News @ M-Media

Tag: Donation

  • နာမကျန်းဖြစ်နေသော ဝမ်းအိုဝမ်း ဦးကျော်ဝင်းမောင် အတွက် မြန်မာမွတ်စလင် သက်ကြီးစာရေးဆရာကြီးများ လူမှုကူညီရေးအဖွဲ့မှ အလှူငွေပေးအပ်

    နာမကျန်းဖြစ်နေသော ဝမ်းအိုဝမ်း ဦးကျော်ဝင်းမောင် အတွက် မြန်မာမွတ်စလင် သက်ကြီးစာရေးဆရာကြီးများ လူမှုကူညီရေးအဖွဲ့မှ အလှူငွေပေးအပ်

    စက်တင်ဘာ၊ ၉ ၊ ၂၀၁၂
    M-Media

    ရန်ကုန်။    ။ယနေ.ညနေပိုင်း စက်တင်ဘာ ၉ ရက် ၂၀၁၂ တွင် မြန်မာမွတ်စလင် သက်ကြီးစာရေးဆရာကြီးများ လူမှုကူညီရေးအဖွဲ့ မှ ရန်ကုန်ပြည်သူ.ဆေးရုံကြီး အဆောင် (၁-၂) ကုတင် ၁၉ တွင် တက်ရောက်ကုသမှု ခံယူနေရသော ဆရာကြီး ဝမ်းအိုဝမ် ဦးကျော်ဝင်းမောင် ထံသို. ဒုတိယအကြိမ်အဖြစ် ပြည်တွင်းပြည်ပ မှ ကောက်ခံ ရရှိသော အလှုငွေ (၇၂၀,၀၀၀ ) ခုနှစ်သိန်းနှစ်သောင်းတိတိ သွားရောက် လှုဒါန်း ခဲ့ပါသည်။

    ဆရာကြီး ဦးကျော်ဝင်းမောင် ကျန်းမာရေးအတွက် အလှူငွေပေးအပ်စဉ်
    Photo Credit – မဖရီဒါ

    မြန်မာမွတ်စလင် သက်ကြီးစာရေးဆရာကြီးများ လူမှုကူညီရေးအဖွဲ့ မှ ဆရာကြီး အတွက် ပထမအကြိမ်အဖြစ် ၃ သိန်း ခြောက်သောင်း ကို စက်တင်ဘာ ၆ ရက်၊ ၂၀၁၂ တွင် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

    ဆရာကြီးမှာ မောပန်း အသံမထွက် သည်.ကြားမှ လေသံလေးဖြင့် အားလုံးကိုကျေးဇူးတင်ကြောင်း ပြန်ပြောပေးပါရန် မှာကြားပါတယ်။

  • ရခိုင်မြောက်ပိုင်းတွင် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍအတွက် UNHCR ကို ဆော်ဒီမှ ဒေါ်လာ ၁ သန်းလှူဒါန်း

    ရခိုင်မြောက်ပိုင်းတွင် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍအတွက် UNHCR ကို ဆော်ဒီမှ ဒေါ်လာ ၁ သန်းလှူဒါန်း

    စက်တင်ဘာ၊ ၃၊ ၂၀၁၂

     
    ဆော်ဒီအာရေးဗီးယားနိုင်ငံသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လိုအပ်သော ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုများပေးရန် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကို စက်တင်ဘာလ ၃ ရက်နေ့က အမေရိကန်ဒေါ်လာ ၁ သန်း ပေးအပ်လိုက်သည်။

     

    ဆော်ဒီအာရေးဗီးယားသံအမတ်ကြီးက UNHCR မြန်မာပြည်ကိုယ်စားလှယ်ကို အလှူငွေ ချက်လတ်မှတ် ပေးအပ်နေစဉ်

    အလှူငွေကို မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီသံအမတ်ကြီး H.E Mr. Talal M. S. Abdul Salam က UNHCR ၏ မြန်မာပြည်ကိုယ်စားလှယ် Mr.Johannes G. Ten Feld အား ချက်လက်မှတ်ဖြင့် ဆော်ဒီသံရုံးတွင်ပင် ပေးအပ်လိုက်ခြင်းဖြစ်သည်။ အဆိုပါလှူဒါန်းငွေများမှာ မြန်မာအစိုးရ၏ ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် အထောက်အပံ့ဖြစ်စေမည်ဟုလည်း မျှော်လင့်ကြောင်း သိရသည်။

    ဆော်ဒီအာရေးဗီးယားနိုင်ငံ၏ ဘုရင် Custodian of the Two Holy Mosques King ABDULAH BIN ABDUL AZIZ SAUD ကလည်း ရခိုင်ပြည်နယ်အတွင်း  ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ရေရှည်တည်မြဲစေရန်အတွက် မျှော်မှန်းကာ မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုကို ထောက်ပံ့သောအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၀ ကိုလည်း ထပ်လောင်း လှူဒါန်းခဲ့ကြောင်း ဆော်ဒီအာရေးဗီးယားသံရုံးက ကြေညာခဲ့သည်။

    မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ကလည်း မကြာသေးမီက RFA နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီများကို ပညာသင်ကြားပေးရန် စာသင်ကျောင်းများကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သေးသည်။

     

    Source-EMG

  • ဗိုလ်ချုပ်ရုပ်ရှင် အတွက် မြန်မာမူဆလင်ကွန်ယက်မှ သမိုင်းအထောက်အထားများ လှူဒါန်း

    ဗိုလ်ချုပ်ရုပ်ရှင် အတွက် မြန်မာမူဆလင်ကွန်ယက်မှ သမိုင်းအထောက်အထားများ လှူဒါန်း

    ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတိ ရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီ သို့ မြန်မာ မူဆလင် ကွန်ယက်မှ သမိုင်းဝင် အထောက်အထားများ လှူဒါန်း

    ရန်ကုန်မြို့ အခြေစိုက် မြန်မာမွတ်စလင်မ် ကွန်ရက်မှ ဒေါက်တာမြင့်သိန်း (စာရေးဆရာ ငြိမ်းချမ်းလုလင်) ဦးစိန်မြင့်၊ ဦးထွန်းကြည်တို့ ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့တွင် ဗိုလ်ချူပ်အောင်ဆန်း အတ္ထုပတ္တိ ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီသို့ သွားရောကကာ မြန်မာလွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်ခဲ့သော ကျောင်းသားခေါင်းဆောင် ဦးရာရှစ်၊ ပင်လုံစာချုပ်ရေးထိုးရာတွင် ပါဝင်ခဲ့သော ဦးဖေခင်၊ အာဇာနည် ဦးရာဇတ်တို့နှင့် ဆက်စပ်သည့် စာရွက်စာတမ်း၊ အထောက်အထားများ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ထို့အပြင် ပြည်သူ့ လွှတ်တော်နှင့်  အမျိုးသားလွှတ်တော်သို့ အကြံပြုချက်များကို လည်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

    အဆိုပါ အကြံပြုချက်တွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ကုလသမဂ ၏ ပဋိညာဉ်နှင့် အညီ နိုင်ငံတကာစံနှုန်းများနှင့် ချိန်ထိုး၍ ပြင်ဆင်ပေးရန်လည်းကောင်း ၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် မြန်မာမူဆလင် အစုအဝေးအား မြန်မာသမိုင်းတွင် ပြန်တမ်းဝင်ခဲ့သော အမည်များဖြင့် ဖြစ်စေ၊ ၁၉၇၃ ခုနှစ် ကမ္ဘာသို့ တရားဝင်ကြေငြာထားပြီးဖြစ်သော လူမျိုးအမည်များဖြင့် ဖြစ်စေ ထည့်သွင်းကောက်ယူပေးပါရန် ဖော်ပြပါရီကြောင်း သိရှိရသည်။ ကော်မတီနှင့် တွေ့ဆုံရာတွင် မြန်မာမူဆလင် ကွန်ရက်မှ အလှူငွေ တစ်သိန်းကျပ်ကို ဗိုလ်ချူပ်အောင်ဆန်း အတ္တုပတ္တိ ရုပ်ရှင် ဖြစ်မြောက်ရေးကော်မတီသို့ ပေးအပ်ရာ ကော်မတီဝင် ဒါရိုက်တာ မောင်မိုးသူက လက်ခံရယူခဲပါသည်။

  • တောင်ကြီးမွတ်စလင်လူငယ်များ ရပ်စောက်အလုပ်စခန်းမှ အကျဉ်းသားများအား အလှူပြု

    တောင်ကြီးမွတ်စလင်လူငယ်များ ရပ်စောက်အလုပ်စခန်းမှ အကျဉ်းသားများအား အလှူပြု

    ဇူလိုင်၊ ၁၉၊ ၂၀၁၂
    M-Media
    ကိုလတ် (တောင်ကြီး)

    ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ   ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်ရှိ ထီးခမ်းစိုက်ပျိုးရေးအလုပ်စခန်းမှ အကျဉ်းသား ၃၀၀ ကျော်ကို တောင်ကြီးမြို့ခံ  မွတ်စလင်လူငယ်များတစ်စုမှ ဒုတိယအကြိမ်မြောက် ကျွေးမွေး အလှူဒါနပြုခဲ့ကြပါတယ်။

    လူမျိုးဘာသာစုံ အကျဉ်းသားအားလုံး ၃၀၀ ကျော်ကို ထမင်းတစ်နပ်ကျွေးမွေးခဲ့ကြပြီး အကျဉ်းကျနေသူ မွတ်စလင် (၉)ဦးကိုလည်း ရမ်မသွာန် ဥပုတ်လ စားသုံးရန်အတွက် ဆန်အိတ်နှင့်စားဖွယ်ရာတို့ ကိုပေးအပ်ခဲ့ကြပါတယ်။

    ယင်းအကျဉ်းစခန်းတွင် မွတ်စလင်များအဖို့ ရမ်မဇာန်လ၌ ကောင်းမွန်စွာ ဥပုတ်စောင့်စည်းခွင့်ရကြောင်း သတင်းရရှိပါတယ်။ ရမသွာန် ဥပုတ်လအပြီးတွင်လည်း တတိယအကြိမ်လှူဒါန်း ကျွေးမွေးမည်ဖြစ်ကြောင်းလဲ M-Media မှ သတင်းရရှိပါတယ်။

  • မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ(ဘာသာရေး)အဖွဲ့ မ-မ-လမှ ဦးစီးပြုလုပ်သော  နဝမအကြိမ် သွေးလှူဒါန်းပွဲကျင်းပ

    မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ(ဘာသာရေး)အဖွဲ့ မ-မ-လမှ ဦးစီးပြုလုပ်သော နဝမအကြိမ် သွေးလှူဒါန်းပွဲကျင်းပ

    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့  မ.မ.လဌာနချုပ်မှ ကျင်းပသော န၀မအကြိမ်မြောက်စုပေါင်းသွေးလှူဒါန်းပွဲကို ရန်ကုန်ဆေးရုံကြီး သွေးဌာနတွင် ၁၃.၅.၂၀၁၂ တနင်္ဂနွေနေ့  မနက် ၈း၃၀ တွင်ကျင်းပပြုလုပ်ပါသည်။

    အဆိုပါသွေးလှူဒါန်းပွဲတွင်  မ.မ.လ အဖွဲ့ဝင်များ  တပ်မတော်သားများ  ၊ သံဃာတော်များနှင့် မွတ်စလင်မ်လူငယ်များ စုစုပေါင်း(၃၀၀)ရာကျော် လာရောက် လှူဒါန်းကြပါသည်။

    ဓါတ်ပုံ/သတင်း -အောင်ကျော်ထွေး