News @ M-Media

Tag: Election Commission

  • လာမယ့် ရွေးကောက်များတွင် White Card ကိုင်သူများ မဲပေးခွင့်ရှိမည်။

    လာမယ့် ရွေးကောက်များတွင် White Card ကိုင်သူများ မဲပေးခွင့်ရှိမည်။

    မေ ၁၆ ၊ ၂၀၁၄
    RFA (မြန်မာပိုင်း)

    ရွေးကောက်ပွဲတွေ အောင်မြင်ဖို့အတွက် သတင်းမီဒီယာတွေ ပူးပေါင်းကူညီပေးဖို့ လိုအပ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောလိုက်ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ Summit Park View Hotel မှာ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ကြတာပါ။

    လာမည်ရွေးကောက်ပွဲတွင် White Card ကိုင်ဆောင်သူများ မဲပေးခွင့်ရှိမှာဖြစ်လို့ ဦးတင်အေးက ပြောကြားကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောပါတယ်။ ဒါဟာ ယခင်ပြဌာန်းထားသော ဥပဒေများနှင့် လွှတ်တော်က အတည်ပြု ဆုံးဖြတ်ထားသော ဥပဒေများကို ရွေးကောက်ပွဲ ကော်မရှင်က လိုက်နာတာဖြစ်ကြောင်း ဦးကျော်မင်းဆွေက ဦးတင်အေးရဲ့ တွေဆုံပွဲမှာ ပြောကြားချက်ကို ပြန်လည်ပြောကြား ခဲ့တာပါ။