News @ M-Media

Tag: Crystal Palace

  • ပရီးမီးယားလိဂ်မှာ စံချိန်သစ်တင်ချင်နေတဲ့ အဒီဘာယော

    ပရီးမီးယားလိဂ်မှာ စံချိန်သစ်တင်ချင်နေတဲ့ အဒီဘာယော

    ဇန်န၀ါရီ ၂၇၊ ၂၀၁၆
    M-Media

    bayor

    – ပရီးမီးယားလိဂ်တွင် ဂိုးအများဆုံးသွင်းယူသူ အာဖရိက ကစားသမားအဖြစ် စာရင်းဝင်သည့် ဒရော့ဘာ၏ စံချိန်ကို ချိုးဖျက်ရန် ဆန္ဒရှိနေသည်ဟု ခရစ္စတယ်ပဲလေ့စ်၏ တိုက်စစ်မှူးသစ် အီမန်နျူယဲလ် အဒီဘာယောက ပြောကြားလိုက်သည်။

    အာဆင်နယ်၊ မန်စီးတီနှင့် စပါးအသင်းတို့၏ တိုက်စစ်မှူေးဟောင်း အဒီဘာယောမှာ ယမန်နေ့က ခရစ္စတယ်ပဲလေ့စ်အသင်းသို့ ရာသီကုန်စာချုပ်ဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ဒရော့ဘာမှာ ပရီးမီးယားလိဂ်တွင် ၁၀၄ ဂိုးသွင်းထားကာ ဂိုးအများဆုံးသွင်းသည့် အာဖရိက ကစားသမား ဖြစ်နေပြီး အဒီဘာယောကမူ ထိုစံချိန်ကို ချိုးဖျက်ရန် ၈ ဂိုးသာလိုတော့သည်။

    “အခုအချိန်အထိ ဘောလုံးလောကမှာ ရရှိခဲ့တဲ့အောင်မြင်မှုတွေအတွက် ကျွန်တော် တော်တော်လေး ကျေနပ်ပါတယ်။ ဘယ်လောက်ပဲနှစ်တွေကြာကြာ တိုဂိုက တိုဂိုပါပဲ။ ကျွန်တော်ဟာ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရတဲ့ ပြီးတော့ ဂိုးတွေ ဒီလောက်သွင်းခွင့်ရတဲ့ တစ်ဦးတည်းသော တိုဂိုကစားသမားပါပဲ။ ဒ့ါကြောင့် ဒါနဲ့ပတ်သက်ပြီး ကျွန်တော် ပျော်ရွှင်မိပါတယ်။ တကယ်လို့ (ဒရော့ဘာရဲ့စံချိန်ကို) ချိုးနိုင်မယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ ကစားသမားဘ၀တစ်လျှောက် အကောင်းဆုံးသောအရာ ဖြစ်မှာပါ။ မချိုးနိုင်ရင်လည်း ကျွန်တော် ဆက်ပြီး ပျော်ရွှင်နေမှာပါပဲ။ တိုက်စစ်မှူးတစ်ယောက်အတွက် အရေးကြီးဆုံးက ဂိုးတွေသွင်းဖို့ပါပဲ” ဟု အဒီဘာယောက ပြောကြားခဲ့သည်။

    အဒီဘာယောမှာ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလမှစ၍ ပရီးမီးယားလိဂ်တွင် ၁၇ မိနစ်သာ ကစားထားသောကြောင့် ၎င်း၏ ကြံ့ခိုင်မှုနှင့်ပတ်သက်၍ စိုးရိမ်မှုများ ရှိနေသည်။

    Ref : Goal

  • ခြေစွမ်းပြနိုင်သည့် တိုက်စစ်မှူးသစ် ဆာခိုအား ပါဂျူး ချီးကျူး

    ခြေစွမ်းပြနိုင်သည့် တိုက်စစ်မှူးသစ် ဆာခိုအား ပါဂျူး ချီးကျူး

    သြဂုတ် ၃၀၊ ၂၀၁၅
    M-Media

    dako

    – ယခုနှစ်မှ ရောက်ရှိလာခဲ့သည့် တောင်ပံကစားသမားသစ် ဘေကရီ ဆာခိုအား ခရစ္စတယ်ပဲလေ့စ်နည်းပြ အလန်ပါဂျူးက ချီးကျူးလိုက်ပြီး ၎င်းမှာ အသင်းအား အသွင်တစ်မျိုးဖြစ်စေခဲ့သည်ဟု ပြောကြားခဲ့သည်။

    မာလီကစားသမား ဆာခိုမှာ ချန်ပီယံရှစ်အသင်းဖြစ်သော ၀ုလ်ဗ်မှ ခရစ္စတယ်ပဲလေ့စ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အသင်းနှင့် အလျင်အမြန် အထိုင်ကျခဲ့ကာ ပြီးခဲ့သည့်တစ်ပတ် အက်စတွန်ဗီလာပွဲနှင့် ယခုတစ်ပတ် ချယ်ဆီးအပေါ် သမိုင်းဝင်နိုင်ပွဲတို့တွင် ခြေစွမ်းပြကာ တစ်ဂိုးစီ သွင်းယူပေးခဲ့သည်။

    ပါဂျူးကမူ ဆာခိုအား ချီးကျူးခဲ့ပြီး ၎င်းမှာ ဂိုးပေါက်ခြိမ်းခြောက်မှုနှင့် ဂိုးကန်သွင်းမှုများတွင် အသင်းရှိ အခြားသောတိုက်စစ်မှူးများထက်ပို၍ ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်နေသည်။

    “သူက ကျွန်တော်တို့အတွက် တကယ့် အင်အားတစ်ခုပါ။ (ပြီးခဲ့တဲ့တစ်ပတ်) အက်စတွန်ဗီလာပွဲနဲ့ ချယ်ဆီးပွဲတွေမှာ သူမပါဘဲ ကျွန်တော်တို့ အနိုင်မရနိုင်ပါဘူး။ သူကစားတဲ့ပုံစံကို ကြည့်တာနဲ့ သူဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ အံကိုက်ပဲလို့ ကျွန်တော်တို့ ခံစားရပါတယ်။ ဒါပေမယ့် သူက ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ပြီး ကျွန်တော်တို့ အမြဲတမ်း အဲဒီလို မလုပ်နိုင်ခဲ့ပါဘူး။ ဇာဟာနဲ့ ဘိုလာစီတို့ဟာ
    ဂိုးလုံလုံလောက်လောက် ရကြပါဘူး။ ဒါပေမယ့် သူ(ဆာခိုက)ကတော့ ရပါလိမ့်မယ်” ဟု ပါဂျူးက ပွဲအပြီးတွင် ချီးကျူးခဲ့သည်။

    ဆာခိုမှာ ချယ်ဆီးအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ယမန်နေ့ပွဲတွင် ဒုတိယပိုင်း မိနစ် ၆၀ ကျော်၌ အသင်းအတွက် အဖွင့်ဂိုးသွင်းပေးခဲ့ပြီး ပွဲပြီးကာနီး ဂျိုးလ် ၀ါ့ဒ် ခေါင်းတိုက်သွင်းယူသည့် အနိုင်ဂိုးကိုလည်း ဖန်တီးပေးခဲ့သည်။

    “ကျွန်တ်ာတို့ အရမ်းကောင်းခဲ့ပါတယ်။ ဒီပွဲဟာ သိပ်ကောင်းတဲ့ ပရီးမီးယားလိဂ်ပွဲပါပဲ။ ချယ်ဆီးကလည်း သူတို့ဟာသူတို့ ကစားပါတယ်။ ကျွန်တော်ကတော့ သူတို့ကောင်းတယ်လို့ထင်ပါတယ်” ဟု ပါဂျူးက နိုင်ပွဲ ရရှိမှုနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

    Ref: Goal