News @ M-Media

Tag: disable-right

  • မသန်စွမ်းသူများ ပညာသင်ကြားနိုင်ရေး ဆွေးနွေးပွဲတစ်ခု ကျင်းပမည်

    မသန်စွမ်းသူများ ပညာသင်ကြားနိုင်ရေး ဆွေးနွေးပွဲတစ်ခု ကျင်းပမည်

    စက်တင်ဘာ ၂၂၊ ၂၀၁၆
    M-Media

    disable

    – မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ ပညာသင်ကြားနိုင်ရေး ပိုမိုဆောင်ရွက်ပေးနိုင်ရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်မည့် ဖိုရမ်တစ်ခုကို နေပြည်တော်၌ နိုဝင်ဘာလတွင် ကျင်းပသွားရန် ရှိနေသည်ဟု သိရသည်။

    အဆိုပါဖိုရမ်ကို ဆရာ၊ ဆရာမများအား အထူး လေ့ကျင့်သင်ကြားပေးနေသည့် မြန်မာနိုင်ငံ အထူးပညာရေးအသင်းမှ စီစဉ်ကျင်းပသွားမည်ဖြစ်ပြီး အစိုးရတာဝန်ရှိသူများကိုလည်း တက်ရောက်ရန် ဖိတ်ကြားထားသည်။ မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ ရင်ဆိုင်နေရသည့် ပြဿနာများမှာ အလွန်များပြားနေသည်။

    ၂၀၁၀ ခုနှစ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ ပြည်သူ ၂.၃ သန်းမှာ မသန်စွမ်းမှု ပုံစံတစ်မျိုးမျိုး ဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ပြောကြားခဲ့သည်။

    ထိုအရေအတွက်၏ ၅၃ ရာခိုင်နှုန်းမှာ ပညာသင်ကြားခွင့် မရရှိကြဘဲ ၂ ရာခိုင်နှုန်းကသာ ဘွဲ့များ ရရှိကြသည်။ ၂၀၁၅ ခုနှစ် ဇွန်လတွင် မသန်စွမ်းသူများအခွင့်အရေးဥပဒေကို ပြဌာန်းခဲ့သော်လည်း မသန်စွမ်းသူများအရေး ဆောင်ရွက်နေကြသူများကမူ ထပ်မံဆောင်ရွက်ရမည့် ကိစ္စများစွာ ရှိနေသေးပြီး ပထမဆုံး အကောင်အထည်ဖော်ရမည့် ကိစ္စမှာ ပညာရေးကဏ္ဍတွင် မသန်စွမ်းသူများအခွင့်အရေး ဥပဒေကို သက်ရောက်စေရန်ဖြစ်သည်ဟု ထောက်ပြခဲ့သည်။

    Ref: mmtimes