News @ M-Media

Tag: Cuba

  • IS အား အမေရိကန်နှင့် အစ္စရေးက ဖန်တီးခဲ့သည်ဟု ကျူးဘားခေါင်းဆောင်ဟောင်း ပြော

    IS အား အမေရိကန်နှင့် အစ္စရေးက ဖန်တီးခဲ့သည်ဟု ကျူးဘားခေါင်းဆောင်ဟောင်း ပြော

    ဒီဇင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    cuba

    – IS အကြမ်းဖက်အဖွဲ့ကို အမေရိကန်နှင့် အစ္စရေးတို့က ဖန်တီးခဲ့ခြင်းဖြစ်ပြီး၊ အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များမှာ နိုင်ငံရပ်ခြားတွင် ပဋိပက္ခများကို မီးမွှေးနေသည်ဟု ကျူးဘားသမ္မတဟောင်း ဖီးလ်ဒ် ကက်စထရိုက ပြောကြားလိုက်သည်။

    ထို့ပြင် နေတိုးအဖွဲ့မှ မကြာသေးမီက ထုတ်ပြန်ခဲ့သော ကြေငြာချက်ကို နာဇီ SS အဖွဲ့၏ ကြေငြာချက်နှင့် နှိုင်းယှဉ်ပြောကြားခဲ့ပြီး၊ ယူကရိန်းပြဿနာနှင့် ဆက်စပ်၍ ရုရှားအား ဖိအားပေးမှုကို ရည်ညွှန်း၍ အနောက်နိုင်ငံများမှ နိုင်ငံရေးသမားများမှာ ကြောင်သူတော်များဖြစ်ကာ၊ ရန်လိုကြသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “နေတိုးရဲ့ ပြောရေးဆိုခွင့်ရှိသူတွေက နာဇီ SS မျက်နှာမျိုး၊ စတိုင်မျိုးတွေနဲ့ ထုတ်ပြန်တဲ့ ကြေငြာချက်တွေကို ကြားတဲ့အခါ လူတွေက အံ့သြနဘန်း ဖြစ်ကြရပါတယ်” ဟု ကက်စထရိုက ကျူးဘားနိုင်ငံပိုင်မီဒီယာတွင် ရေးသားခဲ့သည် ဆောင်းပါ၌ ဖော်ပြထားသည်။

    “သမိုင်းမှာ ကျရှုံးခဲ့တဲ့ လောဘအခြေခံ အဒေါ့ဖ်ဟစ်တလာရဲ့ အင်ပါယာဟာ နေတိုးရဲ့ ရန်လိုပြီး ဓနရှင်အစိုးရတွေဆီကလာတဲ့ ဆောင်ရွက်မှုတွေနဲ့ ဘာမှ သိပ်မကွာပါဘူး။ အဲဒီအစိုးရတွေဟာ ဥရောပနဲ့ ကမ္ဘာကြီး သူတို့ကို လှောင်ပြောင်အောင် လုပ်နေကြတာပါပဲ”

    အသက် ၈၈ နှစ်အရွယ်ရှိ ကက်စထရိုမှာ အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းကိုလည်း ၎င်း၏ အရှေ့အလယ်ပိုင်းပေါ်လစီများအတွက် ဝေဖန်ခဲ့ပြီး၊ မက်ကိန်းမှာ အစ္စရေး၏ ချွင်းချက်မရှိသည့် မဟာမိတ်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် မက်ကိန်းမှာ အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်အား ထောက်ခံသူဖြစ်ပြီး IS အကြမ်းဖက်အဖွဲ့ကို ဖန်တီးရာတွင် ပါဝင်ခဲ့သည်ဟု ဆိုသည်။ နောက်နိုင်ငံများ၏ အကောင်းမမြင်မှုကိုလည်း ၎င်းက ဆန့်ကျင်ခဲ့ပြီး ထိုဝါဒမှာ နယ်ချဲ့ဝါဒဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: RT

  • စီးပွားရေးပြန်ဖွင့်မှသာ ကျူးဘားက အမေရိကန်နှင့် ဆက်ဆံမည်

    စီးပွားရေးပြန်ဖွင့်မှသာ ကျူးဘားက အမေရိကန်နှင့် ဆက်ဆံမည်

    စက်တင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    – ကုန်သွယ်ရေး ပိတ်ဆို့ထားမှုကို ဖယ်ရှားပေးပြီး မိမိတို့ပိုင်နက်အတွင်းရှိ ဂွာတာနာမိုအကျဉ်းစခန်းအား မိမိတို့ ထိန်းချုပ်မှုလက်အောက်သို့ ပြန်လည်ပေးအပ်မှသာ ကျူးဘားနှင့် အမေရိကန်တို့မှာ ပုံမှန်ဆက်ဆံရေးကို တည်ဆောက်နိုင်မည်ဟု ကျူးဘားသမ္မတ ရာအူးလ်ကက်စထရိုလ်က ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ထိုမိန့်ခွန်းမှာ ၂၀၀၀ ခုနှစ်က ၎င်း၏ အကိုဖြစ်သူ ဖီဒဲလ်ကက်စထရိုလ် မိန့်ခွန်းပြောပြီးနောက်ပိုင်း ကုလ၌ ကျူးဘားခေါင်းဆောင်တစ်ဦး၏ ပထမဆုံး မိန့်ခွန်းလည်း ဖြစ်သည်။ ရာအူးလ်ကမူ ကျူးဘားနိုင်ငံအတွင်း အမေရိကန်က တရားမ၀င် ရေဒီယိုနှင့် ရုပ်သံထုတ်လွှင့်မှုများကိုလည်း ရပ်တန့်ရန်လည်း တောင်းဆိုခဲ့သည်။

    ရာအူးလ်နှင့် အိုဘားမားတို့မှာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာက တွေ့ဆုံခဲ့ပြီး၊ ယခုနှစ် ဇူလိုင် ၂၀ ရက်နေ့တွင် အမရိကန်နှင့် ကျူးဘားတို့မှာ သံတမန်ဆက်ဆံရေး ပြန်လည်စတင်နိုင်ခဲ့သည်။

    Ref: Reuters

  • အမေရိကန်တွင်ဖမ်းခံရသည့် သူလျှိ ၅ ဦးကို ကျူးဘား သူရဲကောင်းဘွဲ့ချီးမြှင့်

    အမေရိကန်တွင်ဖမ်းခံရသည့် သူလျှိ ၅ ဦးကို ကျူးဘား သူရဲကောင်းဘွဲ့ချီးမြှင့်

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၅
    M-Media

    Cuba's President Raul Castro stands next to Rene Gonzalez, one of the so-called "Cuban Five" during a ceremony in Havana

    – အစိုးရအား ဆန့်ကျင်သော ပြည်ပြေးလက်ယာယိမ်းအုပ်စုအတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်းနှင့် အမေရိကန်အကျဉ်းထောင်တွင် ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့ခြင်းတို့အတွက် သူလျှို ၅ ဦးအား ကျူးဘားသမ္မတ ရာအူးလ်ကက်စထရိုက အမျိုးသားသူရဲကောင်းများအဖြစ် ကြေညာကာ ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့သည်။

    ယမန်နေ့က မြို့တော်ဟာဗားနားရှိ ပါလီတွင် ကျင်းပခဲ့သည့် အဆိုပါ ဆုတံဆိပ်ချီးမြှင့်ခြင်း အခမ်းအနားသို့ ထိပ်တန်း နိုင်ငံရေးခေါင်းဆောင်များ၊ စစ်ဘက်ဆိုင်ရာ အရာရှိများနှင့် ဂုဏ်သရေရှိပုဂ္ဂိုလ် ရာပေါင်းများစွာတို့ တက်ရောက်ခဲ့ကြသည်။

    အဆိုပါသူလျှို ၅ ဦးအား ကျူးဘားအစိုးရ၏ အမြင့်ဆုံးဆုတံဆိပ် “နိုင်ငံသူရဲကောင်း” ဘွဲ့ အပ်နှင်းခြင်းအပြင် Order of Playa Giron ဂုဏ်ပြုဆုကိုလည်း ပေးအပ်ချီးမြှင့်ခဲ့သည်။

    ၎င်းတို့ ၅ ဦးမှာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါတွင် အခြေစိုက်သည့် ကျူးဘားပြည်ပြေးအဖွဲ့က ကျူးဘားဟိုတယ်များကို ဗုံးဖောက်ခွဲပြီး ကက်စထရို၏ ကွန်မြူနစ်အစိုးရကို မတည်မငြိမ်ဖြစ်အောင် ရည်ရွယ်သည့် အဖျက်အမှောက်လုပ်ငန်းများကို ဆောင်ရွက်သည့်အချိန်တွင် ထိုအဖွဲ့အား ထောက်လှမ်းရန် အမေရိကန်သို့ စေလွှတ်ခံခဲ့ရခြင်း ဖြစ်သည်။

    ထို့နောက် ၎င်းတို့မှာ အမေရိကန်၏ ဖမ်ဆီးထောင်ချခြင်း ခံခဲ့ရပြီး အမေရိကန်နှင့် ကျူးဘားတို့ သံတမန်အဆက်အသွယ် ပြန်လည်လုပ်ဆောင်မည်ဟု ကြေညာပြီးနောက် အကျဉ်းသားလဲလှယ်မှုအစီအစဉ်အတွင်း ထိုအထဲမှ ၃ ဦးမှာ ဒီဇင်ဘာ ၁၇ ရက်နေ့က ပြန်လည်လွတ်မြောက်ခဲ့သည်။ ကျန် ၂ ဦးမှာမူ ယခင်ကတည်းက လွတ်မြောက်ခဲ့သည်။

    ကျူးဘားကလည်း ၎င်းတို့ဖမ်းဆီးထားသည့် ကျူးဘားနိုင်ငံသား အမေရိကန်သူလျှိုတစ်ဦးနှင့် အမေရိကန် အကူအညီပေးရေး အလုပ်သမားတစ်ဦးအား ပြန်လည်လွှတ်ပေးခဲ့သည်။

    Ref: reuters

  • ဟာဗားနား ဗလီဝတ်ကျောင်း ဆောက်လုပ်ရန် ကျူးဘားအစိုးရ မြေနေရာချပေး

    ဟာဗားနား ဗလီဝတ်ကျောင်း ဆောက်လုပ်ရန် ကျူးဘားအစိုးရ မြေနေရာချပေး

    နိုဝင်ဘာ ၂၂ ၊ ၂၀၁၄
    M-Media

    21-11-14_Cuba-Allocates-Land-for-Havana-Mosque
    ကျူးဘားတွင်ဆောက်လုပ်မည့် ဗလီဝတ်ကျောင်းကို တူရကီနိုင်ငံ Istanbul မြို့ရှိ Ortaköy Mosque ၏ ဒီဇိုင်းအတိုင်း ဆောက်လုပ်မည်ဟု သိရသည်။

    – မွတ်စလင်များက အမေရိကတိုက်ကို ရှာဖွေတွေ့ရှိခဲ့သည့် အထိမ်းအမှတ်အဖြစ် မြို့တော် ဟာဗားနားတွင် ဆောက်လုပ်မည့် ဗလီဝတ်ကျောင်းတော်အတွက် ကျူးဘားအစိုးရက မြေနေရာ သတ်မှတ်ပေးခဲ့သည်ဟု သိရသည်။

    ဟာဗာနားမြို့ဟောင်းခရိုင်ရှိ ၅ ဧကကျယ်သော မြေနေရာတစ်ခုအား သတ်မှတ်ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါမြေနေရာမှာ တူရကီသမ္မတ တိုင်ယစ်ပ်အာဒိုဂန် ပြီးခဲ့သည့် တစ်ပတ် ကျူးဘားနိုင်ငံသို့ လာရောက်စဉ်က အဆိုပြုသွားခဲ့သည့် နေရာလည်းဖြစ်သည်။

    “ဒါဟာ ကျွန်တော်တို့ ဖောင်ဒေးရှင်းရဲ့ စီမံကိန်းနဲ့ နှစ်နိုင်ငံအပြန်အလှန် လည်ပတ်မှုကနေ ဖြစ်လာတာဖြစ်ပါတယ်။

    ဗလီဝတ်ကျောင်းတော် ဆောက်လုပ်နိုင်မယ့် မြေနေရာကတော့ အဆင်သင့်ဖြစ်နေပါပြီ” ဟု တူရကီ သာသနာရေးဝန်ကြီးဌာန  Diyanet  မှ အထွေထွေမန်နေဂျာ မွတ်စ်တာဖာ တွန်ကန်က နိုဝင်ဘာ ၂၀ ရက်နေ့တွင် Daily Vatan သတင်းစာသို့ ပြောကြားခဲ့သည်။

    ထို့ပြင် ဗလီဝတ်ကျောင်းတော် ဆောက်လုပ်မှုအတွက် ဖြစ်နိုင်ခြေများကို ကျူးဘားတာဝန်ရှိသူများနှင့် တူရကီအစိုးရတို့အကြား ဆွေးနွေးညှိနှိုင်းရန်အတွက်လည်း  Diyanet က ဆောင်ရွက်ပေးနေသည်ဟု ၎င်းက ဆိုသည်။

    အဆိုပါ ဗလီဝတ်ကျောင်းတော်ကို အစ္စတန်ဘူလ်ရှိ Ortakoy ဗလီဝတ်ကျောင်းတော်အား ပုံတူထား၍ တည်ဆောက်သွားမည်ဖြစ်သည်။

    “Ortakoy ဗလီဝတ်ကျောင်းတော်လို ပုံစံတူတည်ဆောက်သွားဖို့ ကျွန်တော်တို့ စဉ်းစားနေပါတယ်” ဟု တွန်ကင်က ဆိုသည်။

    ကိုလံဘတ်စ်အရင် နှစ်ပေါင်း ၃၀၀ ကျော်က မွတ်စလင်ခရီးသွားများ အမေရိကတိုက်ကို ရှာဖွေတွေ့ရှိခဲ့သည့် အထိမ်းအမှတ်ဖြစ် ကျူးဘားနိုင်ငံ၏ ပထမဆုံး အဆိုပါ ဗလီဝတ်ကျောင်းတော်ကို ဆောက်လုပ်ရန် အာဒိုဂန်က ပြီးခဲ့သည့် သီတင်းပတ် ကျူးဘားနိုင်ငံသို့ လာရောက်စဉ်က ကြေညာခဲ့ခြင်းဖြစ်သည်။

    ထိုသို့ ပြောဆိုမှုအတွက် ဝေဖန်မှုများ ခံခဲ့ရပြီး အာဒိုဂန်က ကိုလံဘတ်စ် ကျူးဘားသို့ စတင်ရောက်ရှိစဉ်က တောင်တစ်ခုပေါ်တွင် တွေ့ရှိခဲ့သည့် ဗလီဝတ်ကျောင်းတော်အကြောင်း ရေးသားထားသော ကိုလံဘတ်စ်၏ ဒိုင်ယာရီကို ထောက်ပြကာ ဝေဖန်သူများကို တုံ့ပြန်ခဲ့သည်။ ထို့ပြင် စာသင်ကျောင်းများတွင် မွတ်စလင်သိပ္ပံပညာရှင်များအကြောင်း သင်ကြားရန်လည်း တိုက်တွန်းခဲ့သည်။

    ကျူးဘားအစိုးရကမူ အဆိုပါ ဗလီဝတ်ကျောင်းတော်အား တူရကီတစ်နိုင်ငံတည်းက ဆောက်လုပ်ခြင်းထက် OIC အဖွဲ့ဝင်နိုင်ငံအားလုံးက ပူးပေါင်းဆောက်လုပ်ရန် ပိုမို အလိုရှိနေသည်။

    ဟာဗားနားတွင် ဗလီဝတ်ကျောင်းတော် ရှိခဲ့ကြောင်း ရေးသားထားသည့် ကိုလံဘတ်စ်၏ ဒိုင်ယာရီကို တူရကီ သမိုင်းပညာရှင် Youssef Mroueh က ၁၉၉၆ ခုနှစ်တွင် ရေးသားခဲ့သော ဆောင်းပါ တစ်ပုဒ်တွင် စတင်ဖော်ပြခဲ့သည်။

    ကိုလံဘတ်စ်မတိုင်ခင် ရာစုနှစ်များစွာအရင်က အာရပ်ခရီးသွားများ၊ အနောက်အာဖရိကမှ လူမည်းများနှင့် အော်တိုမန်အင်ပါယာမှ မွတ်စလင်များမှာ ရေကြောင်းခရီးဖြင့် အမေရိကန်သို့ သွားရောက်ခဲ့သည်ဟူသော သမိုင်းဆိုင်ရာ အထောက်အထားများမှာ အထင်အရှားရှိနေသည်။

    ref_OnIslam & Newspapers

  • အကြမ်းဖက်နိုင်ငံများ စာရင်းတွင် အမေရိကန်က ထည့်သွင်းခဲ့မှုအား ကျူးဘား ရှုတ်ချ

    မေ ၂ ၊ ၂၀၁၄
    M-Media

    20144277374629580_20

    – အမေရိကန်အစိုးရမှ ထုတ်ပြန်သော နှစ်ပတ်လည် အစီရင်ခံစာတွင် ကျူးဘား အစိုးရ ကိုယ်တိုင်က အကြမ်းဖက်ဝါဒကို အားပေးနေသည်ဟု ဖော်ပြထားမှုကို ကျူးဘားနိုင်ငံက ရှုတ်ချလိုက်သည်ဟု သိရသည်။

    အကြမ်းဖက်ဝါဒနှင့် ပတ်သက်သည့် နိုင်ငံများ စာရင်းအား အမေရိကန်အစိုးရက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့ရာ ကျူးဘား၊ အီရန်၊ ဆူဒန်နှင့် ဆီးရီးယားနိုင်ငံတို့ ပါဝင်ခဲ့ပြီး ထိုနိုင်ငံများမှာ နိုင်ငံတကာတွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်ဝါဒအား ထောက်ပံ့မှုများ လုပ်ဆောင်နေသည်ဟု ဖော်ပြထားသည်။ ကျူးဘားနိုင်ငံမှာ ထိုစာရင်းတွင် ၁၉၈၂ ခုနှစ်ကတည်းကရှိနေခဲ့ခြင်းဖြစ်သည်။

    ယခုကဲ့သို့ သတ်မှတ်ခြင်းက ကျူးဘားနိုင်ငံအား ယခင်က ချမှတ်ထားသည့် ဆိပ်ကမ်းများသို့ ၀င်ထွက်သွားလာမှု ပိတ်ပင်ထားခြင်းထက်ပို၍ အခြားသော စီးပွားရေးပိတ်ဆို့မှုများ ထပ်မံဖြစ်ပေါ်လာစေမည်ဖြစ်သည်။

    ကျူးဘားအနိုင်ငံခြားရေး ၀န်ကြီးဌာနက ထိုကဲ့သို့ သတ်မှတ်ခြင်းကိုပယ်ချခဲ့ပြီး၊ မူမမှန်သော၊ တစ်ဖက်သတ်ဆန်သော၊ စိတ်အလိုအတိုင်းသတ်မှတ်ထားသော အဆိုပါစာရင်းမှ ပယ်ဖျက်ရန် တောင်းဆိုကြောင်း ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက ထုတ်ပြန်ခဲ့သော ကျူးဘားအစိုးရ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    Reuters