News @ M-Media

Tag: Donation

  • ရေဘေးသင့်ပြည်သူများအတွက် မန္တလေးတိုင်းဒေသကြီး အိုလမာအဖွဲ့ခွဲနှင့် ဆက်သွယ်လှူဒါန်းနိုင်

    ရေဘေးသင့်ပြည်သူများအတွက် မန္တလေးတိုင်းဒေသကြီး အိုလမာအဖွဲ့ခွဲနှင့် ဆက်သွယ်လှူဒါန်းနိုင်

    ဇူလိုင် ၃၁၊ ၂၀၁၅
    M-Media

    ulm

    – စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအတွက် အရေးတစ်ကြီးလိုအပ်နေသော အကူအညီများ ပေးပို့နိုင်ရေးအတွက် လှူဒါန်းနိုင်ဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အိုလမာ အစ္စလာမ်သာသာနာ့ရှင်များအဖွဲ့ (မန္တလေးတိုင်းဒေသကြီး အဖွဲ့ခွဲ) ကနေ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

    ဇူလိုင် ၂၉ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အဲဒီ ကြေညာချက်မှာ အလှူငွေများ ၊ အ၀တ်အထည်များ၊ စားသောက်ကုန်ပစ္စည်းများကို သြဂုတ်လ ၃ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့နိုင်ကြောင်း အစ္စလာမ်ဘာသာဝင်များကို တိုက်တွန်းထားပြီး ဆက်သွယ် လှူဒါန်းနိုင်မယ့်
    ဖုန်းနံပါတ် ၅ ခုကိုလည်း ထည့်သွင်းပေးထားပါတယ်။

    ရရှိလာတဲ့အလှူငွေနဲ့ ပစ္စည်းပစ္စယာတွေကို အိုလမာအဖွဲ့ခွဲရဲ့ ပညာရေးနဲ့ လူမှုရေးအကျိုးဆောင်အဖွဲ့က ကြီးမှူးပြီး သွားရောက်လှူဒါန်းမှာ ဖြစ်ပါတယ်။

    အဲဒီကြေညာချက်ကိုတော့ မန္တလေးမြို့ပေါ်နဲ့ ဆင်ခြေဖုံးဒေသတွေက ဗလီဝတ်ကျောင်းတော်တွေရဲ့ ကြေညာသင်ပုန်းမှာ အများပြည်သူများ သိရှိနိုင်ရန်အတွက် ကပ်ထားမှာဖြစ်ပါတယ်။

    ဆက်သွယ်လှူဒါန်းနိုင်တဲ့ ဖုန်းနံပါတ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    – မန္တလေးတိုင်းဒေသကြီး အိုလမာ အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ခွဲ ရုံးခန်း (ဖုန်း ၀၂-၂၁၇၄၇၊
    ၀၂-၃၀၈၇၆)

    – အလ်ဟဂ်ျမော်လာနာ ဟာဖစ်ဇ် အစ်ဗရာဟီးမ်ခါန်း (ဖုန်း ၀၉-၂၀၃၁၅၀၀)

    – ဟာဂျီဦးမြင့်သိန်း (ရွှေမြိုင်သံဆိုင်) (ဖုန်း ၀၉-၂၁၁၉၇၀၆၊ ၀၉-၉၇၅၃၁၁၃၃၃)

  • ဒေါ်လာ ၃၂ ဘီလီယံ ပိုင်ဆိုင်မှု အားလုံး လှူ ဒါန်းမည်ဟု ဆော်ဒီတော်ဝင် မင်းသား ကြေညာ

    ဒေါ်လာ ၃၂ ဘီလီယံ ပိုင်ဆိုင်မှု အားလုံး လှူ ဒါန်းမည်ဟု ဆော်ဒီတော်ဝင် မင်းသား ကြေညာ

    ဇူလိုင် ၂၊ ၂၀၁၅
    M-Media

    saudi-prince-alwaleed-bin-talal

    – မိမိကွယ်လွန်သွားသည့်အခါ ကန်ဒေါ်လာ ၃၂ ဘီလီယံရှိသော မိမိ၏ ပိုင်ဆိုင်မှုအားလုံးကို လှူဒါန်းသွားမည်ဟု ဘီလီယံနာဖြစ်သူ ဆော်ဒီတော်ဝင်မင်းသား အလ်ဝလိဒ်က ပြောကြားလိုက်သည်။

    ရက်ရက်ရောရော လှူဒါန်းမှုများကြောင့် လူသိများသည့် မင်းသားဝလိဒ်မှာ ယမန်နေ့က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ပိုင်ဆိုင်မှုအများအပြားကို ၎င်းတည်ထောင်ထားသော Alwaleed Philanthropic ဖောင်ဒေးရှင်းကို စတင်လွှဲပြောင်းပေးသွားမည်ဟု ဆိုသည်။

    လှူဒါန်းမည့် ၃၂ ဘီလီယံတွင် ၎င်း ဥက္ကဌအဖြစ်ဆောင်ရွက်နေသော Kingdom Holding ကုမ္ပဏီမှ ရှယ်ယာများနှင့် ဆော်ဒီအာရေဗျအပြင်ဘက်ရှိ ၎င်း၏ ပိုင်ဆိုင်မှုများလည်း ပါဝင်မည်ဖြစ်သည်။

    ရီယာ့ဒ်တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်သော ကြေညာချက်၌ မင်းသားက ထိုလှူဒါန်းမှုများကို “ယဉ်ကျေးမှုချင်းနားလည်မှု တိုက်တွန်းအားပေးရေး၊ လူ့အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများအား စွမ်းအားမြှင့်တင်ပေးရေး၊ လူငယ်များကို ပျိုးထောင်ပေးရေး၊ သဘာဝဘေးအန္တရာယ်များတွင် အရေးပါသော ကူညီကယ်ဆယ်မှုများ ပြုလုပ်ပေးရေး၊ ခန္တီတရားပိုထားပြီး ပိုမိုနားလည်လက်ခံနိုင်သည့်ကမ္ဘာကြီး ဖန်တီးရေး စသည်တို့အတွက် ပေါင်းကူးတံတားထိုးရာတွင် ကူညီသွားမည်” ဟု ဖော်ပြခဲ့သည်။

    ထို့ပြင် ၎င်း၏လှူဒါန်းမှုများကို လာမည့်နှစ်များတစ်လျှောက် ကောင်းမွန်စွာ စီစဉ်ထားသော အစီအစဉ်များဖြင့် ခွဲဝေသတ်မှတ်သွားမည်ဖြစ်ပြီး မည်သည့်အချိန်တွင် လှူဒါန်းမှုပြုလုပ်ရမည်ဟု အချိန်သတ်မှတ်ချက်မပါဝင်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ဒါဟာ နယ်နမိတ်ကန့်သတ်မှုမရှိတဲ့ ကတိက၀တ်ပါ။ ပြီးတော့ လူသားအားလုံးအတွက်လည်း ဖြစ်ပါတယ်” ဟု အလ်ဝလိဒ်က ဆိုသည်။

    ငွေကြေးများကို ပညာရေးနှင့် ကမ္ဘာ့ကျန်းမာရေးကိစ္စများတွင် အဓိကထား လှူဒါန်းသုံးစွဲနေသော Bill and Melinda Gates ဖောင်ဒေးရှင်းက ၎င်းအား လေးစားအားကျစေခဲ့သည်ဟု အလ်ဝလိဒ်က ထည့်သွင်းပြောကြားခဲ့သည်။

    ကွယ်လွန်သွားသည့် ဘုရင်အဘ်ဒူလာ၏ တူတော်သည့် အလ်ဝလိဒ်မှာ ၎င်း၏ ပိုင်ဆိုင်မှုများအား လှူဒါန်းမည့် ဘုတ်အဖွဲ့ကို ကိုယ်တိုင်ဦးဆောင်သွားမည်ဖြစ်သည်။ ၎င်းကွယ်လွန်ပြီးသည့်အခါ သားဖြစ်သူမှာ ထိုဘုတ်အဖွဲ့၏ ဥက္ကဌနှင့် သမီးဖြစ်သူက ဒုဥက္ကဌ ဖြစ်လာမည်ဖြစ်သည်။

    အလ်ဝလိဒ်မှာ ကြေညာချက်ကို ၎င်း၏သားဖြစ်သူ မင်းသား ခါလစ်နှင့် မင်းသမီး ရီအင်မ်တို့နှင့်အတူ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး သားသမီးနှစ်ဦးစလုံးကလည်း ၎င်း၏ ဆုံးဖြတ်ချက်ကို ထောက်ခံသည်ဟု ပြောကြားခဲ့သည်။

    ၎င်း၏ Kingdom Holding မှ ပိုင်ဆိုင်မှုများတွင် ဥရောပရှိ ဒစ္စနေလန်း အပန်းဖြေပြတိုက် လုပ်ငန်းများ၊ Apple ၏ရှယ်ယာများ စသည်တို့မှ ကြယ်ငါးပွင့်ဟိုတယ်များကို စီမံခန့်ခွဲသည့် Four Seasons လုပ်ငန်း၊ ဘဏ်နှင့် ငွေကြေးလုပ်ငန်း Citigroup တို့အထိ ပါဝင်သည်။

    Ref: IBtimes

  • စစ်ဘေးရှောင်များကို အစ္စလာမ် ဘာသာဝင် အဖွဲ့က အစားအသောက်များ လှူဒါန်း

    စစ်ဘေးရှောင်များကို အစ္စလာမ် ဘာသာဝင် အဖွဲ့က အစားအသောက်များ လှူဒါန်း

    မန္တလေး တိုင်းဒေသကြီးရှိ အစ္စလာမ် ဘာသာဝင် အဖွဲ့အစည်း တစ်ခုမှ လောက်ကိုင် စစ်ဘေးရှောင် ပြည်သူများ အတွက် ကျပ်သိန်း (၅၀) ၀န်းကျင် တန်ဖိုးရှိ ဆန်၊ ဆီနှင့် အ၀တ်အထည် များကို လှူဒါန်းခဲ့ကြောင်း သိရသည်။
    .
    ယင်းသို့ လှူဒါန်းရာတွင် ပြင်ဦးလွင်၊ ကျောက်ဆည်၊ မန္တလေးမှ အစ္စလာမ် ဘာသာဝင် အများစုမှ စုပေါင်း၍ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း၊ အိုလမာ အစ္စလာမ် သာသနာ ပညာရှင်များ အဖွဲ့ခွဲ (မန္တလေးတိုင်းဒေသကြီး) မှလည်း ယခုလ (၃)ရက်နေ့တွင် စစ်ဘေးရှောင် ပြည်သူများ ခေတ္တနားခိုရာ လားရှိုးမြို့ရှိ မန်ဆူကျောင်း (ရှမ်းကျောင်း)သို့ သွားရောက်ပြီး ဆန်အိတ်ရေ (၂၀၀)၊ ဆီ ပိဿာ (၈၀)၊ ဂျာကင် အင်္ကျီအထည် (၆၀) ၊ အမျိုးသားဝတ် အင်္ကျီအထည် (၁၀၀) ကို လှူဒါန်း ခဲ့ကြောင်း သိရသည်။
    .
    ကျွန်တော်တို့ အဖွဲ့က ဘာသာရေး အဖွဲ့ပေမယ့် လူမှုရေးလည်း တွဲလုပ် ဖြစ်တယ်။ ကျွန်တော်တို့ ဘာသာချင်း မတူပေမယ့်လည်း လူသားချင်း စာနာ ထောက်ထားတဲ့ အပေါ် မှာမူတည် ပြီးတော့ အခုလို လှူဒါန်းရခြင်း ဖြစ်ပါတယ် ဟု အိုလမာ အစ္စလာမ် သာသနာ ပညာရှင်များ အဖွဲ့ခွဲ၊ မန္တလေး တိုင်းဒေသကြီးမှ ဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောသည်။ အိုလမာ အစ္စလာမ် သာသနာ ပညာရှင်များ အဖွဲ့သည် နိုင်ငံတော် အစိုးရ အသိအမှတ်ပြု အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး၊ ဘာသာရေး အပြင် လူမှုရေး လုပ်ငန်းများလည်း ဆောင်ရွက်နေသည့် အဖွဲ့ ဖြစ်သည်။
    .
    Messenger News Journal မှ ကူးယူဖော်ပြသည်။

  • အီးဒ်နေ့ က MM ရောင်နတ်ဗလီမှ မိတ္ထီလာတွင် အသားများ ဝေငှခဲ့

    အီးဒ်နေ့ က MM ရောင်နတ်ဗလီမှ မိတ္ထီလာတွင် အသားများ ဝေငှခဲ့

    အောက်တိုဘာ ၁၁၊ ၂၀၁၄
    M-Media
    ဇာဏီ

    10353700_1564178200469302_7044140576707698857_n
    အောက်တိုဘာလ ၆-ရက်နေ့တွင် ကျရောက်ခဲ့သည့် အီးဒ်နေ့တွင် မိတ္ထီလာမြို့ရှိ ဆင်းရဲနွမ်းပါးသူများ၊ အကြမ်းဖက်ခံ ဒုက္ခသည်များအတွက် MM နောင်နတ်ဗလီမှ အသားများ ပေးဝေလှူဒါန်းခဲ့ကြောင်း သိရပါတယ်။

    MM ရောင်နတ်ဗလီမိသားစုဝင်များမှ ကုရ်ဘာနီပြုလုပ်ရန် နွား ၃၅-ကောင် လှူဒါန်းခဲ့ပြီး မိတ္ထီလာမြို့ပေါ်ရှိ အကြမ်းဖက်ခံ ဒုက္ခသည် စခန်းများဖြစ်သည့် ရေအရင်းအမြစ်၊ ပို့ဆက်၊ ခရိုင်ကွင်း၊ အုတ်ဖို၊ မကျီးကုန်း၊ သာသနာ့ရဏ္ခီတ စခန်းများ၊ ဒုက္ခသည်များ ပြန်လည်နေထိုင်လျက်ရှိသည့် ချမ်းအေးရပ်ကွက်နှင့် စက်ပြစ်တောင်ကျေးရွာ အစရှိသည့် နေရာ ၈-ခုမှ ဆင်းရဲသူများ အိမ်ထောင်စု စုစုပေါင်း ၁၄၀၀ ကျော်ကို တစ်အိမ်ထောင်လျှင် အသား ၂-ပိဿာခွဲစီ လှူဒါန်းခဲ့ကြောင်းသိရပါတယ်။

    1798627_1564792613741194_3047985677046552614_n

    ပုံအညွှန်း –
    * သာဿနာရဏ္ခိတ ဘုန်းတော်ကြီးကျောင်း ဒုက္ခသည်စခန်းသို့ လှူဒါန်းစဉ်

    * စာရင်းရှင်းတမ်း

  • .ရေဘေးသင့်သူများကို ဂဠုန်နီ ဆရာတော်နှင့် ခလီဖွာ ဦးသိန်းဝင်းအောင် တို့မှ ဦးဆောင်လှူဒါန်း

    .ရေဘေးသင့်သူများကို ဂဠုန်နီ ဆရာတော်နှင့် ခလီဖွာ ဦးသိန်းဝင်းအောင် တို့မှ ဦးဆောင်လှူဒါန်း

    စက်တင်ဘာ ၂၇ ၊ ၂၀၁၄
    M-Media
    သတင်း/ဓါတ်ပုံ – ကျော်ကျော်အောင် (CJ)

    1

    မန္တလေးတိုင်း ဒေသကြီး စဥ့်ကူးမြို့နယ် ရေမျက်ကြီး ကျေးရွာမှ ရေဘေးသင့် ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် အလှူငွေများကို ဂဠုန်နီ ဆရာတော် ဦးကာဝီယ နှင့် KAFTG ဃရာနာ အစ္စလာမ်သာသနာ ပရမတ္ထမိသားစုအဖွဲ့ ဂိုဏ်းချုပ်ဆရာတော် ခလီဖွှဟ် ဦးသိန်းဝင်းအောင်တို့ ပူးပေါင်းပြီး သွားရောက် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

    ရေဘေးသင့်သူ အိမ်ထောင်စုဝင်များအတွက် ဆန်၊ ခေါက်ဆွဲခြောက်နှင့် ရေသန့် တို့ကို အဓိက လှူဒါန်းခဲ့ပြီး အိမ်ထောင်စု တခုလျှင် ငွေကျပ် (၅၀၀၀) စီ ကူညီလှူဒါန်းခဲ့ကြောင်းသိရှိရပါတယ်။

    ဒါအပြင် အတူလိုက်ပါ လာတဲ့ ဆရာဝန် (၂) ဦးမှ အဆိုပါကျေးရွာမှ ပြည်သူများကို ကျန်းမာရေး စစ်ဆေး ကုသမှုများ ပြုလုပ်ပေးခဲ့ပါတယ်။

    ရေလွှမ်းမိုးမှုကြောင့် အဆိုပါ ကျေးရွာတွင် အိမ်ထောင်စု (၉၅) စု ပျက်ဆီးခဲ့ပြီး ၁၄ အိမ်မှာ ပျက်ဆီးမှု ဆိုးရွားကြောင်းသိရပါတယ်။

    ဓါတ်ပုံများ Facebook တွင် ကြည့်လိုလျှင် Click Here