News @ M-Media

Tag: CNN

  • ဒုက္ခသည်များကို စာနာသော မှတ်ချက်ကြောင့် CNN ၀န်ထမ်းတစ်ဦး အလုပ် ယာယီရပ်နားခံရ

    ဒုက္ခသည်များကို စာနာသော မှတ်ချက်ကြောင့် CNN ၀န်ထမ်းတစ်ဦး အလုပ် ယာယီရပ်နားခံရ

    နိုဝင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    cnn

    – ဒုက္ခသည်များကို စာနာကြောင်း ဆိုရှယ်မီဒီယာတွင် မှတ်ချက်ရေးသားမိသောကြောင့် နာမည်ကျော် အမေရိကန် သတင်းအေဂျင်စီ CNN သတင်းဌာနမှ ၀န်ထမ်းအမျိုးသမီးတစ်ဦးမှာ ၂ ပတ်တာ အလုပ် ရပ်နားခံလိုက်ရသည်ဟု သိရသည်။

    CNN ၏ နိုင်ငံခြားရေးရာ သတင်းထောက် အီလီစီ ဘာဘော့တ်ဆိုသူဖြစ်ပြီး အီရတ်နှင့် ဆီးရီးယားတို့ကဲ့သို့ စစ်ဖြစ်ပွားနေသော နိုင်ငံများမှ ဒုက္ခသည်များကို အမေရိကန်သို့ ၀င်ရောက်ခွင့်ပိတ်ပင်သည် မူကြမ်းတစ်ခုအား အမေရိကန်အောက်လွှတ်တော်မှ အတည်ပြုပြီးနောက်ပိုင်း ထိုကိစ္စကို ဆန့်ကျင်ကာ ဒုက္ခသည်များအား စာနာသည့် မှတ်ချက် ရေးသားခဲ့ခြင်းဖြစ်သည်။

    “အောက်လွှတ်တော်က ဆီးရီးယားဒုက္ခသည်တွေကို ကန့်သတ်တဲ့ မူကြမ်းတစ်ခုကို အတည်ပြုခဲ့တယ်။ လေဘာတီ ရုပ်ထုကြီးကတော့ ခေါင်းငိုက်စိုက်ကြပြီး ၀မ်းနည်းကြေကွဲနေတော့မှာပါပဲ” ဟူသော မှတ်ချက်ဖြင့် ယမန်နေ့က မူကြမ်းပြဌာန်းလိုက်သော သတင်းကို နိုဝင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းတွင် သူမ၏ Twitter စာမျက်နှာမှတစ်ဆင့် မျှဝေခဲ့ခြင်းဖြစ်သည်။

    CNN မှာ ကိုယ်ပိုင်အမြင်ကို ဖော်ပြသောကြောင့် ၀န်ထမ်းများအား တာဝန်ရပ်ဆိုင်းခြင်းမှာ မရှိသလောက်ရှားသည်။ ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှုပြီးနောက် အခင်းဖြစ်ပွားသည့်နေရာမှ တိုက်ရိုက်ထုတ်လွှင့်သည့် အစီအစဉ်တွင် CNN ၏ အမျိုးသားလုံခြုံရေး အစီအစဉ်ကြေငြာသူ မိုက်ရော်ဂျာက တိုက်ခိုက်မှုမှာ ယခုနှစ်တွင်မှ ပြင်သစ်သို့ ၀င်ရောက်လာသည့် ဆီးရီးဒုက္ခသည်များ၏ လက်ချက်ဟု မဟုတ်မမှန် ထည့်သွင်းပြောကြားခဲ့သည်။

    ၎င်းမှာ မီချီဂန်ပြည်နယ်အတွက် ရီပက်ဘလစ်ကန်ပါတီ ကိုယ်စားပြု အထက်လွှတ်တော်အမတ်ဟောင်းဖြစ်ပြီး ၂၀၀၂ ခုနှစ်က အီရတ်နိုင်ငံအပေါ် ကျူးကျော်တိုက်ခိုက်ရေး သမ္မတဘုရှ်အား လုပ်ပိုင်ခွင့်ပေးရန် မဲပေးခဲ့မှုအတွက် နာမည်ဆိုးဖြင့် ကျော်ကြားသူတစ်ဦးလည်း ဖြစ်သည်။

    CNN မှ အခြားသော နာမည်ကြီး သတင်းတင်ဆက်သူများဖြစ်သည့် ၀ုလ်ဖ် ဘလစ်ဇာနှင့် ဒွန်လီမွန်တို့ကလည်း ရော်ဂျာ၏ ပြောကြားမှုအတိုင်း သံယောင်လိုက်ခဲ့သည်။

    သို့သော်လည်း နောက်ပိုင်းတွင် ပြင်သစ်တိုက်ခိုက်မှု၌ ပါဝင်ခဲ့သူအားလုံးမှာ ဥရောပသားများဖြစ်ကြသည်ကို တွေ့ခဲ့ရသည်။

    Ref: US Uncut