News @ M-Media

Tag: CSO

  • နိုင်ငံရေး အကျဉ်းသားများ၊ကျောင်းသားများ လွတ်မြောက်ရေး တောင်းဆို

    နိုင်ငံရေး အကျဉ်းသားများ၊ကျောင်းသားများ လွတ်မြောက်ရေး တောင်းဆို

    ဧပြီ ၅ ၊ ၂၀၁၆
    M-Media
    12919204_482307978640396_1079804749_n.png
    နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရေး၊ မတရားသဖြင့် တရားစွဲ ဆိုခံထားရတဲ့ ကျောင်းသားများ၊ နိုင်ငံရေး အင်အားစုများလွတ်မြောက်ရေး၊ ပြည်ပရောက်ဒီမိုကရေစီအင်အားစုများ အမိနိုင်ငံတော် သို့ပြန်လာခွင့်ရနိုင်ရေး၊ သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့အရပ်သား အစိုးရလက်ထက်မှာ ဘာသာလူမျိုး ကျောသား ရင်သား မခွဲခြားဘဲ ငြိမ်းချမ်းရေး ဖွံ့ဖြိုးရေးများ ဆောင်ရွက်ပေးစေရေးများအတွက် ရည်ရွယ်၍  အရပ်ဘက် ဒီမိုကရေစီ အင်အားစုများ၊ မေတ္တာ ကမ်ပိန်း၊ Social Alliance အစရှိတဲ့ အရပ်ဖက်လူမှု အဖွဲ့စည်းများစုပေါင်း၍ှ ဧပြီလ ၄ ရက်နေ့ မနက် ၈ နာရီခွဲမှာ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရေးမှာ ငှက်လွှတ် ဆုတောင်းပွဲ အခမ်းအနားတရပ်ကို ပြုလုပ်ခဲ့ပါတယ်။

    12920884_482308075307053_1827732417_n12921152_482307945307066_1953685210_n.png

    ဇော်ဇော်(CJ) ဓါတ်ပုံနှင့် သတင်း ပေးပို့သည်။

  • သက်ကြီးရွယ်အိုများနှင့် တက္ကသိုလ် ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်သူများကို ချီးမြှင့်

    သက်ကြီးရွယ်အိုများနှင့် တက္ကသိုလ် ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်သူများကို ချီးမြှင့်

    Dr Hla maung Foundation

    ပျဉ်းမနား ဖေဖော်ဝါရီ ၂၄

    ပျဉ်းမနားမြို့နယ်အသင်း(ရန်ကုန်) အား အမှူးထား၍ အသင်း၏ နာယက သံအမတ်ကြီး ဒေါက်တာလှမောင် (ဒေါက်တာလှမောင် ဖောင်ဒေးရှင်း ) က အသက် ၈၀ နှင့်အထက်ဘိုးဘွားများအား ဂုဏ်ပြုခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၂၁ ရက်က ပျဉ်းမနားမြို့ မင်္ဂလာကန်တော်ခန်းမ၌ ကျင်းပခဲ့သည်။

    အခမ်းအနားတွင် ပျဉ်းမနားမြို့နယ်မှ ဦးမှတ်ကြီးက အမှာစကားပြောကြား၍ သံအမတ်ကြီး(ငြိမ်း) ဒေါက်တာလှမောင်(ဒေါက်တာလှမောင် ဖောင်ဒေးရှင်းဥက္ကဌ)က ဂုဏ်ပြုပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

    ထို့နောက် အသက်(၈၀)နှင့် အထက် သက်ကြီးရွယ်အို ဘိုးဘွား ၉၈ ဦးကို ဂုဏ်ပြုကြသည်။ ဆက် လက်၍ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူ
    ၃၄ ဦးကို တာဝန်ရှိသူများက ချီးမြှင့်ခဲ့ကြောင်း သိရသည်။

    မင်းမင်းလတ်(မန်းတက္ကသိုလ်)

    ၂၅ ၊ ၂ ၊ ၂၀၁၆ မြန်မာအလင်းသတင်းစာ မှ ကူးယူဖော်ပြသည်။