်တော်သိပါတယ် ကျွန်တော့်လုပ်ရပ်အတွက်လူအချို့ သဘောကျမှာမဟုတ်ဘူး၊ တချို့ကလည်း ကျွန်တော်မှားလား မှန်လားဆိုတာ ခွဲနိုင်မှာမဘူး ၊ သူတို့ကတော့ အမေရိကန်စစ်သားတွေနဲ့ အီရတ်အကျဉ်းသားတွေကိုသာ နေရာချင်းလဲကြည့်ရင်ကောဆိုပြီး တစ်မျိုးတွေးကြဦးမှာပါ။”  ဟု Darby ကပြောပါသည်။

    Jeffrey Wigand

    Jeffrey WigandJeffrey Wigand သည် Brown and Williamson စီးကရက် company ၏ သုတေသန ဖွံ့ဖြိုးရေး ဌာ န ဒုတိယ ဥက္ကဌ ဖြစ်ပြီး ဆရာလည်း ဖြစ်သည်။

    (၁၉၉၆) ခုနှစ်တွင် ဆေးရွက်ကြီး company များကို သွားရောက်လေ့လာရာမှ စီးကရက်သည် စွဲလမ်းစေသောအရာဖြစ်ပြီး အဆုတ်ကင်ဆာကို ဖြစ်စေနိုင်ကြောင်း သိသော်လည်း အစိုးရအနေဖြင့် လူထု အတွင်းဖော်ပြရာတွင် မှားယွင်းစွာဖော်ပြခဲ့သည်။ သူသည် ၄င်းအဖြစ်အပျက်များကို The Insider ဆိုသော ရုပ်ရှင်ရိုက်ကူးကာ ထိုရုပ်ရှင်သည် အော်စကာဆန်ကာတင်စာရင်းဝင်ခဲ့သည်။

    “ကျွန်တော့်ကို သူရဲကောင်းဆိုပြီး လူတွေက ချီးကျူးကြမှာပါ၊ ဒါပေမယ့် သူဒီလိုလုပ်လို့ ဒီလိုပြန်ခံရတယ်လို့ ဆိုတာကိုတော့ လက်မခံပါဘူး၊ ကျွန်တော် က မှန်တာ ကို လုပ်ခဲ့တာပါ၊ ဒါ့အတွက်နောင်တမရပါဘူး၊ မှန်တာကိုပဲ ကျွန်တော် ဆက်လုပ်သွားမှာပါ” ဟု Wigand က ဆိုပါသည်။

    W.Mark Felt

    MarkFeltW.Mark Felt သည် FBI (Federal Bureau of Investigation) ၏ တွဲဖက် ဒါရိုက်တာတစ်ဦးဖြစ်ပါသည်။

     သူသည် သတင်း Bob Woodward နှင့် Carl Bernstein တို့အား ကူညီ၍  သမ္မတ Richard Nion ၏ Watergate တွင်ကျင်းပသော လွှတ်တော် အစည်းအဝေး ၌ တရားမ၀င် ဖုန်းခိုးနားထောင်သော အဖြစ်အပျက်များကို ပေါက်ကြားစေခဲ့သူဖြစ်သည်။

    “ကျွန်တော် ကို သူတို့က တော့ သတင်းပေါက်ကြားအောင် လုပ်တဲ့  ယောက်ကျားမဆန်တဲ့လူလို့ ခေါ်ကြမှာပါ” ဟု Felt က ဆိုပါသည်။

    Daniel Ellsberg

    Daniel EllsbergDaniel Ellsberg သည် RAND ကော်ပိုရေးရှင်းအတွက် အမေရိကန်စစ်ထောက် လှမ်းရေးအရာရှိတစ်ဦးဖြစ်သည်။
    (၁၉၆၄) ခုနှစ်တွင် “ကျွန်ုပ်တို့သည် စစ်ပွဲအလိုမရှိ” ကြေညာသော်ငြားလည်း  (၁၉၇၁) ခုနှစ် သမ္မတ Lyndon Johnson က ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကို ဗုံးကျဲရန် Pentagon စစ်ဌာ နချုပ်၏  အစီအစဉ်များကို ပေါက်ကြားစေခဲ့သူဖြစ်သည်။
    အမေရိကန် တရားရုံးချုပ်ကမူ ယခုလို လျှို့ဝှက် စာရွက်စာတမ်းများကို  ထိန်းသိမ်းထား ခဲ့သည်။

    “ကျွန်တော် အမေရိကန် နိုင်ငံသားတစ်ယောက်ဖြစ်တယ်၊ တာဝန်သိတဲ့ ပြည်သူတစ်ယောက်အနေနဲ့ အခြားပြည်သူတွေဆီကို ဒီသတင်းတွေပေးဖို့ ဘာမှ ဖုံးကွယ် စရာမလိုပါဘူး” ဟု၎င်းက ဆိုပါသည်။        ။

    Ref: gulfnews

  • ပါကစ္စတန်မှာ ကာကွယ်ဆေး ဟန်ပြထိုးပြီး ဘင်လာဒင် ရဲ့ DNA ကို စီအိုင်အေ ရယူခဲ့

    အမေရိကန် စီအိုင်အေနှင့် နေဗီ ဆီးလ် အဖွဲ့တို့မှ အိုစမာ ဘင်လာဒင် ကို ရှင်းလင်းနိုင်ခဲ့တဲ့အပေါ် ယဉ်ကျေးတဲ့ ကမ္ဘာ့အသိုင်းအ၀ိုင်းက ချီးကျုးခဲ့ကြသည်။ သို့သော် ပါကစ္စတန် အဘော့တ်တဘဒ် မြို့ကြီးမှာ  ကလေးတွေကို အသည်းရောင် ဘီပိုး ကာကွယ်ဆေး ဟန်ပြထိုးရင်း၊ စီအိုင်အေက အကြံအဖန် လုပ်ခဲ့တဲ့ သတင်း ယခုရက်ပိုင်းထွက်လာတော့  ၀ိုင်းဆဲလာကြသည်။

    ဘင်လာဒင်ရဲ့ DNA ရဖို့အတွက် အမေရိကန်နှင့် ပါကစ္စန် ကျန်းမာရေးအဖွဲ့တွေ ပူးပေါင်းပြီး အဘော့တ်တဘဒ် တစ်မြို့လုံးမှ ကလေးတွေကို ၂၀၀၇ ခုနှစ်မှာ ဘီပိုး ကာကွယ်ဆေး ထိုးပေးခဲ့သည်။ အိုစမာရဲ့ ခြံဝင်းထဲက ကလေးတွေကိုလည်း ကာကွယ်ဆေး ထိုးပေးပြီး၊ ဘင်လာဒင့်ရဲ့ DNA နှင့် သူ့ကလေးတွေရဲ့ အသံကို ရယူဖို့ ကြိုးစားခဲ့ခြင်း ဖြစ်သည်။ (more…)