News @ M-Media

Tag: EPL 2019-20

  • တနင်္လာနေ့ ဘောလုံးသတင်းတိုများ

    တနင်္လာနေ့ ဘောလုံးသတင်းတိုများ

    သြဂုတ် ၁၂၊ ၂၀၁၉
    M-Media

    အသင်းတိုးတက်အောင် လုပ်ရပ်မည်ဟု ဆိုးလ်ရှားပြော
    ==================
    ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ချယ်ဆီးကို ၄ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပေမယ့် ရာသီအစပဲ ရှိသေးတာကြောင့် ဆက်လက်ပြီးတိုးတက်အောင် ဆောင်ရွက်ရမယ်လို့ မန်ယူနည်းပြ ဆိုးလ်ရှားက ပြောကြားလိုက်ပါတယ်။ ဆိုးလ်ရှားလက်ထက် မန်ယူဟာ မနှစ်က အဆင့် ၆ နေရာနဲ့သာ ရာသီသိမ်းခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကို လွဲချော်ခဲ့ပါတယ်။ အပြောင်းအရွှေ့ရာသီမှာလည်း ဆိုးလ်ရှားဟာ ပရိတ်သတ်တွေ ကျေနပ်လောက်တဲ့ ခေါ်ယူမှုမျိုး မလုပ်နိုင်ခဲ့ပါဘူး။ မနေ့က ချယ်ဆီးနဲ့ပွဲမှာ မိမိတို့ ကံကောင်းခဲ့တာလို့လည်း ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။

    ဘေးလ်ကို ရီးယဲလ်က မရောင်းတော့
    =================== 
    တိုက်စစ်မှူးဘေးလ်ကို အသင်းကနေ ရောင်းထုတ်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ကို ရီးယဲလ်နည်းပြ ဇီဒိန်းက ပြန်လည်ပြင်ဆင်ကာအသင်းမှာ ဆက်ထားမယ်လို့ ပြောကြားလိုက်ပါတယ်။ ဘေးလ်ရဲ့ အေးဂျင့်ကတော့ ဇီဒိန်းရဲ့ ဆုံးဖြတ်ချက်ပြင်ဆင်မှုဟာ ရှက်ဖွယ်ကောင်းတဲ့ကိစ္စ ဖြစ်တယ်လို့ ဆိုပါတယ်။ မနေ့က ရိုးမားနဲ့ ခြေစမ်းပွဲအပြီးမှာ ဇီဒိန်းက ဘေးလ်နဲ့ ဂျိမ်းစ် ရော်ဒရီဂက်စ်တို့ဟာ သူ့ရဲ့ အစီအစဉ်ထဲမှာပါဝင်နေတဲ့ ကစားသမားတွေ ဖြစ်ပေမယ့် အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင် ဘာမဆို ဖြစ်သွားနိုင်တယ်လို့ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    အိုဇေးလ်၏ကားကို ခိုးရန် ကြိုးစားသူများ ဖမ်းဆီး တရားစွဲဆိုခံရ
    =====================
    အာဆင်နယ်ကစာသမားတွေဖြစ်တဲ့ မီဆု အိုဇေးလ်နဲ့ ကိုလာစီနက်တို့ထံကနေ ကားလုယူဖို့ ကြိုးစားသူ ၂ ဦးကို ကြာသာပတေးနေ့က အိုဇေးလ်ရဲ့ အိမ်ရှေ့မှာ လန်ဒန်ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး တရားစွဲဆိုထားပါတယ်။ ပြီးခဲ့တဲ့လက အဲဒီအဖြစ်အပျက်အတွင်းကားခိုးဖို့ ကြိုးစားခဲ့သူတွေကို အိုးဇေးလ်နဲ့ ကိုလာစီနက်တို့က တုန့်ပြန်ခဲ့တာကြောင့် ကျူးလွန်သူတွေဟာ ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။ လုံခြုံရေး စိုးရိမ်ရမှုကြောင့် သူတို့နှစ်ဦးဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ဖြစ်တဲ့ နယူးကာဆယ်နဲ့ပွဲမှာပါဝင်ကစားခြင်း မရှိပါဘူး။

    Ref: BBC, Goal

  • ပရိတ်သတ်အသည်းစွဲ ကစားသမား ဖရန့်လမ်းပတ်ကို ချယ်ဆီးက နည်းပြခန့်

    ပရိတ်သတ်အသည်းစွဲ ကစားသမား ဖရန့်လမ်းပတ်ကို ချယ်ဆီးက နည်းပြခန့်

    ဇူလိုင် ၄၊ ၂၀၁၉
    M-Media

    -အသင်းမှာ ၁၇ နှစ်ကြာ ကစားခဲ့ပြီး ပရိတ်သတ်တွေရဲ့ အသည်းစွဲဖြစ်ခဲ့တဲ့ ကွင်းလယ်လူဟောင်း ဖရန့် လမ်းပတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တယ်လို့ ချယ်ဆီးအသင်းက ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။

    ချယ်ဆီးနည်းပြ မောင်ရီဇီယို ဆာရီဟာ ယူရိုဖလား ဗိုလ်စွဲပြီးနောက်မှာပဲ အသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေငြာခဲ့ပြီး လက်ရှိမှာ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။ ဆာရီဟာ ချယ်ဆီးမှာ တစ်နှစ်သာ ကြာမြင့်ခဲ့ပြီး ပရိတ်သတ်တွေရဲ့ နှစ်ခြိုက်အားပေးမှုကို များများစားစား မရခဲ့ပါဘူး။

    “ချယ်ဆီးအသင်းကို နည်းပြချုပ်အဖြစ် ပြန်လာခွင့်ရတဲ့အတွက် အရမ်း ဂုဏ်ယူမိပါတယ်။ အသင်းကို ကျွန်တော် ဘယ်လောက်ချစ်တယ်ဆိုတာ လူတိုင်းသိကြပါတယ်။ အသင်းနဲ့လည်း ကျွန်တော်ဟာ သမိုင်းတွေ ရေးထိုးခဲ့ဖူးပါတယ်။ ဒါ့ပေမယ့် လက်ရှိ ကျွန်တော့်တာဝန်ကို အဓိက အာရုံစိုက်မှာဖြစ်ပြီး လာမယ့်ရာသီအတွက် ပြင်ဆင်သွားပါမယ်” လို့ ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီးတဲ့နောက် ဖရန့်လမ်းပတ်က ပြောကြားခဲ့ပါတယ်။

    အသက် ၄၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ လမ်းပတ်ဟာ နည်းပြဘ၀ကို ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းနဲ့ မနှစ်က စတင်ခဲ့တာဖြစ်ပြီး ရလဒ်ကောင်းတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါဘီအသင်းဟာ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရရေး ရှုံးထွက်ပြိုင်ပွဲမှာ နောက်ဆုံးဗိုလ်လုပွဲရောက်မှ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

    လမ်းပတ်က ချယ်ဆီးအသင်းအတွက် အစွမ်းကုန် ကြိုးစားအားထုတ်ကာ အောင်မြင်မှုရအောင် စွမ်းဆောင်သွားမှာဖြစ်ပြီး၊ ရာသီသစ်စတင်ဖို့ မစောင့်နိုင်တော့ဘူးလို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera