News @ M-Media

Tag: Eid-al-Fitr

  • အီးဒ်နေ့ အထိမ်းအမှတ် မိတ်ဆုံစားပွဲနှင့် ဘာသာပေါင်းစုံတွေ့ဆုံပွဲ မန္တလေးမြို့မှာ ပြုလုပ်

    အီးဒ်နေ့ အထိမ်းအမှတ် မိတ်ဆုံစားပွဲနှင့် ဘာသာပေါင်းစုံတွေ့ဆုံပွဲ မန္တလေးမြို့မှာ ပြုလုပ်

    သြဂုတ် ၁၉ ၊၂၀၁၄
    M-Media
    သတင်း/ဓါတ်ပုံ – ကိုမျိုး(CJ)
    10588709_309780122516103_754899281_n
    မန္တလေးမြို့မှ သင့်မြတ်လိုသူများ ဘာသာပေါင်းစုံ လူငယ်များ ပရဟိတအဖွဲ့က ကျင်းပပြုလုပ်တဲ့ အီးဒ်နေ့အထိမ်းအမှတ် မိတ်စုံစားပွဲနှင့် ဘာသာပေါင်းစုံ တွေ့ဆုံပွဲကို  သြဂုတ်လ ၁၉ ရက်နေ့ အင်္ဂါနေ့တွင်  မန္တလေးမြို့ ရွှေနလုံးတော် ကသိဒြယ်ခရစ်ယာန် ဘုရားကျောင်း၌ ညနေ ၅း၃၀ မှာ စတင် ကျင်းပခဲ့ပါတယ်။

    ဘာသာကြီးများမှ ငြိမ်းချမ်းရေး ဆောင်ရွက်နေကြသော ဆရာတော်ကြီးများနှင့် ခေါင်းဆောင်များ တက်ရောက် ဟောပြောကြကြောင်း သိရပါတယ်။

    Photo- Ko Myo (MDY)

  • ဝါကျွတ်အီးဒ်ပွဲတော် အထိမ်းအမှတ် ညစာစားပွဲ မြန်မာမွတ်စလင် စီးပွားရေး လုပ်ငန်းရှင်များအသင်းမှ ကျင်းပ

    ဝါကျွတ်အီးဒ်ပွဲတော် အထိမ်းအမှတ် ညစာစားပွဲ မြန်မာမွတ်စလင် စီးပွားရေး လုပ်ငန်းရှင်များအသင်းမှ ကျင်းပ

    သြဂုတ် ၆၊ ၂၀၁၄
    M-Media
    သတင်းဓါတ်ပုံ – လမင်း
    DSC03848
    အစ္စလာမ် သာသနာဝင်များ၏ ၀ါကျွတ် အီးဒ် အထိမ်းအမှတ် ညစာစားပွဲ တစ်ရပ်ကို မြန်မာမွတ်စလင် စီးပွားရေး လုပ်ငန်းရှင်များမှ ကြီးမှူး၍ ယနေ့ ည ၆း၃၀ နာရီတွင် Strand Hotel ၌ ကျင်းပခဲ့ပါတယ် ။

    အဆိုပါ ညစာစားပွဲ အခမ်းအနားသို့ ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သံရုံးအသီးသီးမှ သံတမန်များ၊ NGO များ၊ ဘာသာပေါင်းစုံမှ အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများ၊ ဘာသာအသီးသီး ရှေ့ဆောင်ဆရာကြီးများ၊ နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါတယ်။

  • မွတ်စလင်တို့၏ အီဒွလ် ဖိသိရ် ၀ါကျွတ် အီးဒ်နေ့အတွက် အိုဘားမား ဆုမွန်ကောင်းတောင်း

    ဇူလိုင် ၃၀ ၊ ၂၀၁၄
    M-Media

    Obama’s Statement on Eid-al-Fitr

    ဇူလိုင် ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့များမှာ ကျရောက်တဲ့ အစ္စလာမ်ဘာသာဝင်များရဲ့ ရမသွာန်ဥပုသ်အကုန်   အီဒွလ် ဖိသီရ် ၀ါကျွတ် အီးဒ်နေ့အတွက် အတွက် အမေရိကန်သမ္မတ အိုဘားမားမှ ဆုမွန်ကောင်းတောင်းတဲ့ ကြေညာချက်တစောင်ကို သမ္မတ အိမ်ဖြူတော်မှ ထုတ်ပြန်ခဲ့ပါတယ်။

    အဆိုပါ ကြေညာချက်ကို M-Media မှ ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြလိုက်ပါတယ်။

    – အမေရိကန်နဲ့ ကမ္ဘာ တစ်ဝှမ်းက မွတ်စလင်တွေ  အီဒွလ် ဖိသီရ်ပွဲတော်ကို ကျင်းပနေကြတဲ့ ဒီလိုအချိန်မှာ သူတို့နဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် နွေးထွေးတဲ့ ဆုမွန်ကောင်းကို ကျွန်တော်နဲ့ မစ်ချဲလ်တို့က တောင်းဆုချွေလိုက်ပါတယ်။ ပြီးခဲ့တဲ့လဟာ ဥပုသ်သီလဆောက်တည်ရတဲ့လ၊ တွေးတောစဉ်းစားရတဲ့လ၊ စိတ်ပိုင်းဆိုင်ရာ အားသစ်လောင်းတဲ့လ၊ ချို့တဲ့သူတွေကို ကူညီတဲ့လပါ။ အီးဒ်ဆိုတာ ရမ်ဇာန်ဥပုသ်လကို အဆုံးသတ်တဲ့ အထိမ်းအမှတ်နဲ့ ပြုလုပ်ကြတာဖြစ်ပြီး လူသားတွေကို ပေါင်းစည်းစေတဲ့ တူညီတဲ့ တန်ဖိုး၊ ဘာသာတရား အာလုံးက ယုံကြည်သူတွေ တစ်ဦးချင်းစီအကြားမှာရှိတဲ တာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းမှု အထူးသဖြင့် ဆင်းရဲမွဲတေမှု၊ ပဋိပက္ခနဲ့၊ ရောဂါဘယ ခံစားနေရတဲ့သူတွေကို ဖြည့်ဆည်းကူညီမှုတွေ အတွက် ကျင်းပကြတာလည်းဖြစ်ပါတယ်။

    ကျွန်တော်တို့တိုင်းပြည်ကို တည်ဆောက်ရာမှာ၊ ကျွန်တော်တို့တိုင်းပြည်ရဲ့ ဒီမိုကရေစီအနှစ်သာရကို ခိုင်မာတောင့်တင်းစေတဲ့နေရာမှာ အမေရိကန်မွတ်စလင်တွေရဲ့ ကူညီမှုတွေနဲ့ သူတို့ရဲ့ အောင်မြင်မှုတွေကို ဒီ အီးဒ်နေ့က အမှတ်ရစေပါတယ်။ ဒါ့ကြောင့်ပဲ ကျွန်တော်တို့တိုင်းပြည်နဲ့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဘာသာ အယူဝါဒပေါင်းစုံက လူတွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့၊ ကြီးပွားတိုးတက်စေဖို့ ကျွန်တော်တို့ စုပေါင်းရပ်တည်ကြတာပါ။ ပြီးတော့ လူ့အဖွဲ့အစည်းတွေအတွက် သူတို့ရဲ့ ပေးဆပ်မှုတွေကို ကျွန်တော်တို့ ကြိုဆိုပါတယ်။

    အမေရိကန်အစိုးရရဲ့ကိုယ်စား အမေရိကန်နဲ့ ကမ္ဘာတစ်ဝှမ်းလုံမှာရှိတဲ့ မွတ်စလင်တွေအတွက် ကောင်းချီးမင်္ဂလာတွေ ရွာသွန်းဖြိုးပြီး ပျော်ရွှင်တဲ့ ပွဲတော်ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ အီးဒ် မုဘာရက်ပါ။ (ပျော်ရွှင်စရာအီးဒ်နေ့ဖြစ်ပါစေ)

  • အစ္စလာမ် ဘာသာဝင်တွေရဲ့ အီးဒ်နေ့မှာ Skynet မှ လွှင်ပေးခဲ့တဲ့ အစ္စလာမ့်တရားဒေသနာ

    ဇူလိုင် ၂၉ ၊ ၂၀၁၄
    M-Media

    U Ohme Tong

    ၂၉-၇-၂၀၁၄ ရက်နေ့၊ အီးဒုလ်ဖိသိရ် ပွဲတော်နေ့ Skynet Up to Date Channel မှ အစ္စလာမ်ကောင်စီဌာနချုပ် ဒု- ဥက္ကဋ္ဌ အလ်ဟာဂ်ျ မောင်လာနာ ဦးအုန်းသောင် ဟောကြားသော အစ္စလာမ့်တရားဒေသနာ ကို ထုတ်လွှင့်ခဲ့ပါသည်။

    via Islamic Religious Affairs Council Myanmar